မင်္ဂလာသုတ္တန်
အဘိက္ကန္တာယ ရတ္ထိယာ အဘိက္ကန္တ၀ဏ္ဏာ
ကေ၀လကပ္ပံ ဇေတ၀နံ သြဘာသေတွာ
ယေန ဘဂ၀ါ တေနုပင်္ကမိ၊
ဥပသင်္ကမိတွာ ဘဂ၀န္တံ အဘိဝါဒေတွာ
ဧကမန္တံ အဌာသိ။ ဧကမန္တံ ဌိတာ ခေါသာ
ဒေ၀တာ ဘဂ၀န္တံ ဂါထာယ အဇ္ဈဘာသိ။
ဗဟူဒေ၀ါ မနုဿာစ၊ မင်္ဂလာနိ အစိန္တယုံ၊
အာကင်္ခမာနာ သောတ္ထာနံ၊
ဗြူဟိ မင်္ဂလာမုတ္တမံ။
အသေ၀နာစ ဗာလနံ၊
ပဏ္ဍိတာ နဉ္စ သေ၀နာ။
ပူဇာစ ပူဇနေယျာနံ၊ ဧတံမင်္ဂလ မုတ္တမံ။
ပတိရူပဒေသ၀ါသောစ၊
ပုဗ္ဗေစ ကတပုညတာ။
အတ္တသမ္မာပဏိဓိစ၊ ဧတံမင်္ဂလ မုတ္တမံ။
ဗာဟုသစ္စဉ္စ
သိပ္ပဉ္စ
ဝိနယော စ သုသိက္ခိတော
သုဘာသိတာ စ ယာ ၀ါ စာ၊ ဧတံမင်္ဂလ မုတ္တမံ။
မာတာပိတု ဥပဌာန
ပုတ္တဒါရဿ သင်္ဂဟော။
အနကုလာစ ကမ္မ န္တာ၊ ဧတံမင်္ဂလ မုတ္တမံ။
ဒါနဉ္စ
ဓမ္မစရိယာ စ
ညတကာ နဉ္စသင်္ဂဟော
အန၀ဇ္ဇာနိ ကမ္မာနိ၊ ဧတံမင်္ဂလ မုတ္တမံ။
အာရတီ၊ ၀ိရတီပါပါ။
မဇ္ဇာပါနာ စ သံယမော။
အပ္ပမာဒေစ ဓမ္မေသု၊ ဧတံမင်္ဂလ မုတ္တမံ။
ဂါရဝေါ စ
နိဝါတော စ၊
သန္တု ဌိစ၊ ကတညုတာ။
ကာလေန ဓမ္မ ဿဝနံ၊
ဧတံမင်္ဂလ မုတ္တမံ။
ခန္တီစ၊ သောဝစဿတာ၊
သမဏာ နဉ္စ ဒဿနံ။
ကာလေန ဓမ္မ သာကစ္ဆာ၊
ဧတံမင်္ဂလ မုတ္တမံ။
တပေါစ
ဗြဟ္မစရိယဉ္စ
အရိယာ သစ္စာန ဒဿနံ
နိဗ္ဗာန သစ္ဆိကရိယာ စ၊
ဧတံမင်္ဂလ မုတ္တမံ။
ဖုဌဿ လောက ဓမ္မေဟိ၊
စိတ္တံ ယဿ နကမ္ပတိ။
အသောကံ
ဝိရဇံ
ခေမံ၊
ဧတံ မင်္ဂလမုတ္တမံ။
မင်္ဂလာသုတ္တံ နိတ္ထိတံ
13. Anākulā ca kammantā
အနကုလာစ ကမ္မ န္တာ နဲ့ ပက်သက်လို့ မှတ်သားမိတာလေးတွေ
မင်္ဂလာအမှတ် (၁၃) အနာကုလာစ ကမ္မန္တာ ဆိုရင်..ဆရာကြီး ဦးသုခ မှတ်စုအရ - အနှောင့်အယှက်မရှိသော အမှုတို့ကိုသာ ပြုခြင်း ဖြစ်ပါတယ်။
အဲ့ဒီလို အကြမ်းပြောလိုက်ရင် တစ်ကယ့် အနက်ကို သေချာသိဖို့ ထပ်လုပ်ဖို့ လိုမယ်လို့ ထင်မိပါတယ်။ အချို့စာ တွေမှာလည်း အရှုပ်အထွေးကင်းသော အလုပ်ကို လုပ်ကိုင်ခြင်း ဆိုတာ မျိုး ဖေါ်ပြထားတာ တွေ့ရပါတယ်။
မိမိစီးပွားရေးဟာ သူတပါးရဲ့ အကျိုးစီးပွားကို ထိခိုက် နိုင်ပါက "အကုလ ကမ္မန္တ" မလုပ်ကောင်းဘူး။
မိမိ ကိုယ် စိတ်နှစ်ပါး ချမ်းသာရင် ပြီးရော သူတစ်ပါးကို ဂရုစိုက်ခြင်း မရှိ တာက မလုပ်သင့် မလုပ်ထိုက်တာပါ။
မိမိ၊ သူတစ်ပါး နှစ်ဘက်လုံး မထိခိုက်တဲ့ လုပ်ငန်းလို့ ဆိုပါတယ်။
မိမိက ကောင်းတာလုပ်တာပဲ ဆိုပြီး တရားကို အကျယ်ကြီးဖွင့်လည်း .. တရားကို နှစ်လိုခြင်း မရှိတဲ့သူက နဘေးမှာရှိနေရင် ဒါက "ကောင်းတဲ့အလုပ်" ဆိုပေမယ့် မလုပ်သင့်မလုပ်ထိုက်တာပါပဲ။
ဒါနမှာ မမွေ့လျော်တဲ့သူတစ်ယောက်ရှေ့မှာ ကောင်းတဲ့အလုပ်ပဲ ဆိုပြီး အတင်းရော အဓ္ဓမ္မ အလှူခံရင် လည်း ဒါဟာ အနှောက်အယှက်ဖြစ်စေပါတယ်။
ကျွန်မနားလည်သလောက် တွေးရရင် ကျွန်မတို့ သုံးလေ့ ပြောလေ့ရှိတဲ့ အင်္ဂလိပ်လိုဆို conflict of interest ရှိမယ့် ကိစ္စမျိုးတွေ ဖြစ်မယ် ထင်ပါတယ်။
သီတဂူဆရာတော်ရဲ့ တရားထဲကနေ မှတ်သားမိတာကတော့
အလုပ်တစ်ခု လုပ်မယ်ဆိုရင် -
၁။ ငါလုပ်မယ့်အလုပ်ဟာ ကောင်းတဲ့အလုပ် ဟုတ်ရဲ့လား၊ မှန်ကန်ရဲ့လား၊ အကျိုးရှိရဲ့လား (၀ိစာရန ဉာဏ်)
၂။ ယောနိသော မနိဿီကာယ- စိတ်ကောင်းနှလုံးကောင်း သွင်းပါ။ အနာကုလ သဘောလေး စိတ်ထဲပါရဲ့လား။
၃။ ကိုယ်လုပ်မယ့် အကျိုးကျေးဇူးကို ရမယ့်သူတွေ ရကြပါစေ ဆိုတဲ့ မေတ္တာ ဓါတ်ထားပါ။
ဒီသုံးချက်ပြည့်စုံပြီဆိုရင်..
၎။ ကာလ၊ ဒေသ၊ ပုဂ္ဂလ ကို ကြည့်ပါ။ ကိုယ်လုပ်မယ့်အလုပ်ကို လုပ်သင့်တဲ့နေရာလား၊ အချိန်လား၊ အကျိုးမဲ့စေမယ့် လူပုဂ္ဂိုလ်တွေများရှိနေသလား။
အဆင်ပြေပြီဆိုမှ လုပ်တာ သင့်လျော်ပါတယ်။
ရဟန်း ဥပါသိကာ၊ ဥပါသိကာမ ဗုဒ္ဓဘာသာမှန်ရင် အကုလ ဖြစ်နေသော လုပ်ငန်း ငါးမျိုး နှင့် စည်းပွားရှာဖွေခြင်း မပြုရာဆိုတဲ့ အကုသိုလ် ဒုစရိုက် ငါးမျိုး ရှိပါတယ်။
၁။ အဆိပ် ရောင်းဝယ်ဖေါက်ကားခြင်း
၂။ လက်နှက် ရောင်းဝယ်ဖေါက်ကားခြင်း
၃။ လူသားများကို ရောင်းဝယ်ဖေါက်ကားခြင်း (လူကုန်ကူးခြင်း၊ ကျွန်ရောင်းကျွန်ဝယ်)
၎။ မူးယစ်စေသော အရာများကို ရောင်းဝယ်ဖေါက်ကားခြင်း
၅။ အသားရောင်းဝယ်ခြင်း၊ သားသတ်ခြင်း။
ခေတ်နဲ့ လျော်ညီစွာ အစိုးရတားမြစ်ထားတာတွေကို ရောင်းဝယ်ဖေါက်ကားခြင်းဟာလည်း အထက်ပါ အချက်အလက်များထဲ အကျုံးဝင်ပါတယ်။

The Thirty-Eight Supreme Blessings
Mangala Sutta
ခပ်ငယ်ငယ်ကတည်းက ကျွန်မတို့ ရွတ်ခဲ့ရတဲ့ ကဗျာလေးဖြစ်တဲ့
လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့ မမှီဝဲနဲ့ကင်းအောင်နေ
ပညာရှိကို အရှည်တွဲလို့ မီဝဲ ဆည်းကပ် နည်းယူစေ
သုံးပါးရတနာ မိဘများနဲ့
ဆရာသမားကို ရိုသေလေ
အဲ့ဒါ မှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ
ဆိုတဲ့ ၃၈ ဖြာ မင်္ဂလာ တရားတော် လေးကို သတိရကြမှာပါ။ ငယ်စဉ်တောင်ကျေး ကလေးဘ၀ကနေစလို့ ယနေ့တိုင် အကျို့းရှိ အသုံး ၀င်နေတဲ့ လောကနေနည်းတွေလို့ ဆိုချင်ပါတယ်ရှင်
ခုလောလောဆယ်တော့ သီတဂူဆရာတော် အရှင်ဥာဏ္ဏိသရ ရဲ့ အဲ့ဒီ ၃၈ ဖြာ မင်္ဂလာတရားတွေကို တစ်ခုခြင်း အကျယ် သေချာ ဟောထားတာတွေကို နာကြားရင်းက သဘောကျ နှစ်ခြိုက်မိလွန်းလို့ ဒီပိုစ့်တွေ ရေးဖို့ တွေးမိတယ်။ ကိုယ့်အတွက် မှတ်စုပေါ့
ဒါကတော့ မင်္ဂလာသုတ်တန်လာ ၃၈ ဖြာ မင်္ဂလာပါ။
၁။ အသေ၀နာစ ဗာလာနံ = လူမိုက်တို့ကို မဆည်းကပ်ခြင်း။
၂။ ပဏ္ဍိတာနဉ္စ သေ၀နာ = ပညာရှိတို့ကို ဆည်းကပ်ခြင်း။
၃။ ပူဇာစ ပူဇနေယျာနံ = ပူဇော်ထိုက်သူတို့အား ပူဇော်ခြင်း။
၎။ ပတိရူပဒေသ ၀ါသောစ =သင့်တင့်သောအရပ်၌ နေထိုင်ခြင်း။
၅။ ပုဗ္ဗေစ ကတပုညတာ = ပြုခဲ့သော ကောင်းမှု ရှိသောသူဖြစ်ခြင်း။
၆။ အတ္တသမာပဏီဓိ = မိမိကိုယ်ကို ကောင်းစွာ ဆောက်တည်ခြင်း။
၇။ ဗာဟုဿစ္စ = အကြားအမြင်များသော သူ၏ အဖြစ် ဖြစ်ခြင်း။
၈။ သိပ္ပ = လက်မှုပညာ အစရှိသော အပြစ်မရှိသော အတတ်တို့ကို တတ်ခြင်း။
၉။ ၀ိနယောစ သုသိက္ခိတော = ကောင်းစွာသင်အပ်သော ၀ိနည်းတရား ရှိခြင်း။
၁၀။ သုဘာသိတ၀ါစာ = ကောင်းစွာဆိုခြင်း။
၁၁။ မာတာပိတု ဥပဋ္ဌာန = အမိအဘတို့ကို ကောင်းစွာ လုပ်ကျွေးခြင်း။
၁၂။ ပုတ္တဒါရဿသင်္ဂဟ = သားမယားတို့အား သင်္ဂြိုဟ်ထောက်ပံ့ခြင်း။
၁၃။ အနာကုလ ကမ္မန္တာ = အနှောင့်အယှက်မရှိသော အမှုတို့ကိုသာ ပြုခြင်း။
၁၄။ ဒါနဉ္စ = အလှူပေးခြင်း။
၁၅။ ဓမ္မစရိယ = မြတ်သော အကျင့်တို့ကို ကျင့်ခြင်း။
၁၆။ ဉာတကာနဉ္စ သင်္ဂဟ = ဆွေမျိုးတို့အား ထောက်မခြင်း။
၁၇။ အန၀ဇ္ဇာနိကမ္မာနိ = အပြစ်မရှိသော အမှုတို့ကို ပြုခြင်း။
၁၈။ ပါပ အာရတီ = မကောင်းမှုမှ ဝေးစွာ ရှောင်ကြဉ်ခြင်း။
၁၉။ ပါပ ၀ိရတီ = မကောင်းမှုမှ အထူး ရှောင်ကြဉ်ခြင်း။
၂၀။ မဇ္ဇပါန သံယမော = သေရည်သေရက်ကို သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း။
၂၁။ အပ္ပမာဒေါစ ဓမ္မေသု = ကောင်းမှုကုသိုလ်တို့၌ မမေ့လျော့ခြင်း။
၂၂။ ဂါရ၀ = ရိုသေထိုက်သူတို့အား ရိုသေခြင်း။
၂၃။ နိဝါတ = မိမိကိုယ်ကို နှိမ့်ချခြင်း။
၂၄။ သန္တုဋ္ဌီ = ရောင့်ရဲလွယ်ခြင်း။
၂၅။ ကတညုတ = သူပြုဖူးသော ကျေးဇူးကို သိခြင်း။
၂၆။ ကာလေန ဓမ္မဿဝန = သင့်တင့်လျောက်ပတ်သော အခါ၌ သူတော်ကောင်းတရားကို နာယူခြင်း။
၂၇။ ခန္တီ = သည်းခံခြင်း။
၂၈။ သောဝစဿတာ = သူတော်ကောင်းတို့ ဆုံးမအပ်သော စကားကို နာလွယ်ခြင်း။
၂၉။ သမဏာနဉ္စဒဿန = ရဟန်းပုဏ္ဏားတို့အား ဖူးမြင်ခြင်း။
၃၀။ ကာလေန ဓမ္မသာကစ္ဆာ = သင့်တင့် လျောက်ပတ်သော အခါ၌ တရားတော်ကို ဆွေးနွေးမေးမြန်းခြင်း။
၃၁။ တပေါ = ခြိုးခြံစွာ ကျင့်ခြင်း။
၃၂။ ဗြဟ္မစရိယ = မြတ်သော အကျင့်တို့ကို ကျင့်ခြင်း။
၃၃။ အရိယသစ္စာနဒဿန = အရိယသစ္စာတို့ကို သိမြင်ခြင်း။
၃၄။ နိဗ္ဗာန သစ္ဆိကိရိယာ =နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း။
၃၅။ နကမ္ပတိ = လောကဓံတရားတို့နှင့်တွေ့သော် တုန်လှုပ်သောစိတ် မရှိခြင်း။
၃၆။ အသောက = လောကဓံတရားတို့နှင့်တွေ့သော် စိုးရိမ်သောစိတ် မရှိခြင်း။
၃၇။ ၀ရဇံ = လောကဓံတရားတို့တွေ့သော် စိတ်၌ ရမ္မက်မရှိခြင်း။
၃၈။ ခေမံ = လောကဓံတရားတို့တွေ့သော် စိတ်၌ဘေးမရှိခြင်း။
အိပ်မက် ၀က်ဘ်ဆိုဒ်မှ ရပါသည်။ (မူရင်း သုခမှတ်စု)
ဒါကတော့ အင်္ဂလိပ်လိုပါ

The Buddha was once asked by a deva what constituted the highest blessings. His answer provides a checklist of what is most valuable in this life.
- 1 Not to associate with fools : Those who drag us down with their foolishness; drunkards, layabouts etc.
- 2 To associate with the wise : Those who encourage us to grow spiritually. The Buddha emphasized the importance of good companionship in many ways; when Ananda remarked that good friends were half of the Holy Life, He replied " Say not so! Good friends are the whole of the Holy Life!"
- 3 To pay repects where they are due : Making puja to the Triple Jewel, honouring our teachers and elders; to have this opportunity is a blessing not to be missed!
- 4 To reside in a suitable location : A place congenial to life, peaceful and with such a society and economy that we can live free from want and fear.
- 5 To have previously done meritorious deeds : Thus, we can enjoy the fruit now. But don't be one who just lives off her capital! Invest in yourself by making more good merit now.
- 6 To be heading in the right direction : If we are advancing spiritually, growing in wisdom and compassion, then we are surely blessed.
- 7 To have much learning : Being well educated in the broadest sense; a well-rounded individual. In particular to have knowledge of the Dhamma is to possess a jewel beyond price.
- 8 To be skilled and knowledgeable : Every useful skill we possess, crafts, trades, special knowledge can be of some use in improving life for ourselves and others.
- 9 To be restrained by a moral code : A sound morality is the basis of peace and happiness.
- 10 To have beautiful speech : That is; truthful, timely, pleasant speech connected with meaning. Such speech that others are delighted and improved by hearing.
- 11 To be a support for your parents : The opportunity to repay the enormous debt we owe to our mother and father should be seen as a blessing and not as a burden.
- 12 & 13 The cherishing of wife and child : A happy family life.
- 14 To make one's livelihood without difficulty : A wholesome occupation that one does well and enjoys.
- 15 To make gifts : Giving is a source of joy for both giver and receiver. Be one blessed with a generous spirit.
- 16 To live in accord with the Dhamma : To have heard the Holy dhamma in this life and to have the capacity and opportunity to practice is a rare and wonderful thing.
- 17 To cherish one's relatives : To have a functioning extended family (clan) either in the traditional sense or a community of friends and colleagues.
- 18 To do blameless actions :Living one's life in an irreproachable way. Nothing to hide, nothing to fear, nothing to regret.
- 19 To cease and abstain from evil : Having the inclination of mind that instinctively recoils from evil as if from a red hot iron ball.
- 20 To refrain from intoxicants : Not to need those substances which dull our precious human consciousness.
- 21 Not to be heedless of the Dhamma : Being mindful and compassionate; going through life with eyes and heart open . Attention to details!
- 22 To be respectful : Respect for the conventions is to make the life into a beautiful dance. Respect for the Buddha nature of all beings is the root of refined manners.
- 23 To be humble : Pride goeth before a fall and the meek shall inherit the earth.
- 24 To be content : Contentment with little is the magical wish-fulfilling gem! Its also a healthy attitude for our planet right now.
- 25 To have gratitude : The Buddha said that gratitude is rare to find in this world. Remember always that you never would have gotten this far without a lot of help!
- 26 To hear the Dhamma at the right time : Everyone who has experienced a word of teaching that touched the heart at just the right moment knows what a precious gift this can be.
- 27 To have patience :Patience is a virtue but also a blessing. Just think how much suffering comes from impatience.
- 28 To be easy to admonish : Make yourself amenable to teaching and those with something to teach will be ready to help you.
- 29 The sight of monks : The robed figure of the recluse is an archetypal call to consciousness; together with the dead man, the sick man and the old man they are called the four divine messengers.
- 30 To discuss the Dhamma at a suitable time : Speaking of the Holy Dhamma is the noblest use of the human power of speech. To be blessed with time and companions with which to speak of things tending to liberation is amazing grace indeed.
- 31 To practice austerities : In the Buddhist context this means the practicing of meditation; a daily practice and regular retreats.
- 32 To lead the Holy Life : To live devoted to the Eightfold Path and the seeking of Liberation.
(The blessings which follow are supra mundane.)
- 33 Seeing the Noble Truths : Opening of the Dhamma Eye. This refers to a level of direct penetration well beyond the intellectual.
- 34 The realization of Nibbana : Going through the gate less gate. The treasure beyond any price in heaven and earth. ( The blessings which follow are the fruits of the supra mundane )
- 35 A mind unshaken by contact with the world : Being in the world but not of it.
- 36 Sorrow less ness : Beyond the realms of suffering.
- 37 Stainless ness :The end of the obscuring defilement.
- 38 Secure : Once found it cannot be lost.
ကျွန်မတို့အတွက် အဓိက အရေးပါတဲ့ မင်္ဂလာသုတ္တာန်လာ တရားတော်နဲ့ အတတ်နိုင်ဆုံး ညီညွတ်အောင် နေနိုင်ရင်ကို တော်တော်လေး အဆင်ပြေပြီလို့ ထင်မှတ် နှလုံးသွင်းရင်း။ တရားတော် တစ်ခုခြင်းဆီက မှတ်စု မှတ်ချင်တာလေးတွေ မှတ်သားပါဦးမယ်။
You received this email because you are subscribed to the real_time feed for http://splendidrose.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.