Tuesday, November 4, 2008

[Programmer's Diary] 1 New Entry: အိပ်မက်တွေ လက်တွေ့မဖြစ်မချင်း

အိပ်မက်တွေ လက်တွေ့မဖြစ်မချင်း

ကဗျာဆရာက ပြောတယ်
လေးလုံးစပ်ကဗျာတစ်ပုဒ်လောက်နဲ့
ဟတ်မထိတော့ဘူး တဲ့။

စကားလုံးဆန်းဆန်းတွေက
စမ်းတ၀ါးဝါးနဲ့ ဟိုဝင်တိုက် ဒီဝင်တိုက်
ဘာလဲ.. မောလွန်းလို့ ဟိုက်နေသလား
ခဏ နားပြီးတဲ့အခါ
အရင်အတိုင်းပဲ ဒုန်းစိုင်းသွားတာပေါ့။

ရောက်.. ရောက်လုပြီလား
ရောက်.. ရောက်လုနိုးလား
ရောက်.. ရောက်လုခင်လား
ပျောက်.. ပျောက်နေတုန်းပဲ။

ဒီလိုနဲ့ အိပ်မက်တွေ
ဝေး
လွှင့်
ကွယ်
ပျောက်။

ကံကြမ္မာအလှည့်အပြောင်းမှာ
မှောက်ထားတဲ့ ဖဲတစ်ချပ်ကို လှန်လိုက်တဲ့အခါ
မျှော်လင့်ထားသလို ဗလာမဲ ဖြစ်နေပြီး
ကံစမ်းမဲ တစ်ခုကို ဖွင့်လိုက်တဲ့အခါ
မျှော်လင့်ထားသလို စပိတ်တစ် ဖြစ်နေခဲ့
ဟက်ဟက်ပက်ပက် ရယ်လိုက်ပါ
သံပရာသီးတွေ ချိုပြီး ပျားရည်တွေ ချဉ်သွားတဲ့အထိ
ဘ၀ဆိုတဲ့ အရသာကို ခံတွင်း မတွေ့မိသေးဘူး။

ခေလွန်း
3:36 PM
Nov 3, 2008

You received this email because you are subscribed to the real_time feed for http://nyinyithanlwin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.