Tuesday, November 4, 2008

[Myo Chit Myanmar | Dedicated for the people of Myanmar] 3 New Entries: ယနေ့ မြန်မာ့ရေးရာ သတင်းများ Nov,4th,2008

ယနေ့ မြန်မာ့ရေးရာ သတင်းများ Nov,4th,2008

သတင်းများကို ကိုကိုမှ အချိန်နှင့် တပြေးညီ တင်ဆက်ပေးနေပါသည်

( 1 )ရေပိုင်နက်ကျူးကျော်မှုအရေး ဘင်္ဂလားဒေ့ရှ် အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို စေလွှတ်မည်

( 2 )Bangladesh, Burma to discuss territorial dispute

( 3 )Why India shifts its policy on Burma ( 4 )၂၀၁၀ အတွက် အားလုံး ပါဝင်၊ အားလုံး ဆင်နွှဲ

( 5 )Shippin' Out Nov. 2-8: Gears 2, Resistance 2

( 6 )နိုင်ငံရေးအမှုများ ဆောင်ရွက်သူ ရှေ့နေနှစ်ဦး တရားစွဲခံရပြန်ပြီ

( 7 )Bangladesh To Send Diplomats To Myanmar To Resolve Territorial Dispute

Chronology of Political Prisoners in Burma for October 2008

Get your own at Scribd or explore others:

ဒကစမှ ခဲဈေးမြှင့်ပေးသော်လည်း ရွာသားများ မရရှိ

ကန္တာရ၀တီတိုင်း( မ် )

ကုန်ဈေးနှုန်း တိုးမြှင့်ခြင်းနှင့် ခဲမှ ရရှိလာသည့် ၀င်ငွေမှာ ကိုက်ညီမှု မရှိသောကြောင့် အစိုးရထံသို့ ပြန်သွင်းနေရသည့် ခဲဈေးနှုန်းကို တိုးမြှင့်ပေးရန် ကရင်နီပြည် အမှတ် (၂) ခရိုင်မှ မော်ချီး ခဲ ပိုင်ရှင်များ စုဝေးပြီး လွိုင်ကော်မြို့ အခြေစိုက် ဒကစ (ဒေသကွပ်ကဲရေး စစ်ဌာနချုပ်) ထံသို့ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြပါသည်။

ခဲကျင်းပေါင်း ၁၅၀ ကျော်မှ ထွက်ရှိသည့် ခဲများကို အစိုးရထံသို့ ပြန်လည် တင်သွင်းရပြီး ခဲဈေးနှုန်းမှာ တပိဿလျှင် ၄၀၀၀ နှင့် ၆၀၀၀ ကျပ် အကြားတွင်သာ ရှိသည့်အတွက်ကြောင့် ခဲ ဈေးနှုန်း တိုးပေးရန် ရွာသားတို့၏ တောင်းဆိုချက်အပေါ် ဒကစမှ သဘောတူ၍ ဈေးနှုန်းတိုးမြှင့် ပေးခဲ့သော်လည်း မော်ချီးဒေသတွင် လုပ်ရှားနေသော တပ်ရင်းများက ထိုသို့ တိုးမြှင့်ပေးထားသော ဈေးနှုန်းများကို ဖြတ်စားသည်ဟု မော်ချီးဒေသခံတဦးက ပြောသည်။

၎င်းက "ခဲလုပ်တဲ့ လူတွေက တောင်းဆိုတဲ့ အချိန်မှာ ဈေးတိုးပေးတယ်။ တစ်ပိဿာ တစ်သောင်းအထိ တိုးပေးတယ် ထင်ပါတယ်။ ဒကစကပေါ့ အထက်ကပေါ့။ တိုးပေးတဲ့ အချိန်မှာက မော်ချီးမှာထိုင်တဲ့ ဒေသခံတပ်တွေက ဘယ်လိုပြောမလဲ ဖြတ်စားတဲ့ ပုံစံမျိုးရှိတယ်" ဟု ပြောသွားပါသည်။

ကရင်နီ လူမှုကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးပင်မဌာနမှ သတင်းတာဝန်ခံ ကိုဝင်းမင်းကလည်း "ခဲကို သူတို့ အစိုးရဆီမှာ ပြန်သွင်းရတယ်။ ဆိုလိုတာက သူတို့ မော်ချီးမှာ ခဲခေါင်းက ဒီမှာဒီကျောကို ကျနော်တို့ ခဲတူးမယ် သူတို့ဘယ်လိုပြောမလဲ၊ မှတ်ပုံတင်တဲ့ ပုံစံမျိုးပေါ့။ အဲဒါအစိုးရ ခွင့်ပြုချက်ရပြီ ဆိုလို့ရှိရင် တူးလို့ရတယ်။ တူးပြီးလို့ရှိရင် သူက အစိုးရကို ပြန်သွင်းရမယ်" ဟု ပြောပါသည်။

မော်ချီးမြို့သူ၊သားများ၏ အဓိက အသက်မွေးဝမ်းကျောင်းမှာ ခဲတူးဖော်ရောင်းချခြင်းဖြစ်ပြီး ခဲတူးဖော်ခြင်းသည် အဆုတ်အား ထိခိုက်နိုင်သည်ကို သိရှိနေပါသော်လည်း စားဝတ်နေရေးအတွက် လုပ်ကိုင်နေရသည်ဟု ဆိုသည်။

အမည်မဖော်လိုသော ဒေသခံတစ်ဦးက "ကျနော်တို့ ခဲမှမလုပ်ရင်လည်း အခြား လုပ်ငန်းတွေ မရှိဘူး။ မော်ချီးမှာက ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ခဲမှမလုပ်ရင် ကျနော်တို့မှာ မြေယာပိုင်ဆိုင်မှု မရှိဘူး။ သူများလို တောင်ယာလုပ်လို့လဲ မရဘူး၊ ဖာလာလုပ်လို့လဲ မရဘူး။ အဓိက ခဲကိုပဲ အားကိုးရတယ်" ဟု ပြောသွားပါသည်။

You received this email because you are subscribed to the real_time feed for http://myochitmyanmar.org/index.php?format=feed&type=rss. To change your subscription settings, please log into RSSFWD.