Tuesday, November 4, 2008

[Laminkhin] 2 New Entries: မတရားသည့်အမိန့် အာဏာဟူသမျှတာဝန်အရဖီဆန်ကြ

မတရားသည့်အမိန့် အာဏာဟူသမျှတာဝန်အရဖီဆန်ကြ

အင်းစိန်ထောင် အတွင်း စက်တင်ဘာရွှေဝါရောင် တော်လှန်ရေးတွင် ခြေထောက်(ပေါင်)တွင်

သေနတ်ထိမှန်ခဲ့ ရပြီး ထောင်ဒဏ် (၄)နှစ်ပါ ကျခံနေရသော N.L.D သင်္ဃန်းကွန်းမြို.နယ်

လူငယ်တစ်ဦး ဖြစ်သူ ကိုမြသန်းထိုက် ကို ၃.၁၁.၂၀၀၈ နေ့နံနက်လေး နာရီ အချိန်တွင်

တောင်ငူထောင် သို့ ပြောင်းရွှေ ပြစ်လိုက် သည်ဟု သိရှိရပါသည်။

အဆောင်များတွင် မတရား အကျဉ်းချခံနေရသော နိုင်ငံရေးလှုပ်ရှားသူများသည်

တခြားပြစ်ဒဏ် များကျခံနေရသော အကျဉ်းသားများ၏ အနိုင်ကျင့်မူ၊မတရားမူ များကို

ခံစားနေရပါသည်။ အခြား ခိုး၊ဆိုး၊လုယက် မူများနှင့်ပြစ်ဒဏ်ကျခံနေရသော သူများကို

အဆောင်တွင် လူကြီးခန့်အကွက်ကျကျ ဖန်တီးကာ နိုင်ငံရေးအကျဉ်းသား များကို နှိပ်စက်၊

မတရား အကောက်ကြံ မူများ ရှိနေပါသည် ဟု ယနေ့၃.၁၁.၂၀၀၈ သင်္ဃန်းကွန်းမြို့နယ်တွင်

ရုံးထုတ်လာသူများမှ ပြောဆိုခဲ့သည်။


အင်းစိန်ထောင်တွင်မတရားဖမ်းဆီးခံရပြီး အမူရင်ဆိုင်နေရသော မနီလာသိန်း၊မမီးမီး၊

မစန္ဒာမင်း(ခ)ရွှီး၊မသက်သက်အောင်၊မမာမာဦးတို. (၅)ဦး သည်တရားရုံးကိုအယုံအကြည်

မရှိ၍ မိမိတို.၏ ရှေ့နေပါဝါ များကို ရုပ်သိမ်း ပြီး ဆက်လက်တိုက်ပွဲဝင် သွားမည်ဟု ထောင်

ဝင်စာတွေ့စဉ်ပြောဆိုခဲ့ကြသည်ဟုယနေ့ရုံးထုတ်လာသူများထံမှ သိရှိရသည်။

သတင်းစာဆရာကြီးအား အမှတ်တရ ( 4-11-2008)




ဗိုလ်တစ်ထောင်သတင်းစာအယ်ဒီတာချုပ် ရဲ့ အမှတ်တရ စာသားလေးထပ်မံ တင်ပြလိုက်ပါတယ် ။

ခုလိုနိုင်ငံရေးစကားတွေပြောနေတာဟာ
မျက်စိကန်းတစ္ဆေမကြောက်
ပြောနေတာမဟုတ်ဘူး-----
မျက်စိလည်းကောင်းတယ် တစ္ဆေက
ဘယ်လောက်ကြောက်စရာကောင်းတယ်
်ဆိုတာလည်းသိတယ်
ဒါပေမဲ့
သတင်းစာသမားတစ်ယောက်အနေနဲ့ 
ပြီးတော့
နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ 
ပြောသင့်ပြောထိုက်တာကို ပြောရမယ်လို့ 
ယုံကြည်တဲ့အတိုင်း ပြောနေတာ ။

ဦးထိန်လင်း(ဗိုလ်တစ်ထောင်)


You received this email because you are subscribed to the real_time feed for http://laminkhin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.