အညတရ မေတ္တာ
ဒီရက်ပိုင်း ခရီးထွက်စရာကလဲရှိ၊ အမ အငယ်တယောက် ကျွန်တော့်ဆီ ရောက်လာလို့ သူ့အတွက် စီစဉ်စရာ ရှိတာလေးတွေ စီစဉ်၊ အဖေ့သေစာရင်းနဲ့ လုပ်စရာရှိတဲ့ ရုံးကိစ္စလေးတွေကိုလုပ်၊ အမေ့အတွက်လဲ လုပ်စရာလေးတွေရှိ၊ အလုပ်နှစ်ဖက်( အလုပ်က နှစ်ခုလုပ်လို့ ) ၊ ကျောင်းတဖက်နဲ့မို့ post အသစ် မတင်နိုင်တာ ခွင့်လွှတ်ပါဗျာ။ စိတ်ရှုပ်စရာတွေကများ၊ အဖေ့ကိုလဲသတိရ၊ တချိန်က တကယ်ချစ်တဲ့ ရည်းစားလေးကိုလဲ သတိတရ တမ်းတနေသမို့ စိတ်ပြေလက်ပျောက် New York ကိုသွားလည်ဖို့ စီစဉ်နေပါတယ်။ လာလည်သူ ဘော်ဒါအပေါင်း မင်္ဂလာရှိစေကြောင်း အညတရမေတ္တာဝေ...... အားလုံးရကြစေ.......
*** ဟိုဖက်က ကျွန်တော်တို့ ဘလော့ကာကလေးတွေချစ်တဲ့ Bloggerကလေးဗိုလ်မခင်ဦးမေ နဲ့ ဦးရွှေရိုးရဲ့ဒေါ်မိုးက New York ကိုသွားလည်ဖို့ အားပေးတယ်ခင်ဗျ။(အုတ်နီခဲနဲ့) ရောက်ရင်ဓာတ်ပုံတွေ ရိုက်ခဲ့ပေးပါတဲ့။ ခြင်ချော်လဲ အညတရဆိုတဲ့ကောင် ပုံတော့မပါစေနဲ့တဲ့။ ဟီးးးးး ဟီးးးး ဘီလူးသံပုရာသီးစားတဲ့ မျက်နှာလေးကို အဲဒီလို ကြည့်ချင်ကြတာဗျ။ ***
*** ဟိုဖက်က ကျွန်တော်တို့ ဘလော့ကာကလေးတွေချစ်တဲ့ Bloggerကလေးဗိုလ်မခင်ဦးမေ နဲ့ ဦးရွှေရိုးရဲ့ဒေါ်မိုးက New York ကိုသွားလည်ဖို့ အားပေးတယ်ခင်ဗျ။(အုတ်နီခဲနဲ့) ရောက်ရင်ဓာတ်ပုံတွေ ရိုက်ခဲ့ပေးပါတဲ့။ ခြင်ချော်လဲ အညတရဆိုတဲ့ကောင် ပုံတော့မပါစေနဲ့တဲ့။ ဟီးးးးး ဟီးးးး ဘီလူးသံပုရာသီးစားတဲ့ မျက်နှာလေးကို အဲဒီလို ကြည့်ချင်ကြတာဗျ။ ***
အဆင်ပြေတဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ဖို့
ခင်ပွန်းနဲ့ ဇနီးသည် ဆက်ဆံရေးကို ခိုင်မာအောင် တည်ဆောက် ပံ့ပိုးပေးနေတဲ့ အရာတွေထဲမှာ တစ်ဦးအပေါ်တဦး လေးစားမှု၊ ယုံကြည်မှုနဲ့ ဂရုတစိုက်ရှိမှုတွေဟာ အရေးပါတဲ့ကဏ္ဍက ပါဝင်တာပါ။ဒီတော့...။
ကိုယ့်လက်တွဲဖော် ဘာပြောလဲဆိုတာ သေသေချာချာ နားထောင်ပေးပါ။ ကိုယ့်တစ်ဖက်သတ် ယူဆချက်တွေ၊ ခံစားချက်တွေနဲ့ ပြစ်တင်ဝေဖန်တာမျိုးကို ရှောင်ပါ။
ယုံကြည်မှုနဲ့လေးစားမှု

ယုံကြည်မှုဆိုတာ တစ်ယောက်နဲ့တယောက် စိတ်ရင်းအတိုင်း ဖွင့်ဟပြောဆိုတဲ့ အခြေအနေကို ဖန်တီးပေးပြီး လေးစားမှုကတော့ တစ်ဦးစီရဲ့ ယုံကြည်ချက်၊ ခံယူချက် အတွေးအမြင်ကို ပြစ်တင်ဝေဖန်တာမျိုး မလုပ်ဖြစ်အောင် ဟန့်တား ပေးပါတယ်။
အသင်းအဖွဲ့စိတ်

လင်မယား နှစ်ယောက်ဟာ ရန်စောင်နေရမှာ မဟုတ်ပါဘူး။ တဖက်တည်းမှာ ရှိတဲ့သူတွေပါ။ နိုင်ရင် နှစ်ယောက်စလုံး နိုင်မှာဖြစ်ပြီး ရှုံးရင်လဲ နှစ်ယောက်စလုံး ရှုံးမှာလို့ ခံယူထားပါ။
ချေးခြောက် ရေမနူးနဲ့။

ကိုယ်မကျေနပ်တဲ့ အကြောင်းကိစ္စတိုင်းမှာ သူမှားတာ မဟုတ်ပါ။

ကိုယ့်ရဲ့လက်တွဲဖော်က ကိုယ်လက်မခံနိုင်တဲ့ ကိစ္စရပ်မျိုး ပြုလုပ်ခဲ့ရင်တောင်မှ သူ့ကို မှားတယ်လို့ မစွပ်စွဲပါနဲ့။ ကိုယ်မကျေနပ်တာနဲ့ သူမှားတယ်လို့ ယူဆတာဟာ တစ်ဖက်သတ်ဆန်ပါတယ်။
တာဝန်နဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို အညီအမျှခွဲဝေ အသုံးချပါ။

ကိစ္စရပ်တိုင်းမှာ နှစ်ဦးစလုံးက သာတူညီမျှ လုပ်ပိုင်ခွင့်တွေ ရှိနေဖို့ လိုပါတယ်။ ဆုံးဖြတ်ပိုင်ခွင့်တင် မဟုတ်ဘူး။ တာဝန်တွေကိုပါ ခွဲဝေယူရမှာပါ။
တရားမျှတစွာ တိုက်ပွဲဝင်ပါ။

တဖက်လူရဲ့ အားနည်းချက်ကို ရန်ဖြစ်တဲ့အချိန်မှာ ထုတ်ဖော်ပြောဆိုတာမျိုး ရှောင်ပါ။ လူထက် ပြဿနာဖြစ်စေတဲ့ အကြောင်းရင်းကို အဖြေရှာပါ။
ကိုယ့်ကိုယ်ကို ပြန်မေးပါ။

ကိုယ်ဘာလိုချင်တယ်။ ဘာဖြစ်ချင်တယ်။ ဒါကို ဘယ်လိုရအောင် လုပ်မယ်ဆိုတာမျိုး ကိုယ့်ကိုယ်ကို သေချာစေပါ။ ဒီအချက်တွေကို တဖက်လူသိအောင်၊ နားလည်အောင် ရှင်းပြပါ။
***တချိန်တခါက မြန်မာတိုင်း(စ်)ဂျာနယ်မှာ ဖော်ပြခဲ့ဖူးတဲ့ စာရေးဆရာဇိုးပွီးရဲ့ ဆောင်းပါးလေး တပုဒ်ပါဗျာ။ ပေါင်းသင်းလာတဲ့ အိမ်ထောင်သက် အနှစ်(၂၀)အတွင်းမှာ အမြဲလိုလို ရန်ဖြစ်နေတဲ့၊ ရန်မဖြစ်ရရင် မနေနိုင်တဲ့ စတုတ္ထမြောက် အမတော်တို့ လင်မယားကို အဓိက ရည်ရွယ်ပါတယ်။ ***
You received this email because you are subscribed to the real_time feed for http://heartmuseum.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.