Tuesday, November 4, 2008

[My TLMS] 2 New Entries: သ၀ဏ်လွှာ

သ၀ဏ်လွှာ

တသက်နဲ့ တကိုယ်ပါပဲ..
ဒီကတော့ လှိုင်းထန်ပြလိုက်ရတာ...
အဲဒိ နိုဝင်ဘာလေးက ထူးအံ့လွန်းနေရဲ့.....
ကျွန်တော်ကလဲ ကျွန်တော်... သူကလဲ သူပါပဲ..
တဦးတယောက်အတွက်... တဦးတယောက်ရဲ့
တိမ်ပြာတွေကို သိုဝှက်ခဲ့ဖူးတယ်...
တသက်နဲ့ တကိုယ်ပါပဲ...
မပြောကောင်းမဆိုကောင်း..... ချစ်တယ်.....။

ဗျတ်စောင်းဘာသာဗေဒ

လခြမ်းအ၀ါကိုမြင်လို့
ကောင်းကင်ကို မမြင်လိုက်ဘူး။
တစ်ယောက်နဲ့တစ်ယောက်
ရွာရိုးကိုးပေါက် ဝေးခဲ့မိတယ်။

ကောင်မလေးရေ
ငါ့ရဲ့...
အမေတစ်ဝက်၊ ဆောင်းရာသီတစ်ဝက်
ကောင်မလေးရေ
ငါ့ကို ကယ်ပါ။

ငါ့ကို ကယ်တယ်လို့ပဲ သဘောမထားဘဲ
ငါ့ကိုပဲကယ်ပါ
မင်းရဲ့ အဖြူတစ်ဝက်ရဲ့ အဖြူတစ်ဝက်လောက်
ငါ့ကို ဆွတ်ပေးပါ။
ရင်ဘတ်က ကြယ်ငွေ့တွေ ဖြာကျလာတဲ့အထိ
ငါ့... ပွင့်ပစ်လိုက်ချင်လို့ပါ။

တာရာမင်းဝေ (မိုးခေါင်လို့တီးတဲ့ဗုံသံ စာအုပ်မှ)

You received this email because you are subscribed to the real_time feed for http://www.minnyoonthit.net/feeds/posts/default. To change your subscription settings, please log into RSSFWD.