Tuesday, November 4, 2008

[တွေးမိတွေးရာ] 1 New Entry: Youth' Time and Internet

Youth' Time and Internet

၂၀၀၀ခုနှစ်နောက်ပိုင်းကစပြီး IT နည်းပညာတွေ မြန်မာနိုင်ငံမှာ တဖြည်းဖြည်း ဖွံ့ဖြိုးလာတယ်လို့ ဆိုရမယ်။ဒီလိုတိုးတက်မှုတွေကြောင့်လည်း လူငယ်တွေအတွက် IT နည်းပညာဆိုင်ရာ အခွင့်အလမ်းတွေ အများကြီးပေါ်လာပါတယ်။ အသိညဏ်တွေလည်း အများကြီး ပွင့်လင်းလို့လာပါတယ်။ လူငယ်တွေအနေနဲ့ နိုင်ငံတကာနဲ့လည်း ယှဉ်ပြိုင်နိုင်မှုတွေမှာ စွမ်းရည်တိုးလားပါတယ်။ သတင်းအချက်အလက်နည်းပညာရရှိမှုတွေ၊ ဆက်သွယ်မှုတွေဟာ အရင်ကထက်ပိုမို လွယ်ကူလားပါတယ်။ ဒါကိုလည်း လူငယ်အပြင် လူကြီးတွေကပါ လက်ခံလာကြပါတယ်။
ဒါဟာ မြန်မာနိုင်ငံမှာ IT ကြောင့် ဖြစ်ပေါ်လာတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေပါ၊ နိုင်ငံခြား အထူးသဖြင့် အနောက်နိုင်ငံတွေမှာတော့ IT ရဲ့ အကျိုးရလဒ်များကို စောစီးစွာ ခံစားခဲ့ပြီး ကောင်းစွာအသုံးချနိုင်ခဲ့ရာ အာကာသ၊ တခြားသော ဂြိုလ်ကမ္ဘာထိ ဦးစွာ အခြေချနိုင်ခဲ့သည်။နည်းပညာ အသစ်အဆန်းများကိုလည်း တီထွင်နိုင်ခဲ့ပြီး လူမှုဝန်းကျင် အကျိုးစီးပွားများကို ဖန်တီးစံစားနိုင်ခဲ့ပါပြီ။ အကျိုးလို့ဆိုပေမယ့် တချို့သောနယ်ပယ်တွေမှာ လွဲမှားစွာ အသုံးချမှုတွေလည်း ရှိပါတယ်။ အထူးသဖြင့် sex နဲ့ပတ်သက်ပြီး အသုံးပြုမှုတွေ တွေ့လာရပါတယ်။ ဒါကလည်း သူတို့ cultureအရ ဖြစ်နေတာတွေလည်း ပါပါတယ်။ လူမှုဝန်းကျင်ကလည်း ဒါကိုလည်း culture အရ လက်ခံကြပါတယ်။ နောက်ပြီး IT ရဲ့ဆိုးကျိုးတွေကိုလည်း ပြန်လည် ခုခံနိုင်ရန် ကြိုတင် အသိပေး၊ ပညာပေးထားကြပါတယ်။ ဒီဘယ်လိုတွေမှာ အသုံးပြုရင် ဘာတွေ ရနိုင်တယ်၊ အရွယ်မရောင်သေးတဲ့ လူငယ်တွေကလည်း တားမြစ်website တွေကြည့်လာရင် ဘယ်လိုတွေ လုပ်လာနိုင်တဲ့အတွက် အသိပညာတွေပေးထားကြပါတယ်။
မြန်မာနိုင်ငံမှာ မကြာသေးသောအချိန်ကာလကစပြီး IT ကို လွဲမှားစွာ အတုခိုး အသုံးပြုမှုတွေကြောင့် မြန်မာအမျိုးသမီးများရဲ့ အိနြေ္ဒသိက္ခာကျဆင်းလာမှုတွေ ဖြစ်လာပါတယ်။ လူတချို့၏ မိမိကိုယ်ကျိုးစီးပွားရှာမှု များကြောင့် မိန်းကလေးများ၏ အရှက်သိက္ခာများမှာ အထင်သေးစရာ ဖြစ်လာခဲ့သည်။ တဘက်သား မိန်းကလေး၏ ဘ၀ကို ထည့်မတွက်ဘဲ ရလာသော ငွေကြေးကို ပျော်ရွှင်စွာ စားဝင်နိုင်မည်လော။ လောကကြီးမှာ ထမင်းတစ်လုပ်ကို ပျော်ရွှင်စွာ စားနိုင်ဖို့ ဆိုတာ အရေးကြီးပါတယ်။ ထမင်းစားနေ့အချိန်မှာ ပူပင်သောက ကင်းစွာ စားနိုင်မယ်ဆိုရင် ကံအကောင်းဆုံး လူသားတစ်ယောက်ပါ။ ဒီလိုမျိုး တစ်ဘက်သား ဒုက္ခရောက်ပြီးမှ စားရတဲ့ထမင်းမျိုးဟာ အရသာရှိပါဦးမလား...........စဉ်းစားစရာပါ။ နောက်ပြီး ဒီိလိုမျိုး တီထွင်မှုများကြောင့် တချို့သောမိန်းကလေးများဟာ အတုမခိုးသင့်တာတွေ လိုက်လုပ်ပြီး လမ်းမှားတွေ ရောက်ကုန်ကြပါတယ်။ အင်တာနက်အသုံးပြုမှုတွေကလည်း လမ်းလွဲကုန်တာပေါ့။ နောက်ဆုံးဘယ်လိုအသိတွေ ရသွားလဲဆိုတော့ ဒီလိုတွေကိုမှ မကြည့်ဘူးရင် ခေတ်မမီတော့ဘူးဆိုတာမျိုးတွေ ထင်ကြပါတယ်။ အသိညဏ်ရင့်ကျက်သင့်လောက်သော အရွယ်များသည်လည်း ငါလုပ်သမျှ နောက်မှ အတုခိုးမယ့် လူငယ်တွေရှိပါသေးလားဆိုတာ ကို တွေးစေချင်ပါတယ်။
အနာဂတ်မှာ အချိန်ကာလများစွာ ရှေ့ဆက်လျှောက်ရဦးမယ့် လူငယ်များအနေနဲ့ မိမိရဲ့ လုပ်ဆောင်ချက်တိုင်းဟာ မိမိအတွက် မိမိအသိုင်းအ၀ိုင်းအတွက် အကျိုးဖြစ်ထွန်းသလားဆိုတာလေးတွေ ပြန်သုံးသပ်စေချင်တယ်။ ဒီလိုပြောနေရလောက်အောင် ဖူးဖူးဟာ လူကြီးတစ်ယောက်လားဆိုတာ??? လည်းမဟုတ်ပါဘူး၊ ကျွန်မကိုယ်တိုင်ကလည်း လူငယ်တစ်ယောက်ပါ။ ကျွန်မစိတ်နဲ့ ပြောရမယ်ဆိုရင်တော့ လုပ်တဲ့အလုပ်တိုင်းဟာ ကိုယ့်အတွက် ၈၀%လောက်ရလဒ် ပြန်ရမှာ ကျွန်မလုပ်တဲ့အလုပ်တွေဟာ အဓိပါယ်ရှိတယ်လို့ ထင်ပါတယ်၊ ရလဒ်ဆိုတာ အကောင်အထည်နဲ့ ပြန်ရတာရှိသလို စိတ်ညဏ်အားဖြင့် တန်ဖိုးမဖြတ်နိုင်အောင်ရတာတွေ ရှိတတ်ပါတယ်။ ဒါကြောင့် လူငယ်တွေအနေနဲ့ အင်တာနက်အသုံးပြုမှုကအစ ကျန်တာတွေအဆုံးပေါ့လေ.............. ဆိုကြပါစို့ အင်တာနက်ကို တစ်နာရီကြည့်တယ်ပဲဆိုပါစို့ ၊ ဒီလူငယ်အတွက် အရင်းဆုံး အရင်းပြုထားရတာကတော့ အချိန်ပဲ နောက်ငွေကြေး၊ နောက် အားထုတ်မှုတစ်ခု၊ အင်တာနက်တစ်နာရီကြည့်ပြီးတဲ့ အခါ သူ့အနေနဲ့ ရင်းထားရတာတွေအတွက် တွက်ချေကိုက်အောင်ပြန်ရရဲ့လားဆိုတာ ပြန်သုံးသပ်စေချင်တယ်၊ စီးပွားရေးစကားအရပြောရင်တော့ အရင်းအနှီးအပေါ် အမြတ်ကျန်အောင်မရရင်တော့ အရှုံးနဲ့တွေ့တာပဲ။ ဒါကြောင့် ကိုယ့်ဆီမှာ ဘာကျန်ခဲ့လဲ၊ အနည်းဆုံး အသိပညာလေးတစ်ခုတော့ ကျန်ခဲ့ရင် သူလုပ်ခဲ့တဲ့ဆောင်ရွက်မှုဟာ တန်ဖိုးရှိသွားပါပြီး၊ ဒီလိုမှမဟုတ်ရင် ရှုံးတဲ့အလုပ်တွေကြီးပဲ လုပ်နေမယ်ဆိုရင် ဒီလူငယ် လူဖြစ်ရှုံးနေလား ? ? ? (စဉ်းစားပေးပါ)

You received this email because you are subscribed to the real_time feed for http://phupwintaung.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.