Showing posts with label ဖ - ဖိုးသူတော်. Show all posts
Showing posts with label ဖ - ဖိုးသူတော်. Show all posts

Friday, October 10, 2008

[My Thoughts My Blog] 1 New Entry: အချစ်ဆိုသည်မှာ

အချစ်ဆိုသည်မှာ

ကိုဖုန်းမြင့်က Tag ထားတယ်ဆိုလို့ ဘာအကြောင်းလဲဆိုတော့ အချစ်ဆိုသည်မှာ တဲ့။ အားပါး ဒီခေါင်းစဉ်က ခေါင်းစဉ်ကြီးတယ် လို့ပြောလို့ရသလို ရေးစရာအချက်အလက်တွေ များစွာ ထည့်လို့ ရပါတယ်။ ကိုယ်ခံစားမိတဲ့ ချစ်ခြင်းတွေကို ရေးလို့ရသလို သမီးရည်းစားအချစ် ကိုလည်း ရေးနိုင်ပါတယ်။ ကျွန်တော်ကတော့ သာမန်ပါပဲ ကျွန်တော့်ရဲ့ အချစ်အမြင်နဲ့ အချစ်ဆိုသည်မှာ ကို ခုလိုပဲ ရေးလိုက်ပါတယ်။ ကိုဖုန်းမြင့်ရော စာဖတ်သူများရော ကျေနပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ (ဖိုးသူတော်)

အချစ်ဆိုသည်မှာ

'တကယ်ဆိုရင် အချစ်ဟာဘာမှန်းမသိတဲ့ ပုစ္ဆာ၊ အချစ်ဟာ အဖြေရှာ မရတဲ့ ပြဿနာ၊ ကိုယ်ကိုတိုင် အချစ်ဟာ ဘာမှန်းမသိလို့' ပါဆိုပြီး နိုင်ငံကျော် အဆိုတော် တစ်ဦးဆိုခဲ့တာ ကို သွားသတိရပါတယ်။ တကယ်တော့ အချစ်ဆိုတာကို ရာစုနှစ်အဆက်ဆက် ကဗျာဆရာတွေ၊ သီချင်းရေးဆရာတွေနဲ့ အနုပညာရှင်များစွာကလည်း ဖွင့်ဆိုခဲ့ကြပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် စိတ်ခံစားချက်ခြင်းမတူသလို အချစ်အပေါ်ခံစားချက်နဲ့ အချစ်ဆိုတာကိုလည်း မြင်တာ တူချင်မှ တူမှာပါ။ အချစ်ဆိုတာ မြင်နိုင်တွေ့နိုင်ခြင်းမရှိပေမဲ့ ခံစားရတဲ့ ခံစားချက်တွေ ထဲမှာတော့ အပီပြင်ဆုံး ခံစားချက်တစ်ခု ဖြစ်ပါတယ်။ သက်ရှိကမ္ဘာကြီးကိုကလည်း အချစ်ဆိုတာနဲ့ တည်ဆောက်ထားတာပါ။ ဒီအချစ်တွေ ရှိခဲ့လို့ လည်း ကမ္ဘာကြီးဟာ စည်ပင်သာယာလာတာပါ။ အချစ် မှာ ခံစားချက် ခံစားမှု အခြေအနေ အရပ်ရပ်ပေါ်မူတည်ပြီး အချစ် ဆိုတဲ့ စာလုံးအောက် မှာ အချစ်တွေ အများကြီး ကွဲပြားချားနားသွားပါတယ်။

လင်မယားချင်းချစ်ကြတယ်။ ချစ်သူချင်း ချစ်ကြတယ်။ မိဘသားသမီးချစ်ကြတယ်။ မိသားစု မောင်နှမ ချစ်ကြတယ်။ မိတ်ဆွေ သူငယ်ချင်း ချစ်ကြတယ်။ ဆွေမျိုးအသိုင်းအ၀ိုင်းချစ်ကြတယ်။ သွေးမတော် သားမစပ် မသိကျွမ်းပဲ သနားဂရုဏာနဲ့ ချစ်ကြတယ် စသဖြင့် အချစ်ဆိုတာ ကွဲပြားခြားနားသွားပါတယ်။ ၀ီကီပီးဒီးယားရဲ့အချစ် ဆိုတဲ့ စာမျက်နှာမှာလည်း အချစ်ဆိုတာကို ဒီလိုပြောထားပါတယ်။

( ဘာသာပြန်ရင်မှားနေမှာစိုးလို့ ဟီး ကိုယ့်ဟာကို ပြန်လိုက်နော် :P )

Love is any of a number of emotions and experiences related to a sense of strong affection. The word love can refer to a variety of different feelings, states, and attitudes, ranging from generic pleasure ("I loved that meal") to intense interpersonal attraction ("I love my girlfriend"). This diversity of meanings, combined with the complexity of the feelings involved, makes love unusually difficult to consistently define, even compared to other emotional states.

As an abstract concept, love usually refers to a deep, ineffable feeling of tenderly caring for another person. Even this limited conception of love, however, encompasses a wealth of different feelings, from the passionate desire and intimacy of romantic love to the nonsexual emotional closeness of familial and platonic love to the profound oneness or devotion of religious love. Love in its various forms acts as a major facilitator of interpersonal relationship and, owing to its central psychological importance, is one of the most common themes in the creative art.

ကျွန်တော်ရဲ့ ခံစားမှုနှင့် ဆိုင်တဲ့ အချစ်က တော့ ခံစားမှုပေါ် အလေးထားပေမဲ့ ချစ်တာ သက်သက်ထက် မြတ်နိုးယုံကြည်နားလည်မှုကို ပိုမိုတန်ဖိုးထားပါတယ်။ အချစ်ဆိုတာ အပေါ်မှာပြောခဲ့သလိုပဲ ထိတွေ့ကိုင်တွယ်လို့ မရပေနဲ့ ခံစားရတဲ့ ခံစားချက် နေရမှာတော့ ထိရောက်လွန်းပါတယ်။ ချစ်ခြင်းများစွာ နဲ့ နှောင်ဖွဲ့ထားတဲ့ ဒီကမ္ဘာကြီးပေါ်မှာ ကျွန်တော်ကလည်း အဲ့ဒီ နှောင်ဖွဲ့ တဲ့ အထဲမှာ ပါပါတယ်။ အချစ်ဆိုတာ အဲကွန်း အင်ဒိုးယူနစ်လို လေအေးတွေပေးနေတက်သလို တစ်ခါတစ်ရံ အောက်ဒိုးယူနစ်လို လေပူကြီးနဲ့လည်း မှုတ်ထုတ်တက်ပါတယ်။ အချစ်ဆိုတာ လေထီးခုန်သမား လေယာဉ်ပေါ်က ခုန်ချချ ခြင်း အေးကနဲ ခံစားရသလို ခံစားရပြီး လေထီးဖွင့်ခါနီးမှာ လေထီးမပွင့်တော့လို့ အားကနဲ့ ခံစားရတာနဲ့လဲ တူပါတယ်။ အချစ်ဆိုတာ တစ်ခါတစ်ရံ ဖယောင်းတိုင်မီးလောက် လင်းနေပြီး တစ်ခါတစ်ရံ အမွှေးတိုင်မီးလောက် မှောင်နေတက်ပါတယ်။ ဘာပဲပြောပြော အချစ်ဆိုတာ မရှိရင် ဒီကမ္ဘာကြီး မရှိနိုင်သလို ကျွန်တော်လည်း မရှိနိုင်ပါဘူး။

အချစ်ရဲ့ အဓိပ္ပာယ်ကို ရှေးအစဉ်အဆက်ကတည်းက ဖွင့်ဆိုခဲ့သလို ယခု အချိန်အခါထိလည်း ဖွင့်ဆိုလိုမပြီးပါဘူး။ နောက်ကမ္ဘာဆုံးတိုင်အောင်လည်း ဖွင့်ဆိုနေကြဦးမှာပါ။ ဘာလို့လဲ ဆိုတော့ လူသားများစွာနဲ့ ကမ္ဘာကြီးဟာ အချစ်များစွာ အဓိပ္ပာယ်ဖွင့်ဆိုချက်များစွာနဲ့ လှပသာယာလန်းဆန်း နေဦးမှာပါ။

တကယ်တော့ အချစ်ဆိုသည်မှာ………….

ဖိုးသူတော်( ၁၀.၁၀.၀၈)

၃နာရီ၂၃မိနစ်

You received this email because you are subscribed to the real_time feed for http://phoethutaw.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

Thursday, October 9, 2008

[My Thoughts My Blog] 1 New Entry: စိတ်ထဲအခန့်သင့်မိသွားတာလေးတွေ

စိတ်ထဲအခန့်သင့်မိသွားတာလေးတွေ

စိတ်ထဲအခန့်သင့်မိသွားတာလေးတွေ

လူ့လောကကြီးမှာ လူတွေဟာ ဘ၀ဆိုတဲ့ ရေစီးကြောင်းကြီးနဲ့ စီးမျှောနေရင်းနဲ့ အလိုက်သင့် ကခုန်နေကြပါတယ်။ ကခုန်တယ် လို့သုံးတာ လှုပ်ရှားနေကြတယ်လို့ပြောတာပါ။ ဒီလို စီးမျှောနေရင်းနဲ့ ရေစီးကြောင်းရဲ့အားအတိုင်း မြန်လိုက်နှေးလိုက် ဖြစ်နေကြပါတယ်။ အကွေ့အကောက်နဲ့ ဆိုလည်း ကွေ့လိုက်ကောက်လိုက်ကြရတာပါပဲ။ အဲ့ဒီမှာ တူတူမျှောရင်းနဲ့ ပူးချင်ပူးသွားမယ်၊ ကွာရင်ကွာသွားမဲ့ အနေအထားတွေလည်း ရှိပါတယ်။ နောက်ပြီး ရေတံခွန်လို့ ဟာမျိုးတွေနဲ့ တွေ့ရင်လည်း ၀ုန်းဒိုင်းကြဲ ကျဆင်းသွားနိုင်ပါတယ်။ ဒါပေမဲ့ အလိုက်သင့် စီးမျှောနေရင်လည်း အလိုက်သင့်ပါပဲ။ ရေးစီးကြောင်းထဲမှာ စီးမျှောနေရင်းနဲ့ ကိုယ်ဝါသနာပါရာ သန်ရာသန်ရာ တွေလည်း လုပ်နိုင်ပါတယ်။ ဒီလိုနဲ့ပဲ ဘ၀ရဲ့ အောင်မြင်မှုတွေကို ရယူပိုင်ဆိုင်တဲ့ သူတွေ ရှိသလို သာမန်နဲ့ပဲ ပြီးသွားလိုက်ရတဲ့ သူတွေလည်း ရှိပါတယ်။ ဒါကလည်း ရေးစီးကြောင်းကြီးရဲ့ မမြင်နိုင်တဲ့ ၀ဲဂရက်တွေကြောင်း ဖြစ်နိုင်ပါတယ်။ ဘာပဲ ပြောပြော ကြိုးစားကူးခက်ရမှာပါ။

လောကကြီးမှာ ပေါင်းသင်းဆက်ဆံတဲ့ အခါ အပေးအယူ ကိစ္စတွေရှိပါတယ်။ အပေးရှိလို့ အယူရှိသလို အယူရှိလို့လဲ အပေးဆိုတာ ဖြစ်လာတာပါ။ ဒါပေမဲ့ ကိုယ်က ကောင်းတာပေးတိုင်းလဲ ကိုယ့်ရှိ အကောင်းဆိုတာ ပြန်မလာနိုင်ပါဘူး။ ဆာ အိုက်ဆက်နယူတန် ပြောသလို သက်ရောက်မှု ရှိရင် တန်ပြန်မှုဆိုတာ ရှိပေမဲ့ ဒီကိစ္စမှာ များများသက်ရောက်တိုင်း များများမပြန်ပါဘူး။ နဲနဲ သက်ရောက်လည်းများများ ပြန်လာချင် ပြန်လာပါတယ်။ ကိုယ်ကတော့ သက်ရောက်မှု အမြဲ မှန်ကန်ဖို့ လိုအပ်ပါတယ်။ လောကကြီးမှာ ချွမ်းချက် ဆိုတာတွေ သိပ်များပါတယ်။ အဲ့ဒီ ချွမ်းချက်ဆိုတာတွေကလည်း စဉ်းစားရမဲ့ ဟာတွေပါ။ ကိုယ်ကကောင်းတိုင်း သူတို့ပြန်ကောင်းနိုင်ပါမလားဆိုတာ ရှိသလို သူတို့ကောင်းတိုင်းရော ကိုယ်က ကောင်းနေရဲ့လား ဆိုတာလည်း ထည့်စဉ်းစားရမှာပါ။

လောကကြီးမှာ တစ်ဦးနဲ့ တစ်ဦးချစ်ကြတဲ့ အခါမှာလည်း ကိုယ်ကတော့ ချစ်လိုက်ရတာပါပဲ ဆိုပေမဲ့ သူက ပြန်ချစ်ရင် မှ ချစ်မှာပါ။ ကိုယ်က ချစ်တိုင်း သူကလည်း ပြန်ချစ်နေမယ်ဆို ရင် လောကကြီး ရှုပ်ထွေးသွားနိုင်ပါတယ်။ ကိုယ်ကလည်း သူ့ကို ချစ်လို့ သူကလည်းကိုယ့်ကို ပြန်ချစ်မယ်ဆိုရင်တော့လည်း လောကကြီးဟာ လှပသာယာနေမှာပါ။ ဒါပေမဲ့ ကိုယ်က သူ့ကို ချစ်နေနားလည်းနေနိုင်ပါတယ် ။ သူကတော့ ကိုယ်ကို မချစ်နိုင်ပါဘူးဆိုတာကလည်း သူ့ဘက်က ပုဂ္ဂိုလိက ခံစားချက်ရှိနိုင်သလို နားမလည်နိုင် မစဉ်းစားချင်နိုင်တာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်က တကယ်လည်းချစ်တယ် ခံစားလည်းခံစားရတယ် ဆိုရင်တောင် သူပြန်မချစ်နိုင်တာ မစဉ်းစားနိုင်တာကို သူ့ဘက်ကနေ ဖြည့်တွေးပေးလိုက်ရင် ကိုယ်ခံစားရတွေ ရော့ပါသွားနိုင်ပါတယ်။ တကယ်မချစ်လို့ ဒီစကားပြောတာပါ..ငါကတော့ မရပါဘူးဆိုတာလည်း ပြန်ပြောနိုင်ရုံသက်သက်မျှလောက်ပဲ အသုံးဝင်နိုင်ပါတယ်။ ကျွန်တော် ပြောချင်တာက တကယ်ချစ်လို့ ကြိုးစားခဲ့တယ် ရအောင်လိုက်ခဲ့တယ် မရခဲ့ဘူးဆိုရင် ကိုယ့်အတွက် အတ္တပါးပါးထည့်ထားတဲ့ အကောင်းဆုံး ဖြေသိမ့်တွေးစရာ နည်းလမ်းတစ်ခုပါ။ မချစ်လို့ မရတော့တဲ့ ဟာအတွက် သိပ်ပူဆွေးသောက များနေရင် ကိုယ့်ပတ်ဝန်းကျင်ပါ ပူပါတယ်။ ချစ်ခဲ့ကြပြီးမှ အကြောင်းအမျိုးမျိုးနဲ့ လမ်းခွဲ ပြတ်ဆဲသွားတယ်ဆိုရင်လည်း အချိန်တန်လို့ ဖြစ်ရတာပါပဲ ဆိုပြီး တွေးနိုင်ရင်ကောင်းပါတယ်။

အဲ့အချိန်မတိုင်ခင်မှာတာ့ စောစောနက ပြောခဲ့သလို ကိုယ့်ရဲ့ သက်ရောက်မှုတွေက ဘာတွေဖြစ်ခဲ့လို့ ဒီလိုတန်ပြန်မှုတွေ လာတယ်ဆိုတာ ကိုယ့်ဟာကို ရေရေလည်လည်နားလည်နိုင်အောင် စဉ်းစားရမှာပါ။ မဟုတ်ပါဘူးကွာ ငါတို့နှစ်ယောက်ဒီလောက်ချစ်ခဲ့ ကြတာ လူကြီးတွေကြောင့်ပါဆိုတာကလည်း ရာစုနှစ်များစွာ ရှိနေတဲ့ အရာကြီးတစ်ခုပါ။ အထူးအဆန်းကြီးတော့ မဟုတ်ပါဘူး။ မမျှော်လင့်သော ကိစ္စရပ်တစ်ခုကြောင့် ကွဲကွာသွားတယ်ဆိုရင်လည်း ကံကြမ္မာကို ရည်ညွှန်း၍ ဖြစ်ချိန်တန်တဲ့ သဘောကို လက်ခံနိုင်ရမှာပါ။

နောက်ဆုံး ရေစီးကြောင်းကြီးတစ်ခုလို စီးမျှောနေတဲ့ လောကကြီးမှာ ရေစီးကြောင်းကြီးထဲမှာ နေရင် သက်ရောက်ခြင်း၊ တန်ပြန်ခြင်း ချစ်ခြင်း၊ မုန်းခြင်း၊ နီးစပ်ခြင်း၊ ကွဲကွာခြင်း၊ ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်း စတာတွေကို အလိုက်သင့်ခံစားနားလည်ရင်း သဘာဝ တရားနဲ့ နီးစပ်အောင် နေထိုင်နိုင်ကြရင် လူတွေရဲ့ အတွင်းစိတ်အာရုံတွေမှာ ခံစားနေရတဲ့ ဟာတွေ လျော့နည်းသွားမယ်လို့ ထင်ပါတယ်။ လောကရေစီးကြောင်းကြီးနဲ့ အလိုက်သင့်နေထိုင်ရင် တိုးတက်အောင်မြင်သော ဘ၀တွေ ဖန်တီးတည်ဆောက်နိုင်ကြပါစေ…

ဖိုးသူတော် ( ၉.၁၀.၀၈)

၁၂နာရီ ၂၈ မိနစ်.

You received this email because you are subscribed to the real_time feed for http://phoethutaw.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

Monday, October 6, 2008

[My Thoughts My Blog] 1 New Entry: စိတ်အခန့် မသင့်တာလေးတွေ

စိတ်အခန့် မသင့်တာလေးတွေ


စိတ်အခန့်မသင့်တာလေးတွေ

ဘာလို့ ဒီ ultra surf ဆိုတဲ့ ပရောစီ ဆော့ဝဲလ်က ဖွင့်လို့မရတာလဲ။ ခါတိုင်းဖွင့်နေကျဟာကို။ လူများ အစဉ်မပြေချင်ရင် ပြောပါတယ် ဘာမှ ကိုမပြေဘူး။ အဲ့လို ပရော်စီမှ ဖွင့်မရတော့ ဒီစာတွေကိုဘယ်လို ကိုယ့်ဘလော့ဂ်မှာ တင်မလဲ။ ခက်တာပဲဗျာ.. ဒီမှာကလည်း ဘာခက်မှန်း မသိဘူး.. အစကတည်းက ဘာမှ မလွယ်တာကို။ ဖွင့်ထားတဲ့ သီချင်းကလည်း ကြိုက်လို့တာ ဖွင့်ထားတာ.. ဘာတဲ့ 'ကိုယ်ဟာ ချစ်သော ရင်ခွင်ပျောက်သူတဲ့' အဆင်မပြေသေးဘူး သီချင်းစာသားကိုကလေ။ ဒီလိုပဲ ထုံးစံအတိုင်း မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ စမ်းချောင်းလမ်းထဲက ၀က်မြီးမှာ ဆုံပြီး စကားများများ ပြော.. ငြင်းခုန်ပြီ ပြန်လာတော့ အချိန်က ရိုးရိုးလိုင်းကားတွေ မဆွဲတော့တဲ့ အချိန်လေ။ အဲ့ဒါနဲ့ ဆေးလိပ်တစ်လိပ်သောက်လို့ ကုန်ချိန်ကြတော့ ကြားကားလို့ခေါ်ကြတဲ့ လိုက်အေ့စ် တစ်စီး ဖုတ်လိုက်ဖုတ်လိုက်ဝင်လာတယ်။ စပါယ်ယာ တို့ဝသီအတိုင်း လမ်းကြောင်းတွေ လျှောက်ခေါ်နေပြီး ခရီးသည်တွေကို ဖိတ်ခေါ်နေတယ်လေ။ ဒါပေမဲ့ တော်တော်နဲ့ကို မထွက်သေးဘူး။ ကိုယ်ကတော့ ထွက်တော့မလားဆိုပြီး စီးကရက် မတိုမရှည်လေး ကို ပြစ်လိုက်ရင်း ကားထွက်မှာကို စောင့်နေမိတယ်။ ဆေးလိပ်မသောက်ရတာပဲ အဖတ်တင်ပါတယ် .. စပါယ်ယာတွေကတော့ ခေါ်တုန်းပါဗျာ။

အဲ့ဒါနဲ့ ကားစီးလာတာ ကိုယ်ဆင်းရမဲ့ မှတ်တိုင်ကိုရောက်ရောပေါ့ဗျာ။ ထုံးစံအတိုင်း လမ်းလျှောက်ပေါ့ဗျာ ကားမှတ်တိုင်ကနေ အဆောင်ကို။ အဆောင်ရောက်တော့ အရင်နေ့တွေလို အဆင်မပြေဘူးဗျာ။ ဘာဖြစ်လဲဆိုတော့ ညစာ အတွက် ထမင်းက ကိုယ်တိုင်မှ လာမယူရင် ထုတ်မပေးဘူးတဲ့။ အာ…. ဘယ်လိုဖြစ်တာလဲဗျာ… အရင် ပေးနေကျကို.. အေး… ခု ဒီလိုပဲတဲ့။ ဒီမှာ ငါနင့်အတွက် ချန်ထားတယ်တဲ့.. အမတော်သူက ပြောတယ် ။ အင်းပေါ့လေ. ဒီချိန်ရောက်နေပြီ ရှိရာစားရမှာပေါ့ နက်ဖန်မှ မေးကြည့်ရမယ် ဒီကိစ္စကို ဘယ်လိုဖြစ်တာလဲပေါ့လေ။

ပြီးတော့ သတိရတဲ့ သူငယ်ချင်းတစ်ယောက်ကို ဖုန်းဆက်လိုက်သေးတယ်။ အဲ့ဒီမှာ ပထမ တစ်ကောလ် ၀င်သွားတယ်။ စကားပြောချင်လို့ပါဆိုတော့ ဘာမှမပြောပဲ ဒီတိုင်းဖုန်းကြီးကိုင်ထားတယ်။ အဲ့ဒါနဲ့ ဖုန်းခဏ ချပြီးနောက်တစ်ခေါက် ထပ်ခေါ်လိုက်တယ်။ ဖုန်းလိုင်းဝင်သွားတယ် ဒီတစ်ခါ လာကိုင်တာ အမျိုးသားတစ်ယောက်။ ဘာကိစ္စလဲဆိုတော့ ကျွန်တော်က သူငယ်ချင်းနဲ့ ပြောချင်လို့ပါပေါ့.. အဲ့ဒါန အဲ့လူက ဘာပြောတယ်မှတ်လဲ ' ဟေ့ကောင် မင်းဒီချိန်ရှိနေပြီ နားမည်လည်ဘူးလား. ဘာလဲတဲ့ အိပ်နေပြီကွ' ဆိုပြီး ခပ်မာမာပြောပါတယ်။ တစ်သက်နဲ့ တစ်ကို တစ်ခါမှ ဒီလိုဖုန်းဆက်လို့ အပြောခံဘူးတာလဲမဟုတ်။ နောက်ပြီးဆက်တာကလဲ ခင်တဲ့ သူငယ်ချင်းမလေး။ အချိန်ကလည်း ၁၀ နာရီကျော်လေးပဲ ရှိသေးတာ။ အရင် ဒီချိန်ဆိုဆက်ပါတယ် ။ နောက်ပြီး သူလဲ အင်တာနက်သုံးရင် ၁၂ နာရီ ၁ နာရီ။ ဘာလို့ခုမှပြောရတာလဲပေါ့။ စိတ်ထဲမှာ ဒေါသကလည်းထွက်သွားသလို အံ့သြောခြင်းနဲ့ ဘာလို့အဲ့လိုပြောရတာလဲ ဆိုတာလဲ စဉ်းစားလိုက်မိတယ်။ အဲ့ဒါနဲ့ ဆောရီးပါဗျာ ကျွန်တော်တောင်းပန်ပါတယ် ဆိုပြီး ဖုန်းကိုပြန်ချလိုက်ရပါတယ်။

ပြီးတော့ အွန်လိုင်းကိုဝင်လိုက်တော့ စမ်းချောင်းထဲမှာ တူတူ ထိုင်ခဲ့တဲ့ သူငယ်ချင်းနဲ့တွေ့တော့ အဲ့အကြောင်းတွေ ပြောပြမိတယ်။ သူကလည်း ကိုယ့်အကြောင်းတွေ သိနေတဲ့ သူဆိုတော့လေ။ ထားလိုက်ပါဗျာ ကျွန်တော်နက်ဖန်မှ ပြောပါတော့မယ် အဲ့ဒါတွေဆိုပြီးတော့ အမ ချန်ထားတဲ့ ထမင်းကို စားရင်းနဲ့ စဉ်းစားနေမိတယ်။ ဘာလို့ငါ့ကို အဲ့လိုပြောတာလဲပေါ့ ငါက ကောင်းကောင်းမွန်မွန်ပြောတာကိုပဲ ဆိုပြီးတော့လေ။ အင်း…… ထားလိုက်ပါတော့လေ. ဒါကလည်းဖြစ်တက်ပါတယ်လေ တစ်ခါတစ်လေ ဆိုပြီး ကိုယ်က နားလည်ပေးလိုက်ပါတယ်။ ပြောတာတော့ ပြောရဦးမှာပဲလေ။ နားလည်တယ်ဆိုတဲ့ နေရာမှာလည်း နားလည်သင့် နားလည်နိုင်တဲ့ သူဆို နားလည် လိုက်ရတာ ကောင်းပါတယ်။ လူတိုင်းကို အရမ်းကာရော နားလည်ပေးနေတယ်ဆိုရင်တော့ မဟုတ်သေးဘူးလို့ ကိုယ့်ကိုယ်ကို ထင်ပါတယ်။

ဒီစာရေးတာကလည်း ပုဂ္ဂိုလိက ခံစားချက်သက်သက်ကိုရေးတာပါ။ ဒီစာလာဖတ်တဲ့ သူတွေလည်း စာဖတ်ရင်း စိတ်ညစ်မယ်ဆို တောင်းပန်ပါတယ်။ စိတ်မကောင်းပါဘူးဗျာ။ ကိုယ်ပိုင်ခံစားချက်နဲ့ ပတ်သက်ပြီးတော့ တကယ်တော့ ဘလောဂ့်မှ မတင်ချင်ပါဘူး။ ဒါပေမဲ့ ဒီတစ်ခါ စိတ်ထဲမှာ မကောင်းဖြစ်မိတာကို ရေးချင်တာနဲ့ တင်လိုက်ပါတယ်။

အသေးအဖွဲ ကိစ္စလေးတွေ လို့ပြောလို့ရပါတယ်ဗျာ။ ဒါပေမဲ့ ကျွန်တော်စိတ်မကောင်းလို့ တင်လိုက်တာပါ။ စာလာဖတ်တဲ့ မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းတွေ ကို ဒီနေရာကနေပဲ တောင်းပန်ပါတယ်ဗျာ စိတ်အခန့်မသင့်တာတွေ ရေးထားလို့ ။ ဆောင်ဦးလှိုင် ကသီချင်းဆိုနေပါတယ် ' ကိုယ်ကကောင်းတိုင်း သူတို့ ပြန်ကောင်းနိုင်ပါမလား ' တဲ့ ……….

ခင်မင်စွာဖြင့်

ဖိုးသူတော် ( ၆.၁၀.၀၈)

၁နာရီ ၇ မိနစ်

You received this email because you are subscribed to the real_time feed for http://phoethutaw.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.