Showing posts with label စ - စိုင်းဝဏ္ဏ. Show all posts
Showing posts with label စ - စိုင်းဝဏ္ဏ. Show all posts

Friday, October 10, 2008

[Sai Wunna] 3 New Entries: သန့်ရှင်းသောအစိုးရဆိုတာ ဘာကိုခေါ်တာလဲ ….

သန့်ရှင်းသောအစိုးရဆိုတာ ဘာကိုခေါ်တာလဲ ….

ဗမာနိုင်ငံရဲ့ သန့်ရှင်းသောအစိုးရ ကိုဖော်ဆောင်နေသည့်ဟု ပြောဆိုထားသော ဗိုလ်ကျော်ဆန်း၏ သတင်းစာရှင်းလင်းချက်ပေါ် အောက် လက်ငယ်သားများက ထိုသို့ လိုက်နာဆောင်ရွက်ကြသည် ၊

နအဖ စစ်အစိုးရ၏ နိုင်ငံရေး လှည့်ကွက်တခုဖြစ်သော ပြည်သူများလောင်းကစားစွဲမက် နစ်မွန်းစေခြင်းသည် စစ်အာဏာရှင်စနစ်ဆိုးကို အဓွန့်ရှည်တည်တန့်အောင် လုပ်ဆောင်နေသော လုပ်ဆောင်မှုဖြစ်ပါတယ် …  ဒါကြောင့် ဗိုလ်ကျော်ဆန်း သတင်းစာရှင်းလင်းပွဲတွေမှာ ပြောတဲ့ သန့်ရှင်းတဲ့အစိုးရ ဖြစ်ဖို့ ဖော်ဆောင်နေတယ်ဆိုတာ နဲ့ ပတ်သက်ပြီး အောက်လက်ငယ်သားတွေက လိုက်နာကြပါတယ် ….

ဘယ်လိုလိုက်နာလဲဆိုတော့   တခါ ကျွန်တော်လက်ဖက်ရည်ဆိုင်ထိုင်နေရင်း ရဲသားကြီးတွေ ၀င်လာပါရော ဘာလို့မှန်းတော့မသိပေမရ့် နဲ့နဲ့တော့ လန့်သွားတာပေါ့ ပြီးလဲပြီးရော ကျွန်တော့ဘေးတစ်ဝိုင်းကျော်က ကျွန်တော်နဲ့ သိတဲ့ ဦးလေးကြီးတစ်ယောက်ကို ဖမ်းသွားရော သူက ချဲရောင်းတာလေ ကားပေါ်တင်ပြီး ခေါ်သွားတာ နာရီဝက်လောက်လဲကြာရော ပြန်ရောက်လာတယ် ပါးစပ်ကလည်း ပိုက်ဆံတောင်းတာတောင် လက်ထိပ်ခတ်ပြီး တောင်းတယ် ခွေးသတောင်းစားတွေ ဒီမှာတောင်းလဲရရဲ့သားနဲ့ ခုတော့ကွာ …. လို့ပြောတာ့   ကျွန်တော် စိတ်ဝင်စားသွားပြီး  ကိုညီ ဘယ်လိုဖြစ်တာလဲကွာ …. မင်းကလည်းသိသားနဲ့ ငါတောင်တော်တော်လန့်သွား တယ် ခွေးမသားတွေက စီမံချက်နဲ့လားပေါ့ကွာ ဘယ်ဟုတ်မလဲကွ  ဘီယာဆိုင်ကို ခေါ်သွားတယ် ပြီးလဲပြီးရော ငါ့ကို ငွေ 50000 တောင်းတယ်ကွာ ငါ့မှာ သိပ်မှ မပါတာ ကွာ အိမ်ပြန်ပြီးအတင်းယူခိုင်းတယ် သူတို့ ရှုံးနေလို့တဲ့ ….

ကဲဗျာ သန့်ရှင်းတဲ့အစိုးရဆိုတာ ဘာကိုခေါ်တာလဲ ဆိုတာ နားလည်ချင်ပါရဲ့ကျော်ဆန်း တယ်

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပြည့်အစုံကို PDF ဖြင့် လေ့လာလိုပါက

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပြည့်အစုံကို PDF ဖြင့် လေ့လာလိုပါက

saiwunna  ကိုကလစ်လုပ်လိုက်ပါ

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုင်း (3)

Article(25.1)Everyone has the right to standard of liveng adequatefor the health and well being of himself of his flmily, including food, clothing housing and medical care and necessary social services, and the right to security in the event of unemployment, sickness, disability,widowhood,old age or other lack of livelihood in circumstances beyond his control.

အပိုဒ်(၂၅.၁) ။ ။လူတိုင်းသည်မိမိနှင့်တကွ မိမိ၏မိသားစု ကျမ္မာရေးနှင့် ကိုယ်စိတ်နှစ်ဖြာအေးချမ်းစွာ လူတန်းစေ့နေနိုင်ရန် လိုအပ်သောအစာအာဟာရ၊အ၀တ်အထည်၊နေအိမ်၊ဆေးဝါးအကူအညီနှင့်လိုအပ်သည့် လူမှုအထောက်အပံ့များပါဝင်သော သင့်တော်လျှောက်ပတ်သည့် လူမှုအဆင်အတန်းကို ခံစားရယူပိုင်ခွင့်များရှိ သည်။ထို့အပြင် အလုပ်လက်မဲ့ဖြစ်သွားသောအခါ၌ ဖြစ်စေ၊မကျမ္မာသောအခါ၌ဖြစ်စေ၊ကိုယ်အင်္ဂါပိုင်းဆိုင်ရာ မသန်မစွမ်းသောအခါ၌ဖြစ်စေ၊မုဆိုးမဖြစ်သွားသောအခါ၌ဖြစ်စေ၊အသက်အရွယ် အိုမင်းမစွမ်းဖြစ်သွားသောအ ခါ၌ဖြစ်စေ၊မိမိကိုယ်တိုင် မတတ်နိုင်သောအကြောင်းကြောင့် မိမိဘာသာ ၀မ်းစာမရှာဖွေနိုင်တော့သည့်အခါ၌ ဖြစ်စေ၊နေထိုင်စားသောက်ရေးအတွက် လုံခြုံစိတ်ချမှု အခွင့်အရေးရှိသည်။

Article(25.2)Motherhood and childhood are entitled to special care and assistance.All children, whether born in or out of wedlock, shall enjoy the same social protection.

အပိုဒ်(၂၅.၂) ။ ။မိခင်နှင့်မလေးများသည် အတူစောင့်ရှောက်ခြင်းနှင့် အကူအညီပေးခြင်းကို ရယူပိုင်ခွင့်ရှိရမည်။တရားဝင်လက်ထပ်ပြီး မွေးလာသောကလေးဖြစ်စေ၊ အခြားနည်းဖြင့်မွေးလာသောကလေး ဖြစ်စေ မွေးလာသောကလေးငယ်များအားလုံးသည် လူမှုကာကွယ်စောင့်ရှောက်ရေးကို ရယူခံစားရာ၌ တန်းတူအခွင့်အရေးရှိကြရမည်။

လူသားတိုင်းသည် အခြားသူများနည်းတူ မိမိနှင့်မိမိ၏မိသားစုကို ကျမ္မာစွာဖြင့်တင့်တယ်စွာ နေထိုင်နိုင်ရန်အတွက် မရှိမဖြစ်လိုပအပ်သော အစားအစာ၊အ၀တ်အစား၊အိုးအိမ်၊ဆေးဝါးပစ္စည်းများ၊အခါ အားလျှော်စွာ ကျမ္မာရေးစောင့်ရှောက်ခံပိုင်ခွင့်နှင့် အခြားလူမှုဖူလုံရေး အထောက်အကူ ပစ္စည်းများ ရယူကာ လူ့လောကအတွင်း၌ ကျမ္မာရေး၊လူမှုရေးတို့တွင် ပြည့်ပြည့်စုံစုံ အဆင့်အတန်းရှိရှိ နေထိုင်ခွင့်ရှိသည်။ထို့အပြင် မိမိသည် လုပ်လက်မဲ့ဖြစ်နေရသော အခြေနေ၌ဖြစ်စေ မိမိရုပ်ဘ၀မှာ အလုပ်လုပ်နိုင်စွမ်းမရှိနိုင်သော အခြေအနေဖြစ်သည့် နေထိုင်မကောင်းဖြစ်ကာ ကျမ္မာရေးချို့ယွင်းနေခြင်း၊ကိုယ်လက်အင်္ဂါ မပြည့်စုံသော အခြေနေနှင့် ရင်ဆိုင်နေရခြင်း၊အသက်အရွယ်အိုမင်းမစွမ်းဖြစ်လာခြင်းဟူသည့် တခုခုသော အခြေအနေများ၌ ဖြစ်စေ၊မိမိ၏မှီခိုရာ အိမ်ထောင်ဖက်ကွယ်လွန်သွားခဲ့လျှင်ဖြစ်စေ၊မိမိကြောင့် မဟုတ်ပဲ အလုပ်လက်မဲ့ဘ၀ကို ရင်ဆိုင်နေရသည့် အချိန်အခါ၌ဖြစ်စေ၊မိမိတွင် ဘ၀လုံခြုံမှုရရှိပိုင်ခွင့်ရှိသည်။အထူးသဖြင့် မိခင်နှင့်ကလေးများ ကို အထူးအခွင့်အရေးများပေးရမည်။တရားဝင်လကမ်ထပမထိမ်းမြာ်းထားသော အိမ်ထောင်ဖက်မှ ဖွားမြင်လာ သည့်ကလေးဖြစ်စေ၊လူသည်လူသားဖြစ်သောကြောင့် တရားဝင်သည်⁄မ၀င်သည်မှာ သက်ဆိုင်ခြင်းမရှိစေရပဲ တူညီသော လူမှုရေးအကာအကွယနှင့်အကူအညီကို ရယူခံစားပိုင်ခွင့်ရှိရမည်။

လူတိုင်းလူတိုင်းသည် အခြားသောလူသားများနည်းတူ လုံလောက်သော လူနေမှုအဆင့်အတန်းကို ရရှိခံစားပိုင်ခွင့်ရရှိပြီး ကျမ္မရေးအခြေအနေ ချို့ယွင်းလာသည့်အခါ ဆေးကုသမှုခံယူပိုင်ခွင့် ရှိသည်။

Article (26.1) Everyone has the right to education. Education shall by free, at leaslltl in the elementary and fundamental stages. Elementary education shall be compulsory. Technical and professional education shall be made generally available and higher education shall be equally accessible to all in the basis of merit.

အပိုဒ် (၂၆၊၁) ။ ။ လူတိုင်းတွင် ပညာသင်ကြားပိုင်ခွင့် ရှိသည်။ အနည်းဆုံးမူလတန်းနှင့် အခြေခံပညာရေးအဆင့်တွင် အခမဲ့သင်ကြားပိုင်ခင့်ရှိရမည်။ မူလတန်းပညာရေးသည် မသင်မနေရပညာရေး ဖြစ်ရမည်။ စက်မှု/လက်မှုပညာနှင့် အသက်မွေးဝမ်းကြောင်းပညာရေးတို့ကို အကြမ်းအားဖြင့် လူအများသင်ယူနိုင်အောင် ဖန်တီးပေးထားရမည်။ အဆင့်မြင့် ပညာရေးကိုမူ အရည်အချင်းပေါ်မူတည်၍ သင်ယူရန် အခွင့်အရေးရှိသည်။ မိဘများတွင် မိမိ၏ သားသမီးများ သင်ယူရမည့် မညာရေးအမျိုးအစားကို ဦးစွာရွေးချယ်ခွင့်ရှိသည်။

Article(26.2)Education shall be directed to the full development of the human personality and to the strengthening of respect ror human rights and fundamental freedoms.It shall promote understanding, tolerance and friendship among all nations racial or religious groups, and shall further the activities of the United Nations for the maintenance of place.

အပိုဒ်(၂၆.၂) ။ ။ပညာသင်ကြားရေးကို လူသားတို့၏စရိုက်လက္ခဏာ အပြည့်အ၀တိုးတက်မှုအပြင် အခြေခံလွပ်လပ်ခွင့်နှင့် လူ့အခွင့်အရေး ရိုသေလေးစားမှုတို့ကို ရှင်သန်ဖွံဖြိုးလာစေရန် ရည်ရွယ်၍ သင်ကြားစေရမည်။ပညာသင်ကြားရေးသည် နိုင်ငံများအားလုံး၌ဖြစ်စေ၊လူမျိုးစုများ၌ဖြစ်စေ၊ဘာသာရေးအ သင်းအဖွဲ့များ၌ဖြစ်စေ အချင်းချင်းအကြား သည်းခံနားလည်မှုနှင့် ခင်မင်ရင်းနှီးမှုတို့ကို ဖေါ်ဆောင်ခြင်းဖြစ်စေ ရမည်။ထို့အပြင် ငြိမ်းချမ်းရေး တည်တံ့အောင် ဆောင်ရွက်နိုင်ရေးအတွက် ကုလသမဂ္ဂ၏ ဆောင်ရွက်မှုများကိုလည်း ဖြစ်မြောက်အောင် အားပေးဖေါ်ဆောင်ရမည်။

Article(26.3) Parents have a piror right to hoose the kind of education that shall be given to their children.

အပိုဒ်(၂၆.၃) ။ ။မိဘတို့တွင် မိမိတို့၏ ကလေးငယ်များကို သင်ယူရမည့် ပညာရေးအမျိုးအစားကို ပထမဦးစွာရွေးချယ်နိုင်သော အခွင့်အရေးများရှိစေရမည်။

မည်သူမဆို ပညာသင်ကြားပိုင်ခွင့်ရှိရမည်။နိုင်ငံတိုင်း၏ ပညာရေးစနစ်သည်အနည်းဆုံးအားဖြင့် မူလတန်းအဆင့်နှင့် အခြေခံပညာရေးအဆင့်တို့ကို မဖြစ်မနေ မသင်မနေရ အခမဲ့ပညာရေးစနစ်အဖြစ် နိုင်ငံတော်မှ သတ်မှတ်ပြဋ္ဌာန်းထားရမည်။နည်းပညာရေးဆိုင်ရာ ဘာသာရပ်များနှင့် အသက်မွေးဝမ်းကြောင်း ပညာရေးဆိုင်ရာ ဘာသာရပ်များတို့ကို မည်သူမဆို သင်ကြားတတ်မြောက်ပိုင်ခွင့်ရှိပြီး ထိုကဲ့သို့ လူအများ သင်ယူတတ်မြောက်နိုင်စေရန်အတွက် အခြေအနေများကိုလည်း နိုင်ငံတော်အစိုးရများမှခွင့်ပြုဖန်တီးပေးထား ရမည်။အဆင့်မြင့် ပညာရေးဘာသာရပ်များကိုမူ တက်ရောက်သင်ကြားလိုသူ အသီးသီး၏အရည်အချင်း အဆင့်အတန်းပေါ်မူတည်၍ သင်ကြားနိုင်ရန် တူညီသော အခွင့်အရေးများရှိရမည်။မိဘများသည် မိမိတို့၏အရွယ်မရောက်သေးသော သားသမီးများအတွက် သင်ယူရမည့် ပညာရေးလမ်းကြောင်းအမျိုးအစား အား ပထမဦးဆုံးရွေးချယ်စဉ်းစား ဆုံးဖြတ်ပိုင်ခွင့်ရှိရမည်။

လူသားတိုင်းသည် ပညာသင်ကြားပိုင်ခွင့်ရှိရမည်။ထိုသို့ သင်ကြားနိုင်စေရန်အတွက်လည်း နိုင်ငံတော်အစိုးရများမှ စနစ်တကျ စီမံဖန်တီးပေးထားရမည်။

Article(27.1)Everyone has the right freely to participate in the cultural life of the community, to enjoy the arts and to share in scientific advancement and its benefits.

အပိုဒ်(၂၇.၁) ။ ။လူတိုင်းသည် မိမိတို့နှင့်သက်ဆိုင်ရာ ယဉ်ကျေးမှုနယ်ပယ်၌ လွပ်လပ်စွာဖြင့် ဆောင်ရွက်ပါဝင်ပိုင်ခွင့် အနုပညာပိုင်းဆိုင်ရာ ပညာရပ်များကို လွပ်လပ်စွာဖြင့် လေ့လာလိုက်စားနိုင်ခွင့်နှင့် ထိုပညာရပ်များ၏ ရလဒ်ဖြစ်သည့် အကျိုးအာနိသင်များကို လွပ်လပ်စွာ ခံစားသုံးစွဲပိုင်ခွင့်များ ရှိသည်။

Article(27.2)Everyone has the right to the protection of the moral and material intersts resulting from any scientific, literary or artistic production of which he is the author.

အပိုဒ်(၂၇.၂) ။ ။လူတိုင်းသည် သိပ္ပံပညာရပ်များမှဖြစ်စေ၊စာပေမှဖြစ်စေ၊အနုပညာပိုင်းဆိုင်ရာမှဖြစ် စေ၊မိမိ၏ကိုယ်ပိုင်ညဏ်ဖြင့် တီထွင်ဖန်တီးလိုက်သောကြောင့် ဖြစ်ထွန်းပေါ်ပေါက်လာသည့် အကျိုးကျေးဇူး များဖြစ်သည့် ရလာသောငွေကြေး၊ရုပ်ဝတ္ထု၊ဂုဏ်သတင်းကျော်ဇောမှု အကျိုးအမြတ်များကို ခံစားပိုင်ဆိုင်နိုင်ရန် နှင့် အဆိုပါအခွင့်အရေးအတွက် ကာကွယ်ပိုင်ခွင့် အခွင့်အရေးတို့ရှိကြသည်။

လူသားတိုင်းသည် ဤလူ့လောကအသိုင်းအ၀ိုင်းထဲရှိ လောကီ၊လောကုတ္တရာ အတတ်ပညာမှန်သမျှ ကို လွပ်လပ်စွာသင်ကြားပိုင်ခွင့်၊လေ့လာလိုက်စားပိုင်ခွင့်ရှိပြီး ၎င်းပညာရပ်များမှ ပေါ်ထွက်လာသော အကျိုးရလဒ်များကိုလည်း လွပ်လပ်စွာမျှဝေပိုင်ခွင့်၊ဟောပြောပို့ချပိုင်ခွင့်ရှိကြသည်။ထို့အပြင် မိမိတို့၏ ကိုယ်ပိုင်ညဏ်ဖြင့် အသစ်တီထွင်ဖန်တီးလိုက်သည့် သစ်လွင်သော ရုပ်ဝတ္ထုပစ္စည်းတို့ကိုဖြစ်စေ၊နည်းပညာ ပိုင်းဆိုင်ရာ လေ့လာတွေ့ရှိချက်များကိုဖြစ်စေ၊စာပေနှင့်အနုပညာဆိုင်ရာ အသစ်တီထွင်ဖန်တီးမှုတို့ကြောင့် ရရှိပေါ်ထွက်လာသော ရုပ်ဝတ္ထုပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူး အမြတ်အစွန်းတို့ကိုဖြစ်စေ ရရှိခံစားပိုင်ခွင့်နှင့် ကာကွယ်ပိုင်ခွင့်ရှိကြသည်။

လူတိုင်းသည် မိမိပတ်ဝန်းကျင်အသိုင်းအ၀ိုင်း၌ မည်သည့် အသိပညာ၊အတတ်ပညာများကိုမဆို သင်ကြားတတ်မြောက်ပိုင်ခွင့်၊လေ့လာလိုက်စားပိုင်ခွင့်နှင့် အသစ်စမ်းသပ်တီထွင်ပိုင်ခွင့်တို့ ရှိကြပြီး ၎င်းတို့ရရှိ လာသော အကျိုးရလဒ်များကိုလည်း မျှဝေပိုင်ခွင့် ခံစားပိုင်ခွင့်နှင့် ကာကွယ်ပိုင်ခွင့်များ ရှိကြသည်။

Article(28)Everyone is entitled to a social and internationalorder in which the rights and freedoms set form in Declaration can be fully realized.

အပိုဒ်(၂၈) ။ ။မည်သူမဆိုသည် ဤကြေငြာစာတမ်းအတွင်းတွင်ပြဋ္ဌာန်းဖေါ်ပြထားသည့် လွပ်လပ်ခွင့်များနှင့် လူ့အခွင့်အရေးများကို အပြည့်အ၀လေးစားလိုက်နာ၍ ခံစားရယူနိုင်သော လူမှုရေးအခြေအနေများနှင့် နိုင်ငံတကာအခြေအနေများတို့၏ အကျိုးကျေးဇူးများကို ရရှိပါဝင် ခံစားပိုင်ခွင့်ရှိကြည်။

လူတိုင်းလူတိုင်းသည် ဤလူ့အခွင့်အရေးကြေငြာစာတမ်းများတွင် ထည့်သွင်း၍ပြဋ္ဌာန်းထားသော လူ့အခွင့်အရေးများနှင့် လွပ်လပ်မှုများကို အပြည့်အ၀လေးစားပြီး အသိအမှတ်ပြုလိုက်နာကျင့်သုံးမည့် မည်သည့်အသိုင်းအ၀ိုင်းနှင့် အဖွဲ့အစည်းများ၌မဆို နေထိုင်ခွင့်နှင့် လွပ်လပ်စွာပါဝင်လှုပ်ရှားပိုင်ခွင့်တို့ အပြည့်အ၀ရှိကြသည်။

မည်သူမဆို လူတိုင်း၏လွပ်လပ်မှုနှင့် လူ့အခွင့်အရေးတို့ အပြည့်အ၀ရရှိစေရေးတို့အတွက် ဤကြေငြာစာတမ်းပါ လူ့အခွင့်အရေးများကို လေးစားလိုက်နာသွားရမည် ဖြစ်သကဲ့သို့ မည်သည့်အဖွဲ့အစည်း အသိုင်းအ၀ိုင်းမဆိုကလည်း မိမိတို့၏အ၀န်းအ၀ိုင်းအတွင်းသို့ လူအများပါဝင်နိုင်စေ ရေးအတွက် ဤကြေငြာစာတမ်းပါ လူ့အခွင့်အရေးများကို အပြည့်အ၀လေးစားလိုက်နာ ကျင့်သုံးသွားရမည်။

Article(29.1)Everyone has duties to the community in which alone the free and full development this personality is possible.

အပိုဒ်(၂၉.၁) ။ ။မိမိတို့၏ စရိုက်လက္ခဏာ လွပ်လပ်စွာဖွံဖြိုးတိုးတက်နိုင်သည့် လူ့အသိုင်းအ၀ိုင်းအတွက် လူတိုင်းသည် တာဝန်ရှိသည်။

Article(29.2)In the exercise of his rights and freedoms, everyone shall be subject only to such limitations as are determined by law solely for the purpose of securing due recognition and respect for the rights and freedoms of other and of meeting just requirements of morlity, public order and the general welfare in a democratic society.

အပိုဒ်(၂၉.၂) ။ ။မိမိ၏အခွင့်အရေးများနှင့် လွပ်လပ်ခွင့်များကို ကျင့်သုံးရာ၌ လူတိုင်းသည် အခြားသူများ၏ အခွင့်အရေးများနှင့် လွပ်လပ်ခွင့်များကို လေးစားရိုသေအသိအမှတ်ပြုစေရန်အတွက်နှင့် ဒီမိုကရေစီကျင့်သုံးသောလူ့အဖွဲ့အစည်းတွင် ကိုယ်ကျင့်တရားအပြင် ရပ်ရွာအေးချမ်းသာယာမှုရှိစေရေး၊လူ ထုကြီး၏အကျိုးစီးပွား ဖြစ်ထွန်းတိုးတက်ရေးတို့အား တရားမျှတစွာကျင့်သုံးရန်တို့အတွက် ဥပဒေပြဋ္ဌာန်းထား သည့် ချုပ်ချယ်မှုများနှင့် ကန့်သတ်ခြင်းခံရသည်။

Article(29.3)These rights and freedoms may in no case be exercised contrary to the purposes and principles of the United Nations.

အပိုဒ်(၂၉.၃) ။ ။အဆိုပါ လွပ်လပ်ခွင့်များနှင့် အခွင့်အရေးများကို မည်သည့်အမှုကိစ္စတွင်မျှ ကုလသမဂ္ဂ၏ ရည်ရွယ်ချက်များနှင့်ဖြစ်စေ အခြေခံမူများနှင့်ဖြစ်စေ ဆန့်ကျင်ဖက်ပြု၍ အသုံးချခြင်း မပြုလုပ်ရ။

လူသားတိုင်းသည် မိမိ၏ကိုယ်ရည်ကိုယ်သွေးများကို ပြည့်ဝတိုးတက်လာအောင် လွပ်လပ်မှုနှင့် လူ့အခွင့်အရေးများကို ဆောင်ကျဉ်းပေးထားသော လောကလူ့ဘောင်ကြီးကို ကျေးဇူးဆပ်ခြင်းတရားအား ပြန်လည်ပေးဆပ်ရန် တာဝန်ရှိသည်။မည်သူမဆို မိမိ၏လွပ်လပ်ခွင့်နှင့် လူ့အခွင့်အရေးများကို ရယူကျင့်သုံးရာ၌ အခြားသူများ၏ လွပ်လပ်ခွင့်နှင့် အခွင့်အရေးများကို ထိခိုက်ဆုံးရှုံးခြင်းမရှိစေရအောင် အပြည့်အ၀အသိအမှတ်ပြု လိုက်နာကြရမည်။နိုင်င်ံအသီသီး၌ ပြဋ္ဌာန်းလားသည့် ဥပဒေများသည် ဤလူ့အခွင့်အရေးကြေငြာစာတမ်းပါ အချက်အလက်များကိုဆန့်ကျင်တွန်းလှန် နိုင်ခွင့်ရှိကြသည့် အားလျှော်စွာ လူတိုင်းသည် မိမိတို့၏ လူ့အခွင့်အရေးများ၊လွပ်လပ်ခွင့်များနှင့် ရရှိပိုင်ခွင့်များ ရယူကျင့်သုံးကြရာ၌ ဥပဒေမှခွင့်ပြုထားသော အတိုင်းအတာများထက် ကျော်လွန်ရယူပိုင်ခွင့်မရှိစေရ။

မည်သူမဆို မိမိတို့ကို လူ့ဘောင်လောကကြီးမှ ပေးအပ်ထားသော အခွင့်အရေးများနှင့် ရပိုင်ခွင့်များအတွက် ပြန်လည်ကျေးဇူးဆပ်ကြရမည်။ထို့အပြင် မိမိတို့၏ အခွင့်အရေးများကို ရယူကျင့်သုံးရာ၌ အခြားသူများ၏ အခွင့်အရေးများကို ထိပါးစေခြင်းမရှိစေရ။ထို့ပြင် မိမိတို့၏ အခွင့်အရေးများကို ရယူကျင့်သုံးရာ၌ မည်သူမဆို ဥပဒေမှခွင့်ပြုထားသည်ထက် ကျော်လွန်ခြင်းမရှိစေရ။

Article(30)Nothing in this Declation may be imterpreted as implying for any atate, group or person any right to engage in any activity or to perform any act aimed at the destruction of any of the rights and freedoms set form herein.

အပိုဒ်(၃၀) ။ ။ဤကြေငြာစာတမ်းပါ လွပ်လပ်ခွင့်များနှင့် လူ့အခွင့်အရေးများအား ပျက်စီးရာပျက်စီးကြောင်းကို ဖြစ်ပေါ်လာစေရန်အတွက် ရည်ရွယ်၍ နိုင်ငံတခုခုအတွက်ဖြစ်စေ၊ လူပုဂ္ဂိုလ်တစုအတွက် ဖြစ်စေ၊လူပုဂ္ဂိုလ်တဦးတယောက်အတွက်ဖြစ်စေ ပါဝင်ဆောင်ရွက်ရန် အခွင့်အရေးရှိသည်ဟူ၍လည်းကောင်း၊ ကိုယ်တိုင်ဆောင်ရွက်ရန် အခွင့်အရေးရှိသည်ဟူသော်လည်းကောင်း အဓိပ္ပါယ်ပိုင်းခြားကောက်ယူခြင်း လုပ်ရပ်မျိုး အလျဉ်း မပြုလုပ်စေရ။

ဤလူ့အခွင့်အရေးကြေငြာစာတမ်းပါလူ့အခွင့်အရေးများနှင့်လွပ်လပ်ခွင့်များကို ပျက်စီးဆုံးရှုံးစေနိုင်ေ မည်သည့်လုပ်ငန်းစဉ်နှင့်လုပ်ရပ်မျိုးကိုမဆိုမည်သည့်နိုင်ငံတခုခုမှဖြစ်စေ၊မည်သည့်အဖွဲ့အစည်းတခုခုမှဖြစ်

စေ၊မည်သည့်လူပုဂ္ဂိုလ်တဦးမှဖြစ်စေ ပြုလုပ်ပိုင်ခွင့် လုံးဝမရှိကြစေရ။

မည်သူမဆို ဤကြေငြာစာတမ်းပါ မည်သည့်အချက်အလက်ကိုမဆို လုံးဝချိုးဖေါက်ခြင်း မရှိစေရ။

ဒီလိုသိတဲ့သူတွေကတော့ အဲဒီလိုအခြေအနေနဲ့ အချိန်ကာလမျိုးမှာသူတို့အလုပ်သင့်ဆုံးဆိုတဲ့ အလုပ်တွေကိုလုပ်ကြရတာပဲ။

ယခု စာမူကို ပေးပို့ပေးသော ညီငယ် မျိုးကိုနှင့် ချာခီးလာအား ကျေးဇူးတင်ပါသည် ။

စိုင်းဝဏ္ဏ

You received this email because you are subscribed to the real_time feed for http://saiwunna.focusburma.com/?feed=rss2. To change your subscription settings, please log into RSSFWD.

Thursday, October 9, 2008

[Sai Wunna] 1 New Entry: အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုင်း (2)

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုင်း (2)

Article(12)No one shall be bjected to arbitrary interference which his privacy, fanily, home or correspondence, nor to attacks upon his honour and reputation.Every one has the right to the protection of the law against such interference or attacks.

အပိုဒ်(၁) ။ ။မည်သူကမျှ မိမိသဘောဆန္ဒအတိုင်း လွပ်လပ်အေးချမ်းစွာ နေထိုင်မှုကိုဖြစ်စေ၊မိမိ၏မိသားစုကိုဖြစ်စေ၊နေအိမ်အ၀န်းအ၀ိုင်းတွင်းသို့ဖြစ်စေ၊စာပေးပို့ခြင်းနှင့်လက္ခံခြင်းကို ဖြစ်စေ၊ဥပဒေအရမဟုတ်သော ၀င်ရောက်စွတ်ဖက်ခြင်း မခံရစေရ။ထို့ပြင် မိမိ၏ဂုဏ်သိက္ခာကိုလည်း အထက်ဖေါ်ပြပါ အချက်ကိစ္စများနှင့် ပက်သက်ပြီး ပုတ်ခတ်ထိပါးခံရခြင်းမရှိစေရ။လူတိုင်း လူတိုင်းသည် အထက်ဖေါ်ပြပါကိစ္စများနှင့် စပ်လျှဉ်းပြီး ၀င်ရောက်စွတ်ဖက်ခြင်းမှသော်လည်ကောင်း၊ပုတ်ခတ်ထိပါးခြင်းမှ သော်လည်ကောင်း တရားဥပဒေအရ ကာကွယ်ပိုင်ခွင့်ရှိသည်။

လူသားတယောက်၏ သီးသန့်ကိုယ်ရေးကိုယ်တာကိစ္စများဖြစ်သည့် မိသားစုရေးကိစ္စများ၊တဦးနှင့်တဦး ဆက်သွယ်ရာတွင် အသုံးပြုသည့် တယ်လီဖုန်းအား ကြားမှဖြတ်၍နားထောင်ခြင်းနှင့် ၀င်ရောက်နှောင့်ယှက် ခြင်းတို့ကိုဖြစ်စေ၊ပေးစာပြန်စာများအား ကြားမှဖောက်ဖတ်ခြင်းနှင့် ဖျောက်ဖျက်ခြင်းတို့ကိုဖြစ်စေ မည်သူတဦး တယောက်ကိုမျှ ပြုလုပ်ခွင့်မရှိစေရ။မည်သူမဆို အခြားသူတဦးဦး၏ ပိုင်နက်နယ်ပယ်အား ခွင့်ပြုချက်မရှိ။ဖြတ် သန်းဝင်ရောက်ခြင်း၊တဦး၏ဂုဏ်သိက္ခာကို အခြားသူမှပုတ်ခတ်စော်ကားခြင်းတို့ ပြုလုပ်ခွင့်မရှိစေရ။လူသား တိုင်းသည် ထိုကဲ့သို့သော ၀င်ရောက်စွတ်ဖက်ခြင်း၊ပုတ်ခတ်စော်ကားခံရခြင်း၊ ထိပါးနှောင့်ယှက် ခံရခြင်းတို့ရှိခဲ့ပါ က ယင်းကိစ္စများအတွက် ဥပဒေ၏ကာကွယ်မှုကို ရယူပိုင်ခွင့်ရှိသည်။

မည်သူတဦးတယောက်ကမျှ ကာယကံရှင်ခွင့်ပြုချက်မရှိပဲ အိမ်တွင်းသို့ဝင်ရောက်ခြင်း၊ ကိုယ်ရေးကိုယ် တာကိစ္စများ၌ ၀င်ရောက်စွတ်ဖက်ခြင်း၊နှောင့်ယှက်ဟန့်တားခြင်း၊ ပုတ်ခတ်စော်ကားခြင်း တို့အား ပြုလုပ်ခွင့်အ လျဉ်းမရှိစေရ။


Article(13.1)Every one has the right to freedom of movement and residence within the borders of each state.

အပိုဒ်(၁၃.၁) ။ ။လူတိုင်းသည် မိမတိုငိးပြည်အတွင်း၌ လွပ်လပ်စွာ နေထိုင်ပိုင်ခွင့်နှင့် သွားလာလှုပ်ရှား ပြောင်းရွှေ့ပိုင်ခွင့်ရှိသည်။

Article(13.2)Every one has the right to leave any country, including his own and to return to his country.

အပိုဒ်(၁၃.၂) ။ ။လူတိုင်းသည် မိမိတို့နေထိုင်ရာ တိုင်းပြည်မှဖြစ်စေ၊အခြားသောတိုင်း ပြည်များမှဖြစ်စေ ထွက်ခွာသွားလာပိုင်ခွင့်ရှိပြီး မိမိ၏တိုင်းပြည်သို့လည်း ပြန်လာပိုင်ခွင့်ရှိသည်။

လူသားအားလုံးတို့သည် မိမိတို့၏တိုင်းပြည်တွင့်၌ လွပ်လပ်စွာရွှေ့ပြောင်းနေထိုင်ပိုင်ခွင့် အပြည့်အ၀ရှိကြ သည်။ထို့အပြင် မိမိတိုင်းပြည်အပါအ၀င် အခြားမည်သည့်တိုင်းပြည်ကိုဖြစ်စေ ထွက်ခွာသွားပိုင်ခွင့်ရှိပြီး မိမိတိုင်းပြည်သို့လည်း ပြန်လာပိုင်ခွင့်ရှိကြသည်။

လူသားတိုင်းသည် နေရာ၊ဒေသ၊အပိုင်းအခြားမရွေး လွပ်လ်စွာ လှုပ်ရှား၊သွားလာ၊နေထိုင်ပိုင်ခွင့်ကို အတားအဆီးလုံးဝမရှိကြစေရ။

Article(14.1)Every one has the right to seek and to enjoy in ther countries asylum persecution.

အပိုဒ်(၁၄.၁) ။ ။လူတိုင်းသည် မိမိနိုင်ငံအတွင်း ညှင်းပမ်းနှိပ်စက်မှုဒဏ် မခံရစေရန် အခြားသောနိုင်ငံများ၌ နိုင်ငံရေးခိုလှုံခွင့် တောင်းခံပိုင်ခွင့်ရှိသည်။

Article(14.2)This rights may not invoked in the case of prosecutions genuinely arising from non-political crimes or from acts contrary the purposes and principles of the United Nations.

အပိုဒ်(၁၄.၂) ။ ။နိုင်ငံရေးနှင့်ပက်သက်သည့် ပြစ်မှုများအတွက်ဖြစ်စေ၊ကမ္ဘာ့ကုလသမဂ္ဂ၏ ရည်ရွယ်ချက်နှင့် သဘောတရားများအား ဆန့်ကျင်ဖီဆန်ခြင်းမဟုတ်သော ပြစ်မှုများအတွက်ဖြစ်စေ၊ အမှန်တကယ်ပေါ်ပေါက်လာသော ပြစ်မှုများကြောင့် တရားစွဲဆိုခြင်းအား ခံရသည့်အခါတွင် အထက်ပါ အခွင့်အရေးများအား အသုံးပြုပိုင်ခွင့်မရှိစေရ။

လူသားတိုင်းသည် မတရားအပြစ်ပေးနှိပ်စက်ခံရခြင်းမှ လွတ်ကင်းမှုရရှိနိုင်စေရန်အတွက် တခြားသောပြည်ပနိုင်ငံများ၌ ခိုလှုံနေထိုင်ခွင့် တောင်းခံပိုင်ခွင့်ရှိသည်။သို့သော်လည်း မည်သူမဆို နိုင်ငံရေးနှင့်မသက်ဆိုင်သော ပြစ်မှုတခုခုကိုကျုးလွန်မိ၍ဖြစ်စေ ၊ကုလသမဂ္ဂ၏ အခြေခံမူများကို ဆန့်ကျင်သည့်လုပ်ရပ်တခုခုကို ပြုမူကျုးလွန်မိသောကြောင့်ဖြစ်စေ သက်ရောက်စေသော အရေးယူမှုမျိုးဖြစ် ပါက ဤအပိုဒ်ပါအခွင့်အရေးများနှင့် သက်ဆိုင်ခြင်းမရှိစေရ။

မည်သူမဆို မတရားအပြစ်ဒဏ်ကျရောက်ရခြင်းမှ ကင်းလွှတ်စေရန် ပြည်ပနိုင်ငံတခုခုသို့ သွားရောက်၍ ခိုလှုံခွင့်တောင်းခံပြီး နေထိုင်ခွင့်ရှိကြသည်။

Article(15.1)Every one has the right to a nationality.

အပိုဒ်(၁၅) ။ ။လူတိုင်းသည် နိုင်ငံတခု၏ နိုင်ငံသားအဖြစ် ခံယူပိုင်ခွင့်ရှိသည်။

Article(15.2)No one shall be arbitrarily deprived of his tionality nor denied the right to change his nationality.

အပိုဒ်(၁၅.၂) ။ ။ တရားဥပဒေအရမဟုတ်ပါက မည်သူမဆို မိမိ၏နိုင်ငံသားဖြစ်ခွင့်ကို စွန့်လွှတ်ခံရခြင်း၊ပိတ်ပင်ခံရခြင်းနှင့် ရုပ်သိမ်းခံရခြင်းတို့အား မခံစေရ။နိုင်ငံသားအဖြစ်ပြောင်းလဲနိုင်သော အခွင့်အရေးကိုလည်း ငြင်းပယ်ခြင်းမခံစေရ။ နိုင်ငံသားအဖြစ်ပြောင်းလဲနိုင်သော အခွင့်အရေးကိုလည်း ငြင်းပယ်ခြင်းမခံစေရ။

လူသားတိုင်းသည် မည်သည့်နိုင်ငံ၍မဆို နိုင်ငံသားအဖြစ် ခံယူပိုင်ခွင့်ရှိကြသည်။ မည်သူ့ကိုမဆို ထိုသူ၏နိုင်ငံသားအဖြစ်မှ အကျိုးအကြောင်းခိုင်လုံခြင်းမရှိပဲ ရုပ်သိမ်းပစ်ပယ်ခြင်း၊ ငြင်းပယ်ခြင်းတို့မရှိစေရ။

မည်သူမဆို ၎င်း၏နှစ်သက်ရာနိုင်ငံတခုခုတွင် နိုင်ငံသားအဖြစ် ခံယူပိုင်ခွင့်ရှိသည်။ ထိုသူ၏ သဘောအတိုင်း အခြားနိုင်ငံတခုခု၏ နိုင်ငံသားအဖြစ်ကိုလည်း လွတ်လပ်စွာဖြင့် ပြောင်းလွှဲ၍ ခံယူပိုင်ခွင့်ရှိသည်။

Article (16.1) Men and wonen of full age, without any limitation due to race, nationality or religion, have the right to marry and to found a family. They are entitled to equal rights as to marriage and at its dissolution.

အပိုဒ် (၁၆၊ ၁) ။ ။ အရွယ်ရောက်ပြီးသူ ယောက်ျားနှင့်မိန်းမတိုင်းသည် နိုင်ငံသားအရဖြစ်စေ၊ လူမျိုးရေးအရဖြစ်စေ၊ ကိုးကွယ်သည့်ဘာသာရေးအရဖြစ်စေ အကြောင်းပြု၍ မချုပ်ချယ်၊ မခွဲခြား၊ မကန့်သတ်စေပဲ ထိမ်းမြားလက်ထပ်ပိုင်ခွင့်၊ ပေါင်းသင်းနေထိုင်ပိုင်ခွင့်နှင့် မိသားစုထူထောင်ပိုင်ခွင့်တို့ ရှိကြရမည်။ ထိုယောက်ျားနှင့်မိန်းမတို့သည် အကြင်လင်မယားအဖြစ် ပေါင်းသင်းနေစဉ် အချိန်အတွင်း၌ဖြစ်စေ၊ အိမ်ထောင်ရေးပြိုကွဲ၍ ကွာရှင်းပြတ်ဆဲကြသည့် အချိန်၍ဖြစ်စေ လက်ထပ်ပေါင်းသင်းအိမ်ထောင်ပြုခြင်းနှင့် စပ်လျဉ်သော အခွင့်အရေးများကို တူညီစွာရရှိခံစားပိုင်ခွင့် ရှိကြသည်။

Article (16.2) Marriage shall be entered into only with the free and full consent of the intending spouses.

အပိုဒ် (၁၆၊၂) ။ ။ အကြင်လင်မယားအဖြစ် လက်ထပ်ထိမ်းမြားခြင်းသည် သူတို့သားနှင့်သူတို့သမီး နှစ်ဦးနှစ်ဖက်လုံး၏ လွတ်လပ်သည့် သဘောထားဆန္ဒအရသာလျှင် ဖြစ်စေရမည်။ အတင်းအဓ္ဓမ လက်ထပ်မပေါင်းသင်းခိုင်းရ။

Article (16.3) The family is the natural and fundamental group unit of society and is entitled to protection by society by the State.

အပိုဒ် (၁၆၊၃) ။ ။ မိသားစုတခုဆိုသည်ကား လူ့အဖွဲ့အစည်း၏ သဘာဝကျသော အခြေခံအဖွဲ့အစည်းတရပ်ဖြစ်သည့်အားလျှော်စွာ ၎င်းမိသားစုသည် လူ့အဖွဲ့အစည်းနှင့်သက်ဆိုင်ရာ အစိုးရတို့၏ကာကွယ်စောင့်ရှောက်ခြင်းကို ခံယူပိုင်ခွင့်ရှိရမည်။

အရွယ်ရောက်ပြီးဖြစ်သည့် အမျိုးသား၊ အမျိုးသမီးတိုင်းတို့သည် လူမျိုး၊ နိုင်ငံ၊ ဘာသာ၊ အသားအရောင်၊ ဆင်းရဲချမ်းသာစသဖြင့် မည်သည့်အဆင့်အတန်း၊ အမျိုးအစားများကိုမျှ ခွဲခြားချုပ်ခြယ်ထားစေမှု အလျဉ်းမရှိစေပဲ ထိမ်းမြားလက်ထပ်နေထိုင်ပိုင်ခွင့်ရှိသည်။ ၎င်းသူတို့သည် အိမ်ထောင်သက်တမ်းတလျှောက်လုံးတွင် တူညီသော အခွင့်အရေးများ ရှိကြရမည်။ ထိမ်းမြားလက်ထပ်ကြသည်ဆိုရာ၌ သူတို့သားနှင့်သူတို့သမီးတို့၏ လွတ်လပ်၍ ချုပ်ချယ်မှု ကင်းသောသဘောထားကို ရယူပြီးမှသာလျှင် ထိမ်းမြားလက်ထပ်ပေးနိုင်သည်။ ၎င်းတို့၏လွတ်လပ်စွာ သွားလာလှုပ်ရှားနေထိုင်ပိုင်ခွင့်အား သက်ဆိုင်ရာနိုင်ငံတော်က အစိုးရမှအပြည့်အ၀ ကာကွယ်ပေးထားခြင်း ရှိကြရမည်။

လူတိုင်းသည်အရွယ်ရောက်ပါက လွတ်လပ်စွာသွားလာလှုပ်ရှားပိုင်ခွင့်၊ ထိမ်းမြားလက်ထပ်ပိုင်ခွင့်တို့ ရှိကြပြီး၊ ၎င်းအခွင့်အရေးများအား နိုင်ငံတော်အစိုးရမှ ဥပဒေဖြင့် တာဝန်ယူရမည်။

Article (17.1) Every one has the right to own property alone as well as in association with others.

အပိုဒ် (၁၇၊၁) ။ ။ လူတိုင်းသည် မိမိတဦးချင်းအရသော်လည်းကောင်း၊ အခြားသူများနှင့် ဖက်စက်၍သော်လည်းကောင်း၊ တရားသဖြင့် ရှာဖွေထားသော ဥစ္စာပစ္စည်းကို ပိုင်ဆိုင်ရန်အခွင့်အရေးရှိရမည်။

Article (17.2) No one shall be arbitrarily deprived of his property.

အပိုဒ် (၁၇၊၂) ။ ။ ဥပဒေအရ မဟုတ်ပါက မည်သူတဦးတယောက်မဆို၎င်း၏ ဥစ္စာပစ္စည်းများကို ပိုင်ဆိုင်ခွင့်အား မတရားသဖြင့် သိမ်းပိုက်ခံရခြင်း၊ စွန့်လွှတ်စေရခြင်း အလျှဉ်းမရှိစေရ။

မည်သူတဦးတယောက်မဆို အများနှင့် ဖက်စပ်၍ဖြစ်စေ၊ ၎င်းတဦးတည်း သီးသန့်ဖြစ်စေ ဓနဥစ္စာပစ္စည်းများအား တရားသဖြင့် ရှာဖွေစုဆောင်းပိုင်ဆိုင်ခွင့်၊ လွတ်လပ်စွာသုံးစွာပိုင်ခွင့်တို့ ရှိကြသည်။ ၎င်းပိုင်ဆိုင်သည့် ဓနဥစ္စာပစ္စည်းများအား အခြားမည်သူ တဦးတယောက်မျှ အကျိုးအကြောင်းမဲ့စွာ မတရားသဖြင့် သိမ်းပိုက်ယူဆောင်ပိုင်ခွင့် လုံးဝမရှိစေရ။

လူသားတိုင်းသည် တဦးတည်းဖြစ်စေ၊ အများနှင့်ဖက်စက်၍ဖြစ်စေ လွတ်လပ်စွာဖြင့် ပစ္စည်းဥစ္စာ ပိုင်ဆိုင်ပိုင်ခွင့် ရှိကြသည်။

Article (18) Everyone has the right to freedom of thought, conscience and religion; this right includes freedom to change his religion or belief and freedom, either alone or in community with others and in public or private, to manifest his religion or belief in teaching, practice, worship and observance.

အပိုဒ် (၁၈) ။ ။ လူသားတိုင်းသည် လွတ်လပ်စွာတွေးခေါ်ကြံဆပိုင်ခွင့်၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ပိုင်ခွင့်နှင့် လွတ်လပ်စွာခံယူရပ်တည်ပိုင်ခွင့်တို့ ရှိသည်။ ထိုအခွင့်အရေးများ၌ မိမိကိုးကွယ်သည့်ဘာသာရေးကိုသော်လည်းကောင်း၊ သက်ဝင်ယုံကြည်ချက်ကိုသော်လည်း လွတ်လပ်စွာ ပြောင်းလဲနိုင်ခွင့်ပါဝင်သည့်အပြင် တသီးပုဂ္ဂလအရဖြစ်စေ၊ အများနှင့်စုပေါင်း၍ဖြစ်စေ၊ လူထုရှေ့မှောက်တွင် သော်လည်းကောင်း၊ သို့တည်းမဟုတ် လူထုရှေ့မှောက်၌ မဟုတ်ပဲနှင့်လည်းကောင်း မိမိကိုးကွယ်သည့် ဘာသာရေးအယူအဆများနှင့် သက်ဝင်ယုံကြည်ချက်များကို အခြားသူများအား တဆင့်သင်ကြားပိုင်ခွင့် ကျင့်သုံးပိုင်ခွင့်များနှင့် ကျင့်သုံးဆောက်တည်ပိုင်ခွင့်များ ပါဝင်သည်။

မည်သူမဆို လွတ်လပ်စွာ တွေးခေါ်ယူဆပိုင်ခွင့်နှင့် ကိုးကွယ်ယုံကြည်ပိုင်ခွင့်တို့ ရှိကြသည်။ မိမိ၏လွတ်လပ်သောသဘောထားအရ ဘာသာတရားကူးပြောင်းကိုးကွယ်ပိုင်ခွင့်ရှိသည်။ ၎င်းအပြင်မိမိ၏ ယုံကြည်ချက်အယူအဆများကိုဖြစ်စေ၊ ဘာသာရေး သဘောတရား အယူအဆများကိုဖြစ်စေ ဟောပြောပို့ချပိုင်ခွင့်၊ ကိုးကွယ်ယုံကြည်ပိုင်ခွင့်နှင့်လိုက်နာကျင့်သုံး ဆောင်ရွက်ပိုင်ခွင့်တို့ အပြည့်အ၀ ရှိကြသည်။

လူတိုင်းသည် လွတ်လပ်စွာယူဆပိုင်ခွင့်၊ ဟောပြောပို့ချပိုင်ခွင့်နှင့် လိုက်နာဆောင်ရွက် ကျင့်သုံးပိုင်ခွင့်တို့ ရှိကြသည်။

Article (19) Everyone has the right to freedom of opinion and expression; this right includes freedom to hold opinions without interference and to seek, receive and impart information and ideas through any media and regardless of frontiers.

အပိုဒ် (၁၉) ။ ။ လူတိုင်းသည် လွတ်လပ်စွာထင်မြင်ယူဆပိုင်ခွင့်နှင့် ထုတ်ဖေါ်ပြောဆိုပိုင်ခွင့်တို့ ရှိကြသည်။ ထိုအခွင့်အရေးများကို အနှောက်အယှက်မရှိပဲ လွတ်လပ်စွာ မိမိကိုယ်တိုင် စွဲကိုင်ထားနိုင်ပြီး နိုင်ငံနယ်နမိတ်များကို ထောက်ထားရန်မလိုအပ်ပဲ သတင်းအကြောင်းအရာနှင့် သဘောတရားများကို တနည်းနည်းဖြင့်လွတ်လပ်စွာ ရယူဆည်းပူးပိုင်ခွင့်နှင့်ဖြန့်ဖြူးပိုင်ခွင့်တို့ ရှိရမည်။

မည်သူမဆို မိမိနှစ်သက်သဘောကျရာ ဘာသာရေး၊ အတွေးအခေါ်၊ အယူအဆ၊ ၀ါဒ၊ သဘောထားများကို လွတ်လပ်စွားထင်မြင်ယူဆပိုင်ခွင့်၊ တွေးခေါ်ကျင့်သုံးပိုင့်ခွင့်နှင့်လေ့လာပိုင်ခွင့်၊ ဟောပြောပိုင်ခွင့်၊ တင်ပြပိုင်ခွင့်တို့ ရှိကြသည်။ ထိုအခွင့်အရေးများအပေါ် မည်သည့်အသင်းအဖွဲ့ တခုခုကဖြစ်စေ၊ မည်သူတဦးတယောက်ဖြစ်စေ၊ နှောက်ယှက်ဟန့်တား ပိတ်ပင်ခြင်း မရှိစေရ။ ထိုအခွင့်အရေးများကို လိုက်နာကျင့်သုံးကြရာ၌လည်း နယ်မြေ၊ ဒေသခွဲခြားမှု မရှိရပဲ မည်သည့်လူထုဆက်သွယ်ရေး နည်းလမ်းများမှမဆို ရယူရှာဖွေပိုင်ခွင့်၊ ဖြန့်ဖြူးပို့ချပိုင်ခွင့်တို့ ရှိရမည်။

လူတိုင်းလူတိုင်းသည် မိမိတို့၏ယူဆချက်များကို လွတ်လပ်စွာ ဖေါ်ထုတ်တင်ပြခွင့်ရှိပြီး အချက်လက်များကို ရယူခြင်းတင်ပြဖြန့်ဖြူးခြင်းစသည့် သတင်းအယူအဆ ဖလှယ်ပိုင်ခွင့်များ ရှိသည်။

Article (20.1) Everyone has the right to freedom of peaceful assembly and association.

အပိုဒ် (၂၀၊၁) ။ ။ လူတိုင်းတွင် ငြိမ်းချမ်းလွတ်လပ်စွာ စုဝေးပိုင်ခွင့်နှင့် အဖွဲ့အစည်းများ ဖွဲ့စည်းထူထောင်ပိုင်ခွင့်တို့ ရှိကြသည်။

Article (20.2) No one may be compelled to belong to an association.

အပိုဒ် (၂၀၊၂) ။ ။ သို့သော် မည်သူတဦးတယောက်ကိုမျှ အဖွဲ့အစည်း တခုခုသို့ အတင်းအဓမ္မ ဖိအားပေးဝင်ရောက်စေခြင်း မပြုလုပ်စေရ။ လူတိုင်းသည် ငြိမ်းချမ်းသောနည်းလမ်းဖြင့် လှုပ်ရှားဆောင်ရွက်နေသော အသင်းအဖွဲ့များသို့ လွတ်လပ်စွာ ၀င်ရောက်ပိုင်ခွင့် ရှိသည်။

Article (21.1) Everyone one has the right to take part in the government of his country, directly or through freely chosen representatives.

အပိုဒ် (၂၁၊၁) ။ ။ လူတိုင်းသည် သက်ဆိုင်ရာနိုင်ငံတခုခု၏ အစိုးရအဖွဲ့တွင် မိမိကိုယ်တိုင်ဖြစ်စေ၊ ရွေးကောက်ပေးလိုက်သော ကိုယ်စားလှယ်မှတဆင့်ဖြစ်စေ လွတ်လပ်စွာ ပါဝင်ဆောင်ရွက်ပိုင်ခွင့် ရှိသည်။

Article (21.2) Everyone has the right of equal access to bublic servece in his country.

အပိုဒ် (၂၁၊၂) ။ ။ လူတိုင်းတွင် မိမိနိုင်ငံရရှိ ပြည်သူ့ဝန်ထမ်းအဖွဲ့၌ ၀င်ရောက်နိုင်ရန် တူညီသည့်အခွင့်အရေးရှိသည်။

Article (21.3) The will of the people shall be the basis of the authority of government; this will shall be expressed in periodic and genuine elections which shall be by universal and equal suffrage and shall be held by secret vote or by equivalent free voting procedures.

အပိုဒ် (၂၁၊၃) ။ ။ ပြည်သူပြည်သားတို့၏ဆန္ဒသည် အုပ်ချုပ်ရေးအာဏာ၏ အခြေခံဖြစ်ရမည့်အားလျှော်စွာ အဆိုပါဆန္ဒကို အချိန်ကာလပိုင်းခြားလျှက် စစ်မှန်သောရွေးကောက်ပွဲများဖြင့် ဖေါ်ပြရမည်။ အဆိုပါ ရွေးကောက်ပွဲများ၌ လူတိုင်းအညီအမျှ ဆန္ဒမဲပေးပိုင်ခွင့်ရှိရမည့်အပြင် အဆိုပါ ရွေးကောက်ပွဲများအား လျှို့ဝှက်မဲပေးစနစ်ဖြင့်ဖြစ်စေ၊ အလားတူလွတ်လပ်သော မဲပေးစနစ်ဖြင့်ဖြစ်စေ ပြုလုပ်ကျင်းပရမည်။

လူသားတိုင်းသည် မိမိတိုင်းပြည်၏ စီမံအုပ်ချုပ်ရေးလုပ်ငန်းများတွင် တိုက်ရိုက်ဖြစ်သည့် ကိုယ်တိုင်ကိုယ်ကျဖြစ်စေ၊ သွယ်ဝိုက်သည့် မိမိလွတ်လပ်စွာရွေးချယ်တင်မြောက်ထားသော ကိုယ်စားလှယ်များမှ တဆင့်ဖြစ်စေ၊ ၀င်ရောက်လုပ်ဆောင်ပိုင်ခွင့် ရှိကြသည်။ အစိုးရအဖွဲ့များ ဖွဲ့စည်းနိုင်ရန်အတွက် ရွေးကောက်ပွဲများကျင်းပရာ၌ လွတ်လပ်စွာ ရွေးချယ်ခံပိုင်ခွင့်နှင့်လွတ်လပ်စွာ မဲပေးရွေးချယ်ပိုင်ခွင့်တို့ ရှိကြသည်။

လူတိုင်းသည် မိမိတိုင်းပြည်၏ အစိုးရကို မိမိဆန္ဒဖြင့် ရွေးချယ်ပိုင်ခွင့်ရှိသည်။

Article (22) Everyone, as a number of society, has the right to social security and is entitled to realization, through natilnal effort and international co-poreation and in accordance with the organization and resources of each state , of the economic, social and cultural rights indispensable for his dignity and the free development of his personality,

အပိုဒ်(၂၂) ။ ။လူတိုင်းသည် လူ့အဖွဲ့အစည်း၏ အဖွဲ့ဝင်တဦးအနေဖြင့် လူမှုရေးဆိုင်ရာ လုံခြုံမှုရယူပိုင်ခွင့် ရှိရမည့်အပြင် နိုင်ငံရေး ကြိုးပမ်းမှုအရဖြစ်စေ၊နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအရဖြစ်စေ၊ နိုင်ငံအသီးသီး၏ ဖွဲ့စည်းပုံနှင့်လည်းကောင်း၊ သံယံဇာတ အင်အားနှင့်လည်ကောင်း ထိုလူ၏ဂုဏ်သိက္ခာနှင့် စရိုက်လက္ခာ လွပ်လပ်စွာတိုးတက်မြင့်မားရေးအတွက် မရှိမဖြစ်လိုအပ်သော စီပွားရေး၊လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများကို သုံးစွဲပိုင်ခွင့်ရှိသည်။

လူတိုင်းသည် ၎င်းတို့၏ဘ၀ကောင်းမွန်ရေးနှင့် ဖူလုံရေးတို့အတွက် နိုင်ငံတော်အစိုးရထံမှ အာမခံချက်ရှိရမည်။ထို့အပြင် မိမိတို့၏ ကိုယ်ပိုင်အရေးအသွေးနှင့် ဂုဏ်သိက္ခာတို့ ဖွံဖြိုးတိုးတက်စေရေးတို့အ တွက် စီးပွားရေး၊နိုင်ငံရေး၊ပညာရေး၊လူမှုရေး၊ယဉ်ကျေးမှုနှင့် "ဓလေ့ထုံးတမ်းဆိုင်ရာ အခွင့်အရေးများကို သေချာစွာ သဘောပေါက်စေရန်နှင့် စနစ်တကျ ခံယူကျင့်သုံးနိုင်စေရန် အခွင့်အလမ်းများ အပြည့်အ၀ရှိရမည်။ ထိုအခွင့်အလမ်းများအား လူသားတိုင်း အပြည့်အ၀ရရှိနိုင်စေရေးအတွက် သက်ဆိုင်ရာ နိုင်ငံတော် အစိုးရအသီးသီးမှ မိမိတို့နိုင်ငံ၏ သဘာဝအရင်းအမြစ်များနှင့် စီးပွားရေးအင်အား အခြေအနေပေါ်မူတည်၍ ဆောင်ရွက်ပေးရန် အပြည့်အ၀တာဝန်ယူရမည်။

လူတိုင်းလူတိုင်း လူမှုဖူလုံရေးအတွက်ဖြစ်စေ၊မိမိတို့၏ အသိပညာများနှင့် အတတ်ပညာ ဗဟုသုတများ ကောင်းမွန်တိုးတက် ပြည့်ဝလာကြစေရေးအတွက်ဖြစ်စေ အခွင့်အလမ်းများ ခံစားပိုင်ခွင့် ရှိကြသည်။

Article(23.1) Everyone has the rightto work ,to free choice of employment to just and favourable conditions of work and to protection against unemployment/

အပိုဒ်(၂၃.၁) ။ ။လူတိုင်းသည် အလုပ်လုပ်ရန်ဖြစ်စေ၊ မိမိနှစ်သက်ရာ အသက်မွေးမှု အလုပ်အကိုင်ကို လွပ်လပ်စွာရွေးချယ်ရန်ဖြစ်စေ၊တရားမျှတ၍ မိမိနှင့် သင့်တော်သော အလုပ်ခွင်၏အခြေအ နေကို ရရှိရန်ဖြစ်စေ၊ အလုပ်လက်မဲ့ဖြစ်ရခြင်းမှ အကာအကွယ်ရရှိရန်အတွက်ဖြစ်စေ အခွင့်အရေးများ ရှိကြသည်။

Article(23.2)Everyone, without any discrimination, has the right to equal pay for equal work.

အပိုဒ်(၂၃.၂) ။ ။လူတိုင်း၌ ခွဲခြားခြင်းမခံစေရပဲ တူညီသောအလုပ်အတွက် တူညီသော အခကြေးငွေ ရရှိခံစားပိုင်ခွင့်ရှိသည်။

Article(23.3)Everyone, who works has the right to just and favourable remumeration ensuring for himself and his family existence worthy of human dignity, and supplemented,if mecessary other means of social protection.

အပိုဒ်(၂၃.၃) ။ ။အလုပ်လုပ်ကိုင်ကြသည့် လူတိုင်းတွင် မိမိနှင့်မိမိ၏မိသားစုအတွက် လူ့ဂုဏ်သိက္ခာနှင့်အညီ နေထိုင်စားသောက်နိုင်ရန် စိတ်ချရလောက်သည့်အပြင် တရားမျှတ၍ မိမိအတွက်သင့်တော်သည့် အခကြေးငွေ ရရှိပိုင်ခွင့်ရှိရမည်။လိုအပ်ခဲ့လျှင် အခြားသောနည်းလမ်းများမှလည်း လူမှုရေးအထောက်အပံ့များကို ထပ်မံ၍ရရှိနိုင်ခွင့်ရှိသည်။

Aricle(23.4)Everyone has the right to form and to join reade unions for the protection of his interests.

အပိုဒ်(၂၃.၄) ။ ။လူတိုင်း၌ မိမိအကျိုးခံစားခွင်ကို ကာကွယ်ရန် အလုပ်သမားအစည်းအရုံးများ ဖွဲ့စည်းပိုင်ခွင့်နှင့် ပါဝင်ဆောင်ရွက်ပိုင်ခွင့်တို့ ရရှိကြသည်။

မည်သူမဆို အလုပ်လုပ်ပိုင်ခွင့်ရှိပြီး မိမိလုပ်ကိုင်မည့် လုပ်ငန်းခွင်သည် မိမိနှင့်သင့်တော်၏ မသင့်တော်၏ကိုလည်ကောင်း၊ထိုအလုပ်ကို လုပ်ရခြင်းကြောင့် မိမိ ရရှိမည့် လုပ်အားခသည် မိမိ၏ပေးဆပ်ရသော လုပ်အားနှင့် သင့်တော်၏၊မသင့်တော်၏ကိုလည်ကောင်း၊ မိမိလုပ်ရမည့် လုပ်ငန်းခွင်သည် မိမိအတွက် လွပ်လပ်မှုနှင့် လုံခြုံမှုရှိ၏ မရှိ၏ကိုသော်လည်ကောင်း၊လုပ်ငန်းခွင့်အတွင်း၌ တူညီသော လုပ်ငန်းကျွမ်းကျင်မှုနှင့် တူညီသော လုပ်ငန်းအပေါ် တူညီသောလုပ်အားခရ၏ မရ၏ကိုသော်လည်းကောင်း နှိုင်းယှဉ်၍ ရွေးချယ်ပိုင်ခွင့်ရှိကြသည်။တစုံတဦးဖြစ်စေ အသင်းအဖွဲ့ တခုခုဖြစ်စေအတင်းအကျပ် ဖိအားပေးအကျပ်ကိုင်၍ ခိုင်းစေခြင်းမျိုး လုံးဝမဖြစ်စေရသကဲ့သို့ အလုပ်လက်မဲ့ဖြစ်ခြင်းမှလည်း ကာကွယ်ပိုင်ခွင့်ရှိရမည်။

မည်သူမဆို မိမိအတွက် လုံခြုံစိတ်ချရသော လုပ်ငန်းခွင်တွင် မိမိလုပ်အားအတွက် သင့်တော်လျှောက်ပတ်သော လုပ်အားခဖြင့် အလုပ်လုပ်ကိုင်ပိုင်ခွင့်ရှိကြပြီး အလုပ်လက်မဲ့ဖြစ်စေရခြင်းမှ ကာကွယ်နိုင်စေရန်အတွက် အလုပ်သမားသမဂ္ဂများကို တည်ထောင်ဖွဲ့စည်းပိုင်ခွင့် အဆိုပါ အလုပ်သမားသမဂ္ဂများ၌ တရားဝင် လှုပ်ရှားပိုင်ခွင့်တို့ ရှိကြရမည်။

Article(24)Everyone has the right to rest and leisure, including reasonable limitation of working hours and preiodic holidays with pay.

အပိုဒ်(၂၄) ။ ။လူတိုင်းသည်သင့်တော်သည်ဟု ကန့်သတ်ထားသည့် အလုပ်ချိန်၊လစာနှင့်တကွ အခါအားလျှော်စွာ သတ်မှတ်ထားသည့် အလုပ်အားလပ်ရက်များ အပါအ၀င် အနားယူခွင့်နှင့် အလုပ်အားလပ်ခွင့်များကိုလည်း ခံစားပိုင်ခွင့် ရှိကြရမည်။

လူသားတိုင်းသည် သင့်တော်သောအလုပ်ချိန်သတ်မှတ်မှုအတွင်း၌သာ အလုပ်လုပ်ကိုင်ကြမည်။၎င်း အချိန်ထက်ကျော်လွန်သော အချိန်ပိုအလုပ်ချိန်၌ အလုပ်သမားသည် လုပ်အားခအထူးနှုန်း ခံစားခွင့်ရှိကြရမည်ဖြစ်ပြီး ထိုကဲ့သို့ အချိန်ပိုအလုပ်ဆင်းခြင်း၊မဆင်းခြင်းသည် အလုပ်သမားများ၏ သဘောဆန္ဒအရသာ ဖြစ်ရမည်။အတင်းအဓမ္မ ဖိအားပေးခိုင်းစေခြင်းမျိုး မဖြစ်စေရ။ထို့အပြင် လူတိုင်းသည် လုပ်အားခဖြတ်တောက်ခြင်း မခံစေရပဲ အလုပ်အားလပ်ရက်များနှင့် ခွင့်ရက်များအား ခံစားခွင့်ရှိကြရမည်။

လူတိုင်းသည် မတရားအလုပ်ချိန် သတ်မှတ်ခိုင်းစေခံရခြင်း မရှိစေရ။လုပ်အားဖြတ်တောက်လျှော့ပေါ့ ခြင်း မခံစေရပဲ အပမ်းဖြေအနားယူခွင့်၊ခွင့်ရက် ခံစားပိုင်ခွင့်တို့ ရှိရမည်။

You received this email because you are subscribed to the real_time feed for http://saiwunna.focusburma.com/?feed=rss2. To change your subscription settings, please log into RSSFWD.