Friday, October 10, 2008

[Sai Wunna] 3 New Entries: သန့်ရှင်းသောအစိုးရဆိုတာ ဘာကိုခေါ်တာလဲ ….

သန့်ရှင်းသောအစိုးရဆိုတာ ဘာကိုခေါ်တာလဲ ….

ဗမာနိုင်ငံရဲ့ သန့်ရှင်းသောအစိုးရ ကိုဖော်ဆောင်နေသည့်ဟု ပြောဆိုထားသော ဗိုလ်ကျော်ဆန်း၏ သတင်းစာရှင်းလင်းချက်ပေါ် အောက် လက်ငယ်သားများက ထိုသို့ လိုက်နာဆောင်ရွက်ကြသည် ၊

နအဖ စစ်အစိုးရ၏ နိုင်ငံရေး လှည့်ကွက်တခုဖြစ်သော ပြည်သူများလောင်းကစားစွဲမက် နစ်မွန်းစေခြင်းသည် စစ်အာဏာရှင်စနစ်ဆိုးကို အဓွန့်ရှည်တည်တန့်အောင် လုပ်ဆောင်နေသော လုပ်ဆောင်မှုဖြစ်ပါတယ် …  ဒါကြောင့် ဗိုလ်ကျော်ဆန်း သတင်းစာရှင်းလင်းပွဲတွေမှာ ပြောတဲ့ သန့်ရှင်းတဲ့အစိုးရ ဖြစ်ဖို့ ဖော်ဆောင်နေတယ်ဆိုတာ နဲ့ ပတ်သက်ပြီး အောက်လက်ငယ်သားတွေက လိုက်နာကြပါတယ် ….

ဘယ်လိုလိုက်နာလဲဆိုတော့   တခါ ကျွန်တော်လက်ဖက်ရည်ဆိုင်ထိုင်နေရင်း ရဲသားကြီးတွေ ၀င်လာပါရော ဘာလို့မှန်းတော့မသိပေမရ့် နဲ့နဲ့တော့ လန့်သွားတာပေါ့ ပြီးလဲပြီးရော ကျွန်တော့ဘေးတစ်ဝိုင်းကျော်က ကျွန်တော်နဲ့ သိတဲ့ ဦးလေးကြီးတစ်ယောက်ကို ဖမ်းသွားရော သူက ချဲရောင်းတာလေ ကားပေါ်တင်ပြီး ခေါ်သွားတာ နာရီဝက်လောက်လဲကြာရော ပြန်ရောက်လာတယ် ပါးစပ်ကလည်း ပိုက်ဆံတောင်းတာတောင် လက်ထိပ်ခတ်ပြီး တောင်းတယ် ခွေးသတောင်းစားတွေ ဒီမှာတောင်းလဲရရဲ့သားနဲ့ ခုတော့ကွာ …. လို့ပြောတာ့   ကျွန်တော် စိတ်ဝင်စားသွားပြီး  ကိုညီ ဘယ်လိုဖြစ်တာလဲကွာ …. မင်းကလည်းသိသားနဲ့ ငါတောင်တော်တော်လန့်သွား တယ် ခွေးမသားတွေက စီမံချက်နဲ့လားပေါ့ကွာ ဘယ်ဟုတ်မလဲကွ  ဘီယာဆိုင်ကို ခေါ်သွားတယ် ပြီးလဲပြီးရော ငါ့ကို ငွေ 50000 တောင်းတယ်ကွာ ငါ့မှာ သိပ်မှ မပါတာ ကွာ အိမ်ပြန်ပြီးအတင်းယူခိုင်းတယ် သူတို့ ရှုံးနေလို့တဲ့ ….

ကဲဗျာ သန့်ရှင်းတဲ့အစိုးရဆိုတာ ဘာကိုခေါ်တာလဲ ဆိုတာ နားလည်ချင်ပါရဲ့ကျော်ဆန်း တယ်

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပြည့်အစုံကို PDF ဖြင့် လေ့လာလိုပါက

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပြည့်အစုံကို PDF ဖြင့် လေ့လာလိုပါက

saiwunna  ကိုကလစ်လုပ်လိုက်ပါ

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုင်း (3)

Article(25.1)Everyone has the right to standard of liveng adequatefor the health and well being of himself of his flmily, including food, clothing housing and medical care and necessary social services, and the right to security in the event of unemployment, sickness, disability,widowhood,old age or other lack of livelihood in circumstances beyond his control.

အပိုဒ်(၂၅.၁) ။ ။လူတိုင်းသည်မိမိနှင့်တကွ မိမိ၏မိသားစု ကျမ္မာရေးနှင့် ကိုယ်စိတ်နှစ်ဖြာအေးချမ်းစွာ လူတန်းစေ့နေနိုင်ရန် လိုအပ်သောအစာအာဟာရ၊အ၀တ်အထည်၊နေအိမ်၊ဆေးဝါးအကူအညီနှင့်လိုအပ်သည့် လူမှုအထောက်အပံ့များပါဝင်သော သင့်တော်လျှောက်ပတ်သည့် လူမှုအဆင်အတန်းကို ခံစားရယူပိုင်ခွင့်များရှိ သည်။ထို့အပြင် အလုပ်လက်မဲ့ဖြစ်သွားသောအခါ၌ ဖြစ်စေ၊မကျမ္မာသောအခါ၌ဖြစ်စေ၊ကိုယ်အင်္ဂါပိုင်းဆိုင်ရာ မသန်မစွမ်းသောအခါ၌ဖြစ်စေ၊မုဆိုးမဖြစ်သွားသောအခါ၌ဖြစ်စေ၊အသက်အရွယ် အိုမင်းမစွမ်းဖြစ်သွားသောအ ခါ၌ဖြစ်စေ၊မိမိကိုယ်တိုင် မတတ်နိုင်သောအကြောင်းကြောင့် မိမိဘာသာ ၀မ်းစာမရှာဖွေနိုင်တော့သည့်အခါ၌ ဖြစ်စေ၊နေထိုင်စားသောက်ရေးအတွက် လုံခြုံစိတ်ချမှု အခွင့်အရေးရှိသည်။

Article(25.2)Motherhood and childhood are entitled to special care and assistance.All children, whether born in or out of wedlock, shall enjoy the same social protection.

အပိုဒ်(၂၅.၂) ။ ။မိခင်နှင့်မလေးများသည် အတူစောင့်ရှောက်ခြင်းနှင့် အကူအညီပေးခြင်းကို ရယူပိုင်ခွင့်ရှိရမည်။တရားဝင်လက်ထပ်ပြီး မွေးလာသောကလေးဖြစ်စေ၊ အခြားနည်းဖြင့်မွေးလာသောကလေး ဖြစ်စေ မွေးလာသောကလေးငယ်များအားလုံးသည် လူမှုကာကွယ်စောင့်ရှောက်ရေးကို ရယူခံစားရာ၌ တန်းတူအခွင့်အရေးရှိကြရမည်။

လူသားတိုင်းသည် အခြားသူများနည်းတူ မိမိနှင့်မိမိ၏မိသားစုကို ကျမ္မာစွာဖြင့်တင့်တယ်စွာ နေထိုင်နိုင်ရန်အတွက် မရှိမဖြစ်လိုပအပ်သော အစားအစာ၊အ၀တ်အစား၊အိုးအိမ်၊ဆေးဝါးပစ္စည်းများ၊အခါ အားလျှော်စွာ ကျမ္မာရေးစောင့်ရှောက်ခံပိုင်ခွင့်နှင့် အခြားလူမှုဖူလုံရေး အထောက်အကူ ပစ္စည်းများ ရယူကာ လူ့လောကအတွင်း၌ ကျမ္မာရေး၊လူမှုရေးတို့တွင် ပြည့်ပြည့်စုံစုံ အဆင့်အတန်းရှိရှိ နေထိုင်ခွင့်ရှိသည်။ထို့အပြင် မိမိသည် လုပ်လက်မဲ့ဖြစ်နေရသော အခြေနေ၌ဖြစ်စေ မိမိရုပ်ဘ၀မှာ အလုပ်လုပ်နိုင်စွမ်းမရှိနိုင်သော အခြေအနေဖြစ်သည့် နေထိုင်မကောင်းဖြစ်ကာ ကျမ္မာရေးချို့ယွင်းနေခြင်း၊ကိုယ်လက်အင်္ဂါ မပြည့်စုံသော အခြေနေနှင့် ရင်ဆိုင်နေရခြင်း၊အသက်အရွယ်အိုမင်းမစွမ်းဖြစ်လာခြင်းဟူသည့် တခုခုသော အခြေအနေများ၌ ဖြစ်စေ၊မိမိ၏မှီခိုရာ အိမ်ထောင်ဖက်ကွယ်လွန်သွားခဲ့လျှင်ဖြစ်စေ၊မိမိကြောင့် မဟုတ်ပဲ အလုပ်လက်မဲ့ဘ၀ကို ရင်ဆိုင်နေရသည့် အချိန်အခါ၌ဖြစ်စေ၊မိမိတွင် ဘ၀လုံခြုံမှုရရှိပိုင်ခွင့်ရှိသည်။အထူးသဖြင့် မိခင်နှင့်ကလေးများ ကို အထူးအခွင့်အရေးများပေးရမည်။တရားဝင်လကမ်ထပမထိမ်းမြာ်းထားသော အိမ်ထောင်ဖက်မှ ဖွားမြင်လာ သည့်ကလေးဖြစ်စေ၊လူသည်လူသားဖြစ်သောကြောင့် တရားဝင်သည်⁄မ၀င်သည်မှာ သက်ဆိုင်ခြင်းမရှိစေရပဲ တူညီသော လူမှုရေးအကာအကွယနှင့်အကူအညီကို ရယူခံစားပိုင်ခွင့်ရှိရမည်။

လူတိုင်းလူတိုင်းသည် အခြားသောလူသားများနည်းတူ လုံလောက်သော လူနေမှုအဆင့်အတန်းကို ရရှိခံစားပိုင်ခွင့်ရရှိပြီး ကျမ္မရေးအခြေအနေ ချို့ယွင်းလာသည့်အခါ ဆေးကုသမှုခံယူပိုင်ခွင့် ရှိသည်။

Article (26.1) Everyone has the right to education. Education shall by free, at leaslltl in the elementary and fundamental stages. Elementary education shall be compulsory. Technical and professional education shall be made generally available and higher education shall be equally accessible to all in the basis of merit.

အပိုဒ် (၂၆၊၁) ။ ။ လူတိုင်းတွင် ပညာသင်ကြားပိုင်ခွင့် ရှိသည်။ အနည်းဆုံးမူလတန်းနှင့် အခြေခံပညာရေးအဆင့်တွင် အခမဲ့သင်ကြားပိုင်ခင့်ရှိရမည်။ မူလတန်းပညာရေးသည် မသင်မနေရပညာရေး ဖြစ်ရမည်။ စက်မှု/လက်မှုပညာနှင့် အသက်မွေးဝမ်းကြောင်းပညာရေးတို့ကို အကြမ်းအားဖြင့် လူအများသင်ယူနိုင်အောင် ဖန်တီးပေးထားရမည်။ အဆင့်မြင့် ပညာရေးကိုမူ အရည်အချင်းပေါ်မူတည်၍ သင်ယူရန် အခွင့်အရေးရှိသည်။ မိဘများတွင် မိမိ၏ သားသမီးများ သင်ယူရမည့် မညာရေးအမျိုးအစားကို ဦးစွာရွေးချယ်ခွင့်ရှိသည်။

Article(26.2)Education shall be directed to the full development of the human personality and to the strengthening of respect ror human rights and fundamental freedoms.It shall promote understanding, tolerance and friendship among all nations racial or religious groups, and shall further the activities of the United Nations for the maintenance of place.

အပိုဒ်(၂၆.၂) ။ ။ပညာသင်ကြားရေးကို လူသားတို့၏စရိုက်လက္ခဏာ အပြည့်အ၀တိုးတက်မှုအပြင် အခြေခံလွပ်လပ်ခွင့်နှင့် လူ့အခွင့်အရေး ရိုသေလေးစားမှုတို့ကို ရှင်သန်ဖွံဖြိုးလာစေရန် ရည်ရွယ်၍ သင်ကြားစေရမည်။ပညာသင်ကြားရေးသည် နိုင်ငံများအားလုံး၌ဖြစ်စေ၊လူမျိုးစုများ၌ဖြစ်စေ၊ဘာသာရေးအ သင်းအဖွဲ့များ၌ဖြစ်စေ အချင်းချင်းအကြား သည်းခံနားလည်မှုနှင့် ခင်မင်ရင်းနှီးမှုတို့ကို ဖေါ်ဆောင်ခြင်းဖြစ်စေ ရမည်။ထို့အပြင် ငြိမ်းချမ်းရေး တည်တံ့အောင် ဆောင်ရွက်နိုင်ရေးအတွက် ကုလသမဂ္ဂ၏ ဆောင်ရွက်မှုများကိုလည်း ဖြစ်မြောက်အောင် အားပေးဖေါ်ဆောင်ရမည်။

Article(26.3) Parents have a piror right to hoose the kind of education that shall be given to their children.

အပိုဒ်(၂၆.၃) ။ ။မိဘတို့တွင် မိမိတို့၏ ကလေးငယ်များကို သင်ယူရမည့် ပညာရေးအမျိုးအစားကို ပထမဦးစွာရွေးချယ်နိုင်သော အခွင့်အရေးများရှိစေရမည်။

မည်သူမဆို ပညာသင်ကြားပိုင်ခွင့်ရှိရမည်။နိုင်ငံတိုင်း၏ ပညာရေးစနစ်သည်အနည်းဆုံးအားဖြင့် မူလတန်းအဆင့်နှင့် အခြေခံပညာရေးအဆင့်တို့ကို မဖြစ်မနေ မသင်မနေရ အခမဲ့ပညာရေးစနစ်အဖြစ် နိုင်ငံတော်မှ သတ်မှတ်ပြဋ္ဌာန်းထားရမည်။နည်းပညာရေးဆိုင်ရာ ဘာသာရပ်များနှင့် အသက်မွေးဝမ်းကြောင်း ပညာရေးဆိုင်ရာ ဘာသာရပ်များတို့ကို မည်သူမဆို သင်ကြားတတ်မြောက်ပိုင်ခွင့်ရှိပြီး ထိုကဲ့သို့ လူအများ သင်ယူတတ်မြောက်နိုင်စေရန်အတွက် အခြေအနေများကိုလည်း နိုင်ငံတော်အစိုးရများမှခွင့်ပြုဖန်တီးပေးထား ရမည်။အဆင့်မြင့် ပညာရေးဘာသာရပ်များကိုမူ တက်ရောက်သင်ကြားလိုသူ အသီးသီး၏အရည်အချင်း အဆင့်အတန်းပေါ်မူတည်၍ သင်ကြားနိုင်ရန် တူညီသော အခွင့်အရေးများရှိရမည်။မိဘများသည် မိမိတို့၏အရွယ်မရောက်သေးသော သားသမီးများအတွက် သင်ယူရမည့် ပညာရေးလမ်းကြောင်းအမျိုးအစား အား ပထမဦးဆုံးရွေးချယ်စဉ်းစား ဆုံးဖြတ်ပိုင်ခွင့်ရှိရမည်။

လူသားတိုင်းသည် ပညာသင်ကြားပိုင်ခွင့်ရှိရမည်။ထိုသို့ သင်ကြားနိုင်စေရန်အတွက်လည်း နိုင်ငံတော်အစိုးရများမှ စနစ်တကျ စီမံဖန်တီးပေးထားရမည်။

Article(27.1)Everyone has the right freely to participate in the cultural life of the community, to enjoy the arts and to share in scientific advancement and its benefits.

အပိုဒ်(၂၇.၁) ။ ။လူတိုင်းသည် မိမိတို့နှင့်သက်ဆိုင်ရာ ယဉ်ကျေးမှုနယ်ပယ်၌ လွပ်လပ်စွာဖြင့် ဆောင်ရွက်ပါဝင်ပိုင်ခွင့် အနုပညာပိုင်းဆိုင်ရာ ပညာရပ်များကို လွပ်လပ်စွာဖြင့် လေ့လာလိုက်စားနိုင်ခွင့်နှင့် ထိုပညာရပ်များ၏ ရလဒ်ဖြစ်သည့် အကျိုးအာနိသင်များကို လွပ်လပ်စွာ ခံစားသုံးစွဲပိုင်ခွင့်များ ရှိသည်။

Article(27.2)Everyone has the right to the protection of the moral and material intersts resulting from any scientific, literary or artistic production of which he is the author.

အပိုဒ်(၂၇.၂) ။ ။လူတိုင်းသည် သိပ္ပံပညာရပ်များမှဖြစ်စေ၊စာပေမှဖြစ်စေ၊အနုပညာပိုင်းဆိုင်ရာမှဖြစ် စေ၊မိမိ၏ကိုယ်ပိုင်ညဏ်ဖြင့် တီထွင်ဖန်တီးလိုက်သောကြောင့် ဖြစ်ထွန်းပေါ်ပေါက်လာသည့် အကျိုးကျေးဇူး များဖြစ်သည့် ရလာသောငွေကြေး၊ရုပ်ဝတ္ထု၊ဂုဏ်သတင်းကျော်ဇောမှု အကျိုးအမြတ်များကို ခံစားပိုင်ဆိုင်နိုင်ရန် နှင့် အဆိုပါအခွင့်အရေးအတွက် ကာကွယ်ပိုင်ခွင့် အခွင့်အရေးတို့ရှိကြသည်။

လူသားတိုင်းသည် ဤလူ့လောကအသိုင်းအ၀ိုင်းထဲရှိ လောကီ၊လောကုတ္တရာ အတတ်ပညာမှန်သမျှ ကို လွပ်လပ်စွာသင်ကြားပိုင်ခွင့်၊လေ့လာလိုက်စားပိုင်ခွင့်ရှိပြီး ၎င်းပညာရပ်များမှ ပေါ်ထွက်လာသော အကျိုးရလဒ်များကိုလည်း လွပ်လပ်စွာမျှဝေပိုင်ခွင့်၊ဟောပြောပို့ချပိုင်ခွင့်ရှိကြသည်။ထို့အပြင် မိမိတို့၏ ကိုယ်ပိုင်ညဏ်ဖြင့် အသစ်တီထွင်ဖန်တီးလိုက်သည့် သစ်လွင်သော ရုပ်ဝတ္ထုပစ္စည်းတို့ကိုဖြစ်စေ၊နည်းပညာ ပိုင်းဆိုင်ရာ လေ့လာတွေ့ရှိချက်များကိုဖြစ်စေ၊စာပေနှင့်အနုပညာဆိုင်ရာ အသစ်တီထွင်ဖန်တီးမှုတို့ကြောင့် ရရှိပေါ်ထွက်လာသော ရုပ်ဝတ္ထုပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူး အမြတ်အစွန်းတို့ကိုဖြစ်စေ ရရှိခံစားပိုင်ခွင့်နှင့် ကာကွယ်ပိုင်ခွင့်ရှိကြသည်။

လူတိုင်းသည် မိမိပတ်ဝန်းကျင်အသိုင်းအ၀ိုင်း၌ မည်သည့် အသိပညာ၊အတတ်ပညာများကိုမဆို သင်ကြားတတ်မြောက်ပိုင်ခွင့်၊လေ့လာလိုက်စားပိုင်ခွင့်နှင့် အသစ်စမ်းသပ်တီထွင်ပိုင်ခွင့်တို့ ရှိကြပြီး ၎င်းတို့ရရှိ လာသော အကျိုးရလဒ်များကိုလည်း မျှဝေပိုင်ခွင့် ခံစားပိုင်ခွင့်နှင့် ကာကွယ်ပိုင်ခွင့်များ ရှိကြသည်။

Article(28)Everyone is entitled to a social and internationalorder in which the rights and freedoms set form in Declaration can be fully realized.

အပိုဒ်(၂၈) ။ ။မည်သူမဆိုသည် ဤကြေငြာစာတမ်းအတွင်းတွင်ပြဋ္ဌာန်းဖေါ်ပြထားသည့် လွပ်လပ်ခွင့်များနှင့် လူ့အခွင့်အရေးများကို အပြည့်အ၀လေးစားလိုက်နာ၍ ခံစားရယူနိုင်သော လူမှုရေးအခြေအနေများနှင့် နိုင်ငံတကာအခြေအနေများတို့၏ အကျိုးကျေးဇူးများကို ရရှိပါဝင် ခံစားပိုင်ခွင့်ရှိကြည်။

လူတိုင်းလူတိုင်းသည် ဤလူ့အခွင့်အရေးကြေငြာစာတမ်းများတွင် ထည့်သွင်း၍ပြဋ္ဌာန်းထားသော လူ့အခွင့်အရေးများနှင့် လွပ်လပ်မှုများကို အပြည့်အ၀လေးစားပြီး အသိအမှတ်ပြုလိုက်နာကျင့်သုံးမည့် မည်သည့်အသိုင်းအ၀ိုင်းနှင့် အဖွဲ့အစည်းများ၌မဆို နေထိုင်ခွင့်နှင့် လွပ်လပ်စွာပါဝင်လှုပ်ရှားပိုင်ခွင့်တို့ အပြည့်အ၀ရှိကြသည်။

မည်သူမဆို လူတိုင်း၏လွပ်လပ်မှုနှင့် လူ့အခွင့်အရေးတို့ အပြည့်အ၀ရရှိစေရေးတို့အတွက် ဤကြေငြာစာတမ်းပါ လူ့အခွင့်အရေးများကို လေးစားလိုက်နာသွားရမည် ဖြစ်သကဲ့သို့ မည်သည့်အဖွဲ့အစည်း အသိုင်းအ၀ိုင်းမဆိုကလည်း မိမိတို့၏အ၀န်းအ၀ိုင်းအတွင်းသို့ လူအများပါဝင်နိုင်စေ ရေးအတွက် ဤကြေငြာစာတမ်းပါ လူ့အခွင့်အရေးများကို အပြည့်အ၀လေးစားလိုက်နာ ကျင့်သုံးသွားရမည်။

Article(29.1)Everyone has duties to the community in which alone the free and full development this personality is possible.

အပိုဒ်(၂၉.၁) ။ ။မိမိတို့၏ စရိုက်လက္ခဏာ လွပ်လပ်စွာဖွံဖြိုးတိုးတက်နိုင်သည့် လူ့အသိုင်းအ၀ိုင်းအတွက် လူတိုင်းသည် တာဝန်ရှိသည်။

Article(29.2)In the exercise of his rights and freedoms, everyone shall be subject only to such limitations as are determined by law solely for the purpose of securing due recognition and respect for the rights and freedoms of other and of meeting just requirements of morlity, public order and the general welfare in a democratic society.

အပိုဒ်(၂၉.၂) ။ ။မိမိ၏အခွင့်အရေးများနှင့် လွပ်လပ်ခွင့်များကို ကျင့်သုံးရာ၌ လူတိုင်းသည် အခြားသူများ၏ အခွင့်အရေးများနှင့် လွပ်လပ်ခွင့်များကို လေးစားရိုသေအသိအမှတ်ပြုစေရန်အတွက်နှင့် ဒီမိုကရေစီကျင့်သုံးသောလူ့အဖွဲ့အစည်းတွင် ကိုယ်ကျင့်တရားအပြင် ရပ်ရွာအေးချမ်းသာယာမှုရှိစေရေး၊လူ ထုကြီး၏အကျိုးစီးပွား ဖြစ်ထွန်းတိုးတက်ရေးတို့အား တရားမျှတစွာကျင့်သုံးရန်တို့အတွက် ဥပဒေပြဋ္ဌာန်းထား သည့် ချုပ်ချယ်မှုများနှင့် ကန့်သတ်ခြင်းခံရသည်။

Article(29.3)These rights and freedoms may in no case be exercised contrary to the purposes and principles of the United Nations.

အပိုဒ်(၂၉.၃) ။ ။အဆိုပါ လွပ်လပ်ခွင့်များနှင့် အခွင့်အရေးများကို မည်သည့်အမှုကိစ္စတွင်မျှ ကုလသမဂ္ဂ၏ ရည်ရွယ်ချက်များနှင့်ဖြစ်စေ အခြေခံမူများနှင့်ဖြစ်စေ ဆန့်ကျင်ဖက်ပြု၍ အသုံးချခြင်း မပြုလုပ်ရ။

လူသားတိုင်းသည် မိမိ၏ကိုယ်ရည်ကိုယ်သွေးများကို ပြည့်ဝတိုးတက်လာအောင် လွပ်လပ်မှုနှင့် လူ့အခွင့်အရေးများကို ဆောင်ကျဉ်းပေးထားသော လောကလူ့ဘောင်ကြီးကို ကျေးဇူးဆပ်ခြင်းတရားအား ပြန်လည်ပေးဆပ်ရန် တာဝန်ရှိသည်။မည်သူမဆို မိမိ၏လွပ်လပ်ခွင့်နှင့် လူ့အခွင့်အရေးများကို ရယူကျင့်သုံးရာ၌ အခြားသူများ၏ လွပ်လပ်ခွင့်နှင့် အခွင့်အရေးများကို ထိခိုက်ဆုံးရှုံးခြင်းမရှိစေရအောင် အပြည့်အ၀အသိအမှတ်ပြု လိုက်နာကြရမည်။နိုင်င်ံအသီသီး၌ ပြဋ္ဌာန်းလားသည့် ဥပဒေများသည် ဤလူ့အခွင့်အရေးကြေငြာစာတမ်းပါ အချက်အလက်များကိုဆန့်ကျင်တွန်းလှန် နိုင်ခွင့်ရှိကြသည့် အားလျှော်စွာ လူတိုင်းသည် မိမိတို့၏ လူ့အခွင့်အရေးများ၊လွပ်လပ်ခွင့်များနှင့် ရရှိပိုင်ခွင့်များ ရယူကျင့်သုံးကြရာ၌ ဥပဒေမှခွင့်ပြုထားသော အတိုင်းအတာများထက် ကျော်လွန်ရယူပိုင်ခွင့်မရှိစေရ။

မည်သူမဆို မိမိတို့ကို လူ့ဘောင်လောကကြီးမှ ပေးအပ်ထားသော အခွင့်အရေးများနှင့် ရပိုင်ခွင့်များအတွက် ပြန်လည်ကျေးဇူးဆပ်ကြရမည်။ထို့အပြင် မိမိတို့၏ အခွင့်အရေးများကို ရယူကျင့်သုံးရာ၌ အခြားသူများ၏ အခွင့်အရေးများကို ထိပါးစေခြင်းမရှိစေရ။ထို့ပြင် မိမိတို့၏ အခွင့်အရေးများကို ရယူကျင့်သုံးရာ၌ မည်သူမဆို ဥပဒေမှခွင့်ပြုထားသည်ထက် ကျော်လွန်ခြင်းမရှိစေရ။

Article(30)Nothing in this Declation may be imterpreted as implying for any atate, group or person any right to engage in any activity or to perform any act aimed at the destruction of any of the rights and freedoms set form herein.

အပိုဒ်(၃၀) ။ ။ဤကြေငြာစာတမ်းပါ လွပ်လပ်ခွင့်များနှင့် လူ့အခွင့်အရေးများအား ပျက်စီးရာပျက်စီးကြောင်းကို ဖြစ်ပေါ်လာစေရန်အတွက် ရည်ရွယ်၍ နိုင်ငံတခုခုအတွက်ဖြစ်စေ၊ လူပုဂ္ဂိုလ်တစုအတွက် ဖြစ်စေ၊လူပုဂ္ဂိုလ်တဦးတယောက်အတွက်ဖြစ်စေ ပါဝင်ဆောင်ရွက်ရန် အခွင့်အရေးရှိသည်ဟူ၍လည်းကောင်း၊ ကိုယ်တိုင်ဆောင်ရွက်ရန် အခွင့်အရေးရှိသည်ဟူသော်လည်းကောင်း အဓိပ္ပါယ်ပိုင်းခြားကောက်ယူခြင်း လုပ်ရပ်မျိုး အလျဉ်း မပြုလုပ်စေရ။

ဤလူ့အခွင့်အရေးကြေငြာစာတမ်းပါလူ့အခွင့်အရေးများနှင့်လွပ်လပ်ခွင့်များကို ပျက်စီးဆုံးရှုံးစေနိုင်ေ မည်သည့်လုပ်ငန်းစဉ်နှင့်လုပ်ရပ်မျိုးကိုမဆိုမည်သည့်နိုင်ငံတခုခုမှဖြစ်စေ၊မည်သည့်အဖွဲ့အစည်းတခုခုမှဖြစ်

စေ၊မည်သည့်လူပုဂ္ဂိုလ်တဦးမှဖြစ်စေ ပြုလုပ်ပိုင်ခွင့် လုံးဝမရှိကြစေရ။

မည်သူမဆို ဤကြေငြာစာတမ်းပါ မည်သည့်အချက်အလက်ကိုမဆို လုံးဝချိုးဖေါက်ခြင်း မရှိစေရ။

ဒီလိုသိတဲ့သူတွေကတော့ အဲဒီလိုအခြေအနေနဲ့ အချိန်ကာလမျိုးမှာသူတို့အလုပ်သင့်ဆုံးဆိုတဲ့ အလုပ်တွေကိုလုပ်ကြရတာပဲ။

ယခု စာမူကို ပေးပို့ပေးသော ညီငယ် မျိုးကိုနှင့် ချာခီးလာအား ကျေးဇူးတင်ပါသည် ။

စိုင်းဝဏ္ဏ

You received this email because you are subscribed to the real_time feed for http://saiwunna.focusburma.com/?feed=rss2. To change your subscription settings, please log into RSSFWD.