Friday, October 10, 2008

[Royal-Myanmar.com] 1 New Entry: သီတင်းကျွတ် ဆိုရင်

သီတင်းကျွတ် ဆိုရင်

သီတင်းကျွတ်ပြီ ဆိုရင် ဆိုလို. မင်္ဂလာဆောင် ကျပါမယ်၊ ဆောင်ကျမယ် အကြောင်းရေးမှာ တော.မဟုတ်ဘူးနော်။ ငယ်ငယ် တုန်း က မန္တလေးမြို.မှာ သီတင်းကျွတ်နေ.ဆို ကစားတဲ. ကစားနည်းကို ပြောပြချင်လို.ပါ။ သီတင်းကျွတ် လပြည်.နေ.ဆို ဘာဖြစ်မှန်းမသိဘူး လူက မြှောက်ကြွ ကြွ နဲ.။ Holiday မို.လို.ပျော်တာလဲ ပါတယ်။ နေ.ခင်း ဆို သူငယ်ချင်းတွေ နဲ. လျှောက်လည် ချင်လည်၊ ပြင်ဦးလွင် တက်ချင်တက်လိုက်ဦး၊ အနီးအနား မင်းကွန်း၊ စစ်ကိုင်း၊ အမရပူရ ဦးပိန်တံတား ၊ မန္တလေး တောင် ကိုပဲ ဆိုင်ကယ်လေး ဖင်ကြားညှပ်ပြီး သွားလိုက်မလား။ ဟဲဟဲ။ ပျော်ရစရာကြီး နေမှာနော်။ နောက်ပြီး သီတင်းကျွတ်လပြည်.နေ.တွေ ဆို အခုခေတ် မှာ ဆို Live Show တွေ၊ ဈေးရောင်း ပွဲတော် တွေနဲ. မန္တလေးမြို.ကြီး ဟာဖြင်. တော်တော်လေး ကို စည်းကားလှပါတယ်။ ဒါက နေ.ခင်းဘက် လျှောက်လည် တဲ. နည်းလမ်းကို ပြောတာပေါ.။
ငယ်ငယ် က ညဘက် ကစားတဲ. နည်းလေးတွေ ဝေမျှချင်တယ်။ တမြို.နဲ.တမြို. တူသလားပေါ.။

၁။ မီးထွန်ုးကား ဆွဲခြင်း
၁၀ နှစ်အောက် ကလေးတွေ ပဲ ထင်ပါတယ် မီးထွန်ုးကား ဆွဲတယ်ဆိုတာ။ တိရိစ္ဆာန် ရုပ် ကားလေးတွေ၊ သံဂျပ် ကား တွေ၊ သဘောင်္တွေ၊ လေယာဉ်ပျံ တွေ အမျိုးစုံ အရောင်စုံလို.ပါပဲ။ ကားအကြီးကြီးတွေ ဆို သေးက မသေးဘူးနော်။ မန္တလေးမှာ တော. မီးထွန်ုး ကားဆွဲရင် ကားရှေ. ကြိုးတပ် ကြီးဆွဲတယ်လေ။ ဒါပေမယ်. လာရိုးမြို.မှာ ကျ မီးထွန်းကား တွေ ပေါ်မှာ တုတ် ချောင်း လေးတွေ တပ်ထားတယ်။ တုတ် နဲ. ဆွဲကျတာပေါ.။ တမြို.နဲ.တမြို. မတူကျတာ ကို လာရိုး ရောက်မှ သိတော.တယ်။ ကားငယ်ငယ်တုန်း က အိမ်ကို မနည်းပူဆာ လို အမေ ၀ယ်ပေးတဲ. ကားရုပ် လေး သေးသေးလေးဆွဲတာ ရက်ကွပ် ထဲ က ကလေး ဗိုလ် များ ခဲ နဲ. ထုလို. ကား ဘော်ဒီ ပေါက်ပြဲ လို. ငို ခဲ.တာ မှတ်မိသေးတယ်။ တချို. က ရှေ. ကလေး ကဆွဲ သွားတယ် နောက် က အကျင်.ယုတ်တဲ. ကလေးတွေ က မသိမသာ လေး ကားပေါ်က ဖယောင်း တိုင် ကို လိုက်မူတ်ကျတာလဲ ရှိသေးတယ်။ အခုချိန်ပြန်စဉ်းစား ကြည်.တော. ရယ်ရစရာ ပေါ.။ ငယ်ငယ်တုန်း ကတော. မုန်းစရာပေါ.။

၂။ ဖယောင်းတိုင်ထွန်းခြင်း
မီးမလာ တဲ. မြန်မာ နိုင်ငံအတွက် သီတင်းကျွတ်က ဖယောင်းတိုင်မီးများဖြင်. အရမ်းကို လှပနေစေပါတယ်။ နာမည်ကြီး ဘုရား (မဟာမြတ်မုနိ) တို. ရက်ကွက် ဓမ္မာရုံတွေ မှာ ဆို ဆီးမီး တထောင်၊သောင်း တို. ရှိတယ်လေ။ တချို.လဲ မီးပလုံးလေး တွေထဲ ဖယောင်းတိုင် ထည်.ထွန်းတယ်လေ။ တခါတုန်း က အိမ်မှာ မီးပလုံးထဲ ထည်.ထွန်းတာ ဖယောင်းတိုင် လဲ ပြီး မီးပလုံး တခု လုံး မီးမြိုက်ခဲ.ရသေးတယ်။တော်သေးလို. အိမ်ကို မီးမစွဲတာ။ အန္တရယ်ကလဲ များတယ်နော် ။ မန္တလေးဆိုတော. သိတဲ.အတိုင်း ပဲ မီးလောင်လိုက်ရင် ရက်ကွက်လိုက် မြို.နယ်လိုက်။ ဒါကြောင်. ဖယောင်းတိုင် တအိမ်လုံး ထွန်းထားရင် ငြိမ်းသွားသည်အထိ စောင်.ကြည်.ပေးရတယ်။

၃။ မီးသရဲကစားခြင်း
ကျွန်တော်.စိတ်ထင် မီးသရဲကစား တာကို လူတွေ သိပ်မသိကျဘူးထင်ပါတယ်။ ကစားနည်း ကို ရှင်းပြမယ်နော်။ ဆီမီခွတ် ထဲမှာ ဖယောင်းတွေထည်. အောက် ကနေ ဖယောင်တိုင်းမီးနဲ. အပူပေးတော. ဖယောင်းတွေ အရေပျော်ပြီး ပွတ်လာတယ်။ အဲဒါဆိုရင် ဖယောင်း ထဲက မီးစာ လေး တမျှင်လောက် အဲ.ဒီ ဆီမီးခွက်ထဲ တ၀က်လောက် စိမ်ထားပြီး ကျန်တ၀က် ကို မီးငြိပေးလိုက်ပါ။ အပူရှိန်အရမ်းပြင်း လာရင် လက်ကို ရေစွက်ပြီ ဆီမီးခွက် ပေါ်သို. ရေမူန်.များ ခါ ချ လိုက်ပါ။ ဒါဆို ဆီမီးခွက် ကလေး မီးတောက် ကြီး တလုံး တက်လာပါတယ်။ ၄ ခါ၊ ၅ ခါလောက် ထိ ရေဖြန်း ချလို.ပါတယ်။ ပြီးရင်တော. ငြိမ်ကျသွားပါတယ်။ အဓိက ကတော. မီးတောက်ကြီး မြင်ပြီး ပျော် ကြ ၊ အောက်ကြ တာပေါ.။ အရှောင်မတော်ရင် မျက်နှာ မီးဟပ် ဦးမယ်။

၎။ မီးရူးပန်း ကစားခြင်း
မီးရူးပန်း ဆိုလို. ပေကျင်း အိုလံပစ် ကဖောက်သလိုမျိုးသွား သွားမထင်လိုက်ပါနဲ.။ ဒီက ဟာ တရုတ်ဖြစ်တော. တရုတ်ဖြစ်ပဲ ဒါပေမဲ. ဖွတ်ဖွတ်နဲ. အားမရစရလေ။ တခါတရံ မီးငြိပြီး တော်တော်နဲ. ပန်းထွက်မလာလို. အပေါ်ထောင်ထားရာ ချလိုက်မှ ထ ပန်းလို. သေးနားက လူတွေ တောင် သွားမှန်ကျသေတယ်။ ဟားဟား ခံ၇ခက်ကြီးနော်။

၅။ မီးပုံပျံ လွတ်ခြင်း
မီးပုံ ပျံ ဆိုတာ ကတော. ကျန်ကျောင်း ကျွတ်ကျွတ်အိတ် နဲလုပ်ထားတာပါ။ မီးစာ ကတော. ငှက်ပျောအူကို ဖယောင်းနဲ. စိမ်ထားတဲ. အချောင်းတခုပါ။ အဲဒီ ဌက်ပျောအူ ကို မီးရို.ပြီး ကျွတ်ကျွတ် ကို လေဖောင်အောင်လုပ် ၍ လွတ တင်ရတာပါ။ တချို.တွေ လဲ ပိုက်ဆံတွေ တွဲလဲ ချိတ်ပြီး လွတ်ကျပါတယ်။ မီးအန္တရယ်ကလဲ ရှိသေးတယ်။ တကယ်လို. အထက် ကို ခဏတက်သွားပြီး မီးငြိမ်း သွားလို. အိမ်ခေါင်မိုးပေါ်ပြုတ်ကျလို.ကတော. မီးလောင်ပြီသာမှတ်။ အများစု ကတော. မိုးပေါ်ကို တက်သွားပြီး မီးငြိမ်းမှာ ပြန်ပြုတ် ကျလာတယ်လေ။ ဒါကြောင်.လူတွေ တော်တော်များများက အန္တရယ်ကင်းအောင် မန္တလေး တောင်ပေါ် ညကြီး တက်ပြီး မီးပုံပျံတွေ လွတ်ကျတယ်။ တောင်ပေါ်ကနေ မန္တလေးမြို.ကြီး လှမ်းကြည်.ရတဲ. အရသာကို အခုထိ မှတ်မိပါသေးတယ်။ ဖယောင်းတိုင် မီးလေးတွေ၊ မီးပုံပျံလေးတွေ နဲ. မှိတ်တုတ်တုတ် အရမ်း ကျက်သရေရှိပါတယ်။

၆။ ဗျောက်အိုးဖောက်ခြင်း
ဗျောက်အိုးဖောက် တာ ကိုတော. အလွန်မုန်းပါတယ်။ ပိုက်ဆံ ကို မီးရို.တယ်လို.ပဲ မြင်ပါတယ်။ မန္တလေးမှာ ဆို သီတင်းကျွက်က မရောက်သေးဘူး ဗျောက်သံတွေ နဲ. ညံနေပြီ။ သူများကို လန်.အောင်လုပ်မှ ပျော်တဲ. ကစားနည်း မို.လို. ပိုပြီး မုန်းပါတယ်။ တချို.အ၀ီဇိရောက်၊ ငရဲအိုးဂျိုးကပ် မယ်. ကလေးတွေ ဆို ကြောင်တွေ၊ ခွေးတွေ အိပ်နေတာ ကို ယုတ်မာပြီး ဗျောက်အိုးနဲ. လှမ်းပေါက် ကာ ရုတ်တရက် ကြောက်လန်.ပြီး လန်.ပြေးအောင် လုပ်ပါတယ ပြီးတော. လက်ခုတ်တီး လို ရယ်ကျပါတယ်။ အဲ.လို ကလေးတွေ အခု အရွယ်မှာ တွေ.လိုက်ပါလား နဘန် ကျင်းပစ်မယ်။

ကဲကဲ ဒါက တော. မန္တလေးမြို.ရဲ. သီတင်းကျွတ်မြင်ကွင်းပေါ.ဗျာ။ သင်တို.မြို.နဲ. ကွဲပြားတာလေး တွေရှိရင် လဲ comment မှာ ဝေမျှ ကျပေါ.။

ဒီတခါ ကိုယ်က စပြီး Tag မယ်. သူ တွေကတော.
မသက်တန်.
သံလွင်HERO
သီတင်းမကျွတ်ခင် ရေးပေးကျပါနော်။

စိုင်းထွန်း

You received this email because you are subscribed to the real_time feed for http://www.royal-myanmar.com/feeds/posts/default. To change your subscription settings, please log into RSSFWD.