ဝန်ခံချက်ဖြင့် ပြတ်သားမှုတခု
ချစ်ခင်လေးစားရသော အားလုံး မင်္ဂလာပါ
မြန်မာ့ ဘလောင်္ဂရပ်ဝန်းက စာမျက်နှာတခုဖြင့် အခြေချ ခဲ့တာ ၂၀၀၇ ခုနှစ် ကပေါ့။ အင်တာနက် သုံးပြုတာတော့ ဒီကို ရောက်ပြီး သုံးနှစ်လောက် ( ၂၀၀၃ ခုနှစ် )ကြာမှ သုံးဖြစ်တယ်၊ အဲဒီတုန်းက အွန်လိုင်းမှာ ရာဟူးမက်ဆင်ဂျာက အရမ်းခေတ်စားတယ်။ မြန်မာတွေ အသုံးများတယ်။
လူအများတွေ့ဆုံကြတာက အများအားဖြင့် ရာဟူး ( Conference ) ပါ။ ( ၂၄ ) နာရီစလုံး ရှိတယ်လို့ ဆိုရမယ်။ ဒါကြောင့်လဲ မပျင်းဘူးပေါ့။ နောက်တော့လဲ လူတွေက အကြောင်းမျိုးမျိုးကြောင့် ရာဟူး အွန်လိုင်းပေါ်ကနေ ပျောက်ပျောက်သွားတယ်။ အခုဆိုလျှင် မရှိသလောက်ကိုပဲ။ အရင်တုန်းက တကယ့်ကို ပျော်စရာကောင်းတယ်။ ရသ အမျိုးမျိုးပေါ့ ဗျ..
လူတွေလဲ ရာဟူး အွန်လိုင်းပေါ်က တစစ နည်းလာတယ်ဆိုတော့၊ အင်တာနက်ဖြင့် ပတ်သက်ပြီး ဆောက်တည်ရာတခုတော့ လိုအပ်တယ် လို့ စိတ်ဖြစ်တယ်။ ဒါကြောင့် ဘလောင်္ဂလေးတခုကို www.blogger.com ထဲဝင်ပြီး တည်ဆောက်လိုက်တာပေါ့။ တည်ဆောက်ပြီး စာမူတပုဒ် တင်လိုက်တယ်၊ ဒီစာမူ ( http://phonyaung.blogspot.com/2007/06/blog-post.html ) ဖြင့် ဘလောင်္ဂလောကကို အခြေချခြင်းပဲ ဆိုရမယ်။ ဆိုတော့ ဘလောင်္ဂဂါတယောက် ဖြစ်လာတာလေ။
ဘလောင်္ဂ စတင်မှု ဖြစ်အောင် အဦးဆုံး တွန်းပို့ခဲ့သူက မဖြိုး ဆိုတဲ့ ညီမလေးတယောက်ပါ။ သူက ရန်ကုန် အင်တာနက်ဌာနတခုမှာ လုပ်နေတယ်လို့ အကြမ်းအဖျဉ်း သိထားတယ်။ သူနဲ့ ခင်မင်သွားပုံက ဒီလိုပါ.. သူနဲ့ ကျွန်နော် သူငယ်ချင်း (အမေရိကားမှာ) ခင်တယ်။ လူငယ်သဘာဝပေါ့။ ကျွန်နော် သူငယ်ချင်းက မိတ်ဆက်ပေးလိုက်တော့ သူနဲ့ တခါတလေ ရာဟူးမက်ဆင်ဂျာမှာ ချက်ဖြစ်တယ်။ တနေ့ သူက ကျွန်နော်ကို သူရေးထားတဲ့ သူရဲ့ ဘလောင်္ဂတခုကို လာပြတယ်။ အင်း.. ကျွန်နော် စိတ်ဝင်စားသွားတယ်။
ဆိုတော့လဲ သူ့ကို မေးတာပေါ့။ အပေါ်က ကျွန်နော်ပြောသလို www.blogger.com ထဲမှာ လုပ်ရတယ် အကြောင်းကို သူက ပြောပြခဲ့တယ်။ ဒါဗေမဲ့ ကိုယ်ရေးတာကိုပဲ ကိုယ် မြင်တယ်လေ။ သူများကို လိုက်ပြတော့လဲ မမြင်ဘူးတဲ့။ ဘယ်လို လုပ်ရမလဲ စဉ်းစားတာပေါ့။ လုပ်မတတ်ဘူးဗျ။ ဒီတော့ ဒီမှာတင် တခန်းရပ်နေပါတယ်။ ညီမ မဖြိုးကို မေးလဲ သူလဲ မသိဖြစ်နေတယ်။ သူကို သူ့ သူငယ်ချင်းတယောက် လုပ်ပေးတယ်တဲ့။
ဒီအချိန်မှာ ကိုပီတိကတော့ ဘလောင်္ဂနှင့် ဟန်ပန်ကျနေပြီ။ တနေ့ကြုံတော့ သူကို မေးကြည့်တယ်။ သူလဲ မသိဘူး၊ သူငယ်ချင်းတယောက် လုပ်ပေးထားတယ်တဲ့ ဟုတ်လားတော့မသိဘူး။ နောက်တယောက်က် အွန်လိုင်းမှာ ပြောမနာ ဆိုမနာ မောင်ဂျိုကာ၊ သူမှာလဲ ဘလောင်္ဂတခုနဲ့ လူဖြစ်နေတာ သိလိုက်တယ်။ စိတ်ထဲမှာတောင် ကြိတ်ပြီးလေးစားလိုက်တယ်။ သူက ဘလောင်္ဂ မဖြစ်တုန်းက အိမ်မက်မှာ ဗေဒင်ပညာဖြင့် လက်သွေး နေတဲ့အချိန်ပေါ့။ ကြုံကြိုက်တဲ့အချိန်မှာ သူ့ကို ဘလောင်္ဂမှာ မြန်မာဖောက်ကို သူများကြည့်ရင် မြင်အောင် ဘယ်လိုလုပ်ရသလဲ မေးရတယ်။ သူကလဲ မသိပြန်၊ သူငယ်ချင်း လုပ်ပေးတယ်တဲ့၊ ဒါက ဟိုတုန်းကပါ အခုပြောတဲ့လူတွေလဲ အခုဆို သိတတ်နေပြီ ထင်တာပဲ။
တနေ့သောအခါ ကိုသားဆွေ ( ဖင်လန် ) က ရာဟူး စီအက် (Conference ) ကွန်ဖရင်း တခုမှာ၊ သူ ဘလောင်္ဂတခု လုပ်ထားအကြောင်း ပြောပြီး လခ့်ပေးသွားတယ်။ နာမည်က ၀ိုင်းရေး တဲ့။ ကံကောင်းချင်တော့ သူက ပိုစ့်တခုအဖြစ် ဘလောင်္ဂမှာ မြန်မာဖောက်မြင်နည်း တခုရေးထားတာ တွေ့လိုက်တယ်။ ဘာကြောင့်ဆိုတော့ သူရေးထားတဲ့ သူ့ရဲ့  မြန်မာဖောင့်ကို ကျွန်နော် မြင်နေတယ်လေ။ အင်း စမ်းလိုက်ဥိးမယ် ဆိုပြီး သူပေးထားတဲ့ ကုတ်တွေ ကူးပြီး အထဲမှာ ၀င်ထည့်လိုက်တယ်။ ပြီးတော့ ( http://phonyaung.blogspot.com/2008/03/blog-post_9349.html ) ဒီပို့စ်လေး တပုဒ် ရေးပြီး သူများ လိုက်ပြတာပေါ့။ အဲဒီတုန်းက လူတွေ အသုံးများတာ အိုင်အီးလေ၊ ဖိုင်းယားဖောက် သိပ်မသုံးဘူး။ သိပ်အဆင်မပြေဘူး ဆိုတော့လဲ နားထားလိုက်ရတယ်။
နောက်ဆုံး သိလိုက်တာက EOT ပြသာနာတဲ့။ ကျွန်နော် အခုအထိ လုပ်မတတ်သေးဘူး။ အလုပ်လုပ်နေတယ်ဆိုတော့လဲ မအားဖြစ်တာက တကြောင်း၊ ပင်ပန်းတာက တကြောင်းပေါ့ဗျ..။ ဒီအချိန်မှာ ကိုဆောင်း( ဆောင်းယွန်းလ ) သူရေးထားတဲ့ ဘလောင်္ဂ လိပ်စာကို အီးမေးနဲ့ ပို့ပေးထားကို ဖတ်လိုက်ရတယ်။ အင်း.. ငါလဲ ကြံဆရမယ် ဆိုပြီး လောကကြီး သုံးပါးကို လှည့်ရှု့လိုက်အချိန်မှာ၊ တွေ့ပြီ။ လိုက်ရှာနေတာ ကိုယ့် လက်ရင်းမှာ မမြင်တဲ့ အနေအထား။ အင်း.. ဖြစ်တတ်ပါတယ်။
မောင်တေဇ ( တေဇာတေ ) က ဘလောင်္ဂ လုပ်နည်းကို နည်းနည်းပါးပါး သိတဲ့အချိန်။ ကျွန်နော်လဲ သူ့ကို မေးကြည့်တယ်။ အိုင်အီးရော ဖိုင်းယားဖောက်ပါ မြင်တဲ့ နည်းလမ်း သိသလား လို့ မေးလိုက်တော့၊ သိတယ်တဲ့ အိုကေ ဟုတ်ပြီး လုပ်စမ်းပါဦး ဆရာပေါ့။ အားလုံး ပြည့်စုံသွားလောက်အောင် သူပြုလုပ်ပေးလိုက်တယ်လေ။ လုပ်ရင်းနဲ့ သူ ပြတယ် ကျွန်နော်က စိတ်မ၀င်စားဘူး။ ထားလိုက်ပါတော့ နောက်တယောက်က ကိုသွင်မောင် ( ရင်ခုန်သံ ) ဖြစ်တယ်။ သူလဲ နားလည်တဲ့လူတယောက်ပါပဲ။ သူလဲ အကူအညီပေးခဲ့ပါတယ်။ လိုအပ်ရင်လဲ သူတို့ နှစ်ယောက်ဆီပဲ သွား သွား အနိုင်ကျင့်တယ် ( ဟဲ ဟဲ နောက်တာ ကိုယ့်ဆရာတို့ )၊ ကိုတေဇ ပဲ ပြင်ပေးတာ များတယ်။ ဆိုတော့လဲ ဘလောင်္ဂအသွင်အပြင်က ကိုယ် စိတ်ကြိုက်လေးဖြင့် ခရီးသွား နေရတာပေါ့။ ဒီအတွက်လဲ ဒီနေရာကနေ ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။
ခရီးသည်၏ လွင့်မျောခြင်း ဆိုတဲ့ ခေါင်းစဉ်တခုဖြင့် မြန်မာ ဘလောင်္ဂလောကကို ခြေဆန့်ရင်းနဲ့ .. အတွေးအမျိုးမျိုး အကြောင်းအရာ အဖုံဖုံတို့ဖြင့် မြန်မာဘလောင်္ဂ ရပ်ဝန်းလေး တခုကို တွေ့လိုက်တယ်။ အရောင်အသွေး ဆောက်တည် ယုံကြည့်ရာ အမျိုးအမျိုးနှင့် မွေးဖွားထားတဲ့ ချစ်ခင် မှတ်သားစရာ ဘလောင်္ဂဂါတွေနဲ့ ကူးလူးဆက်ဆံ စားသုံးနေတယ်လေ။ ဘယ်လို ပုံစံဖြင့်ဖြင့် ရေးရေး ကျွန်နော် လက်လှမ်းမှီသလောက် အကုန်ဖတ်တယ်။ သူက ငါ့နဲ့ အတွေးအခေါ် မတူဘူး၊ ခံယူချက်လဲ မတူဘူး ဆိုပြီးတော့ ရန်သူ မိတ်ဆွေ ခွဲမခြားပဲ စီးမျောခြင်းတခု ဖြစ်သည်။ လွတ်လပ်စွာ ကွဲလွဲခွင့်ဆိုတဲ့ စံ တခုကို လက်ခံထားပါသည်။ အစွန်းမရောက်ပါဘူး။ သေခြာတာက ယခုခေတ် မြန်မာစာပေ လောကထက်တောင် ရသ စုံတယ်လေ။ မြန်မာစာ ငတ်နေသူဆိုတော့ တွေ့တာ အကုန်ဖတ်တယ်။ ခင်ရင်တော့ ကွန်မင်းတွေ ပွတ်၊ စီဘောက်မှာ အော် ဆိုတဲ့ အပြုအမူတွေတော့ လုပ်ခဲ့ပါတယ်။ မခင်ဘူးဆိုလဲ ဖတ်ပြီး ပြန်လာပေါ့။
တခုတော့ရှိတယ်.. ကွန်မင်းဖြစ်ဖြစ် စီဘောက်ဖြစ်ဖြစ် အားလုံးကို " ရွှင်လန်းချမ်းမြေ့ပါစေ " ဆိုတဲ့ စကားစုလေးဖြင့် ဘလောင်္ဂပိုင်ရှင်တွေအပေါ် မေတ္တာပို့သ ခဲ့ပါတယ်။ ဒါလဲ ရင်ထဲက ထွက်လာတဲ့ မှန်သော စကားစု တခုပါ။
ဒီပိုစ့်ကို အဓိက ရေးဖြစ်တာ ကျွန်နော် ဘလောင်္ဂအား ဖြစ်မြောက်အောင် ( လုပ်ဖြစ် ) တွန်းပို့ခဲ့တဲ့ သူငယ်ချင်းများ…
စိတ်ကြိုက်ဘလောင်္ဂတခု ဖြစ်သွားအောင် မွန်းမံပြင်ဆင်ပေးခဲ့တဲ့ ကိုတေဇ နှင့် ကိုသွင်မောင်…
ဘလောင်္ဂဖြစ်သွားပြီးနောက် ဒီလောကအတွင်း လျှောက်သွားရင်းဖြင့် မိမိအား ဘလောင်္ဂရေးတဲ့သူတယောက်အဖြစ် သတ်မှတ်ထားသော ခင်မင်ရတဲ့ မိတ်ဆွေ ရောင်းရင်းများ…
အားလုံးကို ကျေးဇူးတင်ခြင်းအားဖြင့် ဒီစာကို လွင့်မျောထားပါသည်။
လူလ
ရွှင်လန်းချမ်းမြေ့ပါစေ…
အသုံးပြုထားသော ဓါတ်ပုံက Yahoo Images in search မှ Thank ကို ရိုက်ထည့်ပြီး ရှာထားသည်။
You received this email because you are subscribed to the real_time feed for http://phonyaung.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.