Friday, October 10, 2008

[ဇောင်း] 1 New Entry: အချစ်ဆိုသည်မှာ ( Tag )

အချစ်ဆိုသည်မှာ ( Tag )




ဒီတစ်ခါလည်း ကိုကြီးလင်းထက် က ပညာသားပါပါလေးနဲ့ cbox မှာ အော်သွားတဲ့ ကြော်ငြာထားပုံလေးကြည့်ပါအုံးဗျာ" အချစ်ဆိုတာဘာလဲ? အဲဒီအဓိပ္ပာယ် ကိုဖွင့်ဆိုမယ့် ဒဿနိကပညာ ရှင်များ စာရင်းလေး လာကြည့်ပါအုံး"တဲ့ တဂ်ထားတယ်လို့ မပြောဘူး ကိုလင်းကြီးက လူလည်ကြီးနော် ဟီးးဟီးး. ကဲ...ရေးလိုက်ပြီဗျို့ကိုလင်းကြီးရေ့…

~~~ အချစ်ဆိုသည်မှာ ~~~



မဟူရာချောက်က ဘယ်လောက်ပဲနက်နက် တိုင်းထွားလို့ရရင်ရနိုင်ကောင်းရဲ့
တစ်ယောက်သော သူကိုချစ်မိသော အချစ်ကတော့ အတိုင်းအဆမရှိ တိုင်းထွာလို့မရ

~~~ အချစ်ဆိုသည်မှာ ~~~

အေးသယောင်နဲ့ ပူုလောင်လှပါတယ် ပူမှန်းသိလျှက်နဲ့ရှေ့ဆက်တိုးသော
သားရဲသတ္တ၀ါလို ငါ့ရဲ့အဖြစ်ကတူလွန်းတယ်… ချစ်သူမင်းကို မချစ်မိဖို့ ဘယ်လောက်ပဲ
အကြိမ်ကြိမ် အားတင်းထားပေမဲ့ နက်နည်းလှသော ချစ်စိတ်များကြောင့် အပူမီးကို ငါဆုပ်ကိုင်နေမိပြီ….

~~~ အချစ်ဆိုသည်မှာ ~~~



တီထွင်မှုမရှိသောကြောင့် အတိုင်းအဆမရှိ အဖြေများစွာကိုဆုပ်ကိုင်ထားသောအရာဖြစ်သည်
ထို့ကြောင့်…. အချစ်သည် ဖြေရှင်းရခက်သော ပုဒ်စ္ဆာ…….

~~~ အချစ်ဆိုသည်မှာ ~~~

မျှော်လင့်မထားသော အိပ်မက်ကိုမက်နေရသလို လေထဲအိမ်ဆောက်နေရသလိုလည်းတူ၏

~~~ အချစ်ဆိုသည်မှာ ~~~

မရှိမဖြစ်တွေထဲက ၀ယ်ယူစရာမလိုတဲ့ တန်ဖိုးကြီးတဲ့အရာ

~~~ အချစ်ဆိုသည်မှာ ~~~
ကမ္ဘာဦးကတည်းက တည်ရှိထွက်ပေါ်လာသော အရာဖြစ်သောကြောင့် ဖွဲ့ဆိုစရာ မမှီနိုင်
ဘာပဲပြောပြော လူတွေ အသက်ရှင်တဲ့ အထဲမှာ အချစ်ကြောင့်လည်းပါပေသည်…….။

~~ကိုကြီးလင်းထက်တဂ်ထားတဲ့ အချစ်ဆိုသည်မှာ တဂ်လေးပါ ပြီးပါပြီ~~

You received this email because you are subscribed to the real_time feed for http://www.zaung.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.