Friday, October 10, 2008

[ဆိုးသွမ်း] 1 New Entry: ဘယ်တော့ရပ်မလဲ

ဘယ်တော့ရပ်မလဲ


စန္ဒရား စသင်တယ် ဆိုပါစို့။ ခင်ဗျား သင်နေရင်းနဲ့ တွေးမိလိမ့်မယ်။ " စန္ဒရားတီး သင်တာထက် ငါဂစ်တာတီး ပိုသင်တာကမှ လွယ်ဦးမယ် " ဒါမှ မဟုတ် ဆော့ဖ်ဝဲတစ်ခုခုကို ခင်ဗျား စတင်စမ်းသုံးကြည့်မယ် ၊ အရောင်းအ၀ယ် တစ်ခုခုကို ခင်ဗျား စတင်လုပ်ဆောင်ကြည့်မယ် ဆိုပါစို့။ ဒါပေမယ့် ကိုယ်လုပ်တာတွေက အဆင်မပြေဘူး။

" ဒီလုပ်ငန်း ၊ ဒီဆော့ဖ်ဝဲလ်က ငါနဲ့ အဆင်မပြေဘူး ၊ ငါမလုပ်တက်ဘူး ၊ တခြားဟာ ပြောင်းလုပ်ကြည့်ရင် ကောင်းမလား " ခင်ဗျား အနေနဲ့ ရပ်ပစ်ဖို့ အကောင်းဆုံးအချိန်ကတော့ အောင်မြင်မှု့ရပြီးမှ ရပ်ပစ်တာ အကောင်းဆုံး ဖြစ်ပါတယ်။



ဘာကြောင့်လဲ ။ အောင်မြင်မှု့ဆိုတာ ပင်ကို စွမ်းရည်ထက် ဇွဲကောင်းကောင်းနဲ့ လုပ်တာက အဓိကကျပါတယ်။ ကျင့်သားရလာရင် ခင်ဗျားအနေနဲ့ လုပ်စရာတော်တော် များများကို အတော်လေး ကောင်းအောင် လက်ခံနိင်အောင် လုပ်နိင်ဖွယ်ရှိပါတယ်။ ကျွမ်းကျင်သူ တစ်ယောက်လိုတော့ ဖြစ်ချင်မှ ဖြစ်မယ်။ ဒါပေမယ့် လက်ခံနိင်ဖွယ် ရှိလောက်အောင် ကောင်းလာမှာပါ။ တစ်ခုခုကို လက်ခံနိင်ဖွယ် ကောင်းလောက်အောင် မလုပ်နိင်မချင်း ပျော်စရာ ကောင်းမှန်း သိမှာ မဟုတ်ပါဘူး။

ရည်မှန်းချက် ပန်းတိုင်ရောက်ဖို့ တစ်ခုခုကို အချိန်ယူလုပ်ပါ။ နောက်မှ ဆက်လုပ်သင့် မလုပ်သင့် ဆုံးဖြက်ပါ။ ဘယ်အရာပဲ ဖြစ်ဖြစ် အောင်မြင်ပြီးမြောက်သွားတဲ့အခါ နှစ်မျိုး တွေ့ရှိရပါလိမ့်မယ်။

၁ ။ တခုခုကို စမလုပ်ခင် သေချာစွာ စဉ်းစားသုံးသပ်မယ်
၂ ။ အောင်မြင်မှု အကျင့်ရလာမယ်

" သင့်တော်တဲ့ ရည်မှန်းချက် တစ်ခုထားပါ ၊ ဖြစ်မြောက်အောင် လုပ်ပါ။
အောင်မြင်မှု အသေးလေးက ခင်ဗျားစိတ်ကို ဘယ်လို ပြောင်းလဲနိင်တယ်ဆိုတာ အံသြဖွယ် တွေရပါလိမ့်မယ် "




You received this email because you are subscribed to the real_time feed for http://soethawn.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.