Friday, October 10, 2008

[meelayzar ရဲ့ ပန်းသွန်းတဲ့ဥယျာဉ်] 1 New Entry: အချစ် လား

အချစ် လား

နင့်ရဲ့ နူးညံ့တဲ့

နှုတ်ခမ်း နှစ်လွှာမှ

စကားသံ တိုးတိုးလေးက

ငါ့ရဲ့ ရင်ကို

လာရောက်ထိခတ် ခဲ့သလို......

မျက်ဝန်းအကြည့် တစ်ချက်ကလဲ

ရင်မှာ ထာဝရ

စွဲငြိ စေပြန်တယ်....၊

မေ့ပြစ်ဖို့ ကြိုးစားတိုင်း

အတွေးထဲ ရောက်ရောက်လာတဲ့

နင့် အပြုံး

နင့် ပုံရိပ်ကို

မမေ့နိုင်အောင် ဘယ်လိုများ

ပြုစားထားပါလိမ့်......၊

အဲ့ဒါ သူများတွေ

ပြောပြောနေတဲ့

အချစ်ဆိုတာကို ...

ငါခံစား နေရတာလား....................၊

နှင်း

You received this email because you are subscribed to the real_time feed for http://khaingthinzar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.