Showing posts with label ပ - ပိတောက်မြေ. Show all posts
Showing posts with label ပ - ပိတောက်မြေ. Show all posts

Friday, October 10, 2008

[Padauk Myay] 1 New Entry: လက်တွေ့ကျကျ ကောင်းအောင်လုပ်ပြဖို့ အားမွေးထားကြပါ

လက်တွေ့ကျကျ ကောင်းအောင်လုပ်ပြဖို့ အားမွေးထားကြပါ

ကိုဂျူး

( ကိုဂျူးက C box မှာ ပိတောက်မြေဆောင်းပါးတွေလဲ ဒေါ်စုနဲ့ NLDကိုဘဲ သွားခလုတ်နေပါလား။ နအဖ ရွေးကောက်ပွဲကို သိပ်အာရုံ မရှိကြတာ တွေ့ရတယ်ဗျ ဆိုပြီး ပြောထားပါတယ်။ တကယ်တော့ ပိတောက်မြေဟာ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေ၊ ဆဲရေးတာတွေ မဟုတ်ရင် အယူအဆ အားလုံးကို ဖော်ပြပေးခဲ့ပါတယ်။ ဆက်ပြီးလည်း ဖော်ပြသွားမှာပါ။ ကိုယ့်အယူအဆနဲ့ တူမှ၊ ထောက်ခံမှ ဖော်ပြမယ်ဆိုတဲ့ မူဝါဒမရှိပါဘူး။ ပိတောက်မြေကို ဝေဖန်တဲ့စာတွေလည်း တင်ပေးတာကို တွေ့နိုင်ပါတယ်။ အခုတော့ ကိုဂျူး ဆောင်းပါး ရောက်လာလို့ တင်ပေး လိုက်ပါတယ်။ ကိုဂျူး ကျေနပ်မယ် ထင်ပါတယ်။ )

နအဖ အဖွဲ့သားတွေ ဒီရက်ထဲ မငြိမ်သက် ဘာတွေများ ဖြစ်နေကြပါလိမ့်၊ တနေ့တနေ့ ရေးလိုက်ရတဲ့ ဆောင်းပါးတွေ မပြီးနိုင်ပါလား၊ ဆောင်းပါး အားလုံးကတော့ နအဖရဲ့ ရို့ဒ်မက်ပ် ပေါ်လစီကို ထောက်ခံပြီး ဒေါ်စုနဲ့ NLD ကို ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို စွန့်လွှတ်ပြီး နအဖဆွဲတဲ့ ၂၀၀၈ အခြေခံဥပဒေ အတိုင်း ၂၀၁၀ မှာ ရွေးကောက်ပွဲဝင်ဖို့ ဗြောင်တစ်မျိုး၊ မသိမသာ တမျိုး၊ ချိန်းချောက်လို့ တဖုံ မြှူဆွယ်တဲ့ ဆောင်းပါးတွေပါ။ "အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ အနာဂတ် နိုင်ငံရေး" တဲ့ "ဆင်ခြင်ကြည့်၊ မြင်ကြည့်" တဲ့ "လေထဲမှာ တိုက်အိမ် မဆောက်ကြဖို့ တောင်းပန်ခြင်း" "တိုင်းပြည်အတွက် လုပ်သင့်တာ လုပ်ကို လုပ်ရတော့မည်" "လက်တွေ့ ကျကျ စဉ်းစားကြပါ" တဲ့ ခေါင်းစဉ်းတွေ ကြည့်ရင် ဒီမောင်တွေ Desperate ဖြစ်နေတာ မှန်းလို့ရပါတယ်။ ဘယ်နဲ့ NLDကိုသွား ခလုတ်တိုက်နေကြတာလဲ နားမလည်နိုင်ဘူး၊ နှစ်ဘက်လုံး တယောက်ကို တစ်ယောက် ဒုက္ခမပေးဘဲ အေးအေး ဆေးဆေးဖြစ်နေရမဲ့ ခုလို အချိန်မှာ ဘာကြောင့် ကိုယ့်အလုပ် ကိုယ်မလုပ် နိုင်ရတာလဲ။ အမှန်တော့ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်မယ်လို့ ဆုံးဖြတ်ထားရင် ကိုယ်ဖါသာ ကိုယ် အားမွေး နေရမဲ့အချိန်ပါ။

နအဖအစိုးရဟာ ၁၉၉၀ ရွေးကောက်ပွဲ ပြီးကထဲက ရွေးကောက်ပွဲကိုလဲ အသိအမှတ်မပြု တွေ့ဆုံ ဆွေးနွေးရေးလဲ မလုပ်ဘဲ အချိန်ဆွဲပြီး ရွေးကောက်ပွဲနိုင်တဲ့ NLDပါတီကို နည်းမျိုးစုံသုံး ချေမှုံးနှိပ်ကွပ်လာခဲ့တာ အခုမှ ကိုယ့်သဘောနဲ့ကိုယ် အခြေခံဥပဒေသစ်ဆွဲပြီး ရွေးကောက်ပွဲ နောက်တစ်ပွဲ ထပ်လုပ်မယ်လို့ ခတ်တင်းတင်းဆိုလာတော့ NLDက အသိအမှတ်မပြု ကန့်ကွက်ပါတယ်။

NLDက ၂၀၁၀ ရွေးကောက်ပွဲ မ၀င်တာ ကျိုးကြောင်း ခိုင်လုံပါတယ်၊ မဲပေးတဲ့ ပြည်သူအပေါ်မတရားလုပ်တယ်၊ သူတို့ကို မတရားလုပ်တယ် ထင်လို့ သူတို့ပါတီ မူဝါဒနဲ့သူတို့ တုန့်ပြန်တာပါ။ သူတို့သဘောပါ။ မောင်ရင်တို့ သဘောမတူရင် အားမပေးနဲ့ ဂရုမစိုက်နဲ့ပေါ့၊ ကိုယ်ကြိုက်တဲ့သူ အားပေးပေါ့ကွာ၊ ရှင်းနေတာဘဲ။ ကြံ့ဖွတ်ကြိုက်ရင် ကြံ့ဖွတ်နဲ့ပေါင်း၊ အေးလွင်ကြိုက်ရင် အေးလွင်ဆီသွား၊ တစညကြိုက်ရင် တစညအားပေး၊ ဒါမှ မကြေနပ်သေးရင် ကိုယ့်ဖါသာကိုယ် ပါတီထောင် ကိုယ်မူဝါဒနဲ့ကိုယ် ရွေးကောက်ပွဲ ၀င်ကြပါလား၊ ပါတီစုံ ဒီမိုကရေစီလေ၊ သူလဲ လွတ်လပ်တဲ့ နိုင်ငံရေးပါတီ ကိုယ်လဲနိုင်ငံရေးပါတီ၊ တန်းတူညီမျှဘဲ၊ ဘာလို့ NLDကို နအဖဘက်ပါမလား မပါဘူးလားဆိုပြီး အိညှောင့် အိညှောင့် သွားလုပ်နေရတာတုန်း။

ခုလဲ ဆင်တူရိုးမှား နာမည်တွေနဲ့ (၀ံသာနု NLD၊ လူငယ် NLD၊ ၈၈ မျိုးဆက်သစ် မြန်မာနိုင်ငံ) စသည်ဖြင့် လူတွေ ထင်ယောင် ထင်မှားဖြစ်အောင် ထထ လုပ်နေတာဘဲ မဟုတ်လား၊ အရည်အချင်းရှိရင် ၀င်ပြိုင်ကြ၊ ကိုယ့်ကိုပြည်သူ ထောက်ခံမှုရှိတယ်ဆိုရင် ကိုယ့်သဘော၊ NLDကို သိပ်ပါ စေချင်သလား၊ ခါးကြားမှာ ၀ါးရင်းဒုတ်ထိုးပြီး ခတ်တည်တည်နဲ့ တော့ လူမိုက်လုပ် သွားငေါက်မနေနဲ့၊ စေတနာပါရင် ချော့မော့ ပြောကြည့်ပေါ့။

ဘာဖြစ်လို့ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို စွန့်လွှတ်စေ ချင်တာလဲ မေးတော့ တယောက်က မအောင်မြင်လို့တဲ့၊ NLD က ၁၉၉၀ ရွေးကောက်ပွဲနဲ့ မြန်မာပြည်ကို ဒီမိုကရေစီရအောင် လုပ်မယ်ပြောခဲ့တာ အနှစ်နှစ်ဆယ်ရှိပြီ မအောင်မြင်ဘူးတဲ့။ မအောင်မြင်တာ အောင်မြင်တာသူ့အလုပ်ပါ။ ခုမအောင်မြင်လဲ တနေ့အောင်မြင်အောင် လုပ်မှာဘဲဆိုရင်လဲ သူ့သဘောပေါ့။ ဘယ်တော့မှ မအောင်မြင်ရင် သူကွဲလိမ့်မပေါ့၊ မောင်ရင်တို့ အနေသာကြီးပါ၊ ကိုယ်အမြှီးပြတ်တိုင်း NLDကို ဟိုဟာ မလုပ်ရဘူး ဒီဟာလုပ်ရမယ်နဲ့ ဘာလို့ ဆရာကြီး သွားလုပ်နေရတာတုန်း၊ မောင်ရင်တို့ ကိုယ်တိုင်လဲ ဘာမှမဟုတ်၊ သူကွဲသူခံလိမ့်မယ်။ ၁၉၉၀ ရွေးကောက်ပွဲနဲ့ မြန်မာပြည်ကို ဒီမိုကရေစီနိုင်ငံလုပ်မယ် ပြောခဲ့တာ ဂတိတွေပေးခဲ့တာ န၀တ တပ်မတော် ပါ။ NLDမဟုတ်ပါဘူး။ ခုလဲ ၂၀၁၀ ရွေးကောက်ပွဲနဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီ ပေးမယ် ပြောနေတာ နအဖနဲ့ မောင်ရင်တို့ပါ။ ဒေါင်ဒေါင်မြည် မျိုးဆက်သစ် တပ်မတော်သားတွေ ပြောတုန်းက မိုးလားကဲလားပြောပြီး အာဏာလွှဲရမယ်လဲဆိုရော ဟိုဟာမရှိလို့ ဒီဟာမပါလို့နဲ့ ပြန်ပျော့ကျသွားတာမျိုး မလုပ်နဲ့ဦး။ အောင်မြင်အောင် လုပ်ရမှာ နအဖတာဝန်ပါ။

NLDက တဆုံးတစပြောပြီးပြီ၊ အခြေခံဥပဒေကိုအသိအမှတ်မပြု ရွေးကောက်ပွဲကို ၀င်မပြိုင်ပါဘူးဆိုနေပါမှ "ရွေးကောက်ပွဲမှာ ၀င်ပြိုင်မယ်ဆိုရင် နအဖဘက်က ဘာတွေလိုက်လျောပြီး ပါတီတွေဘက်က ဘာတွေတာဝန် ခံရမည်ကို ဆွေးနွေးသင့်သည်တဲ့၊ မဲဆွယ်ခွင့် ရတာကို အခွင့်ကောင်းယူပြီး ရွေးကောက်ပွဲပျက်အောင်၊ အစိုးရပြုတ်ကျအောင်၊ ၈၉ တုံးကလို မဲဆွယ်ပွဲတွင် မိမိပါတီမူဝါဒမပြောပဲ အစိုးရကို ကလော်တုတ်တာမျိုး၊ ဆူဆူပူပူဖြစ်အောင် မလုပ်ပါဟု တာဝန်ယူရမည်တဲ့" စိတ်ကူးကလဲယဉ်ပါ့ဗျာ။ ဘယ်သူကရွေးကောက်ပွဲ အတင်း လုပ်ခိုင်းနေလို့လဲ၊ ဘာလို့တာဝန်ယူရမှာလဲ၊ နအဖကိုယ်တိုင်တောင် တာဝန်မယူနိုင်တဲ့ကိစ္စတွေ NLDက တာဝန်ယူရမယ်ဆိုပါလား။

ရွေးကောက်ပွဲ လုပ်ပါတယ်ဆိုမှ လက်ရှိအစိုးရ ပြုတ်ကျအောင် မလုပ်ရဘူးနော်တဲ့၊ ဘာတွေလဲ။ ကိုယ်နားလည်သလောက် ၂၀၁၀မှာ နအဖက ရွေးကောက်ပွဲလုပ်ပေးမှာ၊ ၀င်မပြိုင်ဘူး၊ ရွေးကောက်ပွဲနိုင်တဲ့သူကို အစိုးရဖွဲ့ခွင့်ပေးပြီး နအဖကအစိုးရမလုပ်တော့ဘူး ဆင်းသွားမှာ မဟုတ်ဘူးလား? ရွေးကောက်ပွဲပြီးရင် နအဖဆိုတာ မရှိတော့ဘူး၊ ဖျက်ပြစ်ရမှာမဟုတ်လား၊ ဒါဖြင့် ဖျက်ဘဲ ဖျက်ရတော့မဲ့ အစိုးရကို ပြုတ်ကျအောင် မလုပ်ရဘူး တာဝန်ယူရမတဲ့။ တခုခုတော့လွဲနေပြီ၊ ဆရာပိတောက်တို့နားလည်သူတွေ သေချာအောင်လုပ်ကြပါဦး၊ ရွေးကောက်ပွဲပြီးသွားရင် နအဖကဆက်အစိုးရလုပ်နေဦးမှာလား၊ မလုပ်တော့ဘူးလားဆိုတာ သေချာဘယ်သူသိလဲ။ မဲဆွယ်ပွဲမှာအစိုးရ မကောင်းကြောင်းလဲ မပြောရဘူးတဲ့၊ ကိုယ့်ပါတီမူဝါဒဘဲပြောရမတဲ့၊ ကြံကြံဖန်ဖန် ပါတီစုံအထွေထွေ ရွေးကောက်ပွဲပါဆိုမှ ဓမ္မာရုံလို၊ ဆွမ်းကြီးလောင်အသင်းလို ကုတ်ကုတ်လေး ရွေးကောက်ပွဲဝင်စေချင် နေတာလားမသိ။

ခတ်တည်တည်နဲ့ အဆိုအမိန့်တွေကလဲ မြွက်ကြားလိုက်သေးတယ်၊ "နိုင်ငံရေးနှင့် စစ်ရေးတွင် အခွင့်အရေးသည် နှစ်ကြိမ်ပြန်မလာဆိုသည့် စကားရှိသည်" တဲ့၊ ပိုင်လှချည်လား၊ မဟုတ်ကဟုတ်ကဘယ်ကကြားထားလဲမသိ၊ နောက်ပြီး ၉၀ ရွေးကောက်ပွဲအကြောင်းပြောလျှင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များ၏ နိုင်ငံရေးအမြင်ကျဉ်းမှု၊ ကိုယ့်ကိုကိုယ်အထင်ကြီးလွန်းမှု ကိုလည်းပြောရမည်တဲ့။ လုပ်ပြန်ပြီ၊ ဒါဘဲလာထိခိုက်နေပါလား။ ၁၉၉၀ ပါတီစုံအထွေထွေရွေးကောက်ပွဲဟာ တပ်မတော်န၀တက တာဝန်ယူလုပ်တဲ့ ရွေးကောက်ပွဲပါ။ ကိုယ့်ကိုကိုယ် လေးစားတဲ့အနေနဲ့ ပြီးမြောက် အောင်မြင်အောင် လုပ်သင့်ပါတယ်။ ဒါမျိုးးအစဉ်အလာ မဖြစ်အောင် နောက်တက်လာတဲ့ နအဖလက်ထက်မှာ ပြင်မလားအောက်မေ့တယ် သူများလက်ထဲကမုန့် ကိုယ်တိုင်ပုတ်ချခဲ့ပြီး လွတ်ကျသွားတဲ့ မုန့်အတွက် ငိုမနေနဲ့အပိုဘဲလို့ ပြောလိုပြော။ ဒေါ်စုနဲ့NLDကို မထိခိုက်ရရင်လဲ စားမ၀င်အိပ်မပျော်တဲ့ ဒုက္ခကလဲကြီးသား။ နောင်လာ နောင်သားတွေအတွက် နမူနာကောင်းတွေ ပြနေတာလား။

ဒီအတိုင်းဆို မင်းတို့နအဖလူတွေဘဲ၊ လက်ကိုင်ဒုတ်တွေဘဲ၊ နအဖအောက်ဆွဲလေးတွေဘဲ ပြောခံရတော့ ရှက်သေးတယ်၊ မကြိုက်ပြန်ဘူး။ အကြောင်းအရာကိုဘဲ ဆွေးနွေးပါတဲ့၊ ပုဂ္ဂိုလ်ရေးမပြောရဘူး၊ သူတို့ကိုဒီလို ခေါင်းစဉ်မတတ်ပါနဲ့တဲ့။ ရော်-ခက်နေပါပြီ။ နိုင်ငံရေးကိုလုပ်မဲ့ ပုဂ္ဂိုလ်လေးတွေ မူမရှိ ၀ါဒမရှိ၊ ကိုယ့်ကိုကိုယ် လေးစားရမှန်းလဲမသိ လုပ်ချင်တာဘဲသိပြီး စွပ်စွပ်မလုပ်ကြပါနဲ့။ ဒီလိုစိတ်ဓါတ်အဆင့်အတန်းမျိုးနဲ့ နိုင်ငံရေးလုပ်လို့မရပါဘူး။ NLDထဲက သင်းကွဲထွက်လာပြီး နအဖသတင်းပေးလိုလို၊ ဒလျှိုလိုလို ဒလံလိုလိုလုပ်နေသူတွေကို ဆရာတင်၊ သူတို့ပြောတာလောက်နဲ့ NLDအကြောင်း ကိုယ့်ကိုကိုယ်သိလှပြီ မမှတ်ကြပါနဲ့ကွာ၊ လေ့လာပါဦး၊ ခုတော့တနေ့တနေ့ ဒေါ်စုနဲ့ NLDကို မော့ကြည့်တံတွေးထွေးတဲ့ အဆင့်က မတက်နိုင်သေးဘူး။

နအဖက ၂၀၀၈အခြေခံဥပဒေနဲ့ ဒီမိုကရေစီသွားမယ်၊ အရမ်းကောင်းတယ် ပြောတယ်၊ NLD က ၂၀၀၈ အခြေခံ ဥပဒေကိုအသိအမှတ်မပြုဘူး မကောင်းဘူပြောတယ်၊ NLD ၀င်မပြိုင်ချင်နေပေါ့ဆိုတော့ NLDက၀င်မပြိုင်ဘူး၊ နအဖတစ်ကိုယ်တော် ၀မ်းမင်းရှိုးမှာ အတိုက်အခံမရှိတော့ဘူး၊ နအဖရဲ့ ၂၀၀၈ဒီမိုကရေစီအခြေခံဥပဒေ ဘယ့်ဂလောက် ကောင်းတယ်ဆိုတာ တိုင်းပြည်ကို လွတ်လွတ်လပ်လပ် ပြလို့ရသွားတာပေါ့။ ဘာလို့ NLDကို အောက်ကျခံ ၀င်ပြိုင်ခိုင်း နေတာလဲ။ ထားလိုက်စမ်းပါ။ နအဖရဲ့ စေတနာ ဘယ်လောက် ကောင်းတယ် ဘယ်လောက် မှန်တယ် ဆိုတာ ၂၀၁၀ကျရင် အားလုံး ကြည့်ရတော့မယ်၊ ကျွန်တော်တို့ ပြည်သူတွေကတော့ ကိုယ်အကြိုက်ဆုံး ကိုယ်စားလှယ်လောင်းကို မဲထည့်ပေးမယ်။ အစိုးရသာ တိုင်းပြည်ကို လက်တွေ့ကျကျ ကောင်းအောင် အလုပ်လုပ်ပြနိုင်ရင် NLDဟာ အလိုလိုနေရင်း ပျောက်ကွယ်သွားမှာပါ။ ကိုယ့်အလုပ် ကိုယ်လုပ် အားမွေးထားကြစမ်းပါ။ ၂နှစ်ဘဲလိုတော့တယ်။

စေတနာဖြင့်၊

ကိုဂျူး

You received this email because you are subscribed to the real_time feed for http://padaukmyay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

Thursday, October 9, 2008

[Padauk Myay] 1 New Entry: ငြင်းနေမှာလား၊ အကောင်းဆုံးနည်းလမ်းကိုရှာမှာလား

ငြင်းနေမှာလား၊ အကောင်းဆုံးနည်းလမ်းကိုရှာမှာလား

ကိုကြီးလေး

ပြည်သူ လူထုဟာအမြဲ တစေ စိုးရိမ်ပူပန်နေရတော့တာပါပဲ။ ကုန်ဈေးနှုန်းများ တက် မလား ဟဲ့ တခုခု များ ဖြစ်မလာဟဲ့ .. ဆိုတဲ့ ဟဲ့ပေါင်း များစွာတွေနဲ့ပါ ..

ဘာကြောင့်ကုန်ဈေးနှုန်းတက်လဲ ပစ္စည်းသွင်းရတာခက်လို့ လဒ်စားသူတွေက အရမ်းစားလို့ လို့ ဆိုကြပါတယ်။ လဒ်စားသူတွေကလဲ အူမတောင့်ရုံစားရင်တော့ ဘာမှ မဖြစ်ဘူးပေါ့။သစ်ပင်ကြီး

အောက်ရောက်နေမှာတော့ သစ်ကိုင်းခုတ်ပြီး အသီးခူး မနေနဲ့တော့ပေါ့။ ကြွေကျတဲ့ အသီးလောက်ပဲ ကောက်ပေါ့။ အားမရရင် မှည့်နေတဲ့အသီးလေး လှမ်းဆွတ်ပေါ့။ ဒါဆို အဆင်ပြေသွားမှာပါ။ နောင်မျိုးဆက်အတွက်လဲ ချန်ထားရ ဦးမပေါ့လေ။

ဒီလိုပါပဲ တဖက်ကလဲ သစ်ပင်အောက်မှာနေတာပါပဲ။ တော်ရုံ သင့်ရုံစားရဖို့ လုပ်ကြပေါ့လေ။ အစိုးရမျက်ဖြူစိုက် မစိုက်ထက် ငါ့ပြည်သူတွေ မျက်ဖြူစိုက် မစိုက်ကို အဓိကကြည့်ကြဖို့ လိုအပ်နေတယ်လို့ ထင်မိပါတယ်။ ဒါဆိုရင်တော့ ပြည်သူ တွေ အနေနဲ့လဲ အနေမကျပ်တော့ပါဘူး။

မာနတွေတခွဲသားနဲ့ ဒီမိုကရေစီဆိုတာ ငါတို့မှ သိတာ။ တဖက်ကလဲ ငါလုပ်တာပဲ အမှန်နဲ့..ကြားထဲက မြေစာပင် ဖွာရင်ဖွာ ကြဲရင်ကြဲ ထင်တိုင်းကြဲ နေကြရင်တော့ ကျွန်တော်တို့ ပြည်သူတွေ ပဲခံစားနေရတော့မှာပါပဲ။ လူဆိုတာ ကိုယ့်ကိုကိုယ်တော့ အမှန်လို့ ထင်ကြတာချည်းပါပဲ။ ကိုယ်လုပ်တာ ကိုမှန်တယ်ထင်တယ်။ ကိုယ်လုပ်တာကို မှားတယ်လို့ ပြောတဲ့သူကိုတော့ မှားတယ်လို့ ပြောကြတာပေါ့။ မှားတယ်လို့ ပြောတဲ့ဘက်ကလဲ မှားတာခိုင်လုံတဲ့ အကြောင်းပြချက် ရှိမှာပဲလေ။

အဲဒီတော့ ဟိုဘက် ဒီဘက် သူမှားတယ် ကိုယ်မှားတယ် ပြောနေကြမယ့်အစား သူဘာမှားလဲ ကိုယ်ကရော ဘာကို ပြင်ရမလဲဆိုတာကို ကြည့်သင့်တယ်။ ကိုယ်ကချည်းပဲ အမှန်မဟုတ်ဘူးဆိုတာကို နားလည်သွားကြရင် ပြည်သူတွေ အတွက်တော့ တော်တော်လေး အဆင်ပြေမှာပါ။ အစိုးရဘက်ကလဲ မှားတာတွေရှိသလို ဒေါ်စုဘက်ကလဲ မှားတာတွေ ရှိပါတယ်။

အဓိက က အမှားကိုထောက်ပြနေဖို့ မဟုတ်ပါဘူး။ အမှားကို အမှန်ပြင်ကြရမှာပါ။ အမှန်ပြင်ရာမှာလဲ အစွန်းလွတ်တဲ့ အားလုံးအတွက် အဆင်ပြေမယ့် အမှန်ကို ပြင်ရမှာပါပဲ။ အစိုးရဘက်က လိုအပ်ချက်တွေ ဒေါ်စုဘက်က လိုအပ်ချက်တွေကို အားလုံးတွေ့ဆုံ ညှိနှိုင်းပြီး ဆုံးဖြတ်ကြရင် ပြည်သူတွေအတွက် အကောင်းဆုံးဖြစ်လာမှာပါ အခုဖြစ်နေတာကမှားတာကို မှန်အောင်မပြင်ပဲ အမှားကိုပဲ အမှန်လို့ ထင်လာအောင်လုပ်နေကြလို့ပါ။

ကြားကခံစားရတာတွေကတော့ ပြည်သူတွေပေါ့။ မှားတာကို မှားတယ်လို့ ၀န်ခံရဲတဲ့သတ္တိရှိဖို့ပါပဲ အဲဒီသတ္တိမရှိကြလို့ မှားတာကိုပဲ မှန်သယောင်လုပ်ရင်းလုပ်ရင်းနဲ့ ပြည်သူတွေ ညစ်သထက်ညစ်လာ ကြပြီလေ။ အစိုးရဘက်ကလဲ တစ်ဘက်ကလူတွေ ပြောကြားချက်တွေကို စဉ်းစားသင့်တယ်။ အဲဒါတွေကို လိုက်ပြီးခုခံနေမယ့်အစား လူတွေပြောတာ မှန်ရင် အကျိုးရှိမယ်ဆိုရင် လုပ်ပေးရမယ်။ မင်းတို့က ငါတို့လောက်မတတ်ပါဘူး ငါတို့က ဗျူဟာတွေကို စနစ်တကျ သင်ခဲ့ရတာ မင်းတို့က မျက်တောင်တစ်ဆုံးပဲ ကြည့်တဲ့သူတွေ အနောက်မျှော်တဲ့သူတွေလို့ ပြောနေမယ့်အစား အကျိုး ရှိရင်တော့ လုပ်သင့်တယ်။ ဒီလိုပဲ ဒေါ်စုဘက်ကလဲ ပြည်သူတွေခံစားနေရတာတွေကို ပြန်ကြည့်သင့်ပြီ။ အနောက်နိုင်ငံတွေ စီးပွားရေးပိတ်ဆို့တာ ဒေါ်စုကြောင့်လို့ပြောကြပေမယ့် သေချာစဉ်းစားရင် ဒေါ်စုက အဲဒီလောက် အနောက်နိုင်ငံတွေ အပေါ် အာဏာရှိလို့လားဆိုတဲ့ မေးခွန်းပြန်မေးကြလိမ့်မယ်။

တကယ်တော့ အနောက်နိုင်ငံတွေက အရင်းရှင်နိုင်ငံတွေလေ သူတို့အကျိုးမရှိရင် ဘာမှလုပ်မှာမဟုတ်ကြဘူး။ အဲဒီ ငါးမျှားချိတ်ကိုတော့ မြင်အောင်ကြည့်တတ်ရမယ်ပေးကြမယ့် အကူအညီဆိုတာ နှောင်ကြိုးနဲ့လားဆိုတာ ကြည့်တတ်ရ မယ်လေ။

ဒေါ်စုဘက်က အဲဒီလို အနောက်နိုင်ငံတွေအပေါ် အားကိုးတာကိုလျော့သင့်ပြီလို့ ထင်ပါတယ်။

ဖြစ်သင့်တာက ဒေါ်စုရဲ့ လုပ်ငန်းစဉ်တွေကိုရှင်းပြ နားလည်အောင်လုပ်ပြရမယ်။ ခုလို ငါတတ်တိုင်း လုပ်နေလို့ကတော့ အံမ၀င် ခွင်မကျ တဲ့ ဒီမိုကရေစီကြီး ရလာလိမ့်မယ်။ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ကတော့ ဘယ်သူပဲအုပ်ချုပ် အုပ်ချုပ် မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်က တော့ မြန်မာပဲဖြစ်ရမယ်။ မြန်မာတစ်ယောက်အုပ်ချုပ်တဲ့ မြန်မာပြည်မှာ ထမင်းလေး ၀၀လင်လင် စားပြီး အေးအေးလူလူနေရရင် အဲဒါ မြန်မာ့ဒီမိုကရေစီဆိုပြီး ထောက်ခံမှာပါပဲ အနောက်နိုင်ငံနဲ့တူမှ ဒီမိုကရေစီ မဟုတ်ပါဘူး။

ကိုယ့်လွတ်လပ်ခွင့်နဲ့ကိုယ် ကိုယ့်ထမင်းကိုယ်စားပြီး အေးအေးချမ်းချမ်းနေရရင် အကောင်းဆုံးဒီမိုကရေစီပဲပေါ့။ တိုင်းပြည် ခေါင်းဆောင် ကလဲ တိုင်းပြည်အပေါ်တကယ်ချစ်ရမယ်။ တိုင်းပြည်ကိုချစ်တယ် ဆိုတာကလဲ ရလို့ချစ်တာ မဖြစ်သင့်ဘူး။ တကယ်ချစ်ရင် တိုင်းပြည်က မနေပါဘူး။ အဲဒီခေါင်းဆောင်ကြီးအတွက် သစ်ပင်ကြီးစိုက်ပေးပြီး အထွက်တိုးအောင် လုပ်ပေးကြမှာပါ။ ပြည်သူတွေ လိုချင်တာက ဒီအစိုးရကို ဖြုတ်ချချင်တာ အဓိကမဟုတ်ဘူး စနစ်ကြီးကို ပြောင်းချင်နေတာပါ။ စနစ်ကြီးကို ပြောင်းဖို့အတွက် အစိုးရကို ဖြုတ်ချရမယ် ဆိုတဲ့ အတွေးမျိုးတွေကိုဝင်အောင် တစ်ဖက်ကလဲ မှိုင်းတိုက်ပေးတယ်။ အဲဒီတော့ စနစ်ပြောင်းဖို့ ထက်သန်နေတဲ့သူတွေက မစဉ်းစားမိတော့ဘူးလေ။ စကားပြောကောင်းတော့ ဟုတ်မှာပဲဆိုပြီး လိုက်လုပ်ကြတာပေါ့။ စကားပြောတာက လွယ်ပါတယ် လုပ်ပြဖို့က ခက်တာမဟုတ်လား။ အခုက အပြော ခေတ်တွေဖြစ်နေတယ်။ လက်ရှိအစိုးရကလဲ လုပ်တော့လုပ်ပြနေပါတယ်။ ကိန်းဂဏန်းတွေတော့ တိုးလာပါရဲ့ တိုးသင့်တဲ့ နေရာလားဆိုတာတော့ ကြည့်ရတော့မယ်။ လမ်းတွေဖောက်တာကတော့ တစ်နှစ်တစ်နှစ် မိုင်တွေ အများကြီးပဲ ပြတယ်။

ဒါပေမယ့် ပျက်တာကိုတော့ သိပ်မပြကြဘူး။ ဖြစ်သင့်တာက ဒီနှစ်မိုင် ၅၀၀ အသစ်ခင်းမဲ့အစား မိုင် ၃၀၀ ပဲခင်းပြီး လမ်းဟောင်းတွေ၊ ပျက်စီးသွားတဲ့ လမ်းတွေကို ပြင်သင့်တယ်လေ။ အခုက အစိုးရက လုပ်ပြချင်တာတွေများနေပြီးတော့ ကိန်းဂဏန်းများများကိုပဲပြနေတာ၊ ပြည်သူတွေ မြင်တာကတော့ ပျက်စီးမှုတွေ များနေတာကို သွားမြင်ကြတာလေ။ အဲဒီလိုဖြစ်နေတာကို အစိုးရအနေနဲ့ကလဲ လမ်းသစ်တွေခင်းနေတာ မတွေ့ဘူးလားလို့ မေးလိမ့်မယ်။ တစ်ဖက်ကလဲ လမ်းဟောင်းတွေပျက်နေတာ မမြင်ဘူးလားလို့ ပြန်ပြောလိမ့်မယ်။ ပြောချင်တာကတော့ လမ်းသစ်တွေခင်း။ တံတားသစ်တွေ ဆောက်နေတဲ့အစိုးရကို လမ်းဟောင်းလေးတွေ ပျက်နေတာပါ ပြင်ပေးဖို့ ပြောပိုင်ခွင့်ရှိရမယ်။ အစိုးရအနေနဲ့လဲ ဒါမျိုးပြောကြားချက်တွေကို အလေးထားစဉ်းစားရမှာပေါ့။ အဲဒါအားလုံး လိုချင်တဲ့ တွေ့ဆုံညှိနှိုင်းမှုပဲလေ။ ဒေါ်စုဘက်ကလဲ လမ်းဟောင်းတွေပျက်တာချည်း ပြောမနေပဲ ဘယ်လိုပြင်သင့်တယ်။ ဘယ်လိုလုပ်သင့်တယ် ဆိုတဲ့ အကြံပေးချက်တွေပဲ ပြည်သူတွေက လိုချင်တာပါ။ တစ်ဖက်နဲ့တစ်ဖက် အပြစ်ဖို့နေလို့ကတော့ အောင်မြင်မှာ မဟုတ်တော့ ဘူးလေ။ အလုပ်လုပ်တဲ့သူမှာ အပြစ်ကတော့ပိုများတာပေါ့ဒါကိုလူတိုင်းသိပါတယ်။

အလုပ်မလုပ်ရင် အပြစ်ကတစ်ခုပဲရှိတယ်လေ။ အလုပ်မလုပ်တဲ့ အပြစ်အလုပ်လုပ်တဲ့ သူကတော့ အလုပ်များရင် များသလောက် အပြစ်ဖြစ်မှာပဲ။ အဲဒီအပြစ်တွေကို လိုက်ဖာထေးနေမယ့်အစား အမှန်ပြင်ရမယ်။

ပြည်သူတွေအနေနဲ့ကတော့ အစိုးရနဲ့ ဒေါ်စု ဘယ်ဘက်ကမှ မပါချင်ဘူး။ ကိုယ့်ထမင်းလေး ကိုယ်၀၀လင်လင် စားနေရရင် တော်ပြီလေ။ အစိုးရကိုယုံလားမေးရင် စောင့်ကြည့်နေတယ်ပေါ့။ ဒေါ်စုကိုယုံလားမေးရင် စောင့်ကြည့်နေ တယ်ပေါ့။ အဲဒီလိုအခြေအနေမျိုးမှာရောက်ရှိနေတယ်။ အခုအလုပ်လုပ်နေတဲ့ အစိုးရမှာတော့ ထုံးစံအတိုင်း လိုအပ်ချက်တွေ ကတော့ရှိနေမှာပါပဲ စင်းလုံးချော ကောင်းမွန်တယ်ဆိုတာကတော့ လောကမှာမရှိပါဘူး။

ဒေါ်စုသာအုပ်ချုပ်မယ်ဆိုရင်ရော ??? ကောင်းမယ်လို့ ဘယ်သူအာမခံမလဲ။ အားလုံးကထင်ကြေးပဲ ရှိနေကြသေးတာလေ။ ဒေါ်စုက တိုင်းပြည်အတွက်ဘာတွေလုပ်ပြပြီးပြီလဲ။ ဘာတွေလုပ်ခဲ့သလဲ။ ရေရေရာရာတော့ ဘာမှမရှိသေးဘူး။ လုပ်ခွင့်မှ မရတာလို့ ပြောရင်လဲ သူ့ပြောကြားချက်ပဲပေါ့။ သူ့လုပ်ဆောင်ချက်ကလေးတွေကို ကြည့်ရအောင်လေတိုင်းပြည်တိုးတက်

အောင် လုပ်မယ်လို့ ပြောတယ်။ ဘယ်လိုလုပ်မယ်ဆိုတဲ့ အသေးစိတ်စီမံချက်မျိုးတွေ ချပြထားလား။ နောက်ဆွဲထားတဲ့ စီမံချက်တွေ စီမံကိန်းတွေကရော ကိုယ့်အားကိုယ်ကိုး စီမံကိန်းလား အနောက်မျှော် စီမံကိန်းလားဆိုတာကို ရှင်းရှင်း လင်းလင်း သိအောင် ပြရမယ် လေ။ အခု ဒေါ်စုပြောနေတာတွေ တော်တော်များများကတော့ လက်ရှိအစိုးရကို တိုက်ခိုက်တာတွေ များနေတယ်။ တိုင်းပြည် ကောင်းစားအောင် တိုးတက်အောင် ဘယ်လိုစီမံကိန်းမျိုး ဘယ်လိုစီမံချက်မျိုးချသင့်တယ်

ဆိုတာမျိုးတွေ ချပြသင့်တယ်။ တစ်ဘက်လူရဲ့အားနည်းချက်တွေကို ဖော်ထုတ်ပြီး ရှုတ်ချနေရုံနဲ့တော့ တိုင်းပြည် ကောင်းစားမှာ မဟုတ် ဘူးလေ။

ဒီတော့ မိတ်ဆွေတို့ ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ မင်းမှန်တယ်၊ ငါ မှန်တယ် အငြင်းပွားမလား။ တိုင်းပြည် ကောင်းစားရေးအတွက် အကောင်းဆုံးနည်းလမ်းကိုရွေးမလား။ အသုံးချမလား။

ကိုကြီးလေး

You received this email because you are subscribed to the real_time feed for http://padaukmyay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Padauk Myay] 2 New Entries:

http://padaukmyay.blogspot.com/feeds/1660054826714945072/comments/default

ဖတ်စေချင်သောစာများ (၂)

(တကယ်တော့ ဒီကဗျာက Comment မှာ ကိုမျိုးဆွေတင်တဲ့စာပါ။ ပို့စ်အနေနဲ့ဖော်ပြဖို့ ခွင့်တောင်းတော့ ရေးသူမသိကြောင်းနဲ့ မိတ်ဆွေတစ်ယောက်က ပေးတာဖြစ်ကြောင်း ပြန်ကြားလာပါတယ်။ ဖတ်သင့်တဲ့စာဖြစ်လို့ ဝေမျှလိုက် ပါတယ်။ ရေးသူကိုမသိလို့ ခွင့်ပြုချက်မတောင်းနိုင်တာ ခွင့်လွှတ်ဖို့ တောင်းပန်ပါတယ်။ )

မျက်နှာနှစ်ဘက်နဲ့ ဒင်္ဂါးတစ်စေ့


နိုင်ငံရေးဟာ gunများကြားထဲ ပျံသန်း နေရတဲ့ငှက်
နိုင်ငံရေးဟာ စမ်းတဝါးဝါးနဲ့ အသံစမ်း နေရတဲ့လက်

နိုင်ငံရေးဟာ သံဃာကိုတောင် သတ်ရဲတဲ့ သေနတ်
နိုင်ငံရေးဟာ ပင်လယ်လို ဖြဲထားတဲ့ ပါးစပ်

နိုင်ငံရေးဟာ ကမ္ဘာအနှံ့ က အာခံကြမယ့် သိမ်းငှက်တစ်ထောင်
နိုင်ငံရေးဟာ အမေရိကန်ကို သွားဖို့ လက်မှတ်တစ်စောင်

နိုင်ငံရေးဟာ ဘယ်နေရာကို ရောက်ရောက် သွေးထဲက မီးထတောက်မယ့် သူပုန်
နိုင်ငံရေးဟာ ဘယ်နေရာကို ရောက်ရောက် အကျင့်မပျောက်တဲ့ ခွေးမြီးကောက်

နိုင်ငံရေးဟာ ခွပ်ဒေါင်းတွေ လက်ထဲက ဝရဇိန်လက်နက်
နိုင်ငံရေးဟာ မျောက်တွေ လက်ထဲက အုန်းသီးတစ်လုံး

နိုင်ငံရေးဟာ သွေးနဲ့ ရေးခဲ့တဲ့ သြဂုတ်၊စက်တင်ဘာ သမိုင်း
နိုင်ငံရေးဟာ ရေပေါ်မှာရေးလိုက်တဲ့ ကြေငြာချက် တစ်စောင်

နိုင်ငံရေးဟာ အရေပြားပေါ်မှာ ကြက်သီးတွေ စီးဆင်းသွားစေတဲ့ ဟစ်ဟော့ သီချင်းတစ်ပုဒ်
နိုင်ငံရေးဟာ ဘလော့တွေထဲမှာ အညောင်းမိနေတဲ့ ကော်ပီ သတင်းတစ်ပုဒ်

နိုင်ငံရေးဟာ ကလေးတစ်ယောက်ရဲ့ ဗိုက်ထဲက တဂွီဂွီထွက်လာတဲ့ တကယ့်အမှန်
နိုင်ငံရေးဟာ မီဒီယာပေါ်မှာ ဆရာသမား တစ်ယောက် ဇွတ်အတင်းလုပ်ပြီး ပြောလိုက်တဲ့ အသံ

နိုင်ငံရေးဟာ ပါးစပ်ပိတ်နေရတဲ့ လူထု
နိုင်ငံရေးဟာ ကြေးမုံ စက္ကူစုတ်ထဲက အက္ခရာအစု

နိုင်ငံရေးဟာ အာဟာရ ပြတ်နေတဲ့ ဆင်ဖြူတော်
နိုင်ငံရေးဟာ ဒေါ်လာငတ် နေတဲ့ ကြောင်သူတော်

နိုင်ငံရေးဟာ ထောင်ထဲမှာ လူမသိသူမသိ သေသွားရှာတဲ့ အညတရ ကျောင်းသားတစ်ယောက်
နိုင်ငံရေးဟာ ကိုယ့်ဘာသာကိုယ် သတ်မှတ်လိုက်တဲ့ အဝေးက အာဇာနည် တစ်ယောက်

နိုင်ငံရေးဟာ မိစ္ဆာတို့ရဲ့  လူသတ်ကွင်း တစ်ကွင်း
နိုင်ငံရေးဟာ အီလစ်တို့ရဲ့  ကစားကွင်း တစ်ကွင်း

နိုင်ငံရေးဟာ ဘတ်စ်ကားကြပ်ကြပ်ပေါ်မှာ တိုးဝှေ့ နေရတဲ့ နံနက်
နိုင်ငံရေးဟာ ကြယ်တွေဘယ်လောက်ထွက်ထွက် လင်းမလာသေးတဲ့ည

နိုင်ငံရေးဟာ လမ်းမတွေ ပေါ်မှာ ခြေဗလာနဲ့ လျှောက်ခဲ့ကြတဲ့ ခြေထောက်
နိုင်ငံရေးဟာ ဖိနပ်နဲ့ မတော်လို့ အဖြတ်ခံလိုက်ရတဲ့ ဖနောင့်

နိုင်ငံရေးဟာ ငါတို့မွေးထားရမယ့် တစ္ဆေတစ်ကောင်
နိုင်ငံရေးဟာ ပုပ်ပွနေတဲ့ အသေတစ်ကောင်

တစ်ခါတစ်ခါမှာ နိုင်ငံရေးဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စကားတစ်ခွန်း
"နိုင်ငံရေးဆိုတာ အင်မတန် မွန်မြတ်သန့်စင်ပြီး၊
သူတော်ကောင်းတွေမှသာ လုပ်နိုင်တဲ့ အလုပ်"

တစ်ခါတစ်ခါမှာ နိုင်ငံရေးဟာ ဒေါက်တာသန်းထွန်းရဲ့ စကားတစ်ခွန်း
"ငါ့ လက်ဝဲက လူကိုလည်း စေ့စေ့စပ်စပ်ကြည့်တယ်၊
ငါ့လက်ယာက လူကိုလည်း ဒီလိုပဲ အားမနာတမ်း ကြည့်တယ်၊
စေတနာ အချောင်းလည်းမမြင်ဘူး၊
အပြားလည်းမမြင်ဘူး"

နိုင်ငံရေးဟာ ဘဝပေါင်းများစွာ ထည့်လှောင်ထားတဲ့ စစ်ဖိနပ်တစ်ရံ
နိုင်ငံရေးဟာ ဆူးလေဘုရားနားက ပစ်ခတ်သံ

နိုင်ငံရေးဟာ အချစ်ကဗျာ တစ်ပုဒ်နဲ့ ကိုစောဝေ ပစ်လိုက်တဲ့ မိုးကြိုး
နိုင်ငံရေးဟာ အကျဉ်းထောင်ထဲ လွတ်ကျသွားတဲ့ မြို့ တော်

နိုင်ငံရေးဟာ စက်တင်ဘာ မိနစ်မှာ တိုင်ထိပြီး ပြန်ထွက်လာတဲ့ ဘောလုံးတစ်လုံး

နိုင်ငံရေးဟာ အတ္တလက်အိတ်တွေ စွပ်ပြီး ထိုးနေကြတဲ့ ခပ်ပျော့ပျော့ လက်သီး

နိုင်ငံရေးဟာ "လက်နက်"နဲ့ "ဓားပြတိုက်ခွင့်" လဲလှယ်ထားတဲ့ ငြိမ်းချမ်းရေး

နိုင်ငံရေးဟာ ယားနာတွေကို ဖုံးဖို့ ထဘီရှည်ရှည် ဝတ်ပြီး က္ကုနြေ္ဒရှင်ယောင် ဆောင်ထားတဲ့ အပျိုမ
နိုင်ငံရေးဟာ မိတ်ကပ်တွေဖို့ ထားတဲ့ တောတွင်း ဥပဒေသ

နိုင်ငံရေးဟာ ညစ်ပေတဲ့ လက်တွေနဲ့ အိုးမည်း အသုတ်ခံလိုက်ရတဲ့ မျက်နှာ
နိုင်ငံရေးဟာ တလွဲဘာသာအပြန်ခံလိုက်ရတဲ့ ကဗျာတစ်ပုဒ်

နိုင်ငံရေးဟာ တစ်တောလုံး စိမ်းစိုဖို့ ကိုယ်စီ ဝေဆာပေးရမယ့် သစ်ပင်
နိုင်ငံရေးမှာ ကြွက်ခုတ်ဖို့ က အဓိက

နိုင်ငံရေးဟာ ငါတို့ မဖြေကြပဲ ချန်ထားခဲ့တဲ့ ပုစ္ဆာ
နိုင်ငံရေးဟာ ပေါက်ကွဲ စေချင်ဇောနဲ့ ငါတို့အားလုံးမျှော်နေရတဲ့ ကတ္တီပါ ဗုံးတစ်လုံး။

၈ . ၁၀. ၂၀၀၈ ရက်နေ့ မြန်မာနိုင်ငံသတင်းများ

  • ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေး အတိုက်အခံ အင်အားစု အပေါ် စစ်အစိုးရ ဖိနှိပ်မှု ပိုဆိုးလာ ဗွီအိုအေ click here
  • အာဆီယံပဋိဥာဏ် လက်မှတ်ရေးထိုးရန် အင်ဒိုနီးရှား လွှတ်တော် သဘောတူ ဗွီအိုအေ click here
  • ဦးဝင်းတင် အဖွဲ့ချုပ်ရုံးတက်၊ လုပ်ငန်းများစလုပ် ဒီဗွီဘီ click here
  • အရှေ့နဲ့ အနောက် ဆုံကြရာဝယ် - အရင်းရှင်ဆိုရှယ်လစ်စနစ်နဲ့ ဆိုရှယ်လစ်အရင်းရှင်စနစ် မိုးမခ click here
  • အာဏာပိုင်များ၏ တရားစီရင်မှုကို အယုံအကြည်မရှိ၍ ရှေ့နေပါဝါရုပ်သိမ်း အာရ်အက်ဖ်အေ click here
  • အခြေခံဥပဒေသစ်နှင့် ရွေးကောက်ပွဲကိစ္စ ညှိနှိုင်းအဖြေရှာနိုင်ကြောင်း ဦးဝင်းတင် ပြောကြား အာရ်အက်ဖ်အေ click here
  • အထက်အရာရှိနှစ်ဦးကို ပစ်ခတ်သတ်ဖြတ်ပြီး ထွက်ပြေးသူ ကျော်ရွှေမောင် တိုက်ပွဲတွင်ကျဆုံး နေရဉ္ဖရာ click here
  • ဆန်လှူသူ ဒီချုပ်အဖွဲ့ဝင် ၄ ဦး ထောင်ဒဏ်ချခံရ မဇ္ဈိမ click here
  • သေနတ်တဖက် ကလောင်တဖက် (ဆောင်းပါး) မိုးမခ click here
  • ဒီမိုကရေစီရေး တိုးတက်မှုမရှိရင် ဘန်ကီမွန်း မြန်မာခရီးစဉ် ဖျက်မည် - ဗွီအိုအေ click here
  • ဒေါ်အောင်ဆန်းစုကြည် မလွတ်သေးပေမယ့် အာဆီယံပဋိညာဉ် ဖိလစ်ပိုင် အတည်ပြု - ဗွီအိုအေ click here
  • တပ်သားတဦး အထက်အရာရှိကို သတ်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေဟု မျက်မြင်သက်သေများပြော - မဇ္ဈိမ click here
  • ကိုထင်ကျော်ကို ပုဒ်မပြောင်း တရားစွဲ - မဇ္ဈိမ click here
  • လက်နက်နှင့် ငြိမ်းချမ်းရေး လဲမည်မဟုတ်ဟု KNPP က ပြောကြား - မဇ္ဈိမ click here
  • သေဆုံးသူ ရေလုပ်သားများအတွက် နစ်နာကြေးရရန် အလုပ်သမားအခွင့်အရေးအဖွဲ့ တောင်းဆို - ဧရာဝတီ click here
  • ဓာတ်ခွဲစစ်ဆေးပြီး မယ်လမင်းမပါသည့် နို့မှုန့်များ ဖြန့်ဖြူးခွင့်ပေးမည် - ခေတ်ပြိုင် click here
  • မြန်မာနိုင်ငံ၏ စံရောင်းဝယ်မှုအခြင်အတွယ်အဖြစ် အလေးချိန်ကိုပိဿာနှင့်သတ်မှတ်ချက်ကြောင့် မန္တလေး ကုန်စည်ဒိုင်၌ အပြောင်းအလဲများစွာမရှိကြောင်း သိရ ၀ိကလီးအလဲဗင်း click here
  • သီတဂူစက္ခုဒါန မျက်စိကုဆေးရုံတွင် မျက်စိဝေဒနာရှင်များအား စတုတ္ထအကြိမ်မြောက် မျက်စိအခမဲ့ စမ်းသပ်ခွဲစိတ်ကုသပေး ၀ိကလီးအလဲဗင်း click here
  • ဇွန်လမှအောက်တိုဘာလအထိ စစ်ကိုင်းတိုင်းမှ ဆန်အိတ်နှစ်သိန်းခွဲတင်ပို့ခွင့်ရရှိထားကြောင်း သိရှိရ ၀ိကလီးအလဲဗင်း click here
  • သတင်းစကားဝိုင်း လျှက်တစ်ပြက် click here
  • ရှေးဟောင်း ဝတ္ထုပစ္စည်းများ တရားမဝင် ထုတ်ဆောင်ခြင်းမှ ကာကွယ် တားဆီးရေး အာဆီယံ နှီးနှော ဖလှယ်ပွဲ လျှက်တစ်ပြက် click here
  • သီတင်းကျွတ်တန်ဆောင်တိုင် မင်္ဂလာပွဲဆင်နွဲသူများအတွက် လျှက်တစ်ပြက် click here
  • ရသအစုံလင်နဲ့လူမှုဘ၀ခင်း မြန်မာတိုင်းမ်click here
  • ပါ့ခ်ရိုင်ရယ်ဟိုတယ် လူငယ်ပန်းချီပြိုင်ပွဲလက်ရာစစ်တွေရွေးထုတ်ဆုချီးမြှင့်လိုက်ပြီ မြန်မာတိုင်းမ်click here
  • လူငယ်များမက်တဲလ်ဂီတနဲ့ဓမ္မတေးဖွဲ့ဆို မြန်မာတိုင်းမ်click here
  • တိုးတက်လာမည့် မောင်တောပုစွန်ဈေးကွက် မြန်မာဖိုရမ် click here
  • ပြည်တွင်းပျားမွေးမြူရေး တိုးချဲ့ဆောင်ရွက်မည် မြန်မာဖိုရမ် click here

You received this email because you are subscribed to the real_time feed for http://padaukmyay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

Wednesday, October 8, 2008

[Padauk Myay] 2 New Entries: ဖတ်စေချင်သောစာများ (၁)

ဖတ်စေချင်သောစာများ (၁)

(တကယ်တော့ ဒီစာတွေက Comment မှာ ကိုမျိုးဆွေတင်တဲ့စာပါ။ ပို့စ်အနေနဲ့ ဖော်ပြဖို့ ခွင့်တောင်းတော့ ရေးသူ မသိကြောင်းနဲ့ မိတ်ဆွေတစ်ယောက်က ပေးတာဖြစ်ကြောင်း ပြန်ကြားလာပါတယ်။ ဖတ်သင့်တဲ့စာဖြစ်လို့ ဝေမျှလိုက် ပါတယ်။ ရေးသူကိုမသိလို့ ခွင့်ပြုချက်မတောင်းနိုင်တာ ခွင့်လွှတ်ဖို့ တောင်းပန်ပါတယ်။)

ပေးစာ (၁).... လူထုသည် အချဉ်မဟုတ်

ပေးစာ (၂ )....မြေအောက်လှုပ်ရှားမှု နှင့်ပတ်သက်သော.....

ပေးစာ (၃) ....ဘာလုပ်ကြမှာလဲ

ပေးစာ (၄).... ဆိုင်ကလုန်းကမွှေနှောက်သွားသောအတွေးများ

ပေးစာ (၁)....... လူထုသည်အချဉ်မဟုတ်

၁၉၈၈ စက်တင်ဘာလမှာ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်၊ ကျနော်တို့မန္တလေးအိမ်တော်ရာသပိတ်စခန်းတွေကို အာဏာသိမ်းပြီး တပတ်လောက်အထိ ဝင်သိမ်းလို့မရခဲ့ဘူး။ သပိတ်စခန်းမှာ လက်နက်တွေရှိတယ်လို့ သတင်းရခဲ့ကြသလို၊ ရပ်ကွက်ထဲကလူတွေက ရရာလက်နက်နဲ့ ပြန်ချမယ်ဆိုတာ သိနေလို့ပါ။ နောက်...မကြာခင် စစ်တပ်ကဝင်လာပြီး ရက်ကွက်ထဲက လူတွေကို ချောဆွဲလိုက်တယ်။ တားဆီးထားတဲ့အုတ်ပုံတွေကို ရပ်ကွက်ကလူတွေကို ရှင်းခိုင်းတယ်။ အုတ်ပုံထဲမှာ တရုတ်ဘက်ကတင်သွင်းတဲ့ လက်ပစ်ဗုံးတွေ မြှုပ်ထားတယ်ဆိုတာ သူတို့သိတယ်။ တချို့ဆို ဗုံးပေါက်လို့ သေကုန်ကြတယ်။ ဒါပေမဲ့ လူထုကအားမလျော့ခဲ့ကြပါဘူး။ လက်နက်ဘယ်လို ရမလဲဆိုတာကို ကြံခဲ့ကြတယ်။ ကျောင်းသားတွေကို လက်နက်ရှာပေးဖို့ တောင်းဆိုခဲ့ကြတယ်မို့လား။ ကျနော်ပြောချင်တာက လူထုဟာ
သူပုန်ကို မျှော်ခဲ့ကြတာပါ။ ကုလသမဂ္ဂတပ်ကို မဟုတ်ပါဘူး။ အနှစ်(၂၀) နီးပါးလောက်ထိ သူပုန်ကမြို့ထဲဝင်ပြီး သေနတ်ဖောက်သံမကြားမှ ကုလသမဂ္ဂကို ဟုတ်နိုးနိုးမျှော်ခဲ့ကြတယ် ထင်တာပဲ။ လူထုကိုလျော့မတွက်ပါနဲ့။ လူထုက ဘယ်သူဘာလဲ ဆိုတာသိပါတယ်။ သမိုင်းတွေကိုသိပါတယ်။ ဘလော့တွေပေါ်မှာ ပိုက်ဆံမပေးရတိုင်း လူထုကို ဘာလုပ်ကြ၊ ညာလုပ်ကြဆိုတဲ့ မိန့်ခွန်းတွေကို ဘာမှမသိတဲ့ ကလေးတွေကသာ အဟုတ်မှတ်ကြပါလိမ့်မယ်။ လက်နက်ကိုင် တော်လှန်ရေးဆိုတာ သေချာလုပ်ရတာပါ။ လေစစ်တိုက်နေလို့မရပါ။


ပေးစာ (၂ ) မြေအောက်လှုပ်ရှားမှု နှင့်ပတ်သက်သော........


ကျနော်တို့ နိုင်ငံရေး စလုပ်ခါစတုံးက၊ ကျနော်တို့ရဲ့ ယူဂျီခေါင်းဆောင်တွေက သင်ကြားခဲ့ဘူးတယ်။ ကိုယ်ဖတ်မဲ့ စာအုပ်ကို စာအုပ်ဆိုင်မှာ တွေ့ရင်တောင် ကိုယ်တိုင်မဝယ်နဲ့တဲ့။ ကိုယ်ဘာဖတ်နေလဲဆိုတာ မိဘတောင် အသိမပေးရဘူး။ ကိုယ်က ယူဂျီလုပ်မဲ့သူဆို တော့လျှို့ဝှက်နိုင်သမျှ လျှို့ဝှက်နေပါတဲ့။ စစ်ကြောရေးအတွက်လည်း သူငယ်ချင်းတွေနဲ့ ဇာတ်လမ်းတွေကို ဇာတ်တိုက်ထားရ သေးတယ်။ မြေအောက်လုပ်ငန်းဆိုတာ အချိန်မရွေးဖမ်းခံရနိုင်တယ်။ သေလူဖြစ်နေတယ် ဆိုတာကို သတိထားဖို့ပါ။ မကြာသေးခင်က ဗျာ.... ခင်ဗျား တို့ထိုင်းနယ်စပ်ကဆိုပြီး ကျောင်းသားတချို့ဝင်လာတယ်။ ပိုက်ဆံကူညီချင်တယ်လို့ပြောတယ်။ ကျနော်တို့က ဘာလုပ်ပေးရမှာလဲလို့မေးတော့၊ ပုံမှန်သတင်းတွေကိုသာပို့ပေးပါတဲ့။ ကျနော်တို့သူ့ဆီကပိုက်ဆံကိုမယူခဲ့ပါဘူး။ ငွေရေးကြေးရေး ကူညီတယ်ဆိုတာ ၈၈အရေးတော်ပုံ ကထဲကရှိတာဗျ။ ခုမှမဟုတ်ဘူး။ ဒါပေမဲ့ ၈၈ တုံးက မြေအောက်လှုပ်ရှားမှု လာလုပ်တဲ့သူတွေက ခုလိုလူတွေလိုမဟုတ်ဘူး။ သံမဏိ စည်းကမ်းနဲ့နေတာ။ ခုကျ... သတင်းဝယ်ယူတာကို၊ သတင်းရောင်းစားတာကို မြေအောက်လှုပ်ရှားမှု လုပ်တယ် ထင်နေကြတာ။ လူတိုင်းနဲ့လျှောက်တွေ့တယ်။ မျိုးဆက်သစ်လူငယ်အုပ်စုတွေ အဖမ်းခံရတယ်။
ရင်မောစရာပဲဗျာ။ မခက်ဘူးလား။

ပေးစာ (၃) ဘာလုပ်ကြမှာလဲ


အတိုက်အခံဆိုသော၊ ကျောင်းသားခေါင်းဆောင်ဆိုသော ပုဂ္ဂိုလ်တွေကို တခုမေးချင်ပါတယ်။ ဂန်ဘာလီလာတော့ ဂန်ဘာလီနောက် လိုက်သုံးသပ်၊ ဘန်ကီမွန်းလာတော့ ဘန်ကီမွန်းနောက် လိုက်ပြီးသတင်းပေါ်မှာ လိုက်ဆွေးနွေး။ ဆိုင်ကလုံးဖြစ်တော့ ဆိုင်ကလုန်းပေါ်မှာမျော.. ခင်ဗျားတို့ပြောတော့ ကုလသမဂ္ဂဆိုတာ ဘာမှ သုံးမရဘူး ဆို...ခင်ဗျားတို့ပြောတော့ လူထုအင်အားဆို... ဘာလို့လူထုအင်အားကို အခြေခံပြီးမလုပ်ပဲ ပေါ်ပင်တွေ လုပ်နေကြတာလဲ။ ဆီမီနာတွေ၊ ညီလာခံတွေလုပ်ပြီး လိမ်စားမနေကြပါနဲ့တော့၊ တချို့ အနှစ် (၂၀) စာစုစောင်းမိထားတဲ့ ထိုင်းနယ်စပ်က လူတွေကိုလည်း အပြစ်မပြောချင်တော့ပါဘူး။ ဒါပေမဲ့ ဒီတခါတော့ တောင်းပန်ပါတယ်ဗျာ။ ပိုက်ဆံတွေ လိမ်စား နေတာတွေရပ်ပြီး ပြည်သူအကျိုးကို တချက်လောက် လုပ်ကြပါအုံး။ လူတွေ ပြောနေတဲ့ " ဗမာပြည်နိုင်ငံရေးက ထိုင်းနယ်စပ်ကကောင်တွေနဲ့ စစ်တပ်ပဲ ချမ်းသာပြီး လူထုကငတ်နေတယ်" ဆိုတဲ့ ဝေဖန်သံတွေကိုလည်း ကြားမိကြလိမ့်မယ်လို့ထင်ပါတယ်။ စစ်တပ်လို အကျင့်ပျက်ချစားနေတဲ့ ကျောင်းသားတွေ၊ နိုင်ငံရေးသမားတွေ
ကျဆုံးကြပါစေလို့ ဆုတောင်းနေတယ်ဗျာ။ ကြာပန်းလည်းခူး၊ ဟိုဘက်ကမ်းလည်းရောက်အောင်ပို့ တဲ့ ဘုရားဟောခဲ့ ဘူးတယ်။

ပေးစာ(၄)..... ဆိုင်ကလုန်းကမွှေနှောက်သွားသောအတွေးများ.......

ဆိုင်ကလုန်းမကျခင်တုံး က အတိုက်အခံနိုင်ငံရေးသမားတွေကြားမှာ လူထုအင်အားဆိုပြီး အော်ခဲ့ကြတယ်ဗျ။ ဆိုင်ကလုံးလဲ ကျ၊ လူတွေလည်းဒုက္ခရောက်ရော.. လူသားချင်းစာနာမှုအကူအညီတွေနဲ့ ပြင်သစ်ကပဲ ဝင်မှာလိုလို၊ အမေရိကန်ကပဲလာမှာလိုလို.. ဟိုအားကိုး၊ ဒီအားကိုးဖြစ်ကုန်ကြရော။ ကျနော်ထင်တယ်။ အဲ့ဒီလူတွေ.. လူထုအင်အားကို တကယ်မယုံဘူးလို့.. မသိလို့မေးပါရစေအုံး လူသားချင်းစာနာသနားမှုအကူအညီတွေဇွတ်ဝင်ပေးပြီး အာဏာရှင်တွေ ပြုတ်ကျသွားတဲ့ တိုင်းပြည်တခုလောက်ရှိရင် ပြောပြစမ်းပါအုံး။ အော်... ဆိုင်ကလုံးက ဧရာဝတီ မြစ်ဝကျွန်းပေါ်တင် မကဘူး။ အတိုက်အခံတွေကိုလည်း ဝင်တိုက်သွားတာကိုး.... ကျွတ်ကျွတ်... ကျွတ်ကျွတ်....

၇ . ၁၀. ၂၀၀၈ ရက်နေ့ မြန်မာနိုင်ငံသတင်းများ

  • ကရင်နီတပ်မတော် လက်နက်ချမည်မဟုတ်ဟု စစ်ဦးစီးချုပ်ပြောကြား ခေတ်ပြိုင် click here
  • ဆန်ကို ပြည်တွင်းပြည်ပ လွတ်လပ်စွာ ရောင်းခွင့်ပေးသော်လည်း အနုတ်အသိမ်းမရှိဟု ဆန်ကုန်သည်ကြီး များပြော ခေတ်ပြိုင် click here
  • ထောင်ပိုင်က အကျဉ်းသားများလုပ်အားဖြင့် အပိုဝင်ငွေရရန် လုပ်ဆောင်နေ ရိုးမ click here
  • လျှပ်စစ်မီး တရားမ၀င်ပေးသုံး၍ ငွေသိန်းချီ ဒဏ်တပ် ဒီဗွီဘီ် click here
  • ရန်ကုန်မှ အန်အယ်လ်ဒီ လူမှုအထောက်အကူအဖွဲ့ဝင်တဦး အဖမ်းခံရ ခေတ်ပြိုင် click here
  • ပခုက္ကူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်အေးကို ကလေးထောင်သို့ ပြောင်း ဒီဗွီဘီ် click here
  • နိုင်ငံရေးအကျဉ်းသား လေးဦး ထောင်ဒဏ်ချမှတ်ခံရ ဒီဗွီဘီ် click here
  • တွံတေးအန်အယ်လ်ဒီ မြို့နယ်စည်းအဖွဲ့ဝင် မြင်းခြံထောင်မှာ ဒုက္ခခံစားနေရ အာရ်အက်ဖ်အေ click here
  • သံဃာတော်များနှင့် နိုင်ငံရေး မဇ္ဈိမ click here
  • ကလေးစစ်သား စုဆောင်းအသုံးပြုသူများ အမေရိကန်လာရင် အရေးယူမည် - ဗွီအိုအေ click here
  • မိသားစုတွေ တရားခွင် လာရောက်ခွင့်မရလို့ နိုင်ငံရေးအကျဉ်းသားတွေ ကန့်ကွက် - ဗွီအိုအေ click here
  • ပုံမှန်ထောင်ဝင်စာနှင့် တရားခွင်နားထောင်ခွင့်ပေးရန် မိသားစုဝင်များ တောင်းဆို - မဇ္ဈိမ click here
  • မစိုးရိမ်တိုက် သံဃာတော်များ လေဘေးပြန်လည်ထူထောင်ရေး လုပ်ဦးမည် - မဇ္ဈိမ click here
  • စစ်အစိုးရ ချုပ်ကိုင်မှုကြောင့် ရွှေဆိုင်ပိုင်ရှင်များ အခက်တွေ့နေ - ဧရာဝတီ click here
  • ရန်ကုန်လက်ကျန်ဝန်ထမ်းများကို ၂၀၀၉ မတိုင်မီ နေပြည်တော်ပြောင်းခိုင်း - ခေတ်ပြိုင် click here
  • မြန်မာနိုင်ငံမှ နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးရေး ကြိုးပမ်းပေးရန် အေအေပီပီ ကုလကို တောင်းဆို - ခေတ်ပြိုင် click here
  • မထသ ၃၂ (မင်္ဂလာဈေးနှင့်ဗန္ဓုလ)ယာဉ်လိုင်းနှစ်လိုင်း ပူးပေါင်းပြေးဆွဲလျက်ရှိ ၀ိကလီးအလဲဗင်း click here
  • ရှေးဟောင်းဝတ္ထုပစ္စည်းများ တရားမဝင်ထုတ်ဆောင်ခြင်းမကာကွယ်တားဆီးရေး လျှက်တစ်ပြက် click here
  • နှင်းဝေတဲ့မားစ် ၀ိကလီးအလဲဗင်း click here
  • အားလုံး အေးအတူပူအမျှပါဝင်ပြီးတော့ စိတ်အားထက်သန်စွာနဲ့ ကိုယ်စွမ်းရှိသည် လျှက်တစ်ပြက် click here
  • မန္တလေးနှစ် ၁၅၀ ပြည့် အကြိုဂုဏ်ပြုအငြိမ့်ပွဲ မန္တလေးအမျိုးသားကဇာတ်ရုံတွင် ကျင်းပ ၀ိကလီးအလဲဗင်း click here
  • ဘက်ဆဲလား ဈေးကွက် လျှက်တစ်ပြက် click here
  • စီးတီးအက်ဖ်အမ်လိုင်းကိုမွန်နှင့်ဧရာဝတီတိုင်းတွင်နားထောင်နိုင်မည် မြန်မာတိုင်းမ် click here
  • အလုပ်သမားသင်တန်းကျောင်းများဖွင့်လှစ်ရန်အိန္ဒိယအစိုးရကူညီမည် မြန်မာတိုင်းမ် click here

You received this email because you are subscribed to the real_time feed for http://padaukmyay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

Tuesday, October 7, 2008

[Padauk Myay] 1 New Entry: ဖတ်စေချင်သောစာများ (၁)

ဖတ်စေချင်သောစာများ (၁)

(တကယ်တော့ ဒီစာတွေက Comment မှာ ကိုမျိုးဆွေတင်တဲ့စာပါ။ ပို့စ်အနေနဲ့ ဖော်ပြဖို့ ခွင့်တောင်းတော့ ရေးသူ မသိကြောင်းနဲ့ မိတ်ဆွေတစ်ယောက်က ပေးတာဖြစ်ကြောင်း ပြန်ကြားလာပါတယ်။ ဖတ်သင့်တဲ့စာဖြစ်လို့ ဝေမျှလိုက် ပါတယ်။ ရေးသူကိုမသိလို့ ခွင့်ပြုချက်မတောင်းနိုင်တာ ခွင့်လွှတ်ဖို့ တောင်းပန်ပါတယ်။)

ပေးစာ (၁).... လူထုသည် အချဉ်မဟုတ်

ပေးစာ (၂ )....မြေအောက်လှုပ်ရှားမှု နှင့်ပတ်သက်သော.....

ပေးစာ (၃) ....ဘာလုပ်ကြမှာလဲ

ပေးစာ (၄).... ဆိုင်ကလုန်းကမွှေနှောက်သွားသောအတွေးများ

ပေးစာ (၁)....... လူထုသည်အချဉ်မဟုတ်

၁၉၈၈ စက်တင်ဘာလမှာ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်၊ ကျနော်တို့မန္တလေးအိမ်တော်ရာသပိတ်စခန်းတွေကို အာဏာသိမ်းပြီး တပတ်လောက်အထိ ဝင်သိမ်းလို့မရခဲ့ဘူး။ သပိတ်စခန်းမှာ လက်နက်တွေရှိတယ်လို့ သတင်းရခဲ့ကြသလို၊ ရပ်ကွက်ထဲကလူတွေက ရရာလက်နက်နဲ့ ပြန်ချမယ်ဆိုတာ သိနေလို့ပါ။ နောက်...မကြာခင် စစ်တပ်ကဝင်လာပြီး ရက်ကွက်ထဲက လူတွေကို ချောဆွဲလိုက်တယ်။ တားဆီးထားတဲ့အုတ်ပုံတွေကို ရပ်ကွက်ကလူတွေကို ရှင်းခိုင်းတယ်။ အုတ်ပုံထဲမှာ တရုတ်ဘက်ကတင်သွင်းတဲ့ လက်ပစ်ဗုံးတွေ မြှုပ်ထားတယ်ဆိုတာ သူတို့သိတယ်။ တချို့ဆို ဗုံးပေါက်လို့ သေကုန်ကြတယ်။ ဒါပေမဲ့ လူထုကအားမလျော့ခဲ့ကြပါဘူး။ လက်နက်ဘယ်လို ရမလဲဆိုတာကို ကြံခဲ့ကြတယ်။ ကျောင်းသားတွေကို လက်နက်ရှာပေးဖို့ တောင်းဆိုခဲ့ကြတယ်မို့လား။ ကျနော်ပြောချင်တာက လူထုဟာ
သူပုန်ကို မျှော်ခဲ့ကြတာပါ။ ကုလသမဂ္ဂတပ်ကို မဟုတ်ပါဘူး။ အနှစ်(၂၀) နီးပါးလောက်ထိ သူပုန်ကမြို့ထဲဝင်ပြီး သေနတ်ဖောက်သံမကြားမှ ကုလသမဂ္ဂကို ဟုတ်နိုးနိုးမျှော်ခဲ့ကြတယ် ထင်တာပဲ။ လူထုကိုလျော့မတွက်ပါနဲ့။ လူထုက ဘယ်သူဘာလဲ ဆိုတာသိပါတယ်။ သမိုင်းတွေကိုသိပါတယ်။ ဘလော့တွေပေါ်မှာ ပိုက်ဆံမပေးရတိုင်း လူထုကို ဘာလုပ်ကြ၊ ညာလုပ်ကြဆိုတဲ့ မိန့်ခွန်းတွေကို ဘာမှမသိတဲ့ ကလေးတွေကသာ အဟုတ်မှတ်ကြပါလိမ့်မယ်။ လက်နက်ကိုင် တော်လှန်ရေးဆိုတာ သေချာလုပ်ရတာပါ။ လေစစ်တိုက်နေလို့မရပါ။


ပေးစာ (၂ ) မြေအောက်လှုပ်ရှားမှု နှင့်ပတ်သက်သော........


ကျနော်တို့ နိုင်ငံရေး စလုပ်ခါစတုံးက၊ ကျနော်တို့ရဲ့ ယူဂျီခေါင်းဆောင်တွေက သင်ကြားခဲ့ဘူးတယ်။ ကိုယ်ဖတ်မဲ့ စာအုပ်ကို စာအုပ်ဆိုင်မှာ တွေ့ရင်တောင် ကိုယ်တိုင်မဝယ်နဲ့တဲ့။ ကိုယ်ဘာဖတ်နေလဲဆိုတာ မိဘတောင် အသိမပေးရဘူး။ ကိုယ်က ယူဂျီလုပ်မဲ့သူဆို တော့လျှို့ဝှက်နိုင်သမျှ လျှို့ဝှက်နေပါတဲ့။ စစ်ကြောရေးအတွက်လည်း သူငယ်ချင်းတွေနဲ့ ဇာတ်လမ်းတွေကို ဇာတ်တိုက်ထားရ သေးတယ်။ မြေအောက်လုပ်ငန်းဆိုတာ အချိန်မရွေးဖမ်းခံရနိုင်တယ်။ သေလူဖြစ်နေတယ် ဆိုတာကို သတိထားဖို့ပါ။ မကြာသေးခင်က ဗျာ.... ခင်ဗျား တို့ထိုင်းနယ်စပ်ကဆိုပြီး ကျောင်းသားတချို့ဝင်လာတယ်။ ပိုက်ဆံကူညီချင်တယ်လို့ပြောတယ်။ ကျနော်တို့က ဘာလုပ်ပေးရမှာလဲလို့မေးတော့၊ ပုံမှန်သတင်းတွေကိုသာပို့ပေးပါတဲ့။ ကျနော်တို့သူ့ဆီကပိုက်ဆံကိုမယူခဲ့ပါဘူး။ ငွေရေးကြေးရေး ကူညီတယ်ဆိုတာ ၈၈အရေးတော်ပုံ ကထဲကရှိတာဗျ။ ခုမှမဟုတ်ဘူး။ ဒါပေမဲ့ ၈၈ တုံးက မြေအောက်လှုပ်ရှားမှု လာလုပ်တဲ့သူတွေက ခုလိုလူတွေလိုမဟုတ်ဘူး။ သံမဏိ စည်းကမ်းနဲ့နေတာ။ ခုကျ... သတင်းဝယ်ယူတာကို၊ သတင်းရောင်းစားတာကို မြေအောက်လှုပ်ရှားမှု လုပ်တယ် ထင်နေကြတာ။ လူတိုင်းနဲ့လျှောက်တွေ့တယ်။ မျိုးဆက်သစ်လူငယ်အုပ်စုတွေ အဖမ်းခံရတယ်။
ရင်မောစရာပဲဗျာ။ မခက်ဘူးလား။

ပေးစာ (၃) ဘာလုပ်ကြမှာလဲ


အတိုက်အခံဆိုသော၊ ကျောင်းသားခေါင်းဆောင်ဆိုသော ပုဂ္ဂိုလ်တွေကို တခုမေးချင်ပါတယ်။ ဂန်ဘာလီလာတော့ ဂန်ဘာလီနောက် လိုက်သုံးသပ်၊ ဘန်ကီမွန်းလာတော့ ဘန်ကီမွန်းနောက် လိုက်ပြီးသတင်းပေါ်မှာ လိုက်ဆွေးနွေး။ ဆိုင်ကလုံးဖြစ်တော့ ဆိုင်ကလုန်းပေါ်မှာမျော.. ခင်ဗျားတို့ပြောတော့ ကုလသမဂ္ဂဆိုတာ ဘာမှ သုံးမရဘူး ဆို...ခင်ဗျားတို့ပြောတော့ လူထုအင်အားဆို... ဘာလို့လူထုအင်အားကို အခြေခံပြီးမလုပ်ပဲ ပေါ်ပင်တွေ လုပ်နေကြတာလဲ။ ဆီမီနာတွေ၊ ညီလာခံတွေလုပ်ပြီး လိမ်စားမနေကြပါနဲ့တော့၊ တချို့ အနှစ် (၂၀) စာစုစောင်းမိထားတဲ့ ထိုင်းနယ်စပ်က လူတွေကိုလည်း အပြစ်မပြောချင်တော့ပါဘူး။ ဒါပေမဲ့ ဒီတခါတော့ တောင်းပန်ပါတယ်ဗျာ။ ပိုက်ဆံတွေ လိမ်စား နေတာတွေရပ်ပြီး ပြည်သူအကျိုးကို တချက်လောက် လုပ်ကြပါအုံး။ လူတွေ ပြောနေတဲ့ " ဗမာပြည်နိုင်ငံရေးက ထိုင်းနယ်စပ်ကကောင်တွေနဲ့ စစ်တပ်ပဲ ချမ်းသာပြီး လူထုကငတ်နေတယ်" ဆိုတဲ့ ဝေဖန်သံတွေကိုလည်း ကြားမိကြလိမ့်မယ်လို့ထင်ပါတယ်။ စစ်တပ်လို အကျင့်ပျက်ချစားနေတဲ့ ကျောင်းသားတွေ၊ နိုင်ငံရေးသမားတွေ
ကျဆုံးကြပါစေလို့ ဆုတောင်းနေတယ်ဗျာ။ ကြာပန်းလည်းခူး၊ ဟိုဘက်ကမ်းလည်းရောက်အောင်ပို့ တဲ့ ဘုရားဟောခဲ့ ဘူးတယ်။

ပေးစာ(၄)..... ဆိုင်ကလုန်းကမွှေနှောက်သွားသောအတွေးများ.......

ဆိုင်ကလုန်းမကျခင်တုံး က အတိုက်အခံနိုင်ငံရေးသမားတွေကြားမှာ လူထုအင်အားဆိုပြီး အော်ခဲ့ကြတယ်ဗျ။ ဆိုင်ကလုံးလဲ ကျ၊ လူတွေလည်းဒုက္ခရောက်ရော.. လူသားချင်းစာနာမှုအကူအညီတွေနဲ့ ပြင်သစ်ကပဲ ဝင်မှာလိုလို၊ အမေရိကန်ကပဲလာမှာလိုလို.. ဟိုအားကိုး၊ ဒီအားကိုးဖြစ်ကုန်ကြရော။ ကျနော်ထင်တယ်။ အဲ့ဒီလူတွေ.. လူထုအင်အားကို တကယ်မယုံဘူးလို့.. မသိလို့မေးပါရစေအုံး လူသားချင်းစာနာသနားမှုအကူအညီတွေဇွတ်ဝင်ပေးပြီး အာဏာရှင်တွေ ပြုတ်ကျသွားတဲ့ တိုင်းပြည်တခုလောက်ရှိရင် ပြောပြစမ်းပါအုံး။ အော်... ဆိုင်ကလုံးက ဧရာဝတီ မြစ်ဝကျွန်းပေါ်တင် မကဘူး။ အတိုက်အခံတွေကိုလည်း ဝင်တိုက်သွားတာကိုး.... ကျွတ်ကျွတ်... ကျွတ်ကျွတ်....

You received this email because you are subscribed to the real_time feed for http://padaukmyay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

Monday, October 6, 2008

[Padauk Myay] 2 New Entries: ဒီမိုကရေစီအလားအလာနှင့် စိန်ခေါ်မှုများ

ဒီမိုကရေစီအလားအလာနှင့် စိန်ခေါ်မှုများ

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့က နိုင်ငံတကာဒီမိုကရေစီ အထိမ်းအမှတ်နေ့ပါ။ ပြီးခဲ့တဲ့ နှစ်ကမှ အထွေထွေ ညီလာခံက ဒီလို သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ဒီမိုကရေစီစနစ်ဟာ နိုင်ငံအများအပြားက ရွေးချယ်တဲ့စနစ်၊ ရွေးချယ်ကျင့်သုံးဖို့ ကြိုးစားနေတဲ့ စနစ်ဆိုတာကို သက်သေပြလိုက်တာလည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်တုံးကဆို ဒီလိုဆုံးဖြတ်ချက်မျိုးကို အထွေထွေညီလာခံက အတည်ပြုဖို့ဆိုတာ မစဉ်းစားဝံ့တဲ့ကိစ္စပဲ။ ဒါပေမယ့် အခုလို ဒီမိုကရေစီနေ့ကို ပထမဆုံးကျင်းပနေတဲ့ အချိန်မှာပဲ ဒီမိုကရေစီအနေနဲ့ စိန်ခေါ်မှုအသစ်တွေကို တွေ့နေရတယ်လို့ နိုင်ငံတကာ ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲ အထောက်အကူပေးရေးအဖွဲ့ (IDEA) က ထောက်ပြ ပါတယ်။

ပထမဆုံးစိန်ခေါ်မှုကတော့ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် ဒီမိုကရေစီစနစ်သာလျှင် အသင့်တော်ဆုံး ဖြစ်တယ်ဆိုတဲ့ အယူအဆကို စိန်ခေါ်မှုဖြစ်ပါတယ်။ ဒါကလည်း တရုတ်၊ ဗီယက်နမ်လို ကွန်မြူနစ်ပါတီတွေက တစ်ပါတီစနစ် ကျင့်သုံးအုပ်ချုပ်နေတဲ့ နိုင်ငံတွေရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေ၊ စင်္ကာပူလို အကန့်အသတ်နဲ့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့နိုင်ငံတွေရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတွေ ကို သုံးသပ်ပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြားနည်းလမ်းတွေနဲ့လည်း လုပ်ဆောင်လို့ ရတယ်ဆိုပြီး စောဒကတက်လာသူတွေ ပေါ်လာတာကြောင့် ဖြစ်ပါတယ်။ ရုရှားနိုင်ငံမှာ ယဲလ့်ဆင် လက်ထက်မှာ ဒီမိုကရေစီအပြည့်ရှိပေမယ့် နိုင်ငံဆင်းရဲပြီး တည်ငြိမ်မှုမရှိခဲ့တာ၊ ပူတင်လက်ထက်မှာ ဒီမိုကရေစီ နောက်ပြန် လှည့်သွားပေမယ့် တည်ငြိမ်မှုနဲ့ စီးပွားရေးဖွံ့ဖြိုးမှု အားကောင်းလာတာတွေဟာ ဒီစောဒက တက်မှုတွေကို ပိုအားကောင်းစေပါတယ်။

နောက်စိန်ခေါ်မှုတစ်ခုကတော့ ဒီမိုကရေစီစနစ်ထွန်းကားအောင် ပြည်ပက အကူအညီ ပေးတာတွေကို အစိုးရ အပြောင်းအလဲဖြစ်အောင် လုပ်ဆောင်မှုတွေရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ရှုမြင်လာခြင်းပဲ ဖြစ်ပါတယ်။ ဒီလိုဖြစ်လာရတဲ့ အဓိက အကြောင်းကတော့ ဘုရှ်အစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒကြောင့်ပဲ ဖြစ်ပါတယ်။ ဘုရှ်က ဒီမိုကရေစီနိုင်ငံခြင်း ဘယ်တော့မှ စစ်မဖြစ်ဘူး၊ ဒီမိုကရေစီထွန်းကားတဲ့ နိုင်ငံတွေမှာ အကြမ်းဖက်ဝါဒ ခြေကုတ်မယူနိုင်ဘူး။ အမေရိကန်လူမှု တန်ဖိုးများဖြစ်တဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးတွေ ထွန်းကားအောင်လုပ်ပေးရန် နိုင်ငံအားလုံးဟာ အမေရိကန်ရဲ့ မိတ်ဆွေတွေ ဖြစ်လာမယ်ဆိုတဲ့ အယူအဆကို ရှေ့တန်းတင်ပြီး လုပ်ဆောင်ခဲ့တယ်။ ဒါပေမယ့် တစ်ဘက်ကလည်း အမေရိကန်ရဲ့ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံတွေဖြစ်တဲ့ အရှေ့အလယ်ပိုင်းက ရေနံစော်ဘွားနိုင်ငံတွေ၊ ဗဟို အာရှဒေသက ကွန်မြူနစ်နိုင်ငံဟောင်းတွေမှာ ဘုရင်စနစ်၊ အာဏာရှင်စနစ်နဲ့ အုပ်ချုပ်နေတာ၊ လူ့အခွင့်အရေး မရှိတာတွေကိုတော့ လျစ်လျူရှုထားခဲ့တယ်။ ဒီလို လိုတစ်မျိုး၊ မလိုတစ်မျိုး လုပ်တာတွေကြောင့် အခုလို အထင်မှားခံရတာ ဖြစ်ပါတယ်။

နောက်စိန်ခေါ်မှုတစ်ခုကတော့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ဈေးနှုန်းတွေတက်လာတာကြောင့် ချမ်းသာလာတဲ့ အာဏာရှင်နိုင်ငံတွေက သူတို့သြဇာအာဏာကို ချဲ့ထွင်ဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ကိုတော့ ရုရှား၊ ဗင်နီဇွဲလားနဲ့ အီရန်နိုင်ငံတို့ရဲ့ လုပ်ဆောင်ချက်တွေမှာ တွေ့နိုင်ပါတယ်။

အလားတူစိန်ခေါ်မှုတစ်ခုကတော့ ဒီမိုကရေစီ အသွင်ကူးပြောင်းစနိုင်ငံတွေမှာ ရွေးကောက်ပွဲ အရှုံးအနိုင်ကိစ္စများ၊ လူမျိုးရေး ပြဿနာများကြောင့် ဆူပူမှု၊ မငြိမ်သက်မှုတွေ ဆက်တိုက်ဖြစ်ပေါ်လာ နေတာကြောင့် ဒီမိုကရေစီစနစ်ကသာ ပဋိပက္ခတွေကို ဖြေရှင်းဖို့ အကောင်းဆုံးစနစ် ဖြစ်တယ်ဆိုတဲ့အပေါ် မေးခွန်းထုတ်မှုတွေ ပေါ်လာတာပဲဖြစ်ပါတယ်။ အာရှတိုက်က တီမောနဲ့ အာဖရိကတိုက်က ထွန်းသစ်စ ဒီမိုကရေစီနိုင်ငံအများစုမှ ဒီပြဿနာကို တွေ့နိုင်ပါတယ်။ တောင်အမေရိကတိုက်က သက်တမ်းအရှည်ဆုံး ဒီမိုကရေစီနိုင်ငံ ဗင်နီဇွဲလားမှာ စီးပွားရေးကျဆင်းမှု၊ နိုင်ငံရေးပါတီခြင်း ပဋိပက္ခ ဖြစ်မှုတွေ ဆယ်စုနှစ်နဲ့ချီ ဖြစ်ခဲ့ပြီးနောက်မှာ အာဏာရှင်ဆန်ဆန် အုပ်ချုပ်တဲ့ လက်ဝဲ၀ါဒီ ချားဗာ့စ် သမ္မတအဖြစ် အရွေးခံခဲ့ရပါတယ်။

နောက်ဆုံးစိန်ခေါ်မှုတစ်ခုကတော့ အရေးအကြီးဆုံးပါပဲ။ အဲဒါကတော့ ပြည်သူတွေက နိုင်ငံရေး ပါတီတွေ၊ လွှတ်တော်အမတ်တွေနဲ့ လွှတ်တော်ကို သီးသန့်လူတန်းစားတွေ၊ နိုင်ငံရေး လုပ်စားနေသူတွေ၊ လူမှုရေးမညီမျှမှုတွေကို ဖြေရှင်းပေးဖို့ ပျက်ကွက်နေတဲ့သူတွေလို့ မြင်လာပြီး ယုံကြည်အားကိုးမှု လျော့ပါးလာတာပဲ ဖြစ်ပါတယ်။ ဒီလိုဖြစ်လာတာက ဒီမိုကရေစီ အသွင်ကူးပြောင်းစ နိုင်ငံတွေမှာတင် မဟုတ်ဘဲ အမေရိကန်၊ ဗြိတိန်တို့လို ဒီမိုကရေစီ ဘိုးအေနိုင်ငံတွေမှာပါ ကြုံတွေ့နေရပြီ ဖြစ်ပါတယ်။ အနောက်ဥရောပနိုင်ငံတွေမှာ မဲပေးတဲ့သူတွေ နည်းလာတယ်။ လက်ရှိ နိုင်ငံရေးစနစ်ကို ပြင်မယ်၊ နည်းလမ်းသစ်ရှာမယ်လို့ ကြွေးကြော်သူတွေ အရွေးခံရတာ ပိုများလာတယ်။ မကြာခင် လုပ်တော့မယ့် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ အိုဘားမားရော၊ မက်ကိန်းကပါ ပြုပြင်ပြောင်းလဲရေး ဆိုတဲ့ ကြွေးကြော်သံကို ကိုင်ပြီး ၀ါရှင်တန် နိုင်ငံရေးလောကကို ပြင်မယ်လို့ ပြောနေပါတယ်။ သမ္မတလောင်း နှစ်ယောက်စကားစစ်ထိုးပွဲ၊ ဒုသမ္မတလောင်း နှစ်ယောက် စကားစစ်ထိုးပွဲတွေကို ကြည့်ရင် ဘယ်သူက ပြုပြင်ပြောင်းလဲရေးသမား အစစ်အမှန်ဖြစ်တယ်ဆိုတာကို သူ့ထက်ငါ သာအောင် ပြောနေတာကို တွေ့ရမှာပါ။

IDEA အဖွဲ့ဥက္ကဌ Vidar Helgesen က မကြာခင်က လုပ်ခဲ့တဲ့ ဆွေးနွေးပွဲတစ်ခုမှာ လူမှုရေး အခြေအနေတွေ၊ ဒေသရဲ့ ထူးခြားတဲ့ အခြေအနေတွေကို မျက်ကွယ်ပြုပြီး ဒီမိုကရေစီကို ဖော်ဆောင်မှုတွေ လုပ်ခဲ့လို့ ဒီမိုကရေစီအပေါ်မှာ လူတွေယုံကြည်မှု လျော့ကျ လာခဲ့တာကို တွေ့လာရတယ်လို့ ဆိုပါတယ်။ နောက်ပြီး သူက ဒီမိုကရေစီဆိုတာ ဖွံ့ဖြိုးပြီး နိုင်ငံတွေက ဖွံ့ဖြိုးဆဲနိုင်ငံတွေကို သင်ပေးရမယ့် အရာဖြစ်တယ်လို့ ထင်နေတာတွေကို မေ့ပစ်လိုက်ဖို့နဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာလည်း ဒီမိုကရေစီအသွင် ကူးပြောင်းရေးနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေ၊ လေ့လာစရာတွေ အများကြီးရှိတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေကနေ ပုံတူကူးချဖို့ထက် အခြေအနေတူတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေဆီကနေ လေ့လာသင်ယူဖို့လိုတယ်လို့ ပြောသွားပါတယ်။

အားလုံးပြန်ချုပ်လိုက်ရင်တော့ ဒီမိုကရေစီဆိုတာ ဖွံ့ဖြိုးမှုနဲ့ တည်ငြိမ်မှုတွေကို ဖော်ဆောင်ပေးရာမှာ အဓိကကျတဲ့ နိုင်ငံရေးကျင့်စဉ် ဆိုတာတော့ ဘာမှ သံသယရှိစရာ မလိုပါဘူး။ သို့သော် ကာလ ဒေသနဲ့ ကိုက်ညီအောင် မလုပ်နိုင်ဘူး။ ဒီစနစ်ကို ဖော်ဆောင်တဲ့ နိုင်ငံရေးသမားများ၊ နိုင်ငံရေးပါတီများမှာ အရည်အချင်း မပြည့်ဝဘူးဆိုရင်တော့ အထက်မှာ ပြောခဲ့တဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ခြင်း မရှိဘဲ ဒီမိုကရေစီ နောက်ပြန်လှည့်သွားမှာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာလည်း ၄၈-၆၂ မှာ ဒီမိုကရေစီကို ကျင့်သုံးခဲ့၊ မြည်းစမ်းခဲ့ပြီပါပြီ။ အဲဒီတုံးက နိုင်ငံရေးသမားများ၊ နိုင်ငံရေးပါတီများရဲ့ အားနည်းချက်များကြောင့် နိုင်ငံရေးစနစ် တစ်လှည့်ပြောင်းပြီး စစ်တပ်ကြီးစိုးတဲ့ နိုင်ငံရေးစနစ်အောက်ကို ရောက်ခဲ့ပြီး ပါပြီ။ အခု ဒီမိုကရေစီစနစ်ကို ကူးပြောင်းဖို့ ကြိုးစားနေတဲ့ အသွင်ကူးပြောင်းရေး အချိန်ကာလဖြစ်ပါတယ်။ ဒီအချိန်မှာ မြန်မာ့နိုင်ငံရေးမှာ ပတ်သက်နေသူတိုင်း ရင်ဆိုင်ရမယ့်စိန်ခေါ်မှုတွေကို သတိပြုဖို့ လိုမယ်လို့ ထင်ပါတယ်။

၅ . ၁၀. ၂၀၀၈ ရက်နေ့ မြန်မာနိုင်ငံသတင်းများ

ကေအန်ယူတပ်တွေ ထိုင်းဖက်က ကရင်ကျေးရွာကို ကျူးကျော်တယ်လို့ ထိုင်းစွပ်စွဲ အာရ်အက်ဖ်အေ click here

သန်းရွှေရဲ့နောက်ဆုံးနေ့ရက်များ ဘားမားတူဒေး click here

မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေ ထပ်မံ ရုံးထုတ် အာရ်အက်ဖ်အေ click here

ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး ဘင်္ဂလားဒေ့ရှ်ကို သွားမည် ဗွီအိုအေ click here

မြန်မာ့ကျောက်စိမ်းနဲ့ပတ္တမြား အသွင်းအထုတ် တားဆီးမိန့် ပထမဆင့် စတင် အာရ်အက်ဖ်အေ click here

ကလေးစစ်သား စုဆောင်းတာတွေ သြဂုတ်လထဲမှာ ၂မှု သိရှိရ အာရ်အက်ဖ်အေ click here

နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ရေး ငွေစက္ကူပေါ်မှာ စာရေးဖြန့်ဝေ အာရ်အက်ဖ်အေ click here

မုန်တိုင်းသင့် ဒုက္ခသည်တွေကို ကူညီရန် အဝေးရောက် ညွန့်ပေါင်းအစိုးရ တိုက်တွန်း အာရ်အက်ဖ်အေ click here

အရင်နှစ်တွေက စပါးထွက်နှုန်းရဲ့ ၃ ပုံ ၁ ပုံ လောက်ပဲ ထွက်နိုင်မည် အာရ်အက်ဖ်အေ click here

ကမ္တာ့ဆရာ/ဆရာမများနေ့ အထိမ်းအမှတ် အခမ်းအနား မဲဆောက်မှာကျင်းပ အာရ်အက်ဖ်အေ click here

မန္တလေးက နိုင်ငံရေးတက်ကြွတဲ့ သံဃာတွေ ရှောင်တိမ်းနေရ အာရ်အက်ဖ်အေ click here

"ပြောင်းလဲလိုက်ဖို့ ကျနော်တို့ ၀န်မလေးဘူး" - ဘီဘီစီနှင့် ဦးဝင်းတင် ဆက်သွယ်မေးမြန်းချက် မိုးမခ click here

ယမန်နေ့က မတ္တရာအဖွဲ့ချုပ်ဝင် (၅)ဦး ပြန်လွတ်၊ အသက် (၇၀)ကျော် တဦးကျန် ဒီဗွီဘီ click here

ဦးညီပု၏ ကျန်းမာရေးအခြေအနေ လာမည့် တနင်္လာနေ့တွင် သိရမည် ဒီဗွီဘီ click here

အဖွဲ့ချုပ်လူငယ် ကိုမြသန်းထိုက် အလုပ်ကြမ်းနှင့် ထောင်ဒဏ် လေးနှစ် ဒီဗွီဘီ click here

ဗိုလ်ချုပ်ကြီးမောင်အေးခရီးစဉ် ဘင်္ဂလာဒေခ်ျ့ဘက်က အကောင်းမျှော်လင့် နေရဉ္ဖရာ click here

ဓာတ်ပုံနှင့်စိတ်များ ဆက်ဆံရေးဆေးရောင်စုံ လျှပ်တစ်ပြက် click here

စင်ကာပူစီးပွားရေး လျော့ကျမည်ဟုခန့်မှန်း ရန်ကုန်တိုင်းမ် click here

အ၀လွန်ရောဂါပျောက်ကင်းစေသည့် ထိုးဆေးတစ်မျိုး ထုတ်လုပ်နိုင်တော့မည် ရန်ကုန်တိုင်းမ် click here

လျှပ်တစ်ပြက်ဂျာနယ်၏ (၁ဝဝ)ပြည့် အထူးထုတ် လျှပ်တစ်ပြက် click here

သယ်ယူပို့ဆောင်ရေးစနစ် ခေတ်မီသစ်လွင်ဖို့လိုပြီလား ရန်ကုန်တိုင်းမ် click here

အရည်အသွေးထိန်းချုပ်မှု (Quality Control) ပြုလုပ်ပေးသည့်အဖွဲ့ အစည်းမရှိသေးခြင်းက ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၏ ဈေးနှုန်းမတည်ငြိမ်မှုနှင့် အာမခံချက်များအပေါ် သက်ရောက်မှုရှိကြောင်းသိရ ၀ိကလီးအလဲဗင်း click here

You received this email because you are subscribed to the real_time feed for http://padaukmyay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.