Showing posts with label ဘ - ဘလာဂေါက်. Show all posts
Showing posts with label ဘ - ဘလာဂေါက်. Show all posts

Friday, October 10, 2008

[balargout's blogger] 1 New Entry: အစွန်းနှစ်ဘက်ကြားကဘဝ

အစွန်းနှစ်ဘက်ကြားကဘဝ


ဘ၀ကြီးကဆိုးတယ်
ဘ၀ကြီးကကောင်းတယ်

ဘ၀ကချိုမြိန်တယ်
ဘ၀ဟာ ခါးသက်တယ်

ဘ၀ကတည်ငြိမ်တယ်
ဘ၀ဟာ အပြောင်းအလဲမြန်တယ်

ဘ၀ကိုသာယာစွာဟစ်ကြွေးမယ်
ဘ၀ကို ငြင်သာစွာနှုတ်ဆိတ်နေမယ်

ဘ၀ကပျင်းရိဖို့ကောင်းတယ်
ဘ၀ဆိုတာ ပျော်ရွှင်စရာပါဘဲ

ဘ၀ဟာ အဓိပ္ပါယ်ရှိတယ်
ဘ၀ဟာ ဘာမှအဓိပ္ပါယ်မရှိဘူး

ဘ၀ဟာသာယာတယ်
ဘ၀ဟာ ကြမ်းတယ်တယ်

ဘ၀ဆိုတာတန်ဖိုးရှိတယ်
ဘ၀ကအလကားပါဘဲ

ဘ၀ ဟာ  +
ဘ၀ ဟာ  -


You received this email because you are subscribed to the real_time feed for http://zawzaw.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

Thursday, October 9, 2008

[balargout's blogger] 1 New Entry: အရက်ဝိုင်းနှုင့် တူသောသူငယ်ချင်းများ - ၁

အရက်ဝိုင်းနှုင့် တူသောသူငယ်ချင်းများ - ၁

မနေ့ကတော့ ထုံးစံအတိုင်း ညနေဘက်မှာ ၀က်မှီးဆိုင်ရောက်ခဲ့တယ်။ ကိုမျက်စေ့ က ဆားဗစ်လေးတခု အောင်လာတာန့ ရှိတဲ့ ပါးပါးလေးကို ထုတ် ပြီးပြုစုတာပါ။ ကိုသူတော်ကိုတော့ အတင်းအဓ္ဓမခေါ်တယ် လို့မထင်နဲ့နော်- သူလဲ ငွေယားကလေးရှိရင် ရောက်အောင်တော့ လာလိုက် တာဘဲ။ ဒါနဲ့ ကျွန်တော်တို့ စကားဝိုင်းမှာ ပြောခဲ့တဲ့ စကားတွေထဲက တူသောသူငယ်ချင်းများ ဆိုတာလေးကို ပြန်ပြီး ချရေး ဖြစ်လိုက်တာပါ။

အရက်နဲ့တူသော သူငယ်ချင်း

သူက အရက်နဲ့တူတယ်။ ကိုသောက်ချင်မှ ဖြစ်တာ၊ သောက်ရင်လဲ သောက်သလောက်မူးတယ်။ သိပ်များသွားရင်မကောင်းဘူး။ သစ္စာတော့ရှိ တယ်၊ မူးကိုမူးစေရမယ့် ရသတခုကိုပေးတယ်။ ဒါပေမယ့် ပိုက်ဆံကုန်တယ်။ ရောဂါရတယ်။ ဒီလိုသူငယ်ချင်းတွေရှိတယ်။ အာရကေလန်းတဲ့ သူတွေကို ပြောတာ ၊သူတို့နဲ့ပေါင်းရင် ပျော်ရတယ်။ ကိုလဲ ပိုက်ဆံကုန်တယ်။ ဒီအတိုင်း သာသွားနေရင်တော့ မဖြစ်ချေဘူး

အမြည်းနဲ့တူသော သူငယ်ချင်း

သူကလဲ ကိုကြိုက်လို့မှာထားတာဘဲ၊ စားလို့လဲ ကုန်ရော သူ့ကိုသတိမရတော့ ပြန်ဘူး။ စားပြီး နားမလည်ပေါ့။ နောက်ပြီး ပုံမှန်မရှိဘူး၊ အမြည်း လို့ပြောတဲ့အတွက် အမြဲ အပြောင်းအလဲ ရှိနေတာဘဲ၊ အဲဒီလို သူငယ်ချင်းတွေရှိတယ်။ ကိုယ့်ဟာကိုလာစား၊ ဒါမှမဟုတ်ကိုက သူ့ဟာစား၊ ကုန်တော့ မသိချင် ဟန်ဆောင်နေကြရော။

ရေခဲနဲ့တူသော သူငယ်ချင်း

သူမရှိရင် အရက်ဝိုင်းက အဆိုပြေချင်ပြန်ဘူး။ ဒီလိုဘဲ သူက ဘာလုပ်လုပ် အကုန်ရောလို့ဖြစ်တယ်။ ဟိုဟာ အတွက် ဒီဟာ အတွက် သူက က ဖြစ်တယ်။ ရောသာရောတာ အေးအေးဆေးဆေးဘဲ၊ အေးရောအေးကြောင်း သူငယ်ချင်းတွေပေါ့။ ဘာလာလာဒေါင်းတယ်။ ဒါပေမယ့် ရေခဲ ဆိုတဲ့ အတိုင်း ခပ်မာမာခပ်အေးအေးဘဲ။

နောက်ထပ်တူတာတွေ စဉ်းစားလို့မရသေးဘူးဗျာ။ တူတာလေးတွေကို တူသော သူငယ်ချင်းများအဖြစ် ဆက်ပြီး တင်ကြည့်ဦးမယ်။

You received this email because you are subscribed to the real_time feed for http://zawzaw.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

Tuesday, October 7, 2008

[balargout's blogger] 1 New Entry: ကျန်းမာရေးချူချာ

ကျန်းမာရေးချူချာ



ကျန်းမာခြင်းသည် လာဘ်တပါးတဲ့၊ ကျွန်တော်တော့ ဒီနေ့ ကျန်းမာရေးမကောင်းဘူး၊ တကိုယ်လုံးညောင်းနေလို့ အိမ်ခေါ်ပြီး မနေ့က အနှိပ် သည်ခေါ်နှိပ်ပါတယ်။ ခါးရိုးတွေ နာပြီးအခုမသက်မသာဖြစ်နေတယ်။ နောက်ပြီးတော့ဗိုက် ထဲကအောင့်နေတာ ညကတည်းကဘဲ။ မနက်စော စောပိုင်းလဲ ပလာတာလေးတချပ်ဘဲ စားနိုင်တယ်။ ဒါတောင်ဆေးသောက်ထားလို့။ မနက်က connect ဂျာနယ်က အယ်ဒီဒါ မမေသန္တာဝင်း နဲ့ အလုပ်ကိစ္စ အချို့သွားဆွေး နွေးတာတောင် မနဲအောင့်အီးပြီး စကားပြောနေရတယ်။ သူကနားလည် တတ်တဲ့သူတယောက် မို့ ကြာကြာ မဆွေး နွေးလိုက်ရပါဘူး။ အဆင်ပြေခဲ့တယ်။ ရုံးပြန်ရောက်တော့ လူကတယ့်ကို ခါးကနာ ဗိုက်ကအောင့်နဲ့ မအီမသာကြီး။ အခု ဘာအလုပ်မှာ လဲ လုပ် နိုင်ဦးမယ်မထင်ဘူး။ သင်တန်းကလဲ နေ့လည်ကျ ထသင်ရဦးမယ်။ လောလောဆည်တော့ ထမင်းလဲ ဆင်းမစားတော့ဘူး။ ရုံးခန်းထဲမှာဘဲ အိပ်တော့မယ်။ ဒီနေ့တော့ ကျန်းမာရေးဆိုတဲ့ လာဘ်တပါးတော့ ဆုံးရှုံးသွားလေပြီပေါ့။

ကြောရိုးလေး ၁၈၀ ဒီကရီ ရောက်လာတာတောင်
အတွေးထဲမှာမွှေ - မီးခိုးတွေလိုဝေ နေတဲ့
အလုပ် - ငွေကြေး - ဘ၀နဲ့ မိန်းမ
သြော် - ဒုက္ခ ဒုက္ခ

You received this email because you are subscribed to the real_time feed for http://zawzaw.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

Monday, October 6, 2008

[balargout's blogger] 1 New Entry: bangkok တတိယအခေါက် - ပုံ ၇၀ ကျော်

bangkok တတိယအခေါက် - ပုံ ၇၀ ကျော်

501 ၀ယ်နေတာနော် ဟွင်းဟွင်း ( မမှီလိုရယ်တာ )
ဘန်ကောက်က မြန်မာတွေအတက်များတဲ့ တက္ကသိုလ်တခုမှာ
ကျောင်းသူတွေက ဂလိုဝတ်တယ်
ဒီရောက်တုန်း ဒါဘဲသောက်တာ
မြဘုရားဝင်းထဲက ဧည့်သည်တွေ
တံတိုင်းဘေးမှာ ယောင်ချာချာ
ဘန်ကောက်က သီးသန့်ယဉ်လိုင်း
မြဘုရားမဟာရံတံတိုင်း
အဲဒီမှာကိုင်ဖြစ်တဲ့ဖုန်းပါ
ဘုရားဝင်းတွင်းက၀င်မရတဲ့အဆောင်တွေထဲကတခု
ရွှေချထားတဲ့နေရာအလှ
နံရံဆေးရေး
အမှတ်တရပါ
ဒီနေရာက လာတဲ့သူတိုင်းမရိုက်မဖြစ် တနေရာပေါ့
လက်ရာလေးပါ
ဟိုသူ့ရိုက်ခိုင်းသည်လူ့ရိုက်ခိုင်းဘဲ
အ၀င်နားမှာပါ
တကယ်ဝင်တော့မှာနော်
ဖိနပ်ချွတ်ပါတဲ့
တရုတ်လက်ရာမကင်းတဲ့ ဘုရင့်နန်းတော်ဟောင်း
ဂရန်းပဲလေ့လို့ခေါ်တဲ့ လက်နှက်အစုတ်တွေပြတဲ့ ပြတိုက်က အောက်မှာရှိနေလေရဲ့
ကြာ
ကုသိုလ်တွေကိုလှမ်းမျှော်ကြည့်ပါ
နေပူပူထဲ လေ့လာဆဲပါ
ဘန်ကောက်ကသန့်တယ်ဆိုဗျ
သူငယ်ချင်းနဲ့ကျွန်တော်
ရန်ကုန်မှာ ၂၆ သိန်း၊ ဘန်ကောက်မှာ ဘတ် ၂၀ တွက်သာကြည့်
ဗေဒင်ကို ဂလိုဟောတယ်
လေ့လာစရာ လူငယ်ပါ
ကျောက်ဖုရားမြစ်ထဲက လိုင်းသင်္ဘော
ဒါက လိုင်းဆွဲနေတဲ့ ဂိတ်တွေပြတာ သေချာဖတ်နော်
ဝတ်ချပရာ့ ဘုရား
ဘုရားရိပ်
မြစ်လည်ကရှုခင်း
ငွေလဲတဲ့နေရာနဲ့ရဲကား(ခေါက်ဆံမှာ)
ခေါက်ဆံလမ်းတနေရာ
အဲဒီမှာ မြန်မာတွေ များတယ်- ၀ယ်ချင်ရာကိုပြော ၊စားချင်ရာကိုပြော မြန်မာတယောက် ယောက်ရှိနေတယ်
လိုင်းသင်္ဘော ပေါ်က ခရီးသည်
ခေါက်ဆံလမ်းအ၀င်မှာ မိန်းမဖို့ ၀ယ်မယ်ဆိုရင်တပြုံဘဲ
သူတို့လဲ ဒီလိုသွားနေရတာပါ
တိုင်းရင်းသားတွေမြင်ဘူးသလိုဘဲနော်ဗျ
ဘီရှာလေးတော့ဒီမှာဘဲသောက်လိုက်ပါတယ် (ဂလု)
လူတွေစုံတဲ့ ခေါက်ဆံ (စုံမှာပေါ့ အာရှကရော ဥရောပ ကပါ လာတဲ့သူတွေ ငွေ ကုန် ကျေး ကျသက်သာ တဲ့ ဒီနေ ရာမှဘဲ စတည်းချနေကြတာကိုး၊ စုံလဲစုံ ဈေးလဲသက်သာ ကဲဘာလုပ်မှာလဲ၊ ဒါက ဘန်ကောက်ရဲ့ အသည်း ကျော်တခုပါ)
လမ်းပေါ်က တယောက်
လေဆိပ်သွားတဲ့ ကားလက်မှတ်က အလွယ်တကူဝယ်လို့ရတာကိုး
ခေါက်ဆံည
ညထဲက ခေါက်ဆံ
တခု ဘတ် ၆၀ တဲ့ တကယ်ပြောတာ
ဒါက စည်းချက်ညီညာ သီချင်းတီရှပ်

ကုန်တိုက်တခုထဲမှာ (ပြောပြ၀ူး)
ဝယ်ထားတဲ့သက်သေဘဲ ဟွင်းဟွင်း (မမှီရယ်သလို)
မြေအောက်ရထား ဘူတာတခု

ဟေ့တရုတ်တန်း
ကျွန်တော်နဲ့အဘထ (သေချာကြည့်နော် )
စီအမ်စကွဲ ရဲ့ဘူတာ
ရုတ်ရှင်ကြည့်မလို့ကြံနေတာ
လေးတယ်ကွယ်ပြန်တော့မယ်
တရုတ်တန်းလမ်း
မြောင်းဘုတ်ပေါ်က စပယ်ရာ
တက်လိုက်ဆင်းလိုက် မြောင်းဘုတ်လိုက်( မြောင်းဘုတ်ဆို တာ ဘန်ကောက်ရဲ့ ရေဆိုးမြောင်းထဲမှာ ဆွဲတဲ့ ဘုတ်တွေကိုပြောတာပါ။ နံပေမယ့် ကားပိတ်တဲ့ ဒဏ်ကိုခံစရာမလို မြန်တယ် နံတယ် ဘာမှတ်လဲ )
ဈေးထဲမှာဒီလိုတွေ့လို့
ဒါလေးဝယ်လာလိုက်တယ်
ပြီးတော့ အဲဒါလေးသွားစားသေးတယ် ( အ၀စား၈၉ ဘတ်ဗျ တန်မှတန် - ရောက်တိုင်း တခါတော့ ရအောင်စားတယ် - တန်နွန်းနို့)
လေဆိပ်မှာ
တယောက်ထဲပါ
အော်- ဒါနဲ့ - အိမ်သာထဲမှာ ကွန်ဒုံး ၀ယ်လို့ရတဲ့ စက်တွေရှိတယ်( ကဲသာကဲ )
ဘက်စ် ကားစီးဖို့တန်းစီနေတာ ( ဆူးလေက လိုဘဲ )
ဆင်းဂါး ဘီယာ ဝေါ့ အေ့
ကောင်တာ တွေက ကြောက်စရာ
အင်တာနက်သုံးမလား ဖုံးဆက်မလား နိုင်ငံတကာကို
ရှုခင်း
တခါသုံး ၁၀ ဘတ်ဆို ၁၅ မိနစ် အင်တာနက်
ကျွန်တော် ဘန်ကောက်ကိုရောက်တာ ဒါနဲ့ဆို သုံးခါရှိပြီ။ ဒီတခေါက်မှဘဲ မြဘုရားရောက်တော့တယ်။ သူငယ် ချင်း တွေက တားနေလျှက်နဲ့ ရောက်အောင်သွားခဲ့တာ ။ ဘာဘဲ ဖြစ်ဖြစ် ဘုရားတော့ ဒီတခါရအောင်ဖူးမယ်လို့ ပေါ့။ နေပူငွေကုန်ပေမယ့် တကယ်ကို စိတ်ကျေနပ်မှုရှိပါတယ်။ ဘာဘဲဖြစ်ဖြစ် မြဘုရားတော့ ရောက်ခဲ့ပြီ။ ပုံတွေ အရင် ကမတင်ဖြစ်ပေမယ့် ဒီတခါတော့ ကြွားတယ်ထင်ထင် မျှလိုက်ပါတယ်။

Type the rest of your post here.

You received this email because you are subscribed to the real_time feed for http://zawzaw.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.