Thursday, November 27, 2008

[နံနက်ခင်းကဗျာ] 1 New Entry: အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရန် တိုက်ဖျက်ရေးနေ့

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရန် တိုက်ဖျက်ရေးနေ့


၂၅၊၁၁၊၂၀၀၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အခမ်းအနားကို ထိုင်းနိုင်ငံ တောင်ပိုင်း၊ ဖန်ငါခရိုင်၊ တကွာပါမြို့နယ်၊ ဘန်နမ့်ခင်းကျေးရွာတွင် ပြုလုပ်ကျင်းပ သွားပါသည်။ ဘန်နမ့်ခင်းကျေးရွာရှိ ရွှေ့ပြောင်းမြန်မာ လူမျိုးများမှာ လှေအလုပ် သမားများဖြစ်ကြပြီး ယခုလို အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေး အခမ်းအနားတစ်ရပ်ကို လာရောက်ပြုလုပ် ကျင်းပပေးသည့် အတွက် ဝမ်းသာဂုဏ်ယူမိကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်း၊ ခွဲခြားဆက်ဆံခြင်းများ မပြုလုပ်သင့်ကြောင်းကို ၎င်းဒေသတွင် နေထိုင်သည့် အမျိုးသမီးငယ်တစ်ဦးမှ ပြောကြားသွားပါသည်။၎င်း အခမ်းအနားဖြစ်မြောက်ရန် ဒေသဆိုင်ရာ ထိုင်းလူကြီးမင်းများ၊ ပြည်ပရောက်မြန်မာ အဖွဲ့အစည်းများနဲ့ ရွှေ့ပြောင်းမြန်မာ အလုပ်သမားများတို့ ပါဝင်ဆောင်ရွက် သွားကြောင်းလည်း သိရှိရပါသည်။ ထိုအခမ်းအနားတွင် အမျိုးသမီးများ အပေါ် အကြမ်းဖက်ခြင်း လျော့နည်းလာစေရန်နဲ့ ပပျောက်သွားစေရန် ရယ်ရွယ်သော အားဖြင့် ဖဲကြိုးဖြူများကို တပ်ဆင်ခြင်း၊ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ဆိုင်ရာဓာတ်ပုံများ၊ ရုပ်ပုံ ပန်းချီကားချပ်များ ချိတ်ဆွဲခြင်း၊ ပိုစတာ စာစောင်များ ဖြန့်ဝေခြင်း၊ ကျပန်းစကားပြော ပြိုင်ခြင်း၊ ဗွီဒီယို၊ ပြဇာတ်၊ တေးသရုပ်ဖော်ပြသခြင်နဲ့ နောက်ဆုံး အိမ်ပြန် လက်ဆောင်များအဖြစ် အကြမ်းဖက်မှုဆိုင်ရာ မေးခွန်းများ မေးခြင်း၊ မှန်ကန်စွာ ဖြေဆိုနိုင်သူများအား ဆုလက်ဆောင် အသီးသီး ချီးမြှင့်သွားပါကြောင်း သိရှိရပါသည်။

You received this email because you are subscribed to the real_time feed for http://nannetkhinkabyar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.