Thursday, November 27, 2008

[A Splendid Rose's . . .] 1 New Entry: My Handcrafts

My Handcrafts

ခုတလောတော့ လက်မှုပညာတွေဖြစ်တဲ့ Crystal Beading နဲ့ သိုးမွှေးတစ်ချောင်းထိုး ပညာရပ်နဲ့လုပ်တဲ့ ဂျပန် Amigurumi အရုပ်ကလေးတွေကိုပဲ စိတ်အားသန်နေတာပါပဲ။


လောလောဆယ် crystal beading အတွက်လိုအပ်တဲ့ size စုံ design စုံ swarovski crystal တွေရယ် bead space, hooks, ear ring, phone string etc တွေ ၀ယ်ရတာကတင် ၁၀၀ နည်းနည်း စွန်းနေပြီပေါ့။

Amigurumi အရုပ်ကလေးတွေကတော့ အချစ်က ပူဆာလို့ သူ့အတွက် အောက်က Pac Man series နဲ့ Mario mushroom လေးတွေ အရင်လုပ်ပေးဖို့အတွက် လိုအပ်တဲ့ ချည်၊ မျက်လုံး လုပ်ဖို့ accessories တွေ ၀ယ်ထားပါတယ်။ကိုယ့်စိတ်ကိုယ်က မျောက်စိတ်ဆိုတော့ကာ.. ဟိုဟာလေး လုပ်လိုက်၊ crystal သီလိုက်၊ အရုပ်ထိုးလိုက် ပေါ့။

လောလောဆယ် crystal နဲ့ Angle ပုံ phone charm ၄ ခု နဲ့ နားစွဲ တစ်စုံ လုပ်ထားပါတယ်။
ထပ်လုပ်မှာကတော့ လည်ဆွဲနဲ့ bracelet ပါ။ ဒီဇိုင်းရှာနေတုန်းပဲ။ ဒီဇိုင်းကို စိတ်ကြိုက်ရရင်တော့ လိုတာလေးတွေ နည်းနည်း ထပ်ဝယ်ဖြစ်ပါမယ်။

မြန်မာပြည်တုန်းကတော့ စကော့ဈေးက ပုလဲ ဆိုင်တွေမှာ ၃နာရီလောက်ကြအောင် သူငယ်ချင်းပီပီနဲ့ တူတူ ရွေးကြ သီကြ အပြန်အလှန်ကြွားကြတာတွေ လုပ်ခဲ့ဘူးတာ သတိရ ပါတယ်။

လုပ်ပြီးသား ဒီဇိုင်းလေးတွေ ဓါတ်ပုံရိုက်ပြီး တင်ရဦးမယ်။

You received this email because you are subscribed to the real_time feed for http://splendidrose.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.