Tokyo Dome သို့အလည်တစ်ခေါက်
မဗေဒါနဲ့ တွေ့ရာဝယ် မှာ မဗေဒါနဲ့ စတွေ့တဲ့အကြောင်းတော့ ရေးပြီးပြီ။ ဒီတစ်ခါ Tokyo Dome ကို ရောက်တဲ့အကြောင်း ရေးမယ်နော်။ :z
Tokyo Dome က ဝင်ကြေးမပေးရဘူးသိလား။ နှစ်ယောက်သား ခပ်တည်တည်နဲ့ ဝင်လာလိုက်တယ်။ စစချင်း တွေ့ရတာကတော့ ဖရုံသီးတွေနဲ့ အလှဆင်ထားတဲ့ အဝင်ဝပါ။ Halloween ပွဲတော်ရောက်ခါနီးပြီးမလို့ အလှဆင်ထားတာပါ။ လှတယ်ဟုတ်။ :z
ဒါလေးကတော့ အလည်လောက်ကို ဝင်လာတော့ တွေ့ရတဲ့ Halloweenလေးပါ။ သရဖူလေးတောင် ဆောင်းထားသေး။ :z ချစ်စရာလေးနော်။ ရယ်ပြနေပုံလေးက ကြောက်စရာလည်း ကောင်းဘူး။ ;) အဲဒီမျက်နှာထဲကိုဝင်ပြီး ဓာတ်ပုံရိုက်လို့ရတယ်သိလား။ :z များသောအားဖြင့်၊ ကလေးလေးတွေ ဝင်ရိုက်နေတာတွေ့ပါတယ်။ ဟိ ဟိ၊ ကလေးဆိုးကြီး နှစ်ယောက်လည်း ဝင်ရိုက်ခဲ့တယ်သိလား။ :p

ဘေးချင်းကပ်ရက်မှာ အဲဒီအရုပ်လေး သုံးရုပ်ထိုင်နေတာတွေ့လို့ သွားရောက် စပ်စုကြည့်တော့ Halloweenဝတ်စုံဝတ်ပြီး အဲဒီအရုပ်တွေနဲ့ ဓာတ်ပုံရိုက်လို့ ရတယ်တဲ့။ "ဪ၊ ဟုတ်လား။ ဒါဆို၊ ကျမတို့လည်း ရိုက်ချင်ပါတယ်" လို့ ပြောတော့ သူက "Stamp ထုပြီး လာပြပါ"....တဲ့။ Stamp လာပြရင် Halloweenဝတ်စုံနဲ့ အလကား ဓာတ်ပုံရိုက်ပေးမယ်တဲ့။ ကိုယ့် Cameraနဲ့ ကိုယ်ဆိုရင်တော့ အရုပ်နဲ့တော့ ရိုက်လို့ ရတယ်။ Halloweenဝတ်စုံတော့ ပေးမဝတ်ဘူး.....တဲ့။ :c ဟင့် ဟင့်။ Halloweenဝတ်စုံလေး ဝတ်ချင်ပါတယ်ဆိုမှ။ သူတို့က Stamp ပြမှ.....တဲ့။
ဒါနဲ့ မဗေဒါက "Stamp ရအောင် ငါတို့ လက်မှတ်သွားဝယ်ကြရအောင် "လို့ ပြောပါတယ်။ ဒီလိုနဲ့၊ လက်မှတ်ရောင်းတဲ့နေရာဆီကို ချီတက်ခဲ့တော့တာပေါ့နော်။ :z ကံကောင်းချင်တော့ ဒီနေ့က အမျိုးသမီးတွေအတွက် အထူးနေ့ဖြစ်နေပြီး ယန်း(3000)တန်လက်မှတ်ကို ယန်း(500) Discount ရပြီး ယန်း(2500)ပဲ ပေးရတယ်သိလား။ အမျိုးသမီးဖြစ်ရတာ ဒီတစ်ခါတော့ ကောင်းတယ်။ ;)
တကယ်တော့ မဗေဒါတစ်ယောက်တည်း လက်မှတ်ဝယ်တာပါ။ သတ္တိခဲ ကျမက မဝယ်ဘူး။ ;) ဟိဟိ၊ ကျမက ဘာမှ မစီးရဲဘူးလေ။ မြင်တာနဲ့တင် လန့်နေပြီ။ :y စီးလိုက်လို့ကတော့ သေသွားမလားပဲ။ :y အဲလောက် သတ္တိကောင်းတာ။ :p မဗေဒါက သူမတစ်ယောက်တည်း ဖြစ်နေလို့ အတင်းခေါ်သေးတယ်သိလား။ ကျမက "ငါသေရင် နင်တရားခံ ဖြစ်သွားလိမ့်မယ်နော်" ;) လို့ ခြိမ်းခြောက်လိုက်တော့မှ ဒါဆိုလည်း "တစ်ယောက်တည်းပဲ စီးတော့မယ် " ဆိုပြီး ဖြစ်သွားတယ်။ :z

စစချင်း စစီးတာက Thunder Dolphinပါ။ Disney Landမှာ ရှိတဲ့ အရာထက် ပိုမြင့်တယ်ဆိုပဲ။ ကျမကတော့ ကြည့်တာနဲ့တင် လန့်လို့ ဆက်မကြည့်တော့။ ;) ဒါပေမယ့်၊ သူမကို လိုက်ပို့လိုက်ပါတယ်။ အပေါက်ဝထိလေ။ :z သူမကအမှတ်တရ နဲ့ မှတ်တမ်းတင်ခိုင်းလို့ Video ရိုက်ပေးလိုက်တယ်။ ဟိ ဟိ၊ "သတ္တိခဲကြီး မဗေဒါ၊ အဆင်ပြေပါစေ။" လို့တောင် Video ရိုက်ရင်း၊ ကျန်လက်တစ်ဖက်က လက်ပြရင်း၊ ဆုတောင်းပေးလိုက်သေးတယ်သိလား။ :z
ဟိုရောက်ဒီပေါက်သွားနေတဲ့ Thunder Dolphin ကြီးက အဆောက်အဦးကြီး တစ်ခုကနေ ထွက်လာသေးတယ်သိလား။
အပေါ်ကနေ မြင်ရတဲ့ Thunder Dolphin ပါ။ :z (Big-O စီးတုန်းက မြင်ရတာလေ။) ;)

တတ်သလောက် မှတ်သလောက် Camera နဲ့ Video ရိုက်ထားတာပါ။ မဗေဒါ တင်တော့မှ သေချာ ကြည့်ကြည့်တော့နော်။ :p အခုကတော့ အမြည်းပေါ့။ :z
Tokyo Dome က ဝင်ကြေးမပေးရဘူးသိလား။ နှစ်ယောက်သား ခပ်တည်တည်နဲ့ ဝင်လာလိုက်တယ်။ စစချင်း တွေ့ရတာကတော့ ဖရုံသီးတွေနဲ့ အလှဆင်ထားတဲ့ အဝင်ဝပါ။ Halloween ပွဲတော်ရောက်ခါနီးပြီးမလို့ အလှဆင်ထားတာပါ။ လှတယ်ဟုတ်။ :z


ဘေးချင်းကပ်ရက်မှာ အဲဒီအရုပ်လေး သုံးရုပ်ထိုင်နေတာတွေ့လို့ သွားရောက် စပ်စုကြည့်တော့ Halloweenဝတ်စုံဝတ်ပြီး အဲဒီအရုပ်တွေနဲ့ ဓာတ်ပုံရိုက်လို့ ရတယ်တဲ့။ "ဪ၊ ဟုတ်လား။ ဒါဆို၊ ကျမတို့လည်း ရိုက်ချင်ပါတယ်" လို့ ပြောတော့ သူက "Stamp ထုပြီး လာပြပါ"....တဲ့။ Stamp လာပြရင် Halloweenဝတ်စုံနဲ့ အလကား ဓာတ်ပုံရိုက်ပေးမယ်တဲ့။ ကိုယ့် Cameraနဲ့ ကိုယ်ဆိုရင်တော့ အရုပ်နဲ့တော့ ရိုက်လို့ ရတယ်။ Halloweenဝတ်စုံတော့ ပေးမဝတ်ဘူး.....တဲ့။ :c ဟင့် ဟင့်။ Halloweenဝတ်စုံလေး ဝတ်ချင်ပါတယ်ဆိုမှ။ သူတို့က Stamp ပြမှ.....တဲ့။
ဒါနဲ့ မဗေဒါက "Stamp ရအောင် ငါတို့ လက်မှတ်သွားဝယ်ကြရအောင် "လို့ ပြောပါတယ်။ ဒီလိုနဲ့၊ လက်မှတ်ရောင်းတဲ့နေရာဆီကို ချီတက်ခဲ့တော့တာပေါ့နော်။ :z ကံကောင်းချင်တော့ ဒီနေ့က အမျိုးသမီးတွေအတွက် အထူးနေ့ဖြစ်နေပြီး ယန်း(3000)တန်လက်မှတ်ကို ယန်း(500) Discount ရပြီး ယန်း(2500)ပဲ ပေးရတယ်သိလား။ အမျိုးသမီးဖြစ်ရတာ ဒီတစ်ခါတော့ ကောင်းတယ်။ ;)

တကယ်တော့ မဗေဒါတစ်ယောက်တည်း လက်မှတ်ဝယ်တာပါ။ သတ္တိခဲ ကျမက မဝယ်ဘူး။ ;) ဟိဟိ၊ ကျမက ဘာမှ မစီးရဲဘူးလေ။ မြင်တာနဲ့တင် လန့်နေပြီ။ :y စီးလိုက်လို့ကတော့ သေသွားမလားပဲ။ :y အဲလောက် သတ္တိကောင်းတာ။ :p မဗေဒါက သူမတစ်ယောက်တည်း ဖြစ်နေလို့ အတင်းခေါ်သေးတယ်သိလား။ ကျမက "ငါသေရင် နင်တရားခံ ဖြစ်သွားလိမ့်မယ်နော်" ;) လို့ ခြိမ်းခြောက်လိုက်တော့မှ ဒါဆိုလည်း "တစ်ယောက်တည်းပဲ စီးတော့မယ် " ဆိုပြီး ဖြစ်သွားတယ်။ :z

စစချင်း စစီးတာက Thunder Dolphinပါ။ Disney Landမှာ ရှိတဲ့ အရာထက် ပိုမြင့်တယ်ဆိုပဲ။ ကျမကတော့ ကြည့်တာနဲ့တင် လန့်လို့ ဆက်မကြည့်တော့။ ;) ဒါပေမယ့်၊ သူမကို လိုက်ပို့လိုက်ပါတယ်။ အပေါက်ဝထိလေ။ :z သူမကအမှတ်တရ နဲ့ မှတ်တမ်းတင်ခိုင်းလို့ Video ရိုက်ပေးလိုက်တယ်။ ဟိ ဟိ၊ "သတ္တိခဲကြီး မဗေဒါ၊ အဆင်ပြေပါစေ။" လို့တောင် Video ရိုက်ရင်း၊ ကျန်လက်တစ်ဖက်က လက်ပြရင်း၊ ဆုတောင်းပေးလိုက်သေးတယ်သိလား။ :z




တတ်သလောက် မှတ်သလောက် Camera နဲ့ Video ရိုက်ထားတာပါ။ မဗေဒါ တင်တော့မှ သေချာ ကြည့်ကြည့်တော့နော်။ :p အခုကတော့ အမြည်းပေါ့။ :z
ဆက်ရန်။
မကြာမီ ၊ လာမည်။
မျှော်။ :z
မကြာမီ ၊ လာမည်။
မျှော်။ :z
You received this email because you are subscribed to the real_time feed for http://www.megumi21.com/feeds/posts/default. To change your subscription settings, please log into RSSFWD.