Saturday, November 1, 2008

[သက်တန့် ရောင်စဉ် စိတ်ကူးများ] 1 New Entry: ပြောင်းလဲမှုများ

ပြောင်းလဲမှုများ

ပြောင်းလဲမှုများဆိုလို့ ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ပါဘူးရှင်... ကျွန်မ ငယ်ငယ် ဆယ်နှစ်မကျော်ခင်လောက်တုန်းကနဲ့ အခု အရွယ်တော် တစိတ်ဟိုင်းလာတဲ့ အချိန်နဲ့ ပြောင်းလဲလာတာလေးတွေ တွေးမိသလောက် ချရေးကြည့်မလို့ပါ... ကဲ စမယ်နော်... :)

ကျွန်မ ငယ်ငယ်တုန်းကဆို မုန့်ဟင်းခါးကို အရမ်းကြိုက်တယ်... ခုထိလည်း ကြိုက်တုန်းပဲ... ဒါပေမယ့် ပြောစရာ ရှိလာတာက ငယ်ငယ်တုန်းက မုန့်ဟင်းခါးစားရင် ညှပ်ဖတ်နဲ့မှစားတာ... မုန့်ဖတ်နဲ့ဆို လုံးဝမစား... ခုတော့ မုန့်ဖတ်နဲ့ပဲ စားတော့တယ်...

ပြီးတော့ ငယ်ငယ်တုန်းကဆို ကြာဇံကြော်တို့ ကြာဇံသုတ်တို့ပဲ စားတာ... ခေါက်ဆွဲကြော် ခေါက်ဆွဲသုတ်ကတော့ နိုးပဲ... ကြာဇံပဲ ကြိုက်တယ် ဆိုပါတော့... ခုကြီးလာတော့ ကြာဇံရော ခေါက်ဆွဲရော စားတယ်...

ပဲပင်ပေါက်၊ ပဲပြား၊ ကန်စွန်းရွက် ငယ်ငယ်က မကြိုက်... ခုတော့ကြိုက်...
ငယ်ငယ်ကဆို ဘုရားပွဲဈေးတန်းမှာ ရောင်းတာတွေ အကုန်ကြိုက်ပဲ... ခုတော့ သေချာတောင် မကြည့်ဖြစ်တော့ဘူး...

ငယ်ငယ်က Power Rangers ၊ Street Fighters ၊ Teenage Mutant Ninja Turtles တို့ဆို သိပ်သိပ်ကြိုက်ပေါ့... ထွက်သမျှ ဇာတ်ကား၊ ဂိမ်း အကုန်လာထားပဲ... ခုတော့ မကြိုက်တော့ပေါင်... ပြောင်းလဲလာတာတွေလေ... အင်း Tom and Jerry ကာတွန်းကားတွေတော့ ခုထိကြိုက်သေးတယ်... ကာတွန်းကား တော်တော်များများကိုလည်း ခုထိကြည့်တုံး ကြိုက်တုံးပဲ... ဘယ်အချိန်ကျ မကြိုက်တော့ဘူး ဖြစ်မလဲမသိ...

ဒီလို နှစ်ကာလ အကြာကြီးတုံးက ကြိုက်ခဲ့တာနဲ့ ခုကြိုက်တာနဲ့ မတူတော့တာကို မပြောနဲ့ဦး... ခုလပိုင်းအတွင်းကို အကြိုက်ပြောင်းသွားတာ တစ်ခုကတော့ ဖိနပ်ပဲ... အရင်တုံးက အပြင်တွေဘာတွေ သွားလို့ ဖိနပ်ဆိုရင် ခြေထောက်အောက်မှာ တစ်လက်မခွဲ နှစ်လက်မလောက် မရှိရင် မ၀တ်ဘူး... စိတ်ထဲမှာ ပုနေသလိုလို စမတ်မကျသလိုလို ဘာလိုလိုပေါ့... ခုအတောအတွင်းတော့ ဖိနပ်ဝယ်မယ် ကြည့်လိုက်တိုင်း ဖိနပ်ပါးပါးတွေပဲ မျက်စိထဲမှာ သဘောကျကျနေပြန်ရော... ကဲ မခက်ဘူးလားကွယ်ရို့...

You received this email because you are subscribed to the real_time feed for http://www.yellowish-rainbow.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.