Tuesday, November 25, 2008

[Burma ( The Power of People)] 4 New Entries: အင်တာနက်သုံးစွဲသူတွေရဲ့  စာရိုက်တာ ကြည့်ရှူတာမှန်သမျှကို key logger သုံးပြီး ခိုးမှတ်နေတာကို စစ်ဆေးဖေါ်ထုတ်ခြင်း။

အင်တာနက်သုံးစွဲသူတွေရဲ့  စာရိုက်တာ ကြည့်ရှူတာမှန်သမျှကို key logger သုံးပြီး ခိုးမှတ်နေတာကို စစ်ဆေးဖေါ်ထုတ်ခြင်း။

အင်တာနက်သုံးစွဲသူတွေရဲ့  စာရိုက်တာ ကြည့်ရှူတာမှန်သမျှကို key logger သုံးပြီး ခိုးမှတ်နေတာကို စစ်ဆေးဖေါ်ထုတ်ခြင်း။




















အင်တာနက်သုံးစွဲသူတွေရဲ့  စာရိုက်တာမှန်သမျှကို key logger သုံးပြီး ခိုးမှတ်နေတဲ့ mmcybernet ၀က်ဆိုဒ်ကို စစ်ဆေးကြည့်တဲ့အခါမှာ ဒီဝက်ဆိုဒ်ကို ကြီးကြပ်နေတဲ့ administrator တွေဟာ ဒီဝက်ဆိုဒ်ထဲမှာ လာရောက်ပြီး register လုပ်ကာသုံးစွဲနေသူတွေရဲ့  စာရေးသားမှုတွေ၊ သွားရောက်ကြည့်ရှူတဲ့ အင်တာနက်စာမျက်နှာတွေကို keylogger သုံးပြီးမှတ်ထားတာကို စစ်ဆေးတွေ့ ရှိရလို့  အဲ့ဒီ ၀က်ဆိုဒ်ကို ရပ်တန့် အောင် လုပ်လိုက်ပြီး သတိပေးစာကို အောက်ပါအတိုင်း ရေးသားထား တွေ့ ရှိရပါတယ်။

နောက်နောင် ဒီလိုမျိုး အင်တာနက်သုံးစွဲသူတွေရဲ့  မှတ်တမ်းကို ခိုးကြည့်တာတွေလုပ်မယ်၊ ခိုးမှတ်ထားတာတွေလုပ်မယ်ဆိုရင် အခုလိုမျိုး ဒဏ်ခတ်ခံရမယ်လို့  သတိပေးထားပါတယ်။

ဒီလို စစ်ဆေးကြည့်ရှူပြီး ဒဏ်ခတ်ဆောင်ရွက်သူတွေကတော့ ကိုယ်ရေးကိုယ်တာမှတ်တမ်းများကို စောင့်ရှောက်ကာကွယ်သူများအဖွဲ့ လို့  ခေါ်ဆိုလို့ ရတဲ့ "Privacy Lover Team" အမည်နဲ့  မည်သူမည်ဝါတွေဆိုတာ မဖေါ်ပြထားတဲ့ အဖွဲ့ တစ်ခု ဖြစ်ပါတယ်။



















ဒီလို စစ်ဆေးတွေ့ ရှိရတဲ့ mmcybernet ရဲ့  Admin List ကို ၄င်းတို့ ရဲ့  IP address လိပ်စာများကို ဆက်လက်ကြည့်ရှူတဲ့အခါမှာ နေရာ (၃) ခု ပါဝင်ပတ်သက်နေတာ တွေ့ ရှိရပါတယ်။

ပထမတစ်ခုကတော့ - 203.81.166.10 က ပုဂံနက် (Bagan Cybertech Teleport) ရန်ကုန်က ဖြစ်ပါတယ်။

ဒုတိယတစ်ခုကတော့ - 220.255.7.248 က စင်နက် (SingNet Pte Ltd) စင်ကာပူက ဖြစ်ပါတယ်။

တတိယတစ်ခုကတော့ - 213.85.146.5 က အေဗွီကေ (AVK-Systems Ltd) မော်စကိုမြို့ ၊ ရုရှနိုင်ငံက ဖြစ်ပါတယ်။
























ဒီလိုမျိုး အင်တာနက်သုံးစွဲသူတွေရဲ့  မှတ်တမ်းများကို မသိအောင် ခိုးပြီးမှတ်သားတာဟာ ပြည်တွင်းရော နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်တာပါ။ ဒီလို ကိုယ်ရေးကိုယ်တာမှတ်တမ်းတွေကို ခိုးယူမှတ်သားတဲ့ လုပ်ဆောင်ချက်တွေမှာ ပါဝင်ပတ်သက်တဲ့သူတွေဟာလည်း ပြစ်မှူကျူးလွန်တဲ့သူများအဖြစ် အကျူံးဝင်ပါတယ်။

အထူးသဖြင့် မြန်မာပြည်မှာ အင်တာနက်ဥပဒေနဲ့  ကိုယ်ရေးကိုယ်တာမှတ်တမ်းများ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး ဥပဒေများကို ဖောက်ဖျက်ကျူးလွန်သူများဟာ နအဖကိုယ်တိုင်က စဖောက်ဖျက်ကျူးလွန်တာ ဖြစ်ပါတယ်။ ဒီ့အတွက် Electronics Act ဥပဒေတို့  Internet Act ဥပဒေတို့ နဲ့  ထောင်ချရမယ်ဆိုရင် နအဖတွေကို ထိပ်ဆုံးကနေ အပြစ်ပေးရမှာ ဖြစ်ပြီး၊ ယခုလို ကျူးလွန်ဖောက်ဖျက်တဲ့ mmcybernet ရဲ့  administrators တွေကိုလည်း ပြစ်ဒဏ်ပေးရမှာ ဖြစ်ပါတယ်။

ကိုရီးယားက မြန်မာ့အရေး ဆန္ဒပြပွဲ (နိုဝင်ဘာ ၂၃ ရက်၊၂၀၀၈၊ ဆိုးလ်မြို့၊ ကိုရီးယား)။



(Burma Today မှ သတင်းဗွီဒီယိုအား ပြန်လည်ဖေါ်ပြပြီး၊ ပေးပို့ လာသူ ကိုရန်နိုင်ထွန်းအား ကျေးဇူးတင်ရှိပါသည်)။

ပြည်သူတွေ သတ္တိရှိကြစေချင်တဲ့ ဇေယျာသော်ရဲ့  မေတ္တာရပ်ခံချက်စကား။ (မတရား အမိန့် မချခံရခင် ၁၀ မိနစ်အလိုတွင် ပြောကြားတာပါ)။












(၈၈) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့  ကျင်းပခြင်းနှင့် နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေး ဆုတောင်းပွဲ ကျင်းပခြင်း။

You received this email because you are subscribed to the real_time feed for http://niknayman-niknayman.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.