Tuesday, November 25, 2008

[အမိမြေသို့  ကျေးဇူးဆပ်ခြင်း] 1 New Entry: ဂုဏ်သိက္ခာနဲ့ ခွပ်ဒေါင်းများ။

ဂုဏ်သိက္ခာနဲ့ ခွပ်ဒေါင်းများ။


လောကကြီးထဲ
တချို့ လူက ဆင်းရဲ၊ တချို့ လူက ချမ်းသာ
တချို့ လူက လှ၊ တချို့ လူက ရုပ်ဆိုး
တချို့ လူက ကံကောင်း၊ တချို့ လူက ကံဆိုး
တချို့ လူက တော်၊ တချို့ လူက ညံ့
တချို့ လူက အမျိုးမြတ်၊ တချို့ လူက ယုတ်ညံ့
တချို့ လူက စိတ်ထားမသန့် ၊ တချို့ လူက မြင့်မြတ်
တချို့ လူက အာဇာနည်၊ တချို့ လူက တကိုယ်ကောင်းဆန်သည်။
တချို့ လူက သနား၊ တချို့ လူက ရက်စက်အား

ဒီလိုဆန့် ကျင်ဘက် လူတွေကြား
ဓမ္မနဲ့ အဓမ္မ
အဖြူနဲ့  အမဲ
တွဲ မနေနိုင်တာ အပြစ်လား.
ဆီနဲ့ရေ ကွဲပြားတာ အပြစ်လား။

ဒို့ တွေဟာ ဆင်းရဲချင် ဆင်းရဲမယ်။
အကျင့်သိက္ခာမှာ မဆင်းရဲဘူး။

ဒို့ တွေဟာ နိမ့်ကျချင် နိမ့်ကျမယ်။
စိတ်ဓါတ်ခွန်အားမှာ ဒူးမထောက်ဘူး။

ဒို့ တွေဟာ အေးဆေးရင် အေးဆေးမယ်။
လောင်တဲ့မီးကိုတော့ သတ်နိုင်ကြတယ်။

ဒို့ တွေဟာ လူသတ်ရဲချင်မှ လူသတ်ရဲမယ်။
မတရားတာတွေ့  အသက်စတေးရဲတယ်။

ပါးစပ်ပြော အမျိုးချစ်တဲ့သူတွေ မဟုတ်ဘူး။
မွေးရာပါ အမျိုးဂုဏ်ကို သေထိ ထိမ်းကြတယ်။
ဂုဏ်သရေရှိ အယောင်မဆောင်တဲ့ ဂုဏ်သရေရှိဖြစ်တယ်။

နာကြင်တဲ့ခံစားမှု ဂရုဏာနဲ့ ကုတတ်တယ်။
ဖိနှိပ်တဲ့ ရက်စက်မှု ဒို့ စာနာမှုရှိတယ်။
မတရားတဲ့ခေါင်းပုံဖြတ်မှု တွန်းလှန်ဖို့ သတ္တိရှိတယ်။

ဒို့ တတွေဟာ ခွပ်ဒေါင်းတွေ..
နှိပ်စက်မှုကြောင့် ဘ၀တွေကြေ.
သတ်ဖြတ်မှုကြောင့် အသက်ကြွေကြွေ
ညှင်းပန်းမှုကြောင့် တောင်ပံကျိုးကြေ
မတရား ဖိနှိပ် ခန္ဓာ နွမ်းခွေ
တိုက်ရင်းခိုက်ရင်း..အရောင်ပျက်စေ..
ဒေါင်းဟာ ဒေါင်းဘဲ
သေသည်ထိ အားအင်မွေးဆဲ
အသက်ပေးတောင် ဝိညာဉ်ကျန်မြဲ
ဆက်တိုက်ဆဲလေ။

အာဏာရှင်လူယုတ်လို
ဂုဏ်သိက္ခာအရောင် မမွဲ..
နှလုံးသားအရောင် မမည်း.
ဘ၀ကို ဂုဏ်သိက္ခာအရောင်တင်
ဂုဏ်သိက္ခာရှိရှိဘဲ နေချင်တယ်။
ဂုဏ်သိက္ခာရှိရှိဘဲ သေချင်တယ်။

မသဒ္ဓါ ( ၁၁။၂၃။၂၀၀၈)

You received this email because you are subscribed to the real_time feed for http://thadar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.