Monday, November 10, 2008

[:: My Little World ::] 1 New Entry: သစ်သီးစားသော နေ့ များ

သစ်သီးစားသော နေ့ များ

မနေ့ က ဈေးဆိုင်ရောက်တယ်။ အသီးတွေ အများကြီးတွေ့ တယ်။ အသီးတွေ ကြည့်ရတာ အရုပ်တွေ ကြည့်ရသလိုပဲ စိတ်ချမ်းသာတယ်။ လူမသိအောင် ဓာတ်ပုံရိုက်တယ်။ ဖုန်းပြောလိုက်၊ ဓာတ်ပုံရိုက်လိုက်နဲ့  အဲ့ဒီ သစ်သီးတွေနားမှာ အတော်လေးကြာသွားတယ်။ ဒါတောင် လူသိပ်မလစ်တာနဲ့  ရှိသမျှ သစ်သီး အကုန် ဓာတ်ပုံမရိုက်ခဲ့ရဘူး။ စားဖို့  အသီး တချို့  ၀ယ်လာတယ်။ ဒီရက်ပိုင်း ညစာကို ထမင်းမစားပဲ ၀ယ်လာတဲ့ အသီးတွေပဲ စားဖြစ်တယ်။




သြဇာသီးကြီးတွေက အကြီးကြီးတွေပဲ။ နှင်းသီးတွေကလည်း လှတယ်။ ၀ယ်ချင်တာက အားလုံးပဲ။ တစ်ယောက်တည်း ဘယ်လိုမှ စားကုန်မှာ မဟုတ်တော့ စားချင်တဲ့ အသီး ၃-၄ မျိုးကို နည်းနည်းစီပဲ ၀ယ်လာလိုက်ရတယ်။ ရန်ကုန်မှာ တစ်အိမ်လုံးစာ ဈေးဝယ်နေကြမို့ လားမသိဘူး တစ်ခုခု ၀ယ်မယ်ဆို များများ ၀ယ်ရမှ ကျေနပ်တယ်။ ဟိုတစ်ယောက်ကို သတိရတယ်။ သူ နဲ့  သာဆို ကိုယ်ဝယ်သမျှ သူအကုန် စားပေးမှာ သေချာတယ်။

ပုံသေးသေးလေးတွေ ကြည့်ရတာ အားမရလို့  နည်းနည်းကြီးတာတွေ ကြည့်ချင်တယ်ဆို အပေါ်က လင့်ကို နှိပ်ပြီး ကြည့်လို့ ရတယ်။ စားချင်တယ် ဆိုရင်တော့ အိမ်လာစား။ ဒါပေမယ့် နည်းနည်းပဲ ကျန်တော့တယ်။ ဒီနေ့  ၀ယ်ထားသမျှ ကုန်အောင်စားမယ် ဆုံးဖြတ်ထားပါတယ်။

You received this email because you are subscribed to the real_time feed for http://naynaynaing.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.