Monday, November 10, 2008

[We Fight We Win. -- " More than Media "] 4 New Entries: သန်းရွေ လူတွေ မိုက်ရိုင်း နေပြီ

သန်းရွေ လူတွေ မိုက်ရိုင်း နေပြီ


မင်းကိုနိင်နဲ့  ကျောင်းသားခေါင်းဆောင်တွေကို သန်းရွေ လက်ကိုင်ဒုတ်ထောင်ဝါဒါများက မအူပင်ထောင် မှာ ရိုက်နက်ခဲ့တယ်လို့ သိရပါတယ်။ ကျောင်းသား ခေါင်းဆောင် ကိုးယောက်စလုံးကို မအူပင်ထောင်ရောက်ရောက်ခြင်းမှာ ၀ါဒါ များက ၀ိုင်းဝန်းရိုက် နက်ခဲ့ကြတယ်လို့ သိရပါတယ်။ ထိခိုက် ဒဏ်ရာရရှိ မှု ကိုအသေးစိတ်မသိရသေးပါ။

အကြမ်းဖက်သမား ၃ ဦးကို အင်ဒိုနီးရှား အစိုးရ သေဒဏ်ပေး













-ကိုကိုအောင်(ဂျာကာတာ)-

လွန်ခဲ့တဲ့၂၀၀၂ခုနှစ်ကအင်ဒိုနီရှားနိုင်ငံဘာလီမြို့ည-ကပွဲရုံကိုအကြမ်းဖက်ဗုံးဖောက်ခွဲခဲ့မှုနှင့်ပက်သက်ပြီး၊
ဖေါက်ခွဲရေးသမား
(၃)ဦးကိုပြစ်မှုထင်ရှားသဖြင့်အင်ဒိုနီရှားအစိုးရ၏တရားဥပဒေဆုံးဖြတ်ချက်အရသေနတ်နှင့်ပစ်သက်ပြီးကွပ်မျက်လိုက်ပါပြီ။
ဒီလိုကွပ်မျက်ခဲ့မှုကြောင့်အစ္စလာမ်အစွန်းရောက်သူတွေနှင့်သူတို့(၃)ဦးကိုထောက်ခံသူအစ္စလာမ်အယူအဆပြင်းထန်သူတွေက
ပြန်လည်လက်တုန့်ပြန်လာနိုင်တယ်လို့အင်ဒိုနီရှားအစိုးရကပြည်သူတွေကိုသတိပေးထားပြီး၊နိုင်ငံခြားသံရုံးတွေနှင့်ဂျာဗားကျွန်း
လူစည်းကားရာနေရာတွေမှာလုံခြုံရေးတွေကိုတိုးမြင့်ချထားပါတယ်။လွန်ခဲ့တဲ့၆နှစ်ကဖြစ်ပွားခဲ့တဲ့အကြမ်းဖက်ဗုံးဖောက်ခွဲခဲ့မှုကြောင့်
သြစတေးလ်လီးယားလူမျိုး၈၈ယောက်အပါအ၀င်နိုင်ငံခြားသား၁၆၀ကျော်၊စုစုပေါင်းအပြစ်မဲ့ပြည်သူစုစုပေါင်း၂၀၂ယောက်သေဆုံးခဲ့ရပါတယ်။

အင်ဒိုနီရှားရောက်မြန်မာလူမျိုးများအသွားအလာသတိပြုကြပါ။



နယူးယောက်မြို့ မှာ စာပေဟောပြောပွဲ ကျင်းပမယ်။ မိတ်ဆွေ တို့ အားလုံးကိုဖိတ်ခေါ်ပါတယ်။



အသေးစိတ်ကို ပိုစတာ များကို ကလစ်လုပ်ကြည့် ပါ။




Summary

Rest of your post

ဘင်္ဂလားဒေ့ရှ် တပ်မတော် နယ်စပ်စစ်အင်အားတိုးမြှင့်ချထား

ဘင်္ဂလားဒေ့ရှ် တပ်မတော်မှ မြန်မာ နယ်စပ်တွင် ထပ်မံအင်အားဖြည့် တပ်များ ချထားပြီဖြစ်သည်။
ထိုသို့ အင်အားတိုးမြှင့်ချထားသော်လည်း နိုဝင်ဘာ ၁၆ ရက်နှင့် ၁၇ ရက်များတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ
ဒက်ကာမြို့တွင် ထိုကိစ္စနှင့်ပတ်သက်၍ မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်သည်။


ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ပြသာနာ ( ကြားဖြတ်သတင်း)

အေပီ -
ဘင်္ဂလားဒေ့ရှ် က မြန်မာ နယ်စပ်ကို မျက်စေ့တောက်ထောက်ကြည့်  နေပြီး၊ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်တွေ့ ကိုတပ်လှန့် ထား တယ်လို့ သိရတယ်။ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် အရာရှိ အေ-ကေ- အမ် နယူလ် ဘာဟာ က မြန်မာတပ်တွေ နယ်စပ်မှာ တိုးချဲု့ ချလာတယ်လို့ ပြောပါတယ်။ စိုးရိမ်ရတဲ့အနေထားမှာတော့ မရှိသေးဘူးလို့ ပြောတယ်။ ဘင်္ဂလားဒေ့ရှ် က သူတို့ နယ်နမိတ်လို့ ကြေညာချိန်မှာ မြန်မာကတော့ မှန်းယွင်းစွာ ကြေညာတယ်လို့  တုန့် ပြန် ခဲ့တယ်။

You received this email because you are subscribed to the real_time feed for http://komoethee.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.