Monday, November 10, 2008

[MONYWA INFO CITY] 1 New Entry: ကွန်ပျူတာကို ဘယ်လို ကိုင်တွယ် ထိန်းသိမ်းမလဲ?

ကွန်ပျူတာကို ဘယ်လို ကိုင်တွယ် ထိန်းသိမ်းမလဲ?

တစ်နေ့ကပေါ့ နယ်ကသူငယ်ချင်းတယောက် မျက်နှာငယ်လေးနဲ့ ကျနော့်ဆီကို ရောက်လာတယ်. `` ပန်တျာရေ.. ခဏထိုင်ဦးနော်လို့´´လှမ်းပြောပီး.ကျနော် စာဆက်သင် နေလိုက်တယ်.
ကဲပြောဘာကူညီရမလဲ..သိတယ်လေ.ဒီကောင် အိမ်ထောင်ကျပီးကတည်းက အလုပ်ကိစ္စရှိမှ အကူညီလိုမှ အနော့်ဆီကို လာတော့တာမို့..
``ငါ့ လက်တော့ပ်လေးတော့ ပျက်ပီထင်ပါတယ်ကွာ.. ကြည့်ပေးပါဦး´´
`` အေးအေး ခဏနေရင် ဖျက်ပေးပါ့မယ်´´ ရတယ် လက်တော့ဖျက်တာ ပေါက်ဆိန်မလိုပါဘူး..သူငယ်ချင်းရယ်..
``……………………´´´…………….````………………………´´´´……```……………….´´
ဒီလိုနဲ့ ဟိုပြောသည်ပြောနဲ့ သူ့လက်တော့လေးကို ဖျက်ကြည့်လိုက်တော့ ..ဟိုက်! ကျနော်တောင် ဖျက်စရာမလိုတော့ဘူး.. ဟာ့ဒစ်က ဂန့်နေပီလေ..ဘယ်လိုဖြစ်ရတာလည်းပေါ့..၀ယ်ထားတာမှ မကြာသေးဘူးလေ… ( အာမခံတော့ မရှိတော့ပါဘူး) ။ အမှန်ဆို မပျက်သင့်သေးဘူးလေ.. ဒါနဲ့.
သူငယ်ချင်းရေ.မင့် ဟာ့ဒစ်လေးတော့ ဂိန် နေပီပေါ့.. ဘယ်လိုလုပ်လိုက်လည်းမေးတော့လည်း ဘာမှလုပ်ပါဘူးတဲ့ ဘယ်လိုကိုင်တွယ်လည်းပေါ့ ဆက်မေးတော့ ဒီလိုပဲကိုင်တာပါပဲပေါ့. ဆက်မေးကြည့်တော့ အဖြေပေါ်လာတယ်လေ..စက်မှအပြစ်မရှိဘူးထင်တာပဲကွ..မင်းကိုင်တွယ်တာ နည်းလမ်းမကျလို့..ညှာညှာတာတာ ကိုင်မှပေါ့ကွ.. ။ ကွန်ပျူတာသုံးနေတဲ့လူတိုင်း ကိုယ့်ကွန်ပျူတာလေး ပျက်သွားမှာတော့ အားလုံးကြောက်တယ်.ဒါပေမယ့် မပျက်အောင် ဘယ်လို စနစ်တကျ ကိုင်တွယ်ရမယ်ဆိုတာကိုတော့ မလေ့လာကြဘူးကွ. အကြံပေးမယ်သူငယ်ချင်း…(မင့်ကွန်ပျူတာလေး အသက်ရှည်စေချင်ရင်ပေါ့)

၁။ U.P.S ခံသုံးပေါ့။
( မီးက လာလိုက်ပျက်လိုက်နဲ့မို့လား.. ဟီး.. မလာလိုက် ပျက်လိုက်လားသိဘူးနော်။ ကျနော်တို့ ကွန်ပျူတာလေးတွေခမျာ. အလုပ်လုပ်ရတာအရမ်းပင်ပန်းတယ်နော်.. တစက္ကန့် အတွင်းမှာပဲ သန်းနဲ့ချီပြီး လုပ်ရတာလေ.. အဲလို အရှိန်ပြင်းပြင်းနဲ့လုပ်နေရင်း မီးပျက်လို့ စက်ထိုးရပ်သွားရင်.ဘာဖြစ်မယ်ထင်လဲ.
အရှိန်ပြင်းပြင်းမောင်းလာတဲ့ ဆိုင်ကယ်လဲကျတော့ဘာဖြစ်လဲ.. အဆိုးဆုံးဆို သေနိုင်တယ်.ကံကောင်းရင်. ကျိုးမယ်. ဒီထက်ကံကောင်းလို့ ဘာမှ မဖြစ်ဘူးပဲထားပါတော့ ခရီးတော့ ကြန့်ကြာလိမ့်မယ်လေ.
ဒီအတိုင်းပဲဗျာ..ခင်ဗျားကွန်ပျူတာလေးလည်းကံမကောင်းရင် ဂျောင်းသွားနိုင်တယ်.. ကံကောင်းရင် နည်းနည်းပါးပါး ပဲပျက်မှာပေါ့.. ဘာမှ မပျက်ဘူးထားပါ. ခင်ဗျားရဲ့ အလုပ်တွေကို အစက ပြန်စရတော့မယ်လေ.. ဟုတ်ဘူးလား.
ကဲ … ခုနက ဆိုင်ကယ် ရှေ့မှာ အန္တရယ်မြင်ရင် အရှိန်လျော့ စက်ရပ် ဘာမှမဖြစ်တော့ဘူးပေါ့.ဘေးကင်းတယ်လေ . ခုလည်း U.P.S လေးတပ်ထားရင် မီးပျက်ရုံနဲ့ စက်က ထိုးရပ်မသွားဘူးဗျ..မီးပျက်ပီဆိုပီး အချက်ပြလိမ့်မယ်..ခုနကလို ခင်ဗျားရဲ့ အလုပ်လေးတွေ အရှိန်လျော့ စနစ်တကျ စက်ကို ပြန်ပိတ်လိုက်ရင်.. အေးဆေးပေါ့။
၂။ ငြင်ငြင်သာကိုင်ပါ ကိုကိုရယ်..
ခင်ဗျားရဲ့ ကွန်ပျူတာလေး အလုပ်စလုပ်ပီဆိုတာနဲ့ System ပုန်းကို ငြိမ်ငြိမ်လေးထားပါ။ ဆိုလိုတာက မလှုပ်နဲ့လို့ပြောချင်တာ.. ကွန်ပျူတာ အလုပ် လုပ်နေတဲ့ အချိန်တိုင်းမှာ ဘာပစ္စည်းမှ သွားမတပ်လိုက်နဲ့
(USB Port ကလွဲရင်) တချို့ စက်ကိုင်တာတွေအရမ်း ကြမ်းတယ်ဗျာ..၀န်ထမ်းတွေက ကိုယ့်စက်ဟုတ်ပါဘူးဆိုပီး ကြမ်းကြမ်းတမ်းတမ်း ကိုင်တာရှိသလို Service လိုက်လုပ်နေတဲ့ ပညာရှင်ဘွဲ့ ကိုယ့်ဖါသာကိုယ် ယူထားတဲ့ ပေါက်စလေးတွေ စည်းကမ်းမရှိကိုင်တွယ်နေတာ နေရာတကာမှာ မြင်နေရတော့. သနားလိုက်ပါဘိ.. ကျနော်ချစ်သောကွန်ပျူတာလေးတွေ .. ဘယ်ခံနိုင်မလဲဗျာ.. စက်ကြီးဖွင့်လျှက်နဲ့ System ပုန်းကြီး မလို့ မ. ရွေ့လို့ ရွေ့ . I.D.E ကြိုး ဖြုတ် တပ် လုပ်လို့ လုပ်. CD-Drive တွေ တပ်လို့ တပ်.. လျှပ်စစ်ပစ္စည်းတွေလေ..သူတို့ကို ဖြုတ်တပ်လုပ်ချင်ရင်.စက်ကို ခဏ ပိတ်လိုက်ဦးပေါ့..ဟုတ်ဘူးလား.။ ခင်ဗျားသိပါတယ်..အပျင်းကြီးလို့ မလိုက်နာတာ..အေးခင်ဗျား အိတ်ထဲမှာ ပိုက်ဆံထားစရာ မရှိအောင်ချမ်းသာရင်တော့ ခင်ဗျားကြိုက်သလိုလုပ်ပေါ့။
၃၊ Antivirus ကို မှန်မှန် Update လုပ်ပါ။
ဟုတ်တယ် အရင်တုန်းကတော့ ဗိုင်းရပ်စ် ဆိုတာ ကိုယ်နဲ့ မဆိုင်သလိုနေခဲ့ကြတာပဲ.ခုတော့ အဲလိုနေလို့ဘယ်ရပါတော့မလဲ. .. ဓါတ်ပုံလေးတွေ ဘာလေးတွေအစ အင်တာနက်က ဒေါင်းလုပ် ဖိုင်တွေ အဆုံး သယ်ယူပို့ဆောင်ရေးလွယ်ကူတယ်လေ.။ ဖိုင်လေးတွေ သယ်ယူရတာ မြန်သလို ဗိုင်းရပ်စ် သယ်ယူပို့ဆောင်ရေးမှာလည်း မြန်သဗျ.. ကဲဒါဆို မသုံးပဲနေမလား..ဒီလိုလဲ ဟုတ်သေးဘူးလေ။
ဒါလေးတွေ လိုက်နာလိုက် ဗိုင်းရပ်စ် ကင်းစင် ပြုံးပျော်ရွှင် ဖြစ်စေရမယ်..
သူငယ်ချင်းမင့်ရဲ့စက်မှာ.
Autorun Killer တင်ထားပါ။
နာမည်လည်းရ.အလကားလည်း ရတဲ့ AntiVirus တခုခု တင်ထားပေးပါ( ဘယ်ဟာ အကောင်းဆုံးပါလို့ ကျနော် မပြောရဲဘူး.. အကြံပေးရုံဆိုရင်တော့ Kaspersky (ကက်စ်ပါစကီး) မဆိုးဘူး။ ဒါပေမယ့် ဘယ်လောက်ကောင်းကောင်း Update မှန်မှန်မလုပ်ရင် အလကားပဲဗျ။
၎။ သန့်ရှင်းသပ်ရပ်စွာ နေထိုင်ပါ။
ဟုတ်တယ်ဒီကိစ္စကလည်းအရေးကြီးတယ်..ခင်ဗျားရဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် နေ့စဉ်ရေချိုးသလို.. ခင်ဗျားကွန်ပျူတာလေးကိုလည်း သန့်ရှင်းရေးလေး ပုံမှန်လုပ်ပေးပေါ့( ရေတော့ချိုးပေးနဲ့နော်) System ပုန်းထဲမှာ ဖုန်တွေဘာတွေဝင်နေမယ်.. ဒါဆို စက်က လေ၀င်လေထွက် မကောင်းတော့ အလုပ်ကောင်းကောင်းလုပ်နိုင်တော့ဘူးလေ.ခင်ဗျားတယောက် အခန်းကျဉ်းထဲမှာ အသက်ရှုမ၀ရင် အနေရခက်သလိုပေါ့ဗျာ..။မော်နီတာ.ကီးဘုတ်. မောက်စ် အကုန်လုံး သန့်ရှင်းရေးမကြာမကြာလုပ်ပေးရတယ်..
နောက်ပီး သန့်ရှင်းရေး Software လေးတွေကိုလည်း သုံးရမယ်.ဥပမာ Ccleaner လိုပေါ့။ လိုအပ်ရင် Reg- Cleaner ကိုလည်းသုံးရမယ်။
ကဲဗျာ နေလို့လည်း သိပ်မကောင်းဘူး.ဒီထက်ပိုသိချင်ရင်.. MONYWA INFO CITY မှာ A+ သင်တန်းသွားတက် လိုက်တော့..အဲဒီသင်တန်းက အတော်ကောင်းဆိုပဲ ( ဟီး….. )။

You received this email because you are subscribed to the real_time feed for http://aungsan.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.