Monday, November 10, 2008

[xinyaw13] 1 New Entry: SG DBSဘဏ် ၀န်ထမ်း၉၀၀လျော့ချ DBS to lay off 900 staff by end Nov!

SG DBSဘဏ် ၀န်ထမ်း၉၀၀လျော့ချ DBS to lay off 900 staff by end Nov!

မနေ့ညက သူငယ်ချင်းပို့လာတဲ့ သတင်းကို ဖတ်ပြီး မြန်မာလို နားလည်သလောက် ပြန်ရေးပြီး မျှလိုက်ပါတယ်...
အမေရိကန်စီးပွားရေး ကျဆင်းနေတာနဲ့တဆက်တည်း စင်ကာပူမှာလည်း စီးပွားရေးလုပ်ငန်းတွေ ကျဆင်းနေတာ တော်တော်များများ ကြားကြလိမ့်မယ်လို့ ထင်ပါတယ်... အဲဒီဂယက်နဲ့ ဆက်စပ်ပြီး လုပ်ငန်းတစ်ချို့မှာလည်း အလုပ်မှရပ်နားမှုတွေ လုပ်နေတာလည်း ကြားနေရသလို... ကျနော် သူငယ်ချင်းတစ်ချို့လည်း ကိုယ်တိုင်ခံစားသွားရပါတယ်...
မြန်မာနိုင်ငံမှ စင်ကာပူကို လာပြီး အလုပ်အကိုင်ရှာဖွေဖို့ ပြင်ဆင်နေသူတွေ၊ လက်ရှိအလုပ်မှ ပြောင်းရွှေ့ဖို့ စဉ်းစားနေသူတွေ အတွက် ဘာတွေ လုပ်သင့်တယ်ဆိုတာ စဉ်းစားနိုင်ရအောင် မျှဝေလိုက်ပါတယ်...

တလောက ရေဒီယို သတင်းမှာ စင်ကာပူ ဘဏ္ကာရေးတာဝန်ရှိသူ တဦးကလည်း... လာမဲ့ ၂၀၀၉ ခုနှစ်ဟာ ယခုနှစ်ထက်ပို ပိုဆိုးရွားနိုင်တယ်လို့ ပြောတာကို နားထောင်လိုက်ရပါတယ်... စလုံးနိုင်ငံသားများကိုလည်း အဲဒီအကျပ်အတည်းကို ရုပ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ထားသလို စိတ်ပိုင်းဆိုင်ရာ အရလည်း ပြင်ဆင်ထားဖို့လိုကြောင်းလည်း ပြောသွားပါတယ်.... အဲဒီ ဂယက်ရဲ့ ရိုက်ခတ်မှု တစိတ်တပိုင်းကို အောက်က သတင်းမှာ မြင်နိုင်ပါတယ်...

ဇင်ယော်၁၃


News
စင်ကာပူနိုင်ငံရဲ့ အကြီးဆုံးဘဏ်ဖြစ်တဲ့ DBS bank ဟာ ဒီနိုဝင်ဘာလအကုန်မှာ သူ့ရဲ့ဝန်ထမ်း ၉၀၀ ကို အလုပ်မှရပ်နားမယ်လို့ ကြေညာသွားပါတယ်။ ဒီဘဏ်ဟာ အရှေ့တောင်အာရှရဲ့ အကြီးမားဆုံးဘဏ်တွေထဲမှာလည်း တခုအပါအ၀င်ဖြစ်ပါတယ်။ DBS Bank ရဲ့အဆိုအရ ယခုအလုပ်သမားလျော့ချမှုဟာ စင်ကာပူနဲ့ ဟောင်ကောင်မှာ အဓိကဖြစ်ပါလိမ့်မယ်။

ဒီသောကြာနေ့မှာ ပြုလုပ်ခဲ့တဲ့ ကုမ္ပဏီ ကိုးလပတ်ရလဒ်များကိုထုတ်ပြန်တဲ့သတင်းစာရှင်းလင်းပွဲမှာ DBS Group ရဲ့ စီအီးအို ရစ်ချတ် စတန်လေက ယခုတကြိမ်အလုပ်သမားလျော့ချမှုဟာ အများဆုံး ဖြစ်ပြီး စုစုပေါင်း ၀န်ထမ်းအရေအတွက် ရဲ့ ၆ ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။

လုပ်သားလျော့ချမှုဟာ ကုမ္ပဏီရဲ့ စီးပွားရေးလုပ်ငန်းအားလုံးနဲ့ ရာထူးအားလုံး မှာ ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။

အလုပ်မှ ရပ်နားခြင်းခံရတဲ့ ၀န်ထမ်းတွေကို ဈေးကွက်လုပ်ထုံးနဲ့အညီ တာဝန်ထမ်းဆောင်ခဲ့တဲ့ တစ်နှစ်စီအတွက် တစ်လစာလခကို ပေးမယ်လို့ ဆိုပါတယ်။

DBS မှ ယခု လုပ်သားလျော့ချမှု ကလွဲလို့ နောက်ထပ် ပြုလုပ်မှာ မဟုတ်ကြောင်း ကြေညာခဲ့ပြီး လစာလျော့ချမှု ပြုလုပ်ရန် အစီအစဉ်မရှိကြောင်းလည်း ရှင်းလင်းသွားပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၁ ခုနှစ်ကလည်း DBS ဟာ စင်ကာပူဈေးကွက်မှာ ၀န်ထမ်း ၂၀၀ အလုပ်မှ ရပ်ဆိုင်းခဲ့ပြီး လစာလျော့ချမှုများလည်း ပြုလုပ်ခဲ့ဖူးပါတယ်။

source : ချယ်နယ်နယူးအေးရှ www.channelnewsasia.com

DBS to lay off 900 staff by end Nov
Posted: 07 November 2008 1355 hrs


SINGAPORE: DBS, Singapore's largest bank and one of Southeast Asia's largest bank, has announced that it will be laying off 900 staff by the end of this month. DBS said the job cut will come mainly from Singapore and Hong Kong.

At a news conference to announce its third quarter results on Friday, DBS Group CEO Richard Stanley said this forms six per cent of its total workforce and is the largest job cut ever.

The job cut will be across all businesses and all levels.

Laid off staff will be paid the equivalent of one month's salary for every year of service as per market practice.

DBS said it has no plans to cut beyond this and also clarified that there are no plans for salary cuts.

Back in 2001, DBS laid off 200 staff in Singapore and implemented pay cuts. - CNA/vm
http://www.channelnewsasia.com/stories/singaporelocalnews/view/388277/1/.html

You received this email because you are subscribed to the real_time feed for http://xinyaw13.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.