Saturday, January 3, 2009

[Republic] 1 New Entry: INDIVIDUALISM

INDIVIDUALISM



မင်း နဲ့ငါဟာ ဘယ်လိုမှမတူညီတဲ့ တစ်သီးတစ်ခြား ဘ၀ရပ်တည်ရှိနေမှု အတွင်းမှာရှိ နေကြတယ် ၊၊ မင်း ပတ်ဝန်းကျင်၊
မင်းနေထိုင်မှု အကျင့်စရိုက် နဲ့ ငါဟာ လုံးလုံး မတူညီနိုင်သလို ၊မင်းရဲ့ထိန်းချုပ်မှု နဲ့ မင်း ၊ ငါ့ရဲ့ ကိုယ်ပိုင် စီရင်မှု
နဲ့ငါ ၊ သီးခြား ငါတို့နေထိုင်တယ် ၊၊ နီးစပ်မှု မရှိနိုင်တဲ့ ဘ၀လမ်းခရီးကိုယ်စီ ကိုလျှောက်နေကြရတဲ့သူ တွေပဲပေါ့ ၊၊ တစ်သီးတစ်ခြားစီဖြစ်တည်မှု ဆိုတာ စာစကားအရ ခွဲခြမ်းစိတ်ဖြာ လို့မရနိုင်တဲ့ သူတွေ အရာဝတ္တုတွေပါပဲ ၊၊ဒါပေမယ့်
မင်း ရဲ့ခန္ဓာကိုယ်သေးသေးလေးရယ် ၊ငါရဲ့ ခန္ဓာကိုယ် ပုံဆောင်ခဲကို ခွဲခြမ်းစိတ်ပစ်နိုင်ခဲ့ရင် ၊မင်းနဲ့ငါ့အကြားက မတူညီ
မနီးစပ် နိုင်တဲ့ သီးခြားဖြစ်တည်ရှိမှုဆိုတဲ့ တံတိုင်းကြီးကို ဖြိုချပစ်နိုင်ကောင်းပါရဲ့ ၊၊

ဒါဟာ လွယ်ကူလှတဲ့အရာ ၊ဖြစ်စဉ်တစ်ခုတော့ မဟုတ်ဘူး ၊၊နည်းပညာတွေအရ မင်းနဲ့ငါ့အတွက် ပေါင်းစပ်ခြင်း (Fusion)
တွေများစွာလိုအပ်မယ်၊၊ သာမန်ခွဲစိတ်ခြင်းမျိုးနဲ့ မရနိုင်ဘူး၊၊ ဒီနှိုင်းယှဉ်ခြားနားချက်ကြီးကို ကျော်လွန်နိုင်ဖို့အတွက်
ဖော်ပြဖို့ခက်ခဲလှတဲ့ ၊ ရှုပ်ထွေးတဲ့ စိတ်ပိုင်းဆိုင်ရာ ထပ်တူမညီမျှခြင်းပေါင်း များစွာကိုပါ ထည့်တွက်ဖို့လိုအပ်တယ် ၊၊
သက်မဲ့ပစ္စည်း ဓာတုဒြပ်သဘောတွေ ကိုသီးခြားခွဲထုတ် (Isolate) လုပ်ဖို့လွယ်ကူပေမယ့် မင်းနဲ့ငါ တို့သက်ရှိတွေကို ခွဲခြမ်းစိတ်ဖြာဖို့ဆိုတာကတော့ နောက်ဆုံး နယ်ပယ်လွန်တဲ့ ယူဆခံစားချက် တစ်ခုလိုပါပဲ ၊၊

ပုရွှက်ဆိတ် …

ဘယ်လိုပဲဖြစ်ဖြစ် မင်း နဲ့ ငါ့အကြားမှာ တွေးခေါ်ပုံခြင်းတူညီတဲ့ ၊ ဆက်စပ်နေနိုင်တဲ့ အရာတစ်ခုတော့ ရှိနေပါသေးတယ်၊၊
ငါပြောပြချင်တဲ့ အရာလေးတစ်ခုပေါ့ ၊၊ ငါတို့ မရှူံးသေးပါဘူး ၊၊ ဒီအတွက် မင်းရော ငါပါ နားလည်သဘောပေါက်ထား
ဖို့က ငါတို့ကွဲပြားစွာ ဖြတ်သန်းနေကြရတဲ့ ဘ၀ခရီးလမ်းမှာ မင်းရောငါပါ တစ်သီးတစ်ခြားစီ ရပ်တည် လွတ်မြောက်မှု
ရှိနေတယ် ဆိုတာပါပဲ ၊၊ ၊၊


You received this email because you are subscribed to the real_time feed for http://kyawthetlatt.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.