Saturday, January 3, 2009

[Laminkhin] 1 New Entry: ပေးသာပေးခဲ့သည်မရသဖြင့်ယူတက်ကြဖို့ လိုသည်။(လွတ်လပ်ရေးနေ့  အမှတ်တရ)

ပေးသာပေးခဲ့သည်မရသဖြင့်ယူတက်ကြဖို့ လိုသည်။(လွတ်လပ်ရေးနေ့  အမှတ်တရ)

ပြည်သူတွေ ကျောင်းသားတွေ လူငယ်တွေ အလုပ်သမားတွေလယ်သမားတွေ လူထုလူတန်းစားတရပ်လုံး
ဟာ စစ်အုပ်စုကို စဉ်ဆက်မပျက် အသိအမှတ်မပြုဘူး လက်မခံဘူးလို့ ပြောနေ ပြနေသ၍ စစ်အုပ်စု ဟာ
တနေ့  ပြုတ်ကျမှာအမှန်ပဲ တနေ့ ဆို့ တဲ့နေရာမှာ ဒို့ ခေတ် ဒို့ နေ့ ဖြစ်ဖို့ တော့ လိုတယ် ပေါ့ .ခု လွတ်လပ်
ရေးကို သွေးတွေချွေးတွေဘ၀တွေအသက်တွေပေးပြီးဦးဆောင်တိုက်ပွဲဝင်သွားခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း
ဦးဆောင်တဲ့ လွတ်လပ်ရေး ဖခင်ကြီးတွေ သခင် ကိုယ်တော်မှိုင်းဦးဆောင်တဲ့ လွတ်လပ်ရေး ဖိုးအေ ကြီး
တွေ သူ တို့ တွေ က ရအောင်ယူပြီး ပြည်သူ့ လက်ထဲတော့ ထဲ့ခဲ့ရက် သားနဲ့  အာဏာရူးစစ်ဘီလူးနေ၀င်း
ဟာ လွတ်လပ်ရေး တိုက်ပွဲ မှာ အမှိုက် သဖွယ်ပါလာလေတော့ -ဒို့ ပြည်သူတွေ ကိုယ်ကျိုးနည်း ခဲ့ရတာ
နှစ်ပေါင်းအတော်ကြာခဲ့ပြီပေါ့ --
ကျမတို့ ကိုရှေ့ကနေ ဦးစီးဦးဆောင် လမ်းပြပေးခဲ့တဲ့ ခေါင်းဆောင်ကြီးတွေရဲ့ ခြေရာကို တထပ်တည်း
မဟုတ်တာတောင် တုနိုင်သမျှတုပပြီး ဘ၀တွေအသက်တွေ ပေးဆပ်သွားခဲ့တဲ့ သူရဲကောင်း ရဲဘော်တွေ
အမြောက်အများမြန်မာပြည်မှာပေါ်ထွက် ခဲ့ပါတယ် -ဒါဟာလည်း သခင်ကိုယ်တော်မှိုင်းတို့  ဗိုလ်ချုပ်
အောင်ဆန်း တို့ ဗိုလ်အောင်ကျော်တို့  ဆရာစံ တို့  တို့ သခင်ဖိုးလှကြီးတို့  အစ ၇ှိတဲ့ လွတ်လပ်ရေး တိုက်
ပွဲဝင်အပေါင်းတို့ က ရှေ့ကနေဦးဆောင်လမ်းပြခဲ့လို့ ပါ။ခေါင်းဆောင်ကောင်းတွေပေါ်ထွက်ခဲ့တဲ့ ကျမတို့ 
မြန်မာပြည်ဟာ ထူးကဲတဲ့ သတ္တိပြောင်မြောက် တဲ့ ဗိုလ်ချုပ်ရဲ့ မျိုးဆက် ဒေါ်အောင်ဆန်းစုကြည်လို ခေါင်း
ဆောင်ကောင်းတွေ ရ၇ှိခဲ့တယ် ဒေါ်စုကိုဝန်း၇့ခဲ့တဲ့ အစဉ်အလာကြီးတဲ့ မျိုးချစ်ရဲဘော် ကြီးတွေဖြစ်တဲ့ 
ကွယ်လွန်သွားပြီဖြစ်တဲ့ ဦးကြည်မောင် (ကာနယ်ကြည်မောင်) ဗိုလ်ချုပ် တင်ဦး (ဘဘဥိးတင်ဦး) တို့ လို့ 
ခေါင်းဆောင်တွေ ၀န်းရံခဲ့တယ် ဒီ့အထဲမှာပဲ ကျောင်းသားခေါင်းဆောင်ကိုမင်းကို နိုင်တို့ လို၈၈မျိုးဆက်
ခေါင်းဆောင်တွေ ပေါ်ထွက်ခဲ့တယ်။။
ဒီ ခေါင်းဆောင်တွေအားလုံးဟာ စစ်အုပ်စုကို ချေမှုန်းနိုင်ဖို့  ဘ၀တွေအသက် တွေ ထောင်ဒဏ် အကြိမ်
ကြိမ်ပေးဆပ်နေဆဲ ဖြစ်သော်လည်း ကျမ တို့ တတွေမလွတ်မြောက် နိုင်ခဲ့သေးဘူး ဒီ့အတွက်အကြောင်း
တရားကိုရှာရင် တော့ --စစ်အုပ်စုဟာအ္စာဏာတည်မြဲဖို့ အတွက် ဘယ်သူသေသေ ငတေမာ နေတာက
အဓိက ကျပြီး --လွတ်လပ်ခွင့်  ကိုလိုချင်တယ် --ပြည်သူတွေဖက် ကအသက်ပေးပြီးရပ် မယ် ဆိုတဲ့ တ
ကယ်လည်းအသက်ပေးပြီးရပ် နေတဲ့ တော်လှန်ရေးအင်အားစုတတွေထဲ မဟာမိတ်တွေ မှာကတော့ ရ
ချင် ယူချင် ပြည်သူ့ လက်ထဲလွတ်လပ်ခွင့်တွေပေးချင်ပါလျှက်နဲ့ ကိုယ်အချင်းချင်းပြဿနာတွေ နဲ့အချိန်
တွေကုန် ခဲ့ကြရပြီး တိုက်ပွဲ နဲ့ ရင်ဆိုင်ချိန်မှာညီညွတ်ကြပြီး ပျူဟာတွေပြင်ဆင်ချိန် မှာ အငြင်းပွါးကြတာ
အင်မတန်မှစိတ်ပျက်စရာပါ ။။ဒီအချက် ဟာလည်း ပွဲမပြတ်နိုင်သေးတဲ့ထဲ မှာ အဓိကကျနေ ခဲ့ပါတယ်။။
နောက်တတိယအချက် ကတော့ ခေါင်းဆောင် မျှော် တဲ့ အကျင့်ပါပဲ မိမိလုပ်သင့် လုပ်ထိုက်တာကို ညွန်
ကြားချက် စောင့် မနေ ပဲ ရဲရဲ တိုက် သင့် ပါတယ် ။။ ကျောင်းသားဟာလည်းကျောင်းသားအခွင့်အရေး
အလုပ်သမားဟာလည်း အလုပ်သမားအခွင့် အရေး လယ်သမားဟာလည်းလယ်သမားအခွင့်အရေး ဒီလို
ကိုယ်အခွင့်အရေးတွေကို သက်ဆိုင်ရာ နေရာကနေ တောင်းဆိုသွားမယ် တိုက်ပွဲ ၀င်သွားမယ်ဆိုရင် ယုံ
တယ် နောက် ဆယ်စုနှဏ် တစ်ခု မကြာဘူး ကျမတို့ တစ်တွေ အောင်ပွဲခံနိုင်မှာပါ ။။
ကိုယ်မလိုလားတဲ့ စစ်အစိုးရကို တိုက် တဲ့နေရာမှာ ပြည်သူ့ အားဟာ ပဓါန ကျတာမို့  ပြည်သူကလည်း
ကိုယ်မယုံကြည်တာကိုယ်မကြိုက်တာခေါင်းငုံ့ လက်ခံ နေလို့ ကတော့ နောင်မျိုးဆက်ပေါင်းများစွာ စစ်ကျွန်
ဘ၀က ဘယ်လိုမှလွတ်မြောက် နိုင်မှာမဟုတ်ပါဘူး ။။
ဒါ့ကြောင့် ကျမအနေနဲ့  ဆန္ဒ၇ှိတာလေး တင်ပြရရင်

လွတ်လပ်ချင်ရင် တိုက်ပွဲဝင်ပါ
လွတ်လပ်ချင်ရင် ဆန့် ကျင်ပါ လို့  ဗိုလ်ချုပ် အောင်ဆန်းတို့ က ပေးသာပေးခဲ့သည်မရ ခဲ့ရတဲ့
ကျမတို့ ပြည်သူတွေဘ၀အတွက် အမှန်တကယ် လွတ်လပ် ရမဲ့ဘ၀ ရစေလိုသောဆန္ဒ နဲ့ တင်ပြလိုက်ပါတယ်။။

မေအိခင်(လယ်ဝေး)






ရန်ကုန်မြို့ ရဲ့ လမ်းမပေါ်မှာ




























ဒီပုံတွေကတော့ ၂၀၀၉ အကူးမှာအစပြုလိုက်တဲ့ရန်ကုန်က စာဖြန့် ဝေ စာကပ်တဲ့ တပ်လှန့်  လှုပ်၇ှားမှုပါ
မည်သို့ ပင်ဖြစ်စေ မတရားသည့် အမိန့် အာဏာတွေ ကို စဉ်ဆက် မပြတ် ယခု လို့ ဆန့် ကျင်ပြ နေရမည်။။

You received this email because you are subscribed to the real_time feed for http://laminkhin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.