Saturday, January 3, 2009

[စပ်မိစပ်ရာ] 2 New Entries: တို့လဲလိုက်မယ် ချန်မထားနဲ့

တို့လဲလိုက်မယ် ချန်မထားနဲ့

သွားကြ
ကမ္ဘာနဲ့ ဆင်တဲ့ ကမ္ဘာကို သွားကြ
အမြင့်ဆုံးတောင် ရှိရာကို သွားကြ
ရေရှိမယ် ထင်တဲ့ အရပ်ကို သွားကြ။

သွားကြ
ကိုယ်အလေးချိန် လျော့မယ့်နေရာကို သွားကြ
အသက်နှစ်ဆ ရှည်နိုင်မလား သွားကြ
အင်္ဂါဂြိုဟ်ကို သွားကြ။

သွားကြ
ချစ်ခြင်းတရား နဲ့အတူ သွားကြ
ပန်းဥယျာဉ် တွေနဲ့အတူ သွားကြ
ကောင်မလေး တွေနဲ့အတူ သွားကြ။

သွားကြ
ကားလှလှလေး နဲ့အတူ သွားကြ
ပေါင်မုန့် လတ်လတ်ဆတ်ဆတ် တစ်လုံး နဲ့အတူ သွားကြ
ချဉ်စရာ မလိုတော့တဲ့ စပျစ်သီး တွေနဲ့အတူ သွားကြ။

သွားကြ
အနှစ်အသား တွေနဲ့အတူ သွားကြ
သာတောင့်သာယာ
အရသာ ရှိမယ် ထင်တာမှန်သမျှနဲ့ သွားကြ
ဂြိုဟ်နီကြီးကို သွားကြ။

သွားကြ
တားမရနိုင်တဲ့
မြန်နှုန်းမြင့် စိတ်အလျဉ် စီးကြောင်းအတိုင်း သွားကြ
ဈေးဦးများ ပေါက်ပြီဆို
ကုတင်ပေါ်ကို ကြောင်မလေး ခုန်တက်သလို သွားကြ။

သွားကြ
အင်္ဂါသား နဲ့အတူ သွားကြ
အင်္ဂါနံ ဆန်ဆီဆား တွေ ယူသွားကြ
အင်္ဂါနေ့ မှာသွားကြ။

သွားကြ
မှားခဲ့သမျှ တွေထားပြီး သွားကြ
အားလုံး ပြည်ဖုံးကားချ သွားကြ။

တစ်ခုပဲ
ကဗျာ၊ စီးကရက် နဲ့ အရက်
ထားခဲ့
ငါ့အသက်ကို ပြန်ထားခဲ့
ငါ့အသက်ကို ချန်ထားခဲ့
ငါ့အသက်ကို ယူမသွားနဲ့ ။ ။

"တို့လဲလိုက်မယ် ချန်မထားနဲ့" - ဆရာကြီးမင်းသုဝဏ် ၏ ကဗျာစာသား

ညိုထက်ညို

အဖြစ်ကမနှစ်ကထက်ဆိုး

ကျွန်တော်ဆိုတဲ့ကောင်ဟာလေ ပစ္စည်းသိပ်ရိုသေတာ။ လေးမ ပြောသလို ကားကို မီးလုံးတပ်ဖို့ပဲ လုပ်နေတာနဲ့ စားပွဲဘေးမှာ ချထားတဲ့ လက်ကိုင်ဖုန်း ဘယ်သူ တို သွားမှန်း မသိလိုက်ဘူးဗျာ။ ဖုန်းအစုတ် တန်ဖိုးမများပေမယ့် ကိုယ့်ပေါ့ဆမှုကို တော်တော် ဒေါသထွက်သွားတယ်။ မှတ်ထားတဲ့ ဖုန်းနံပါတ်တွေ ပြန်ရှာမရတော့တာက အကြီးဆုံး ဒွတ်ခ။ အိမ်ကိုလဲ မပြောရဲ အဆဲခံရလိုက်ရမဲ့ဖြစ်ခြင်း။ ဖုန်းမရှိရင်လဲ မနေတတ်။ မနက်နှိုးစက်က စပြီး အစစအရာရာ ဒီဖုန်းနဲ့ပဲ အသားကျနေတာ။ အခိုးခံရပြီဆိုတော့ အရင်ဆုံး လုပ်ရတာက နံပါတ်ကို ပိတ်ဖို့ပါ။ ခိုးသွားတဲ့လဒ oversea call တွေ စွတ်ခေါ်လိုက်မှ ဟုတ်ပေ့ ဖြစ်နေဦးမယ်။ ညနေရောက်နေပြီမို့ call center ကို ဖုန်းဆက်တော့ auto ဖြေကြားစက်က နောက်ဆုံးလက ကျသင့်တဲ့ ဖုန်းခကို ပြောပါတဲ့။ ခေါင်းပူနေရတဲ့အထဲ ဘယ်လိုမှတ်မိမှာလဲဗျာ။ ကဲ.. ရှိစေတော့ မနက်မှပဲ service center ကိုသွားပြီး လုပ်တော့မယ် ကံပဲ လို့ထားလိုက်ရတယ်။ service center မှာတော့ အဆင်ပြေပါတယ် ဖုန်းနံပါတ် အဟောင်းအတိုင်း sim card အသစ်ကို ချက်ချင်းထုတ်ပေးတယ်။ ဖုန်းခကို စစ်ကြည့်တော့လဲ ပုံမှန်အတိုင်းပဲမို့ တော်ပါသေးရဲ့လို့ သက်ပြင်းချနိုင်တော့တယ်။ ဖုန်း handset ကိုတော့ နောက်မှပဲ ၀ယ်တော့မယ်။ လောလောဆယ် ညီမ ဆီက အဟောင်းလေး ငှားသုံးနေတယ်။ အသစ်ဝယ်ပြီးရင်တော့ မပေါ့ဆပဲ ဂရုတစိုက် ကိုင်တော့မယ်လို့ ဆုံးဖြတ်ထားတယ်။ အင်း… ဒါပေမယ့် ဘယ်လောက်ခံမလဲနော်…… :P

You received this email because you are subscribed to the real_time feed for http://smsy.mmwordpress.com/?feed=rss2. To change your subscription settings, please log into RSSFWD.