Saturday, January 3, 2009

[We Fight We Win. -- " More than Media "] 3 New Entries: မလေးရှား ရောက် မြန်မာများ ဖမ်းဆီးခံရမှုများနှင့်ကြုံနေရခြင်း

မလေးရှား ရောက် မြန်မာများ ဖမ်းဆီးခံရမှုများနှင့်ကြုံနေရခြင်း

ယနေ့ (၁-၁-၂၀၀၉) new year နေ့မှာပင် မလေးရှားနိုင်ငံ၏ အော်ပရာစီခေါ် စီမံချက် အဖမ်းအဆီးများ မရပ်နားပဲ ပိုမိုကြမ်းတမ်းနေကြောင်း ကြားသိရပါသည်။ ကွာလမ်လာပူမြို့လယ် ကိုတာရာယာကုန်တိုက်အနီးနှင့် ကလန်းကားဂိတ်တ၀ိုက်တွင် ဘက်စ်ကားခရီးသည်များကို ကားပေါ်မှဆွဲချ၍ ဖမ်းဆီးကြောင်း၊ ဖမ်းဆီးရာ တွင် အသက်ဆယ်နှစ်ကျော်ရွယ် ကလေးငယ်များကိုဖမ်းဆီးပြီး လူကြီးများကို ကားပေါ်မှ အတင်းဆွဲချ၍ လမ်းဘေး
တွင် ဆောင့်ကြောင့်ထိုင်ခိုင်းထားကြောင်း မျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့သူ မြန်မာနှစ်ဦးမှ ပြော ကြား ပါသည်။
သည်အတိုင်းဆို ရှေ့လျှောက်ပိုဆိုးမည်ဟု မြန်မာအသိုင်းအ၀ိုင်းတွင် သတင်းများဖြစ်ပေါ်နေကြောင်း ကြားသိရပါသည်။ ( မူရင်း- အီးမေးလ်များမှ ရရှိသောသတင်း)



ဝမ်းနည်းပါတယ် ဘန်ကောက် ရေ


နစ်သစ်ကူးကြိုဆိုပွဲတွင် မီးလောင်မှုကြောင့် သေဆုံးသွားသော ဘန်ကောက်မြို့ သူမြို့ သားများ
ဘန်ကောက်
ဂျေရာပွန်

နစ်သစ်ကူး ကြိုဆိုတဲ့အနေနဲ့ ပြစ်ဖေါက်ဖို့ ပြင်ဆင်ထားတဲ့ မီးရှုးမီးပန်းတွေ မီးလောင်ရာက ဘန်ကောက်မြို့ လူဂုဏ် တန်တွေ သွားလေ့ရှိတဲ့ ဆန်တိက နိက်ကလပ်တခု မှာ မီးလောင်မှု ဖြစ်ပွားခဲ့ တယ်။ မီးလောင်မှု ကြောင့်လူပေါင်း ၅၅ယောက် သေဆုံးပြီးတရာကျော်ဒဏ်ရာရသွားပါတယ်။

မီးလောင်သေဆုံးရတဲ့အကြောင်းကတော့ မီးခိုးငွေ့တွေရူရှိုက်မိတာနဲ့ မီးလောင်ကျွမ်းခံရမှု ကြောင့်လို့ ဆိုပါတယ်။ ကံဆိုးခြင်တော့ နိက်ကလပ် က ထွက်ပေါက် တခုသာရှိတယ်လို့ဆိုတယ်။ နိက်ကလပ်ထဲ ၀င်ရတာခရစ်ယန်ဘုရားကျောင်းထဲဝင်ရသလိုပဲဗျလို့ မသေပဲလွတ်လာတဲ့သူတဦးကဆိုပါတယ်။ အထဲမှာ က လူတွေ ထောင် ရာနဲ့ ချီ ကြပ်ပိတ်နေတယ်လို့  ရဲအရာရှိ ချောက်ချိုင်း ကဆိုပါတယ်။


၂၀၀၉ ခုနစ် ကမ္ဘာ ကျော် ဘီလီယံနာ များ

လွန်ခဲ့တဲ့ ၁၃ နစ်ကျော်ကတော့ ဘီးလ်ဂိတ်ကို ကမ္ဘာနံပတ် တစ် အချမ်းသာဆုံးသူလို့  သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ ၂၀၀၉ မှာတော့ ဘီလ် ဟာ နံပတ် တစ်မဟုတ်တော့ပါဘူး။ သူဟာ တတိယအဆင့်မျှသာဖြစ်သွားပါတယ်။


ဒီနေ့ ကမ္ဘာအချမ်းသာဆုံးလို့ သတ်မှတ်ခံရသူကတော့ ၀ါရန့်  ဘူဖေး Warren Buffett) ဖြစ်ပါတယ်။ သူက ၆၂ ဘီလီယံ
ချမ်းသာ တယ်။ တနစ်ကို ၁၀ ဘီလီယံလောက် တိုးပွားနေတယ်။ မက်ဆီ ကိုနိင်ငံသား တယ်လီဖုန်း လုပ်ငန်းရှင်ကြီး ဖြစ်တဲ့ ကာလို ဆလင်း ဟာလူ ( Carlos Slim Helu) က ဒုတိယအချမ်းသာဆုံးပုဂိုလ်ဖြစ်ပါတယ်။ သူက ၆၀ ဘီလီယံလောက်ချမ်းသာပါတယ်။ တတိယချမ်းသာတဲ့ ဘီလ်ဂိတ်ကတော့ ၅၈ ဘီလီယံချမ်းသာ ပြီး တနစ်ကို နစ်ဘီလီယံ တိုးနေပါတယ်။

ချမ်းသာ တာဟာ ကို ကုသိုလ်။ မချမ်းသာတာဟာ အကုသိုလ်။ အထူးသဖြင့် ပိုက်ဆံချမ်းသာအောင်လုပ်ကြ။ ဘ၀မှာ ပိုက်ဆံချမ်းသားဖို့ အရေးကြီးဆုံး။ မြန်မာတိုင်းဟာ ပိုက်ဆံချမ်းသာအောင်လုပ်ရမယ်။တရားသဖြင့်ချမ်းသာတာဟာ သမာအာဇီဝ။သူတို့လုပ်သလို
တရားသဖြင့် ချမ်းသာအောင်လုပ်ဖို့ တော့လိုတယ်။


ဒါပေမဲ့  ပိုက်ဆံချမ်းသာအောင်လုပ်ဖို့ ကသိပ်ခက်တယ်။ စီးပွားရေးမှာ ပထမရွှေသေတ္တာ(First Barrel of Gold) ရဖို့ ကသိပ်ခက်ခဲလှတယ်လိုဆိုတယ်။ ပထမရွှေ သေတ္တာဆိုတာက ပထမဆုံး ဖြစ်လာတဲ့အရင်းအနှီးကိုခေါ်တာ။ သူကိုရလာရင်တော့ချမ်းသာဖို့ မခဲယဉ်းတော့ဘူး လို့ ဆိုတယ်။ သူတို့ဟာ မချမ်းသာခင်မှာ စိန်ခေါ်မှုတွေကိုရင်ဆိုင်လာကြရသူတွေဖြစ်တယ်။ သူတို့ ချမ်းသာရင် ငါဒို့ မြန်မာလူမျိုးတွေဘာလို့ မချမ်းသာနိင်ရမှာလည်း ။ ၂၀၀၉ မှာ ကြိုးစားကြပါစို့ ။





You received this email because you are subscribed to the real_time feed for http://komoethee.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.