Saturday, January 3, 2009

[Free In Mind] 2 New Entries: X’mas Present

X'mas Present

ကျွန်တော် ခရစ်စမတ်တုန်းက ဘာဖီလင်မှလည်း မရှိ.. ဘာမှလည်း မလုပ်ချင်တာနဲ့ သိပ်ပြီး ထူးထူးခြားခြား မလုပ်ဖြစ်ပါဘူး..။ ဒါပေမယ့် ခရစ်စမတ်ပင်လေးကိုတော့ ရိုက်ထားဖြစ်ပါတယ်..။ သိပ်မလှပါဘူး..။ ဒါပေမယ့် ကျွန်တော်ရိုက်ထားတာလေး အမှတ်တရဖြစ်အောင် ဘလော့မှာ တင်ထားလိုက်တာပါ..။ welcome comments.

မင်းအတွက်

သူငယ်ချင်းတစ်ယောက်ရဲ့ ဆိုက်ဘာကဖေးကို ရောက်ပါတယ်..။ လူအတော်လေး ရှင်းနေတာနဲ့ ကျွန်တော့်သူငယ်ချင်းနှစ်ယောက်လည်း စုံနေတာနဲ့ ဒီပုံလေး ဖန်တီးပြီးရိုက်ဖြစ်လိုက်ပါတယ်..။ indoor ပုံဖြစ်ပေမယ့် ကျွန်တော်လိုချင်တဲ့ lighting, composition, သိပ်မမှန်ပါဘူး..။ ဒါပေမယ့် ဒီဓါတ်ပုံက အလှရိုက်ပုံမဟုတ်ပါဘူး..။ ခံစားချက်တစ်ခုကို ပြချင်လို့ ရိုက်တဲ့ပုံလေးပါ..။ ကောင်းသည်ဆိုးသည် ဝေဖန်ပေးဖို့ တောင်းဆိုပါတယ်ခင်ဗျာ..။ ရိုက်ထားတာတော့ နည်းနည်းလေးကြာပါပြီ..။

မိန်ကလေးဘက်က စဉ်းစားထားတာလေးပါ..။

ဒါကတော့ ယောက်ျားလေးဘက်ကပေါ့…။

ပုံနာမည်ကိုတော့ မင်းအတွက်လို့ပဲ ပေးလိုက်ပါတယ်..။ အရောင်တွေ အလင်းအမှောင်တွေကိုတော့ ခံစားချက်ပေါ်မူတည်ပြီး ပြောင်းထားပါတယ်..။

You received this email because you are subscribed to the real_time feed for http://blog.freeinmind.net/?feed=rss2. To change your subscription settings, please log into RSSFWD.