Monday, February 9, 2009

[လ၀န်းလေး] 3 New Entries:

http://sintsint.blogspot.com/feeds/9002906505027884979/comments/default

ဘ၀မှာ ကိုယ်ဖြစ်ခြင်တာတွေ ဖြစ်နေလို့ရတာမှ မဟုတ်တာ။ ဘ၀ဆိုတာဖြစ်ခြင်တာတွေထက် ဖြစ်သင့်တာတွေကို ဦးစားပေးတာကောင်း ပါတယ်။ ဒါမှလည်း စိတ်မပင်ပန်းမှာလေ။ အကောင်းဆုံးဖြစ်အောင် ကြိုးစားပေမဲ့ အကောင်ဆုံးဖြစ်မလာခဲ့ရင် ၀မ်းနည်းနေမဲ့အစား အကောင်ဆုံးနည်းနဲ့ ဖြေရှင်နိုင်အောင် ကြိုးစားရမှာက ကိုယ့်တာဝန်လေ။ မဖြစ်နိုင်တဲ့ ပန်းတိုင်တစ်ခု ဦးတည်ရာ တစ်ခုကို ဖြစ်နိုင်နိုးနိုးနဲ့ လျှောက်လှမ်းနေရင် တကယ်ပန်းတိုင်ကို မရောက်နိုင်တော့ ဘူးလေ။ ဖြစ်နိုင်တဲ့ ပန်းတိုင်သစ်သာ ဦးစားပေးလျှောက်လှမ်းပါ အကောင်းဆုံး အောင်မြင်မှုကို ရနိုင်ပါလိမ့်မယ်။ ငါမျှော်လင့်နေတဲ့ ရည်ရွယ်ချက်ကြီးက စိတ်ရှည်ရှည်နဲ့ စောင့်နေပေမဲ့ ရောက်မလာနိုင်တဲ့ အခြေနေ တစ်ခုကို သိနေလျက်နဲ့ မိုက်မဲစွာနှင့် ဆက်မလျှောက်မိစေရန် အသိဥာဏ်လေးနဲ့ ယှဉ်ပြီး စဉ်းစားပါ။ အကျိုးရှိတဲ့ အချိန်တွေကို အလကားမဖြစ်မိပါစေနဲ့။ ကိုယ်ကိုကို ပြန်ထိန်းပါ။ ဦးနှောက်လေးနဲ့ စဉ်းစားပြီး ဆုံးမပါ။ ငါဟာ အသိဥာဏ်မဲ့ပြီး မမိုက်မဲမိပါစေနဲ့ ။ သတိလေးနဲ့ ယှဉ်ပြီးစဉ်းစား သင့်ပါတယ်။

အမှတ်တရ

ဘ၀မှာ ဒီနေ့လေးကို ဘယ်တော့မှာမေ့သွားမှာ မဟုတ်ပါဘူး။ ဘ၀တွက် မလုပ်ဘူးတဲ့ အလုပ်တစ်ခုကို စတင်လုပ်ဆောင်မိခဲ့တာ တစ်နှစ်တောင်ပြည့်လာ ပါတော့လား။ ၀မ်းသာမှုတွေ ပျော်ရွှင်မှုတွေကို ပိုင်ဆိုင်ခဲ့ရသလို ၀မ်းနည်းမှုတွေကိုပါ ခံစားခဲ့ရပါတယ်။ အဲဒီလို ဖန်တီးမိခဲ့မှုကလည်း ကိုတွက်သင်ခန်းစာ ကောင်းကောင်းတွေကို ရရှိခဲ့ရပါတယ်။ အမှတ်တရလေးတွေကို ဖြစ်ပေါ်စေခဲ့ရတာပေါ့။ အဲဒီတွက် သင်ခန်းစာကောင်းကောင်းလေးတွေ ကိုရခဲ့ရတဲ့အတွက်လည်း လုပ်ဆောင်ခဲ့ရမှုတွက် ကျေနပ်ခဲ့ရပါတယ်။

ပန်းပင်လေး

အမှတ်တမဲ့သေဆုံးသွားသော ပန်းပင်လေး
မိုးသံကြားတော့ ပြန်နိုးထလာ
ဒီမိုးရေနဲ့ဝေးရင် ပြန်လည်အိပ်ရအုန်းမယ်
ရှင်သံလိုက်ရသေဆုံးလိုက်ရနဲ့ ရင်နာခဲ့မိ
ဒီမိုးလေး ရင်နာပေမဲ့ ပြန်နိုးထနေတဲ့ဒီအဖြစ်လေး
ဘယ်လိုရှောင်တိမ်းရမလဲကွယ်...

You received this email because you are subscribed to the real_time feed for http://sintsint.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.