Monday, February 9, 2009

[My Burmese Blog] 4 New Entries: Happy Birthday to 25 Years Old Mac!!

Happy Birthday to 25 Years Old Mac!!

Happy Birthday Mac

ဒီနေ့ January 24 ရက်မှာ Mac လို့ခေါ်တဲ့ Macintosh က 25 နှစ်မြောက် Anniversary ကို ရောက်ခဲ့ပါပြီ။ January 24, 1984 မှာ Apple Inc ကနေ စတင်မိတ်ဆက်ခဲ့တဲ့ world first Graphical User Interface နဲ့ keyboard, mouse သုံးထားတဲ့ ကွန်ပျူတာ ဖြစ်ခဲ့တာပါ။ ဒီနေ့ ခေတ် ကွန်ပျူတာတွေရဲ့ ပထမဆုံး UI နဲ့ Operating System စတင်ခဲ့တာပါ။ အဲဒီ အချိန်ကနေ အဆင့်ဆင့်ပြောင်းလဲ ခဲ့တာ အခုဆိုရင် Macintosh ဟာ Mac OS X Leopard ဆိုပြီး နောက်ဆုံး version 10.5.6 ကို ရောက်နေခဲ့ပါပြီ။ ဒီနှစ်ကုန်လောက်မှာတော့ Snow Leopard လဲ အသစ်ထွက်တော့မှာပါ။

Apple က အမှန်တော့ မြန်မာပြည်က ကျောင်းတွေကို အရင် Multimedia Classroom Projects အတွက် ကွန်ပျူတာတွေ အများကြီး ရောင်းခဲ့ဖူးပါတယ်။ အခုတော့ အဆက်အသွယ်မရှိတော့ပါဘူး။ အခုထိလဲ ကျောင်းတော်တော်များများမှာ အရမ်းဟောင်းပြီး သုံးမရတော့တဲ့ သက်တံရောင် ပန်းသီးကိုထားတဲ့ ကွန်ပျူတာတွေ တွေ့နိုင်ပါသေးတယ်။ Mac OS ကို အခုထိသုံးကြည့်ရသလောက်ကတော့ Internet, Web App, iTunes တွေ သုံးရတာ တော်တော်မြန်ပါတယ်.. နောက် Graphic, Multimedia Software တွေ သုံးရတာ အဆင်ပြေပါတယ်။ စက်ဖွင့်တာ ပိတ်တာ အရမ်းမြန်ပါတယ်။ တစ်ခုပဲ Game အရမ်းနဲပါတယ်။ ကျန်တာတော်တော် ကောင်းပါတယ်.. အင်တာနက် သုံးရင် virus မ၀င်လို့ သုံးရတာ အဆင်ပြေပါတယ်။ ကျွန်တော်တော့ Mac ကို စွဲနေပြီ ဒါပေမယ့် တချို့ software, game တွေ အတွက် Windows ကိုလဲ BootCamp နဲ့ တင်ထားပြီး သုံးရပါတယ်။ နောက်မှပဲ Mac Software တွေ အကြောင်းရေးပါဦးမယ်။ ။

Mac in 1984

Macintosh

Mac in 2008

Mac OS X

Steve Jobs introduces the world to the Mac

Steve Jobs introduces the world to the Mac


Related Posts

WordPress.tv

Automattic ကနေ အခု WordPress.tv ဆိုတဲ့ site အသစ်ကို launch လုပ်ထားပါတယ်။ ဒီဆိုဒ်မှာ WordPress.com နဲ့ WordPress.org (self-hosted WP) အတွက်ပါ tutorial, tips & tricks video တွေ ကြည့်လို့ ရမှာပါ။ နောက် အခြား WordCamp နဲ့ Interview video တွေ လဲရှိပါတယ်။

ဗီဒီယိုတွေက HD ပါ support လုပ်ပါတယ် နောက် ကိုယ့်ဆိုဒ်မှာ ထည့်ဖို့ embed လဲ ယူလို့ ရပါတယ်။ အခု လက်ရှိမှာ ဗီဒီယို 150 ရှိတယ်လို့လဲ သိရပါတယ်။ ဒီဆိုဒ်မှာ ဗီဒီယိုတွေ ကြည့်လို့ ရသလို ကိုယ်တိုင် တင်ချင်ရင်လဲ ရပါတယ်။ WordPress.com အကောင့်ရှိတဲ့ သူတွေ အနေနဲ့ အကောင့် အသစ်လုပ်စရာ မလိုပါဘူး။ အခု အပေါ်က ဗီဒီယိုကတော့ WordPress.tv အကြောင်း ဗီဒီယိုပါ။

News Via : RWW
Related Posts

The Evolution Of Apple Design

iPod Nano

ဒီနေ့ Webdesigner Depot က The Evolution Of Apple Design 1977 - 2008 ပို့စ်ကို ဖတ်ကြည့်ဖြစ်တယ်။ ဟိုးအရင် ခေတ်တွေက Apple products တွေကနေ ဒီနေ့ ခေတ်အထိ စုစည်းထားတာ.. သူခေါင်းစဉ်တပ်ထားတာကတော့ မှားနေတယ်။ သူက 2008 အထိတပ်ထားပြီး 2009 မှာ မှ ထုတ်တဲ့ New MacBook Pro ပုံပါထည့်ထားတယ်။ ကျွန်တော် ငယ်ငယ်က ကွန်ပျူတာ စသင်တုန်းက ကိုင်ရတဲ့ Macintosh Performa 5200 - 1995 ပုံလဲ ပြန်တွေ့ရတယ်။

30 inch Cinema

နောက် အခြား မမြင်ဘူးတဲ့ iPod series တွေလဲပါတယ်။ လောလောဆယ်တော့ အဲဒီထဲက အလိုချင်ဆုံးကတော့ iPod touch ပဲ။ iPhone ကိုတော့ လိုချင်တယ် ဈေးအရမ်းကြီးလို့ iPod touch တောင် ၀ယ်ဖို့ ပိုက်ဆံ တော်တော် စုရဦးမှာ.. iPod touch က TechCrunch မှာ ဖတ်ရတာကတော့ သူက screen နဲနဲပိုကြီးတဲ့ ဆိုဒ်နဲ့ ဒီနှစ်ထဲမှာ အသစ်ထွက်ဖို့ ရှိတယ်လို့တော့ ဖတ်ရပါတယ်။


Related Posts

Qwitter

Qwitter

Qwitter ဆိုတာက web application တစ်ခုပါ။ သူက ကိုယ့် twitter ကို follow လုပ်ထားတဲ့ လူ တစ်ယောက်ယောက်က ဆက်ပြီး follow မလုပ်တော့တဲ့ အခါ email ပို့ပြီး အကြောင်းကြားပေးတာပါ။ အဲဒီ ဆိုဒ်မှာ ကိုယ့်ရဲ့ twitterr user name နဲ့ email address ပေးရုံပါပဲ။ နောက်ထပ် ဒီ service ကို မလိုချင်ရင်လဲ ပို့တဲ့ အီးမေးလ် အောက်မှာ ပြန်ထွက်ချင်ရင် အလွယ် တကူထွက်ရုံပါပဲ။ ပျော်ရွှင်ပါစေ။ ။
Related Posts

You received this email because you are subscribed to the real_time feed for http://www.htootayzar.com/myblog/feed/. To change your subscription settings, please log into RSSFWD.