Monday, February 9, 2009

[ကာရန်မဲ့ အတွေးစများ] 2 New Entries: မျက်နှာဖုံး

မျက်နှာဖုံး


တိမ်ယောင်ယောင်၊ မြူယောင်ယောင်နဲ့
ငွေ့ရည်တွေ စုရုံး၊
အနားသတ်မှာ
အိုအေစစ် ရှိတယ်။

ဖြူသလိုလို၊ ပြာသလိုလိုနဲ့
တကယ်က အဖြူကို ပျက်စီးစေတဲ့
မည်းပြာ၊ ညိုညစ်၊
အဟုတ်အမှန်။

ကဲ... ဘယ်မှာလဲ
မင်းတို့ ပြောပြောနေတဲ့
အိုအေစစ်...။


s0wha1


ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။

ဆလိုင်း တင်မောင်ဦး အောက်မေ့ဖွယ်


စင်္ကာပူရှိ လမ်းပြကြယ် မြန်မာစာကြည့်တိုက်ရဲ့ ကော်မတီဝင် တစ်ယောက်က ကျွန်မ ဘလော့ဂ်မှာ တင်ထားပေးဖို့ ပြောတာနဲ့ "လမ်းပြကြယ် စာကြည့်တိုက် (စင်္ကာပူ)" ဆိုတဲ့ Label တခုတိုးပြီး ဒီလိုစာတွေ (တင်ခိုင်း သလောက်) ပုံမှန် တင်သွားဖို့ အစီအစဉ် ရှိပါတယ်။

Salai Tin Maung Oo - Chin Student Leader


ကျွန်မ ဘလော့ဂ်မှာ PDF ဖိုင်ကို တင်လေ့ တင်ထ မရှိပါဘူး။ ဘယ်လို တင်ရမှန်း မသိလို့ပါ။ ခု ဒီ ပီဒီအက်ဖ်ဖိုင် တင်ပုံတင်နည်းကို ပြောပြတဲ့ ကိုနစ်နေမန်းကို ကျေးဇူးတင်ပါတယ်လို့။


ရွှင်လန်းချမ်းမြေ့ကြပါစေ...။
s0wha1

You received this email because you are subscribed to the real_time feed for http://s0wha1.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.