Monday, February 9, 2009

[:: My Little World ::] 9 New Entries: How to protect your GMail account!

How to protect your GMail account!

ဟိုရက်က အသိတစ်ယောက်က သူ့ ရဲ့ ဂျီမေးကို တစ်ယောက်ယောက် ၀င်ကြည့်တယ်လို့  သံသယရှိနေတယ်။ အဲလို သူမသိပဲ ၀င်လို့ ရလား၊ ဘယ်လို သိနိုင်မလဲလို့  မေးလာတယ်။ ဒါနဲ့  ကျွန်မ အရင်က တပိုင်းတစ်စ ရေးပြီး ရပ်ထားတဲ့ Gmail Security နဲ့  ပတ်သတ်တာလေးကို အဆုံးသတ်အောင် ရေးဖြစ်ခဲ့တယ်။



*************Check Last Activity**************
Gmail မှာ ကိုယ့်ရဲ့ အီးမေးကို ဘယ်နေရာက ၀င်အသုံးပြုခဲ့တယ်၊ ပြုနေတယ် (Last Login Activity ) ဆိုတာကို ကြည့်လို့ ရတယ် Feature တစ်ခုရှိပါတယ်။ ဘယ်နေရာမှ ရှိသလဲ သိချင်တယ်ဆို Gmail Account ကို Login ၀င်လိုက်ပါ။ ပြီးရင် Gmail Page ရဲ့ အောက်ဆုံးကို သွားကြည့်ပါ။ ဒီလို မျိုးလေး တွေ့ ရပါလိမ့်မယ်။

ဒါ ကျွန်မ ရဲ့ ဂျီမေး။ ကျွန်မ အခုလို Login မ၀င်ခင်မှာ နောက်ဆုံး Login ၀င်ခဲ့တာ အခု အသုံးပြုနေတဲ့ ကွန်ပြူတာက ဖြစ်တာမို့  Last Login Acticity မှာ အဲဒီလို ဖော်ပြနေတာပါ။ အသေးစိတ် ဘယ်နေရာတွေက ၀င်ရောက်အသုံးပြုခဲ့တယ်ဆိုတာကို သိချင်တယ်ဆိုရင် "Details" ဆိုတာလေးကို နှိပ်ကြည့်လိုက်ပါ။ Pop-Up Window ပေါ်လာပြီး ဒီအကောင့်ကို အသုံးပြုခဲ့တဲ့ ကွန်ပြူတာတွေရဲ့ IP တွေနဲ့  အချိန်တွေကို ဖော်ပြပေးပါလိမ့်မယ်။ နောက်ဆုံး ၀င်ခဲ့တဲ့ နေရာ (Activity) ၅ ခု ကို မှတ်ပေးထားတယ်။
IP တွေနဲ့  အချိန်တွေကို ကြည့်ပြီး ကိုယ်အသုံးပြုတာလား၊ တခြားတစ်ယောက် အသုံးပြုခဲ့တာလားဆိုတာ ခန့် မှန်း သိရှိနိုင်ပါတယ်။ ဘယ်က IP လည်းဆိုတာ သိချင်တယ်ဆို မှာ ရှာကြည့်လို့ ရပါတယ်။

ကိုယ် Gmail ကို ၀င်လိုက်တဲ့အချိန်မှာ တစ်ခြားတစ်နေရာက လည်း ဒီအကောင့်ကိုပဲ ၀င်ထားတယ်ဆိုရင်တော့ ဒီအောက်က ပုံစံမျိုး ဖော်ပြနေပါလိမ့်မယ်။ ဒါဆိုရင် တခြားဘက်က Login ၀င်ထားတာကို ထွက်သွားအောင် လုပ်လို့ တဲ့ Feature မျိုး Gmail က ပေးထားတယ်။ အဲဒီ Feature ကို "Remote Sign Out" လို့ ခေါ်ကြတယ်။
အပေါ်ကလိုပဲ Details ကိုတဲ့ နေရာကို နှိပ်ပါ။ ဒီတစ်ခါ ပေါ်လာတဲ့ Pop-up Window မှာ Concurrent Session Information ဆိုတာလေး အပိုပေါ်နေတာ တွေ့ ရမယ်။ တခြားနေရာ ဘယ် Browser, ဘယ် IP က ၀င်ထားတယ် ဆိုတာတွေ မြင်ရမယ်။ အဲဒီ အောက်မှာရှိတဲ့ "Sign out all other session" ဆိုတဲ့ နေရာမှာ နှိပ်လိုက်ရင် တခြားနေရာက Login ၀င်ထားတာတွေ အကုန်ထွက်သွားပါလိမ့်မယ်။
ဒီ Feature က အတော်လေး အသုံးဝင်ပါတယ်။ ကျွန်မတို့  တခါတလေ တခြားသူရဲ့ ကွန်ပြူတာမှာ Gmail ၀င်သုံးပြီး ထွက်ဖို့ မေ့ခဲ့တာမျိုး ဖြစ်တတ်တယ်။ အဲဒီအခါတွေမှာ Gmail ကို login ၀င်ပြီး အပေါ်က ပြောထားသလို Sing Out လုပ်လိုက်မယ်ဆို အဲဒီထွက်ဖို့ မေ့ခဲ့တဲ့ နေရာတွေမှာ အကုန် Logout လုပ်ပြီးသား ဖြစ်သွားမယ်။ ကိုယ်မဟုတ်ပဲ တခြားတစ်ယောက်က ကိုယ့် Password ကို တနည်းနည်းနဲ့ ရလို့  သုံးနေတာမျိုး ဆိုရင်တော့ တခြား Session တွေကို Logout ဖြစ်အောင် လုပ်ပြီးတာနဲ့  ကိုယ့် Gmail ရဲ့ Password ကို အသစ်ပြောင်းလိုက်ပါ။ Password ဆိုတာနဲ့  Gmail Password အကြောင်းကို သိသလောက်လေး နည်းနည်း ဆက်ပြောပြအုံးမယ်။

************* PASSWORD **************
Gmail Password တစ်ခုကို Hack လုပ်ယူဖို့  အရမ်း မလွယ်ပါဘူး။ မရဘူးလို့ မပြောဘူး။ နည်းတွေရှိချင်ရှိမယ်။ ဒါပေမယ့် မလွယ်ဘူး။ (ကျွန်မတော့ မလုပ်တတ်ဘူး)။ Gmail Password တွေ အခိုးခံရတယ် ပြောတာမျိုးကြားဖူးတယ်။ ဘယ်လို ကိုယ့်ရဲ့ Password တွေကို တပါးသူတွေ ရသွားကြသလဲ။

Password အခိုးခံရတဲ့ သူတွေကို ကြည့်ရင် ခိုးတဲ့ သူတွေက အကြောင်းသိနေတဲ့သူတွေ၊ ရင်းနှီးနေတဲ့သူတွေဖြစ်တာများတာ တွေ့ ရပါတယ်။ အများဆုံး သုံးတဲ့ နည်းက Password ကို ခန့် မှန်း ထည့်ကြည့်တာနဲ့  Forget Password ဆိုပြီး Password တောင်းတဲ့ နည်းဖြစ်မယ် ထင်ပါတယ်။ ဒါတွေက အတော်လေးလွယ်တယ်လေ။ ပထမဆုံး အနေနဲ့  ကိုယ့် အီးမေးရဲ့ Password ကို သူတပါး လွယ်လွယ်ကူကူ မှန်းလို့ ရတာမျိုး မထားမိဖို့  လိုပါတယ်။

နောက်တစ်ခုက ဂျီးမေး အကောင့်မှာ Secondary email ကို ထည့်ဖြစ်အောင် ထည့်ထားပါ။ Security Question ကိုလည်း လွယ်လွယ်ကူကူ မေးခွန်းမျိုး မထားပါနဲ့ ။ သင့်မွေးနေ့ က ဘာလဲ ဆိုတာမျိုး။ တခြားသူ မှန်းရလွယ်တာမျိုး မထည့် သင့်ပါဘူး။ Secondary Email လည်း ထည့်မထားဖူး၊ Security Question လည်း လွယ်လွယ်ကူကူ မေးခွန်းမျိုး ထည့်ထားမယ် ဆိုရင် တခြားသူတစ်ယောက်က Security Question ကို မှန်းဖြေကြည့်ပြီး Password ကို ပြောင်းဖို့ ကြိုးစားနိုင်ပါတယ်။ Secondary Email သာထည့်ထားမယ်ဆိုရင် Forget Password လုပ်ဖို့  ကြိုးစားတဲ့အခါ ကိုယ်ထည့်ထားတဲ့ အီးမေးကို Password Rest လုပ်ဖို့ လင့်ပို့ ပေးမှာပါ။ ဒီအတွက် Secondary Email ကို မပျက်မကွက် ထည့်ထားသင့်ပါတယ်။

Security Question နဲ့  Secondary Email ပြောင်းချင်တယ်ဆိုရင် မှာ Gmail under Settings --> Accounts --> Change Security Question ဆိုတဲ့ နေရာမှ သွားပြီး ပြောင်းနိုင်ပါတယ်။ ဒီကတော့ Gmail ရဲ့ Pesonal Information - Direct Link ပါ။

ဒီအပေါ်က ပုံက အင်တာနက်ကရှာထားတာ။ ဒီအပေါ်ကလို လွယ်လွယ်ကူကူ မေးခွန်းတွေ မထည့်ပါနဲ့ ။

အခု ဒီပိုစ့်ရေးရင်း စမ်းကြည့်တာ Gmail က အရင်က ထက် ပိုပြီး Security ကောင်းလာ တွေ့ ရတယ်။ အရင်ကဆို Gmail မှာ "I cannot access my password" "I've forgot my password" လုပ်လိုက်ရင် Secondary Email မထည့်ထားရင် Security Question တန်းပေါ်လာတယ်။ အခု စမ်းကြည့်မှ Secondary Email ထည့်မထားတာရင် Security Question ကို နောက် ၅ ရက် နေမှ ထည့်လို့ ရမယ် လို့ တွေ့ ရတယ်။ ထည့်ထားပြီး အဲဒီ ထည့်ထားတဲ့ အီးမေးအကောင့် ၀င်မရလည်း နောက် ၅ ရက်နေမှပဲ Security Question ကို ဖြေခွင့်ပေးမယ်တဲ့။ ဒီတော့ Secondary Email က အရေးကြီးတယ်။ ထည့်ထားဖို့ လိုသလို၊ မေ့မသွားဖို့ လဲ လိုတယ်။

တစုံတစ်ယောက် ကိုယ့်ရဲ့ အီးမေးကို Hack လုပ်သွားတယ်၊ လုံးဝ ၀င်မရတော့ရင် Google Accounts Help မှာ သွားပြီး အကူအညီတောင်းနိုင်ပါတယ်။ ဒီနေရာမှာ ကျွန်မမှာ အဲဒီလို အကူအညီတောင်းဖူးတဲ့ အတွေ့ အကြုံမရှိလို့  အသေးစိတ်အချက်အလက်တွေကို ရှင်းမပြနိုင်ဘူး ဖြစ်နေတယ်။


နောက်တစ်နည်းကတော့ keylogger တွေ နဲ့  Passwrod တွေ ခိုးယူကြတယ်။ ကိုယ့်ကွန်ပြူတာထဲက ကိုယ်မသိအောင် keylogger တွေထည့်တယ်။ ဒီလို မဖြစ်အောင် ကိုယ်မသိတဲ့ file တွေ တပါးသူက ပို့ ပေးရင် အလွယ်တကူ လက်မခံပါနဲ့ ။ နောက်ပြီး ကိုယ့်ရဲ့ ကွန်ပြူတာမှာ AntiVirus Software တွေသွင်းထားပြီး ပုံမှန် Scan လုပ်ပါ။

keylogger ထည့်ထားတဲ့ ကွန်ပြူတာမှာ သွားပြီး ကိုယ့်ဂျီးမေး ၀င်လိုက်တဲ့အခါ သူတို့ တွေ ကိုယ့်ရဲ့ Password ကို ရသွားနိုင်တယ်။ သူတပါးရဲ့ ကွန်ပြူတာမှ အရမ်း အရေးမကြီးရင် ကိုယ့်ရဲ့ အရေးကြီးတဲ့ Personal Email တွေ မသုံးပါနဲ့ ။ အီးမေးအကောင့် အပိုထားပြီး အရေးကြီးတဲ့ ဒေတာ မရှိတဲ့ အကောင့်မျိုးကိုသာ အဲဒီလို ကွန်ပြူတာတွေမှာ သုံးပါ။ လိုအပ်လို့ မဖြစ်မနေ Personal Email ကို သုံးလိုက်တယ်ဆိုရင်လည်း ကိုယ့်ရဲ့ Password အမှန်ကို တကြိမ်ထဲ ရိုက်မထည့်ပဲ ထည့်လိုက်ဖျက်လိုက် အကြိမ်များများလုပ်ပြီးမှ Password အမှန်ကို ထည့်ခြင်းအားဖြင့်လည်း ကိုယ့်ရဲ့ Password ကို ရှင်းရှင်းလင်းလင်း မှတ်မထားနိုင်အောင် လုပ်သင့်ပါတယ်။ နောက်ပိုင်းမှာ ကိုယ့်ရဲ့ Password ကို ပြောင်းပြစ်ပါ။

နောက်တစ်ခုက keylogger မဟုတ်ပေမယ့် အခုနောက်ပိုင်း Browser တွေမှာ User Name နဲ့  Password တွေကို သိမ်းထားပေးတဲ့ Feature တွေရှိနေတယ်။ အီးမေးဝင်လိုက်ရင် အဲဒီ User Name နဲ့  Password ကို သိမ်းမလားဆိုပြီး မေးတယ်။ အဲလိုအချိန်မှာ "NO" ကိုနှိပ်ဖို့ မမေ့ပါနဲ့ ။ YES သွားနိုပ်ရင်တော့ ကိုယ့် Information တွေ အဲဒီ Browser မှာ သိမ်းထားပြီးသားဖြစ်သွားမယ်။ Browser တွေမှာ Click တစ်ချက်နှိပ်လိုက်လို့  ပေါ်လာတဲ့ Message တွေကို အသေအချာဖတ်ပါ။ ဘာမှ မဖတ်ပဲ YES နှိပ်တဲ့ အကျင့်ကို မလုပ်ပါနဲ့ ။

နောက်တစ်ခုက အီးမေးဝင်တဲ့အခါ ကို မှတ်ထားမလား "Remember me on this computer" ဆိုတာကို Uncheck လုပ်ပြီးမှာ ၀င်ပါ။ မဟုတ်ရင် အဲဒီ Broswer ကိုသုံလို့  ကိုယ့်ရဲ့ အီးမေးကို အလွယ်တကူ ၀င်လို့ ရနေမယ်။


************* Use HTTPS **************
နောက်တစ်ခုကတော့ Internet Cafe တို့ လို Public Computer တွေ အသုံးပြုသူတွေ ပြုလုပ်ထားသင့်တဲ့ အချက်ပါ။ Secur Http (https) ကိုအသုံးပြုပြီး Gmail ကို Access လုပ်ဖို့ ပါ။ Gmail ကို သာမန် http:// နဲ့  အသုံးမပြုပဲ https:// နဲ့  အသုံးပြုတာပါ။ အဲဒီလို အသုံးပြုတဲ့အတွက် ဘာတွေကောင်းလည်းဆို အလွယ်ဆုံး နားလည်အောင်ပြောရရင် ကြားထဲကနေ ဖောက်ပြီး ဖတ်လို့ မရအောင် လို့  သုံးစွဲခြင်းဖြစ်ပါတယ်။ ကိုယ့်ကွန်ပြူတာ Browser ကနေ အင်တာနက်ပေါ် အထွက်မှာ ကြားထဲကနေ တစ်ခုခုခံပြီး ဖတ်လို့ မရအောင်လို့ ပါ။

ဟိုးအရင် အရင်ကတည်းက Google က https ကို support လုပ်ပါတယ်။ Gmail ကို https နဲ့  သုံးချင်တယ်ဆို http://mail.google.com အစား https://mail.google.com လို့ ရိုက်ထည့်ပြီး သုံးလို့ ရခဲ့ပါတယ်။ ၂၀၀၈ နှစ်လည်ပိုင်း ကစပြီး Gmail က Feature တစ်ခု ထည့်ပေးထားပါတယ်။ ဒါကတော့ ကိုယ် Gmail ကို သုံးတိုင်း Http အစား https နဲ့ ပဲ အမြဲအသုံးပြုမယ်ဆိုတဲ့ Setting ပါ။

Gmail Setting ကိုသွားပြီး Browser connection: မှာ "always use https" ကို ပြောင်းထားလိုက်လို့ ရပါတယ်။


ဒီအထက်မှာ ဖော်ပြထားတဲ့ အချက်တွေ က Google's Gmail ရဲ့ Securityနဲ့ ပတ်သက်ပြီး ကျွန်မ သတိထားမိတဲ့ အချက်တွေပါ။ အိုင်တီနယ်က လူအတော် များများကတော့ သိပြီးသားဖြစ်ပါ လိမ်မယ်။ မသိသေးတဲ့ သူတွေ သိသွားအောင်၊ စိတ်ဝင်စားတဲ့ သူတွေလိုက်လုပ်နိုင်အောင်၊ ကိုယ့် ရဲ့ အီးမေးကို တပါးသူတွေ ၀င်ကြည့်နေသလား၊ ၀င်လို့ ရနေသလား စိုးရိမ်နေတဲ့သူတွေ စမ်းကြည့်လို့ ရဖို့  အတွက် သိသလောက်လေးကို ရှင်းပြထားခြင်းမျှသာ ဖြစ်ပါတယ်။ ကျွန်မ ရေးသားထားတာတွေမှ လိုအပ်ချက်တွေ ရှိနိုင်ပါတယ်။
* * *
တစ်လက်စတည်း Password နဲ့ ပတ်သက်ပြီး အရေးကြီးတယ် ထင်တာ တစ်ခုကို ပြောလိုက်အုံးမယ်။ ကိုယ့်မှာ ရှိသမျှ Email Accounts တွေ အကုန်လုံးမှာ Password တစ်ခုတည်းကို သုံးတာမျိုး လုံးဝ မလုပ်သင့်ပါဘူး။ Account တစ်ခုရဲ့ Password တစ်ခုရသွားရင် တခြား Account တွေပါ ပါသွားနိုင်တယ်။ နောက်ပြီး Password တစ်ခုတည်းကိုပဲ အကြာကြီး သုံးတာမျိုးလဲ မလုပ်သင့်ပါဘူး။ Password တွေကို မကြာခဏ ပြောင်းပြီး သုံးသင့်ပါတယ်။ မှတ်မိအောင်လည်း ပြောင်းအုံးပေါ့။ တော်ကြာ ပြောင်းပြီး ကိုယ့် Password ကိုယ်မေ့သွားလို့  ဒုက္ခရောက်နေမယ်။ Password ထားတဲ့အခါမှာလည်း ခပ်ရှည်ရှည်နဲ့  စာလုံးအကြီး အသေးတွေ၊ နံပါတ်တွေ ရောသုံးပါ။ ခွင့်ပြုတယ်ဆို Special Characters တွေ ပါရောပြီး သုံးသင့်တယ်။

Personal Emails တွေရဲ့ Password တွေကို တခြားနေရာတွေမှာ မသုံးမိပါစေနဲ့ ။ ဥပမာ ပြောရရင် Forum တွေ၊ Website တွေမှာ Account ဆောက်တဲ့ အခါတွေမှာ ကိုယ့် အီးမေးရဲ့ password တူတွေ မသုံးပါနဲ့ ။ နေရာတိုင်းကိုတော့ မဆိုလိုပါဘူး။ တချို့ နေရာတွေမှာ User Name နဲ့  Password ကို Database မှာ သိမ်းတဲ့အခါ encrypt လုပ်မသိမ်းထားဘူးဆိုရင် အဲဒီ Site က Admin တွေ အလွယ်တကူ ကြည့်လို့ ရပါတယ်။ သတိဆိုတာ ပိုတယ် မရှိပါဘူး။
* * *
Useful Links:
Google's Password Assistance
Google Accounts Help -I can't access my account

စိတ်ညစ်တဲ့အမူးသမား

နားထောင်ဖြစ်တဲ့ သီချင်းတစ်ပုဒ်။ ဒီသီချင်းကို နားထောင်လိုက်တိုင်း...

စိတ်ညစ်လို့  အရက်သောက်တာပါ...
အသည်းကွဲလို့  အရက်သောက်တာပါ...
ဆိုတဲ့ အပြောတွေနဲ့  အရက်ကို သိက္ခာကျအောင် မလုပ်ပါနဲ့ ...
အရက်ကို ကြိုက်လို့ သာ သောက်စမ်းပါ..
ငါတို့ ကတော့ အရက်ကို ကြိုက်လို့ ပဲ သောက်တယ်ဟု... အမြဲပြောလေ့ရှိတဲ့ သူငယ်ချင်းတွေကို.. သတိရမိတယ်....

စိတ်ညစ်တဲ့အမူးသမား
တေးရေး - မောင်စစ်ငြိမ်း
တေးဆို - စိန်ဝင်းထွန်း

အရက်ကိုကြိုက်လို့ သောက်တဲ့သူ
စိတ်ပျော်တတ်လို့  သောက်တဲ့သူ
စိတ်ညစ်တဲ့ အမူးသမား..
ညနေစောင်းတော့ ပြောင်းလဲပြီ
စိတ်ဆန္ဒကတောင်းသည်
သောက်ပြစ်လိုက်မယ် အရက်များများ..

....

နေပါစေပြစ်တိုင်းပဲ
ကြွေပါစေအသည်းလေး
ငိုမယ်လေရှိုက်ပြီးဆွေး
သိုင်းကွက်နင်းပြီး လျှောက်လို့ သာသွား..

ကမ္ဘာမှာတစ်ယောက်တည်းပဲ
ကြင်နာသူခုန်ပြေးသွား..
ရင်ခွင်မှာနာကျည်းသော..
ဆွေးရိပ်များက ဖုံးလွှမ်းနေသလား..

....

မူးလာတိုင်းလည်းမလဲပါ
ရှေ့ မှာဆူးခင်းလမ်းကမာ
နင်းပစ်လိုက်မယ်ခပ်ကြမ်းကြမ်း
အရက်ခွက်ထဲကို အရက်ထည့်ကာ
ဖိတ်စင်ပြီးလဲမသွားပါ..
သောက်ပြစ်လိုက်မယ် အရက်များများ..
......

အရက်သောက်တာကို အားပေးသလားဆို အားမပေးပါဘူး... ဘယ်အရာမဆို တန်ဆေးလွန်ဘေးတဲ့.. ကိုယ့်ကျန်းမာရေး၊ လူမှု့ ရေး၊ စီးပွါးရေး.. ထိခိုင်မှု့ မရှိအောင်... အခြေအနေ၊ အချိန်အခါ၊ နေရာဒေသကို လိုက်ပြီး ထိန်းထိန်းသိမ်းသိမ်း ပျော်ပျော်ရွှင်ရွှင် သောက်နိုင်ကြပါစေ...

.............

ဒါနဲ့  ပျင်းနေတယ်ဆို Burmese classic မှာတင်ထားတဲ့ စိန်ဝင်ထွန်း ရဲ့ လောကကြီးက အေးဆေးပဲ ဆိုတဲ့ အခွေကိုကြည့်လိုက်။။ အပျင်းပြေသွားမယ်။ သီချင်းဆိုပုံတွေက ရေရေလည်လည် မိုက်တယ်။ ကြည့်ပြီး သဘောကျ သွားတယ်။ YouTube မှာ လည်း နာမည်ရိုက်ထည့် ရှာကြည့် နိုင်ပါတယ်။

စိတ်ညစ်တာတွေ မတွေးနဲ့ .. လောကကြီးက အေးဆေးပဲ... (တေးရေး -မောင်မောင်ဇော်လတ်)

သံလွင်အိပ်မက် အတွဲ(၃) အမှတ်(၁)

၂၀၀၉ ခုနှစ်အတွက် ပထမဆုံး ထုတ်ဝေလိုက်တဲ့
သံလွင်အိပ်မက်
အင်တာနက်မဂ္ဂဇင်း

သံလွင်အိပ်မက် အတွဲ (၃) အမှတ်(၁)


တရုတ်နှစ်ကူးပိတ်ရက်မှာ....

ပထမဆုံးအနေနဲ့ ..
Happy New Year to all my Chinese friends!!


မနက်ဖြန် ဆို တရုတ်နှစ်ကူးလေ။ ဒီမှာ ကြားနေရတာတွေ၊ မြင်နေရတွေကြောင့် နောက်လာမယ့် နှစ်က နွားနှစ်ဆိုတာ သိထားတယ်။ နွားနှစ်ဆိုတော့ ဘာဖြစ်လဲ... ။ မသိဘူး။ ကျွန်မက တရုတ်လူမျိုးမှ မဟုတ်တာ။

တရုတ်နှစ်ကူးနဲ့  ပတ်သက်တာ ..... ဘာတွေ ထပ်သိလဲဆို ဒီနှစ် တနင်္လာ၊ အင်္ဂါ အလုပ်နှစ်ရက်ပိတ်တာ သိတယ်။ အဲဒီနှစ်ရက်မှာ ဆိုင်တွေ ပိတ်တာလည်း သိတယ်။ အဲဒီလို ပိတ်တဲ့ အတွက် အပြင်မှာသာ ၀ယ်စားလေ့ရှိတဲ့ ကျွန်မလို လူတွေအတွက် အခက်အခဲရှိတယ် ဆိုတာလည်း သိတယ်။ ဒီလိုတွေ သိတဲ့ အတွက် ဒီနေ့  ဈေးနည်းနည်း ၀ယ်တယ်။ ၀ယ်သာ ၀ယ်တာ၊ သိပ်တော့ မထူးပါဘူး။ ချက်စားလို့ ရတာတွေ ၀ယ်တာမှ မဟုတ်တာ။ ဘာမှ စားဖို့ မရှိတာထက်စာရင် စားလို့ ရတာလေးတွေရှိတော့ နည်းနည်း အဆင်ပြေသေးတာပေါ့လို့  တွေးမိတာနဲ့  စားချင်တာတွေ ၀ယ်လာ ခဲ့တယ်။ အဖော်လိုက်လာတဲ့ သူငယ်ချင်းကလည်း မြှောက်ပေးတယ်။ ဘာဝယ်ရင်ကောင်းမလဲ ဆိုတော့ စားချင်တာသာဝယ်တဲ့။ ၀ယ်ပြီး ပိုက်ဆံရှင်းခါနီးမှ နင်ဒါတွေစားပြီး နောက်ရက်တွေ အလုပ်မသွားနိုင် ဆေးခွင့်ယူနေရမယ်တဲ့။ ထည့်နေတုန်းကတော့ မတားဘူး။ မတတ်နိုင်ဘူး ၀ယ်ဖို့ စိတ်ကူးပြီးမှတော့ ၀ယ်မှာပဲဆိုပြီး ၀ယ်လာခဲ့တယ်။

ဘာတွေလည်းဆိုတာ မြင်ရမယ် ထင်တယ်။ ထူးထူးဆန်းဆန်း နွားနို့ တစ်ဗူး ပါတာ တွေ့ တယ် မဟုတ်လား။ နွားနှစ်မို့  နွားနို့ သောက်မှ ဆိုပြီး ၀ယ်လာတာ မဟုတ်ဘူး။ မနေ့ က အိမ်နဲ့  ဖုန်းပြောဖြစ်တယ်။ နွားနို့ သောက်ဖြစ်လား အမေက မေးတယ်။ အဲဒီလို မမေးတာ အတော်လေးကြာပြီ။ မမေးထဲက မသောက်ပဲနေတာ။ ညာတာလည်း မဖြစ်အောင်၊ အမေလည်း စိတ်ချမ်းသာအောင် မရှိဘူး၊ ဈေးသွားဖြစ်ရင် ၀ယ်သောက်မယ် ပြောမိခဲ့တဲ့ အတွက် ဒီနေ့  နွားနို့ တစ်ဗူး ၀ယ်ဖြစ်သွားတယ်။

နောက်လာမယ့် နှစ်ရက် အပေါ်က ပုံထဲကဟာတွေစားပြီး အိမ် မှာနေဖြစ်မယ် ထင်ပါတယ်။ မြန်မာပြည်က တရုတ်နှစ်ကူး နဲ့ ကွာပါ့လို့  စိတ်ထဲက တွေးနေတယ်။ အင်း ... စိတ်ကောင်းရှိတဲ့ သူငယ်ချင်းက ထမင်းဟင်းချက်ကျွေးမယ် ဆိုရင်တော့ သူတို့ အိမ်မှာ ထမင်း သွားစားဖြစ်နိုင်ပါတယ်။

Decisions!!

ဒီနေ့  ဖတ်ပြီး သဘောကျသွားတဲ့ ဂါဖီး ကာတွန်း...

Garfield by Jim Davis

၂၂-၀၁ ဒိုင်ယာရီ ..

အခုနလေးတင်မှ အလုပ်ရောက်တယ်...
ဒီနေ့  မနက်ပိုင်း ခွင့်ယူထားတာ... အခု အိပ်ချင်နေတယ်...
ညက အိပ်ရေး မ၀ဘူး... နေ့ တစ်ဝက် အလုပ်လုပ်ရအုံးမယ်...
လုပ်စရာတော့ သိပ်မရှိဘူး... ညနေ ၆ နာရီဆို ပြန်မယ်...
...
အဖေလာတယ်... ပစ္စည်းတွေ ပေးလိုက်တယ်...
သဘောကျတယ် ပြောတယ်... အခုတော့ပြန်သွားပြီ...
နောက်ထပ်ရောက်အုံးမယ်တဲ့... ကျေးဇူးတွေတင်လို့ ...
မုန့် ဖိုးပေးသွားတယ်... အခု ၃ နာရီ ထိုးပြီ...
...
ဗိုက်ဆာလာတယ်... စိတ်တိုသွားတာကို...
ညစာမှ ပေါင်းစားမယ်... ပြန်မအိပ်လိုက်ရဘူး...
အချိန်တော့ရခဲ့တယ်... ဒီလို ပါပဲ..
ဖြစ်တတ်ပါတယ်.. မကြာခင် ၄ နာရီ ထိုးမှာပါ.
...
သနားနေတာတဲ့လေ... တခြားတစ်ဖက်မှာ ကောင်းပါတယ်..
နေသားကျနေပြီပေါ့တဲ့... အပြောအရမ်းကောင်းသွားလား..
ဒါလူ့ ဘ၀တဲ့... မသေမခြင်းပေါ့
...
၅ နာရီ ရှိနေပြီ...
...
...
...
...
၆ နာရီ .. အိမ်ပြန်ပြီ..

( အခုမှ ညနေ ၃ နာရီကျော် ၄ နာရီ မထိုးသေးတဲ့ အတွက် .. ၅ နာရီ နဲ့  ၆ နာရီကို ဆက်ရေးလို့ မရသေးဘူး.. လုပ်စရာရှိတာလေးတွေ လုပ်အုံးမှ...)

... ဒီနေ့ ...
၂၂ ၀၁.. ကိုယ်မမေ့ပါဘူး..
ချမ်းမြေ့ပါစေ.. အဆင်ပြေပါစေ..
သူငယ်ချင်းရဲ့ မာတာမိခင် ကျန်းမာပါစေ..
...

Dream.. Dream..

ဒီနေ့  မနက် အိပ်ရာ ထထခြင်းလုပ်တဲ့ အလုပ်က ၄၄ ကြိမ်မြောက် အမေရိကန်သမ္မတခံယူပွဲမှာ အိုဘားမား ပြောတဲ့ မိန့် ခွန်းတွေကို လိုက်ရှာဖတ်ခြင်းပါပဲ။ အိုဘားမား စကားပြောတာကို ရွေးကောက်ပွဲရဲ့ အဖြေကိုသိပြီး ပထမဆုံး ချီကာဂိုမှာ ပြောတဲ့ မိန့် ခွန်း နားထောင်ပြီးကတည်းက အတော်လေး ကြိုက်တယ်။ မိန့် ခွန်း စာသားတွေ ဖတ်ပြီးမှ အသံဖိုင်ကို လိုက်ရှာ နားထောင် ဖြစ်တယ်။


ပြီးတော့ သတင်းတွေ အရ အိုဘားမား ကျမ်းကျိမ်တဲ့ အချိန်မှာ လွဲချော်မှု့ လေးတွေ ရှိတယ်ဆိုလား ဖတ်လိုက်ရလို့  အဲဒါလေးကို လိုက်ရှာကြည့်ဖြစ်တယ်။ တစ်ဆက်တည်း ပြောအပြီး မှာ ရွက်တဲ့ ကဗျာကိုလည်း လိုက်ရှာဖတ်ဖြစ်တယ်။ ကဗျာရွက်သံကိုလည်း နားထောင်ဖြစ်တယ်။

မနက်က အဲဒါတွေ လိုက်ရှာ အဖတ်ကောင်းတာနဲ့  အလုပ်ကို ၁၀ မိနစ်ကျော်လောက် နောက်ကျပြီးမှ ရောက်တယ်။ အလုပ်ရောက်တော့ အလုပ်ရှုပ်နေတာနဲ့  သတင်းတွေ ဆက်ပြီး မဖတ်ဖြစ်တော့ပဲ နေ့ လယ်စာ စားချိန်ကြမှာသာ ဒီသီချင်းလေး ရတာနဲ့  နားထောင်ဖြစ်တယ်။

R.Kelly -I Believe (Obama Tribute)

I believe
I believe
I believe
OH
I believe
I believe
I believe
OH OH I


When the mountain seems too high
And you don't have the courage nor the strength to climb
In a road you all 'lone in
But still you run though you can not see the finish line
And dark cloud are over you
Your sky's no longer blue
But you marched on straight ahead
And somehow you made it threw
Got to the mountain
And lead the path for me
Your victory made history and now I believe

I believe
I believe
I believe
OH
I believe
I believe
I believe
OH OH I


When it felt like you and we couldn't fight no more
On the ropes and it seemed like you was gonna' run out of breath
When the world was on your shoulders
And the walls were in your way
You leadily made it over
Threw it all you kept the faith
With the hope you set us free
You showed us how to dream
And now we can lift our voices and forever see
Now's the time to look ahead
And think of the heroes of the past
To celebrate this victory
Lets raise the flag cause I believe

I believe
I believe
I believe
OH
I believe
I believe
I believe
OH OH I

And when they tried to keep you down
You kept up your head
Never lose inside
You believed in what was right
You endured to the end
Walked threw the strongest wind
And when our hope was dying
You brought us healing
And now I got something
To tell my children I believe

ပြီးတော့ အဲဒီနေ့ နဲ့  ပတ်သက်တဲ့ သတင်းတွေ လိုက်ဖတ်ဖြစ်ပြန်တယ်။ သူတို့ နိုင်ငံမှာ လူအများစုဟာ အရမ်း ပျော်နေကြတယ်။ ပြုပြင်ပြောင်းလဲမှု့ တွေ လုပ်ပေးနိုင်မယ့်သူဆိုတဲ့ ယုံကြည်ချက်နဲ့  အိုဘားမားကို သူနိုင်ငံသူ/ နိုင်ငံသားတွေသာမက လူအများက နှစ်သက်ကြတယ်။ ကြိုဆိုကြတယ်။ သမ္မတအဖြစ် ရွေးချယ်ခံရမှု့ အတွက် ၀မ်းမြောက်ကြတယ်။

အားလုံးသိတဲ့အတိုင်း အိုဘားမားက အမေရိကန်နိုင်ငံရဲ့ ပထမဆုံး လူမည်း သမ္မတ။ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့  လူအများ ထင်ခဲ့တဲ့ အိပ်မက်တစ်ခု သူတို့ နိုင်ငံမှာ တကယ်ဖြစ်လာခဲ့ပြီလေ။ ကျွန်မ တို့ ရဲ့ ပျော်ရမယ့်နေ့ .. ကျွန်မတို့ ရဲ့ အိပ်မက်ရော ဘယ်တော့ဖြစ်လာမလဲ.. ဆိုတာ... တွေးရင်း ...

Related Post : Martin Luther King, Jr.'s "I Have a Dream"

☺Photography is Hard Work

ဓာတ်ပုံကောင်းကောင်းလေးတွေ ရအောင် ရိုက်တယ်ဆိုတာ အရမ်း လွယ်တဲ့ အလုပ်တစ်ခုတော့ မဟုတ်ပါဘူး။ ဈေးကြီးကြီး နဲ့  functions တွေ အများကြီးပါတဲ့ Camera နဲ့  ရိုက်တယ်ဆိုယုံ တစ်ချက်တည်းနဲ့ ပုံကောင်းကောင်းတွေ မရနိုင်ပါဘူး။ အလင်းအမှောင်၊ ဓာတ်ပုံနဲ့  ပတ်သက်တဲ့ နည်းပညာပိုင်းဆိုင်ရာတွေကို သိရှိယုံ မကဘူး၊ ရသ၊ အလှအပတွေကိုလည်း မြင်တတ် ခံစားတတ်ရအုံးမယ်။ (တခြား အချက်တွေ ရှိနိုင်ပါသေးတယ်။)

နောက်ထပ် အရေးကြီးတဲ့ အချက်တစ်ချက်က ပတ်ဝန်းကျင်ကို ရှက်နေတာ၊ ကြောက်နေတာမျိုး လုံးဝ မရှိရဘူး ဆိုတဲ့ အခက်ပါပဲ။ ဓာတ်ပုံရိုက်တဲ့ အချိန်မှာ ပုံကောင်းကောင်းတွေရဖို့ ကသာ အဓိက ဆိုတဲ့ စိတ်ဖြစ်နေရမယ်။ မရှက်မကြောက် လမ်းမပေါ်၊ လူတွေအကြားမှ ဓာတ်ပုံလှလှလေးတွေ ရအောင် ကြိုးစားနေတဲ့ ဓာတ်ပုံ ဆရာတစ်ဦးကို အမှတ်မထင် တွေ့ ခဲ့လို့ မှတ်တမ်း တင်ထားလိုက်ပါတယ်။





ဟိုတစ်နေ့ က ညနေပိုင်း အလုပ်ကအပြန် လမ်းလျှောက်လာရင်း အထက်ကရှု့ ခင်းတွေကို တွေ့ လိုက်ရတာပါ။ လမ်းလျှောက်လာရင်း ဖုန်းအမြန် ထုတ်ပြီး၊ မသိမသာ ခိုးရိုက်လိုက်ရတာ ဆိုတော့ အရမ်းတော့ မရှင်းလင်းဘူး။ ကျွန်မ နည်းနည်းလည်း ရှက်တတ်တော့ ပေါ်တင်ကြီး မရိုက်ရဲဘူးလေ။ မသိမသာလေးရိုက်ရတာ။ အပြောခံရမှာလဲ နည်းနည်း ကြောက်တယ်။ အပေါ်က ဓာတ်ပုံဆရာလို ရိုက်ဖို့ ဆိုတာ စိတ်ကူးလို့ တောင် မရဘူး။ ဒါကြာင့်လည်း ကျွန်မ ဓာတ်ပုံပညာကို စိတ်ဝင်စားသူလို့ တောင် နာမည်တတ်မရတာဖြစ်မယ်။ အဲဒီနေ့ က သုံးပုံပဲ ရိုက်လို့  မှီလိုက်တယ်။ လက်နည်းနည်း နှေးသွားလို့ နောက်ဆုံး လိုချင်တဲ့ အကွက်တစ်ကွက် မရိုက်လိုက်နိုင်ဘူး။ ဖုန်းဆိုတော့ သိတဲ့အတိုင်း နည်းနည်းနှေးတယ်။ ဒါပေမယ့် ကျွန်မသာ လက်မြန်မယ်ဆို အဲဒီအကွက်လေး ရိုက်လို့ ရနိုင် လောက်တယ်။ တစ်ညနေလုံး ရိုက်ယူ မထားလိုက်နိုင်တဲ့ မြင်ကွင်းလေး အကြောင်းတွေပြီး စိတ်မကောင်းဘူး။ ဓာတ်ပုံရိုက်တဲ့ အခါ လက်သွက်ရမယ် ဆိုတဲ့ အချက်ကို ဒီတစ်သက် မေ့နိုင်တော့မယ် မထင်ဘူး။

Be Yourself , Be Strong and Be Silly

မှန်ချပ်တွေပါ။ အိမ်ခန်းတွေမှာ အလှဆင်ဖို့  အသုံးပြုကြတယ် ထင်တာပဲ။ ဘောင်ခပ်လိုက်တော့ တမျိုး ကြည့်ကောင်း သွားတယ်။







Got those Mirrors from target.com

You received this email because you are subscribed to the real_time feed for http://naynaynaing.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.