Monday, February 9, 2009

[လှုပ်ရှားနေသော မိုးကောင်းကင်] 2 New Entries: လူငယ်

လူငယ်

သူတို့တတွေ
ဂျင်းဘောင်းဘီဝတ်တယ်….
ဆံပင်ရှည်ရှည်ထားတယ်….
နားကပ်တဖက် ပန်တယ်….
ဆေးမှင်ကြောင်ထိုးတယ်….
ရက်ပ် ဂီတကိုခံစားတယ်….
အစုအဝေးနဲ့နေတယ်…
ဘီယာသောက်တယ်….
ကခုန်တယ်..။

သူတို့တတွေ
လွတ်မြောက်လိုစိတ်ရှိတယ်…
အမှန်တရားကိုမြတ်နိုးတယ်…
မတရားမှုကိုဆန့်ကျင်တယ်…
စွန့်စားလိုစိတ်ရှိတယ်…
ငြိမ်းချမ်ရေးကိုမြတ်နိုးတယ်…
စစ်ကိုဆန့်ကျင်တယ်…။

နီလွင်သွေး(ဒဿနိကဗေဒ)

လရောင်ဆမ်းလို့ ရွှန်းပစေ

(၁)

ကောင်းကင်ကို မော့ကြည့်မိတော့ လမင်းကြီးက ကြယ်တာယာအပေါင်း ခညောင်းလို့ ထိန်ထိန် သာလို့ နေတယ်။ တလောကလုံး နို့ရည်တွေနဲ့ ဖြန်းပက်ထားသလို သြကာသ လောက တခွင် လုံးရှိ လူသားအားလုံးကို အမှောင်ခွင်းလို့ အေးမြတဲ့ အလင်းရောင်ကို ပေးစွမ်းနေတယ်။
ကြယ်တာယာလေးတွေကို လှမ်းကြည့်မိတော့ ပြုံးပျော်ကြည်နူးလို့ မြင်မြင်သမျှ အရာအားလုံး ဟာ အေးငြိမ်းသာယာပြီး အလှကို အယဉ် ဆင့်ကာ လပြည့်ညနဲ့ ပနန်တင့်လို့နေတော့တယ်။

(၂)

ဒီနေ့ သီတင်းကျွတ်လပြည့်နေ့ ကျမတို့ ယောဂီ မောင်နှမများရဲ့(၉)ရက်မြောက် တရားစခန်းပွဲ သိမ်းတဲ့နေ၊့ ဝါတွင်းသုံးလ အပြီး ဖွင့်တဲ့ တရားစခန်းဆိုတော့ တရားဝင် သံဃာတော်များနဲ့ ယောဂီများ လည်း အတော်များများ တရာစခန်းဝင် ဖြစ်ကြတယ်။ တရာဝင် သံ ဃာတော်များနဲ့ ယောဂီများရဲ့သန္တန်မှာလည်း ချစ်ခြင်း၊ မုန်းခြင်း အလျှင်းမရှိ မေတ္တာတရားပွားများလို့ ငြိမ်းချမ်း အေးချမ်းလို့ နေတယ်။
ကျမလည်း တရားစခန်းသိမ်းအပြီး စင်္ကြန်ကနေ လှမ်းကြည့်မိတော့ ဆွမ်းစားဆောင်ထဲမှာ လူတွေ ပြည့်နှက်လို့ ရုတ်ရုတ်သဲသဲနဲ့ အ တော်လေး အလှုပ်ရှုပ်နေတဲ့ပုံပဲ။
တရားဝင်ယောဂီ အများစုက ကရင်ဗုဒ္ဓွဘာသာဝင်တွေ ဖြစ်တဲ့အတွက် တရားတချိန် ထိုင်ပြီး တိုင်း ထိုင်ပြီးတိုင်း ကရင်ဘာသာ စကားနဲ့ တယောက်နဲ့ တယောက် စကားပြောကြတာဆို တော့ ကျောင်းမှာ ဘာတွေ လုပ်နေတယ် ဘာပွဲတော် ရှိတယ် ဆိုတာသူတို့ သိနေတဲ့ ပုံဘဲ။
ကျမလည်း တရားစခန်း ပြီးပြီဆိုတော့ သိချင်ဇောနဲ့ ဗမာလို လယ်လယ်ဝယ်ဝယ် ပြောတတ်တဲ့ အဒေါ်ကြီးတယောက်ကို ဟိုဘက် ကျောင်းဆောင်မှာ လူတွေဘာလုပ်နေကြသလဲ ဆိုတာ မေးလိုက်မိတယ်၊။ အဲ့ဒီတော့မှဘဲ သူတို့တွေလာမယ့် တန်ဆောင်မုန်းလ ကထိန်ပွဲ အတွက် စုပေါင်းအလှူလုပ်ဖို့ ပြင်ဆင်နေကြတယ်လို့ သိခဲ့ရတယ်၊

(၃)

ကျမထင်တာ ကထိန်သင်္ကန်းကပ်လှူဖို့ စောသေးတယ်ပေါ့။ ဒါပေမယ့် တရားဟော ဆရာတော်ကို မေးလျှောက် ကြည့်မှ ကထိန်အလှူ ဆိုတာ သီတင်းကျွတ် လပြည့်ကနေ တန်ဆောင်မုန်း လပြည့်နေ့အထိဘဲ အလှူလုပ်ခွင့် ရှိပြီး တန်ဆောင်မုန်း လပြည့်ကျော် သွားရင် ကထိန် သင်္ကန်း ဘယ်လောက်ပဲ ကပ်လှူချင်ပေမယ့် ကထိန်အလှူ မမြောက်ဘူး ဆိုတာလည်း သိခဲ့ရတယ်။
ကထိန်အလှူဆိုတာ ကောင်းကင်က ကြလာတဲ့ မိုးလိုဘဲ ဘယ်သူကိုမှ မထိခိုက်စေဘဲ သဘာဝ အလျှောက် ဖြစ် ပေါ်လာတာကို ဆိုလို တယ်။ ဒါကြောင့် တနှစ်မှာ တကြိမ်သာ ပြုလုပ်ခွင့်ရှိပြီး သင်္ကန်းနွမ်းပါသော သံဃာကိုသာ လှူခွင့်ရှိတာ၊ အဲ့ဒီလို လှူဒါန်းရာမှာလည်း သံဃာတော် တပါးပါးမှ အလှူတောင်းခံခြင်း မဟုတ်ဘဲ မိမိတို့ ဆန္ဒ အလျှောက် သဒ္ဒါတရား ထက်သန်စွာဖြင့် တကျောင်းလုံးရှိ သံဃာကို ရည်စူးပြီး လှူတန်းမှသာ ကထိန် အလှူ မြောက်တယ်လို့ သိခဲ့ရတယ်။
အဲ့ဒီလို လှူခြင်းအားဖြင့် ကထိန်အကျိုးငါးမျိုးကို သံဃာတော်များ တန်ဆောင်မုန်းလမှ စ၍ တပေါင်းလအထိ ငါးလ အတွင်း အကျိုးခံစား ခွင့် ရှိတယ်ဆိုတာ သိခွင့်ရခဲ့တယ်။
အဲဒီတော့မှ ကထိန်သင်္ကန်း ကပ်လှုပူဇော်ရခြင်းရဲ့ အကျိုးကျေးဇူးတွေဟာ ဘယ်လောက်များ တယ် ဘယ်လို ကုသိုလ်ရတယ် ဆိုတာတွေ ကို အလုံးစုံသိခဲ့ရတယ်။
ကထိန်သင်္ကန်းအလှူရှင်ဟာ ကထိန်အလှူ ဒါနမြောက်ပြီဆိုရင် အဲ့ဒီ အကျိုးငါးပါးကို အလှူခံ သံဃာတော်ရော မိမိအတွက်ပါ နှစ်ဦး နှစ်ဖက်လုံး အကျိုးခံစားရတယ်လို့ ဆရာတော်ဘုရား၏ မြွတ်ကြား ရှင်းပြမှပဲ သိခဲ့ရတယ်။
ဒါ့အပြင် မိမိသဘော ဆန္ဒအလျှောက် သဒ္ဒါတရား ထက်သန်စွာဖြင့် လှူဒါန်းသော အလှူမျိုးဖြစ် ပြီး ကျောင်းရှိ သံဃာအားလုံးကို ရည်စူးပြီး လှူဒါန်းမှသာလျှင် ကထိန်အကျိုးမြောက်ပါတယ်။
ဒါ့အပြင် ကထိန်အကျိုးငါးမျိုးကို (၅)လအတွင်း ခံစားရတယ်လို့ မြတ်စွာဘုရားက ဟောကြား တော် မူခဲ့ပါတယ်။
(၄)
ဆရာတော်ဘုရား ဟောပြောနေတာကို နားထောင်ရင်း စက်တင်ဘာ ရွှေဝါရောင် တော်လှန် ရေးကြီးအတွင်း မြန်မာပြည်သူတွေ ခံစားနေရသော ဒုက္ခ အဝဝကို ပြေပျောက်စေဖို့ မေတ္တာ သုတ် ရွတ်ဆိုကာ လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြစေဖို့ ဆုတောင်းပေးခဲ့ကြသော တနိုင်ငံလုံးရှိ သံဃာတော်တွေ ကြက်ပျောက်၊ ငှက်ပျောက် ဘယ်တွေ ရောက်ကုန်ကြတာလဲ၊ ဘာတွေဖြစ်ကုန်ကြတာလဲ အဲ့ဒီလိုဖြစ်အောင် ဖမ်းဆီး ရိုက်နှက် သတ်ဖြတ်ပြီး ထောင်ထဲပို့လိုက်ကြတာ ဘယ်သူတွေလည်း၊ အဖမ်းခံရတဲ့သံဃာတော်တွေကို ရိုက်နှက်၊ သင်္ကန်း စွဲချွတ် လူဝတ်လဲခံရတာတွေကို မြင်ယောင်ပြီး ရင်ထဲ မခံစားနိုင်အောင် ဖြစ်ခဲ့ရတယ်။
အခုချိန်ဆို ပြည်တွင်းမှာ ထောင်နန်းစံ အဖမ်းခံရတဲ့ သံဃာတော်တွေ သတင်းဝါလကျွတ်ချိန် သင်္ကန်းအလှူ ခံခွင့်ရဖို့ နေနေသာသာ အခု လောက်ဆို သင်္ကန်းမပြောနဲ့ ပုံစံပုဆိုးနဲ့အင်္ကျီတောင် လောက်ငှအောင် ဝတ်ရပါ ရဲ့လား၊ ဘယ်လို့များ ကြိမ်းမောင်းထုထောင်း ခံနေရပြီလဲ၊ ဘယ်လောက်များ နှိပ်စက်ခံကြရပြီး ဘယ်လောက်ဝေးလံတဲ့ ထောင်တွေထဲပို့လိုက်ကြပြီလဲ၊ အသက်မှရှင်ကြပါသေးရဲ့လား တွေးကြည့်မိ တာတောင် အသက်ရှူ မဝနိုင်အောင် ဖြစ်မိတယ်။
သိက္ခာတော်တွေနဲ့အညီ ကျင့်ကြံအားထုတ်နေကြသော ဆရာတော်များကတော့ ဘယ်လောက်ပဲ ကြိမ်းမောင်း ကြိမ်းမောင်း ဘယ်လိုပဲ နှောက်ယှက် နှိက်စက်ဖျက်ဆီးပါစေ သူတို့ရဲ့သိက္ခာပုဒ်ကို အပျက်မခံဘဲ ကျင့်ကြံ အားထုတ် နေထိုင်ကြတာပါ။
အဲ့ဒီလို ဆရာတော်တွေက သိက္ခာပုဒ်ကို ထိန်းသိမ်းလေလေ နှိပ်စက်သမှု ပြုကြသူတွေမှာ အပြစ်ကြီးလေပဲ ဆိုတာကိုတော့ ဒင်းတို့ မသိ ကြလေရော့သလား၊ သိသိရက်နဲ့ တဘဝစာ အာဏာကို မက်မောနေကြတာလား ဆိုတာကို ပြုလုပ်သူ ကာယကံရှင်တွေပဲ သိကြပါလိမ့် မယ်။
(၅)

ကျမတို့ ဒုက္ခသည်စခန်းမှာတော့ အလုပ်အကိုင် မရှိကြဘူးဆိုပေမယ့် သူများ ပေးပို့သမျှ ငွေကျေးလေးနဲ့ သဒ္ဒါတရား ထက်သန်စွာဖြင့် ကထိန်သင်္ကန်း ကပ်လှူပူဇော်ကြဖို့ တဦးနဲ့တဦး လှုံ့ဆော်နေကြတာကို တွေ့ရတယ်။
ဝါတွင်းသုံးလမှာ ဝါဆိုခဲ့ကြသော သံဃာတော်များဟာ အေးငြိမ်းစွာဖြင့် ဝါဆိုနိုင်ကြတာတောင် ဝါတွင်းကာလပြီးဆုံးရင် သင်္ကန်းတွေ ဟောင်းနွမ်းလို့ အလှူခံရန် အသင့်ဖြစ်ကြတယ်။ ထောင်ထဲမှာ သင်္ကန်းမရှိ ဘာမရှိနဲ့ ဝါဆိုခဲ့ရသော သံဃာတော်တွေမှာ ဘယ်လောက် များ ဆင်းရဲဒုက္ခ ကြီးစွာခံစားရလေမလဲ၊ ဝါကျွတ်လို့ သင်္ကန်းကပ်လှူမယ့် သူရှိတယ်ဆိုတာတောင် အလှူခံခွင့် မရအောင် ပိတ်ပင်တား ဆီးမှုတွေ ရက်ရက်စက်စက် ပြုမူကြတဲ့ နအဖ ဗိုလ်ချုပ်ကြီးတွေ ဘယ်လောက်များ အပြစ်ခံကြရလေမလဲ၊ ရုပ်မြင်သံကြား အစီအစဉ်မှာ တော့ ဒင်းတို့ရဲ့ လူမြင်ကောင်းအောင် လှူပြ တန်းပြပေမယ့် ကထိန်အကျိုးကို ခံစားဖို့ နေနေသာသာ ဒင်းတို့သေရင် အဝီစိငရဲမှာ ချိုး ကပ်လို့ သေမယ်ဆိုတာ ပြောစရာမလိုပါဘူး။
သံဃာဆိုတာ ဘုရားသားတော်တွေဖြစ်တဲ့အတွက် ဘုရားရဲ့ဝိနည်းတော်သိက္ခာပုဒ်ကို အာဂုံဆောင်လို့ ကျင့်ကြံနေထိုင် ကြရတာပါ။ ဒါကြောင့် ကထိန်အကျိုး ငါးပါးဆိုတာ မြတ်စွာဘုရား ဟောကြားထားတဲ့ ဝိနည်းတော်တွေထဲမှ ဝိနည်းတော်(၅)ခုကို ခြေဖျက်နိုင်တယ် လို့ ဘုရားရှင် ကိုယ်တော်တိုင် ဟောကြားထားတဲ့အတွက် ကထိန်ကပ်လှူခွင့်ရတဲ့ အကျိုးကျေးဇူးဟာ ဘယ်လောက် ကြီးမားတယ်ဆို တာ သိလို့ လှူဒါန်းကြတဲ့ ပြည်သူတွေ ကထိန် အကျိုးငါးမျိုးကို ခံစားမှာပါ။
အဲ့ဒီလို လှူဒါန်းနေသူများကို မလှူကြဖို့ ပြောဆို ကြိမ်းမောင်းခဲ့ကြတဲ့ ဗိုလ်မှူး၊ ဗိုလ်ကြီးများ မိမိတို့ မလှူုချင်ရင်တောင် လှူဒါန်းကြမည့် ပုဂ္ဂိုလ်များအတွက် ဖျက်ဆီးနှောက်ယှက်ကြသူတွေ ဘယ်လောက်များအပစ်ကြီး ငရဲကြီးစေတယ်ဆိုတာကိုတော့ ဗုဒ္ဓွဘာသာ ကိုးကွယ် သူ မြန်မာလူမျိုးတွေဖြစ်တဲ့ ဗိုလ်ချုပ်ကြီးတွေ သိကြလိမ့်မယ်ထင်ပါတယ်။
(၆)

ဒါကြောင့် ရှေးလူကြီးများရဲ့ ဆိုရိုးစကားဖြစ်သော ဘုရားမှာ စိန်၊ ကျောင်းမှာ သိမ်၊ သင်္ကန်းမှာကထိန်လို့ ပြောကြားခဲ့တာတွေကို သတိရ ပြီး အလှူဒါန ပြုကြသူငါ ဆိုသည့်အတိုင်း ဘုရားအား ရည်စူးပြီး လှူနိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ဗုဒ္ဓွရဲ့မေတ္တာဟာ အေးမြတဲ့ လရောင်လို့ ကမ္ဘာပေါ်မှာ ရှိရှိသမျှ လူသားအားလုံးကို အလင်းရောင် ပေးစွမ်းနေတာမို့ ပြည်သူအများ ဒုက္ခခတ်သိမ်း ကင်းဝေးကာ လရောင်ဆမ်းသလို လန်းဆန်းစေမှာပါ။
ဘုရား၊ တရား၊ သံဃာ ရတနာ သုံးပါးအားရည်စူး၍ သဒ္ဒါတရားထက်သန်စွာဖြင့် ကထိန်သင်္ကန်းကပ်လှူနိုင်ကြပါစေ၊ ကထိန်အကျိုး ငါးမျိုးကိုလည်း ဘဝမခြား ကိုယ်စီကိုယ်ငှ ရရှိနိုင်ကြပါစေလို့ ဆန္ဒ မွန်ဖြင့်။

.အင်ကြင်းမေ (၂၁-၁ဝ-ဝ၈။)

You received this email because you are subscribed to the real_time feed for http://nyeinsuu.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.