Monday, February 9, 2009

[Paradise of Fighting Peacocks] 1 New Entry: အကယ်ဒမစ်ဆန်ဆန်ချဉ်းကပ်တာတဲ့လားဗျာရေ့

အကယ်ဒမစ်ဆန်ဆန်ချဉ်းကပ်တာတဲ့လားဗျာရေ့

အင်း.....စိတ်လေတာမှ ပြောမနေနဲ့တော့....ဟိုကတစ်မျိုး၊ ဒီကတစ်မျိုး၊ ကိုယ်ကတစ်မျိုးနဲ့ လောလောဆယ် မှာတော့ ဗမာငွေ မာနေ တယ်...။ အကြောင်းရင်း ကတော့ နိုင်ငံစီးပွားရေး ကောင်းလာလို့လို့ ဘယ်သူမှ မထင်ကြတာတော့ သေချာမှာပါပဲ။ စား၊ ၀တ်၊ နေရေးမှာ ပထမဆုံး အရေးကြီးတဲ့ စားရေးအတွက် အများ ပြည်သူလူထုမှာ ရုန်းကန် လှုပ်ရှား နေရတာဆိုတော့ နိုင်ငံရေးမှာ ဘယ်သူကမှ အာရုံ မစိုက်နိုင်ပါဘူး၊စိုက်မိရင်လဲ နအဖစစ် အာဏာရူးတွေက သာမန်လူမပြောနဲ့ ဘုန်းကြီးတောင် ချမ်းသာပေးတဲ့ သူတွေမဟုတ်တော့ အချင်း ချင်းကြရင်သာ ကိုယ်ရွှေ ကိုယ်မျိုးတွေက ဓါးနဲ့ဆိုလဲ ထခုတ်လိုက်တာပဲ....။ မီဒီယာတွေမှာ ဆော်ပလော်တီး၊ အညိုအမဲတွေ စွဲနေတာ လောက်တော့ အေးရာ အေးကြောင်းပေါ့.....။ တစ်ခုရှိတာက မီဒီယာတွေကိုတာဝန်ယူ လုပ်ဆောင်နေတဲ့ သူတွေက ဘယ်လို လူတစ် ယောက်၊ ဆောင်းပါးရှင် တစ်ယောက်ရဲ့ မည်သို့သော အကယ်ဒမစ်ဆန်ဆန် ပညာသားပါတဲ့ ဆောင်းပါးမျိုးပဲ ဖြစ်ဖြစ်ဆိုလိုချင်တဲ့ရူထောင့်ကို တိုက်ရိုက် ဦးတည်တာချင်း အတူတူမှာ မလိုလားအပ်တဲ့ တစ်ခြားအဓိက ကျတဲ့ နိုင်ငံရေးလိုဟာမျိုးကို ခုတုံးလုပ်ပြီး ရေးသား ထားတဲ့ ဆောင်းပါးမျိုးကို အထူးသဖြင့် တော်လှန်ရေးလို မီဒီယာတစ်ခုမှာ တင်လိုက်တာ ကိုတော့ ကျွန်တော် လုံးဝမစဉ်းစား တတ်အောင်ပါပဲ....။

စဉ်းစားမိသလောက်ဆိုရင်တော့ ဆောင်းပါးရှင်နေသန်မောင်(ရုပ်ရှင် ဗီဒီယို ထုတ်လုပ်ရေးနဲ့ နိုင်ငံရေး သိပ်ပံ္ပ နောက်ဆုံးနှစ် ကျောင်းသား) ရဲ့ စည်းကမ်း ပြည့်ဝသော သတင်းများနဲ့ ဟစ်ဟော့ငိုငြီးသံများ ဆိုတဲ့ ဆောင်းပါးဟာ ဟစ် ဟော့ အဆိုတော်တွေနဲ့ တော်လှန်ရေး အင်အားစုတွေ အကြား၊ မီဒီယာများ အကြား စည်းလုံးမှု ပြိုကွဲအောင် ဒီမိုကရေစီ ဘမ်းပြပြီး ရန် တိုက်ပေးထားတာပါပဲ....။ ဆောင်းပါးရှင်ရဲ့ ရည်ရွယ်ချက်က တိုင်တွေ ဘယ်လို ပတ်ပတ် သေချာတာက အဲဒီအတိုင်း အတိအကျပဲ ဆိုတာကို ယူဆမိပါတယ်...။ ရေးသားထားတဲ့ပုံစံက မြန်မာပြည်ရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံကို တော်လှန် ချင်သလိုလို ဘာလိုလိုနဲ့ ဒီမိုကရေစီကို ဘမ်းပြပြီး နိုင်ငံရေး အမြတ် ထုတ်ထားတာကို တွေ့ရှိရပါတယ်...။ အကယ်လို့ အဲဒီလိုမဟုတ်ခဲ့ဘူး ဆိုရင်တောင်မှ ညစ်ညမ်းတဲ့ ဟစ်ဟော့ သီချင်းတွေကို လွတ်လပ်စွာ သီဆိုနိုင်ဖို့ အတွက် အခွင့်အရေးရချင်၊ ရှိချင်လို့ပါ ဆိုရင်တော့ မိမဆုံးမ၊ ဖမဆုံးမ၊ နှမချင်း မစာနာလို့ ဒီလိုအခွင့် အရေးမျိုး လိုချင်တာပါပဲ။

ကိုယ့်ဟာကိုယ် သီချင်းခွေထုတ်မယ်၊ နားထောင်ချင် နားထောင်၊ နားမထောင်ချင် နားမထောင်နဲ့ဆိုရင်လဲ ဘာလို့ တရားမ၀င် ဖြန့်ချိ ပါသလဲလို့ မေးမယ်ဆိုရင် အဲဒီနိုင်ငံရေး သိပ်ပံ္ပ နောက်ဆုံးနှစ် ကျောင်းသား ဆိုတဲ့ ဆောင်းပါးရှင် နေသန်မောင် ဘာများ ပြောချင်ပါသလဲ မသိပါဘူး.....။ ကျွန်တော်တို့ မြန်မာပြည်ရဲ့ ယဉ်ကျေးမှုက ဒီလို မိုက်ရိုင်း ထွားကျိုင်းတဲ့ ယဉ်ကျေးမှု မဟုတ်ပါဘူး...။ ဒီမိုကရေစီ လိုချင် လို့တိုက်ပွဲကို ဘက်ပေါင်းစုံက နည်းလမ်းပေါင်းစုံနဲ့ အသီးသီး တိုက်ပွဲ ၀င်နေကြတဲ့ သူတွေ၊ အင်အားစုတွေ အားလုံး နီးပါးကလဲ သူတို့ တိုက်နေတဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ရရှိဖို့ရဲ့ ရည်ရွယ်ချက်ကလဲ ဒီလို မိုက်ရိုင်း ကြမ်းတမ်း ဖို့အတွက် မဟုတ်ဖူး ဆိုတာကို ကျွန်တော် အာမခံ ရဲပါတယ်။ တကယ်လို့များ ဂျောက်ဂျက် ဆိုတဲ့ ဟစ်ဟော့ အဆိုတော် ညီလေးအနေနဲ့လဲ ဒီလိုမျိုး မွန်းကြပ် လှတဲ့ စစ်ဖိနပ် အောက်က အနေ အထားမှာ ဒီလို ညစ်ညမ်းမှုတွေနဲ့ ထွက်ပေါက် ပေးတာပါဆိုရင်လဲ သက်ဆိုင်ရာ လူကြီး မိဘတွေက ဆိုဆုံး မသင့်ပါတယ်...။ ဆုံးမမယ့်သူ မရှိတာလား...။ မိဘက ကွဲနေရင်လဲ ဦးလေး အဒေါ်တွေရှိမှာပါ...။ ဘာမှ တော်စပ်သူ မရှိလဲ ကိုယ့်ထက် ကြီးတဲ့ သူက ပြောလာရင် ပြောလာတဲ့ ရယ်ရွယ်ချက်ကို သေချာဆန်းစစ်ပြီး နှိပ်ကွပ် နေတာလား၊ ရေရှည်အတွက် အမျိုးသားရေး တစ်ခုကြောင့် ပြောနေတာလား ဆိုတာကို ပြောပုံ ပြောနည်းက ပညာသားမပါရင်တောင်မှ ငါ့ညီအနေနဲ့ သိသင့်တယ်....။

ဘယ်လိုမျိုး မွန်းကြပ်မှု တစ်ခုကိုမှ ဒီလိုရုန့်ရင်း ကြမ်းတမ်း မှုတွေနဲ့ ဖြေဖျောက်ဖို့ ဆိုတာ လုံးဝမဖြစ်နိုင်၊ ပျောက်ပျက် မသွားနိုင်ပါဘူး...ယဉ်ကျေးမှုရှိတဲ့ နိုင်ငံတကာက လူမျိုး အသီးသီးကလဲ လက်မခံပါဘူး...။ Akon ရဲ့ I wanna F#%& you ဆိုတဲ့ သီချင်း စာသား တွေပါတဲ့ ၀ဘ်ဆိုက်တွေမှာ ပေးထားတဲ့ ကွန်မန့်တွေကို သွားဖတ်ကြည့်ရင် သိသာပါတယ်..။ ကန့်ကွက်သူက အများစုပါ...။ ထောက်ခံ သူတွေတော့ ရှိကြတာ ဓမ္မတာပါပဲ။ ဒါကလဲ အနည်းစုပါပဲ...။ ခေတ်ရဲ့ ရေစီးကြောင်း အရသာ Eminem ကို လက်ခံ ကြိုက် နှစ်သက် ကြပေမယ့် သူလဲ သိတ် လွပ်လပ်ပါတယ် ဆိုတဲ့ နိုင်ငံကြီးမှာတောင်မှ လူတွေ လက်ခံ လာအောင် ဖြတ်ကျော်ခဲ့ရတာပါပဲ...။ ဒါပေမယ့် သူတပါး နိုင်ငံတွေရဲ့ ရေမြေအနေအထား၊ ရာသီဥတုနဲ့ နေထိုင် ကျင်လည်နေတဲ့ အခြေခံတွေကအစ ကျွန်တော်တို့ အာရှနိုင်ငံတွေနဲ့ ဘယ်လိုမှ မအပ်စပ် မတူညီပါဘူး...။ အထူးသဖြင့် မိခင် မြန်မာနိုင်ငံရဲ့ အနေအထားက ဒီလို ညစ်ညမ်းမှု မျိုးကို ဘယ်လိုနည်းနဲ့မှ လက် မခံနိုင်ပါဘူး...။ ကျွန်တော် ကိုယ်တိုင်လဲ Music ကို ရင်ခုန်သူ တစ်ယောက် ဖြစ်တဲ့အတွက် ဟစ်ဟော့ ဆိုလဲ သူငယ်ချင်း အချင်းချင်း တွေ့လို့ နောက်ရင်တောင်မှ ဟစ်ဟော့စတိုင်နဲ့ Yo.. Yo.. လုပ်နေတာပါပဲ။

အနုပညာရှင် တစ်ယောက်ရဲ့ လုပ်ရပ်က ဘယ်လိုမဆို ပြည်သူလူထု ပရိတ်သပ်အပေါ်မှာ လွှမ်းမိုးမှု ရှိမှာပါပဲ...။ ဒီအပေါ်မှာ အနု ပညာရှင်ရဲ့ လုပ်ရပ်တွေက ပရိတ်သပ် အတွက် အင်မတန် အရေးကြီးပါတယ်...။ မောင်နဲ့ နှမ၊ သားနဲ့အမိ ကြားလို့မှ မသင့်လျော်တာ မျိုး ကိုတော့ မိမကောင်း၊ ဖခင်၊ နှမချင်း မစာနာတဲ့ လူတွေပဲ လုပ်ကြ ကိုင်ကြ ထောက်ခံကြမှာပါပဲ။ ဘလော့တွေမှာလဲ အဲဒီဆောင်းပါးကို တင်ပြထားတာ တွေ့နေရပါတယ်...။ ဘလော့ဂါများ အနေနဲ့လဲ သေသေချာချာ စဉ်းစား ဆင်ခြင်သင့်ပါတယ်...။ ဆောင်းပါးရှင်ရဲ့ စာတွေ က စစ်တပ် အစိုးရကိုလဲ ဆော်၊ တော်လှန်ရေး အတိုက်အခံ သမားတွေကိုလဲဆော်၊ တစ်ဖက်က လူငယ်တွေကို မြှောက်ပေးသလိုနဲ့ စည်းရုံးထားပြီး ၂၀၁၀ မှာ အဖြေတစ်ခုကို တိတိကျကျ ထုတ်ပြလာမှာ သေချာပါတယ်....။ ဆိုလိုတာက နောက်ကွယ်မှာ ကြိုးကိုင် စီမံ နေသူ ရှိပါတယ် ဆိုတာကိုလဲ ကြားထား ရပါတယ်... ။ ပွဲလန့်တုန်း ဖျာခင်းချင်တဲ့ အင်မတန်မှ ကောက်ကျစ်တဲ့ သူတွေက အစီအစဉ် ရှိရှိ ကြိုးကိုင် လှုပ်ရှားပြီး အကောင်အထည် ဖော်နေကြတာပါပဲ။

နိဂုံးချုပ် အနေနဲ့ဆိုရင်တော့ တော်လှန်ရေး မီဒီယာသမားများ၊ ဘလော့ဂါများ၊ အဖွဲ့အစည်း အသီးသီးကို အခုလို အရေးကြီးတဲ့ ကာလ တစ်ခုမှာ ဒီလို ရန်တိုက် ပေးထားတာတွေကို သတိချပ် ကြဖို့ မေတ္တာ ရပ်ခံချင်ပါတယ်....။

ကျွန်တော့် အမ၏ ပြောစကား...

မတာ::::::: အင်း... ဒီနေသန်မောင်ဆိုတဲ့ ကောင်လေး အသက်က ဘယ်လောက်ရှိပြီလဲကိုရင်။

ကိုရင် ::::: အလွန်ဆုံးရှိ ကျွန်တော်နဲ့ ရွယ်တူလို့ မှန်းတာပါပဲတာတာ....။

မတာ::::::သူက အမှန်တော့ တိုင်းပြည်ကို မြင်တဲ့ အမြင်က မနိမ့်ပါဘူး။ ဒါပေမယ့် တိုင်းပြည်ရဲ့ ဖြစ်နေတဲ့ကျပ်တည်းတဲ့ လွတ်လပ်ခွင့် မရှိတဲ့ ဘ၀တွေက လူငယ်တွေရဲ့ ထွက်ပေါက် အနေနဲ့ သီချင်းတွေ ကို ဘယ်လို ညစ်ပတ်စွာ ဆိုနေနေ ဒါမျိုး ညစ်ပတ်မှုတွေကို လွတ် လပ်ခွင့် ပေးလိုက်တာနဲ့ သူတို့ တွေရဲ့ စိတ် အချဉ်ပေါက်မှုတွေက ပျောက်သွားစရာ အကြောင်းမရှိဘူးကိုရင်။ မွန်းကြပ်တဲ့ ဘ၀ကို ညစ်ပတ်တဲ့ စိတ်အာရုံနဲ့ ကုစားဖို့ဆိုတာ လုံးဝ လုံးဝလက်ခံ ပေးလို့ မရနိုင်ပါဘူး။လူငယ်တွေရဲ့ အတွေးအခေါ်တွေ၊ အရည်အချင်းတွေ၊ လမ်းမှန်ကို လျှောက်နိုင်မယ့် အနာဂတ်ဘ၀တွေ ပျက်စီးသွားမှာပေါ့......။ အစိုးရ မကောင်းတာက တစ်ပိုင်း၊ စာရိတ္တနဲ့ အတွေးအခေါ် မမှားဖို့ကကိုယ့်ဘာသာကို ထိမ်းကျောင်း သွားရမယ့် ကိစ္စပါပဲ။ သီချင်း ဆိုတာက ခေတ်တိုင်းမှာ လူငယ်တွေကိုစံပြ ဖြစ်စေတဲ့အတွက် အနုပညာရှင် အဆိုတော်အနေနဲ့ အမှန်ပဲ ဂရုစိုက်ရမှာပါပဲ။ ခေတ်တိုင်း၊ ခေတ်တိုင်းမှာ ချွန်ပြီး ထွက်လာကြတဲ့ လူတွေ ရှိကြပါတယ်။ ဒါပေမယ့် လမ်းကြောင်း မှန်အောင်၊ အတွေးအခေါ်မှန်အောင် အများက တစ်နည်းအားဖြင့် အဲဒီလို လူတော်တွေက လမ်းကြောင်း ပြန်တည့် ပေးရမှာပေါ့ ကိုရင်။


မှတ်ချက် ။ ။ ဆောင်းပါးရှင် နေသန်မောင် အပါအ၀င် သူနဲ့ ပတ်သတ်တဲ့ အဖွဲ့ဝင်တွေကို ပြောချင်တာ တစ်ခုရှိပါတယ်။ အဲဒါကတော့ ခင်ဗျားတို့ အနေနဲ့ ဘယ်လိုပဲ ပညာသားပါပါ လုပ်လုပ်၊ အခြေခံက ရိုးရိုးလေးပါပဲ ဆိုတာပါပဲ။ အခု ဒီဆောင်းပါးက မိုက်ရိုင်းနေတယ်လို့ ခင်ဗျားတို့ ယူဆပါသလား ?

You received this email because you are subscribed to the real_time feed for http://www.pofpeacocks.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.