Monday, February 9, 2009

[All Together on A Planet ...] 4 New Entries: ဇန်နဝါရီ ၂၈ ကန်တော်ကြီး

ဇန်နဝါရီ ၂၈ ကန်တော်ကြီး

ဒီနှစ် ရန်ကုန်ဆောင်းရာသီက သဘာဝကြီးအတိုင်း ပြန်ဖြစ်လာသလိုပါပဲ။ ယမန်နှစ် ဆောင်းရာသီတွေမှာ မသုံးခဲ့ရတဲ့ အနွေးထည်တွေ ဒီနှစ်တော့ ဝတ်ခဲ့ကြရသည်။ ဒီနေ့မနက်ပိုင်းမှာ ကန်တော်ကြီးကို ရောက်ဖြစ်ခဲ့သည်။ မနက်(၈)နာရီကျော်သည်အထိ မြူနှင်းတွေကျနေဆဲ ဖြစ်သည်။ ကန်ပတ်လျှောက်လမ်း တံတားပေါ်မှတဆင့် မြင်ကွင်းတွေက မပီဝိုးတဝါးနှင့် ဆောင်းရာသီမြူနှင်းတို့ ဟန်ပန်ကို ပုံဖော်နေကြသည်။ အေးစက်စက်နှင့် မြူနှင်းတွေကျနေသည့် မြင်ကွင်းအချို့ကို အမှတ်တရ ဓာတ်ပုံရိုက်ဖြစ်ခဲ့သည်။


မြူနှင်းများဖြင့် လှပသည့် ကန်တော်ကြီးဥယျာဉ်ရှုခင်း


မပီဝိုးတဝါးသာ မြင်တွေ့ရသည့် ကရဝိတ်။


ကန်တော်ကြီး ကန်ပတ်လျှောက်လမ်း။


မြူနှင်းကြားမှ ကန်တော်ကြီးတစ်နေရာ။

ကိန်းဂဏန်းတစ်လုံး အပြောင်းအလဲ

ကျောင်းသားဘဝ စာသင်ခန်းထဲမှာ သင်္ချာသင်ခန်းစာ သင်ခဲ့ဖူးသည်။ သချာင်္ပုစ္ဆာတစ်ပုဒ်မှာ ကိန်းဂဏန်းတစ်လုံး ပြောင်းလိုက်လျင် ထွက်လာသည့် ရလာဒ်အဖြေလည်း ကွဲပြားသွားတတ်သည်။ ကျွန်တော်တို့သည် ကိန်းဂဏန်း အပြောင်းအလဲကို ဖြတ်သန်းခဲ့ကြပြီ။ ကုန်လွန်ခဲ့သည့် ၂၀၀၈ ခုနှစ်သည် ကမ္ဘာသူကမ္ဘာသားများ အားလုံးအတွက် မသက်သာလှချေ။ အပတ်စဉ်ထုတ် ဂျာနယ်တစ်စောင်၏ မျက်နှာဖုံးတွင် "ရိုက်ချက်ပြင်းတဲ့ 2008"ဟု တင်စားထားသည်မှာ လိုက်ဖက်လှသည်။ အမှန်တကယ်လည်း ကမ္ဘာကြီးသည် ၂၀၀၈ ခုနှစ်တွင် ရိုက်ချက်ပြင်းပြင်း ခံစားလိုက်ရသည်။ ကျွန်တော်တို့နိုင်ငံသည်ပင်လျင် နာဂစ်ကဲ့သို့ ကမ္ဘာကျော် သဘာဝဘေးဒုက္ခဆိုးကြီးကို နဖူးတွေ့ဒူးတွေ့ ခံခဲ့ရပြီး စီးပွားရေး၊ လူမှုရေး များစွာနစ်နာဆုံးရှုံးခဲ့သည်။ ၂၀၀၈ ခုနှစ်သည် ကမ္ဘာ့လူသားများကို သည်းထိတ်ရင်ဖို ဖြစ်စေလှသည်။ အကောင်းနှင့်အဆိုးတို့ ဒွန်တွဲဖြစ်ပေါ်တတ်လင့်ကစား ကောင်းခြင်းတို့သည် သိပ်မသိသာလှသော်လည်း အဆိုးတွေကတော့ သက်ရောက်မှုများလှသည်။

(more…)

အိုဘားမားကာတွန်း

ဒီနေ့ဆိုရင် အမေရိကန်ပြည်ထောင်စုမှာ ဘာရတ်အိုဘားမားက တရားဝင်သမ္မတဖြစ်ပါပြီ။ ဗြိတိန်ဒေးလီးမေးလ် ဝက်ဘ်ဆိုက်မှာ အိုဘားမားကာတွန်း ဖော်ပြထားတာ ဖတ်ခဲ့ရပါတယ်။ အဲဒီကာတွန်းကို သူငယ်ချင်းဖြစ်သူက မြန်မာလိုဘာသာပြန်ပြီး facebookမှာ တင်ထားပါတယ်။ သမ္မတအိုဘားမားက ဇန်နဝါရီ(၁၈)ရက်ညက ကျမ်းသစ္စာကျိန်ဆိုပွဲအကြို မိန့်ခွန်းမှာ "Anything is possible in America"လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။ အမှန်ပါပဲ။ အမေရိကန်မှာပဲ မဟုတ်ပါဘူး။ လောကကြီးမှာ အရာရာဟာ ဖြစ်လာနိုင်ပါတယ်။ ဒေးလီးမေးလ်က ကာတွန်းကို မြန်မာပြန်ဆိုထားတာကို ပြန်လည်ဖော်ပြလိုက်ပါတယ်။

25 GB free storage for you

With SkyDrive, it’s easy to store and share your files and photos with almost anyone. To use SkyDrive, service under Windows Live by Microsoft, just sign up using your mail account. It's very sample and anyone can get 25 GB free online storage. Let's join with SkyDrive.

You received this email because you are subscribed to the real_time feed for http://www.kjohnblog.com/?feed=rss2. To change your subscription settings, please log into RSSFWD.