Monday, February 9, 2009

[တင့်ထူးရွှေ] 1 New Entry: ဖြတ်သွားဖြတ်လာ သတိထားမိတယ်

ဖြတ်သွားဖြတ်လာ သတိထားမိတယ်

တစ်နေ့တွေ့နိုးတွေ့နိုး
မြေပုံအတုနဲ့ ခရီးတစ်ခုသွားနေသူပါ
မြွေသေချင်သေ တုတ်ကျိုးချင်ကျိုး
ထိတွေ့မိသမျှ စမ်းသပ်ပစ်လိုက်ဖို့ ပေါ့ပါးချင်တယ် ။

ဘယ်သင်းကိုမဆို မီးစာရှိသလောက်

စိတ်လက်တစ်ဆစ်နဲ့ ခမ်းပစ်လိုက်ဖို့
ဒီလို သီချင်းတွေမှာ
အလေ့အကျင့် ရှိချင်တယ် ။

လက်အံသေသလိုတင်းထားရတဲ့
စိတ်က
အံသေနေခဲ့
ဘတ်စ်ကားဂိတ်မှာ
ဘူတာရုံထဲတွေမှာ
လူတွေ တိုးဝှေ့နေကြပုံ
စိတ်တွေ တိုးဝှေ့နေကြ ။

မည်ရွေ့မည်မျှ ရောက်ခဲ့သည်မသိ
အခုအချိန်ထိ
လွတ်လွတ်ကျွတ်ကျွတ် ကပ်ပါလာတယ်ဆိုတဲ့အသိက
နှစ်ကိုယ်ပေါင်းမှ တစ် စိတ် ထဲရယ် ။ ။

You received this email because you are subscribed to the real_time feed for http://tinthtooshwe.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.