Monday, February 9, 2009

[ဆောင်း] 6 New Entries: With IMAGINARY Spaceship 5

With IMAGINARY Spaceship 5


Thank you for visiting to my blog and enjoy exploring with my IMAGINARY spaceship.


မှတ်ချက်။ ။ ဒီပို့စ်လေးကို တရုတ်နစ်သစ်ကူး အထိမ်းအမှတ်အဖြစ် တင်ပေးလိုက်ပါတယ်။ ကျွန်မပို့စ်ထဲမှာ ပါဝင်သော နစ်သစ်ကူးကြမဲ့ ဇတ်လိုက်တွေ အတွက်ပေါ့နော်။

အတွေးယာဉ်လေးနဲ့ လိုက်ပါလာသူအားလုံး နစ်သစ်မှာ မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံပြီး ကံကောင်းပျော်ရွှင် လာဒ်လာဘရွှင်စေတဲ့ နစ်ကလေးဖြစ်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။



အာကာသခရီးစဉ်ပျက်စီးမှု့တွေ ပြပြီး စိတ်ဓါတ်ရေးရာ စာမေးပွဲ စစ်ဆေးပြီးတဲ့ အခါမှာ ကိုအောင်သာငယ် တစ်ယောက် စကား မပြောဘဲ ငူတူတူကြီး ထိုင်နေပါတော့တယ်။ သူ၏ ဆက်သွယ်ရေး သုတေသန ကို ကျူရှင်ကာလ အတွင်း စမ်းသပ် အောင်မြင် သွားသောကြောင့် အာကာသပညာရှင် မဖြစ်ချင်တော့ဘူး ဆိုပြီး နုတ်ထွက်စာတင်ကာ ကျွန်မတို့ကို နုတ်ဆက် သွားပါတော့တယ်။

ထို့အပြင် ကို ကိုကိုမောင်ဆိုသူမှာ နပ်စ်မလေးများ နှင့် ခင်မင်မှု့ တိုးတက်လာပြီး အာကာသ ပညာရှင် စိတ်ကူးကို အပြီးအပိုင် ဖယ်ထုတ်လိုက်ကြောင်း ပြောပြန်လေပြီ။

ပြန်ချော့ခေါ်ရင် ပြိုင်ဘက် ဆက်ဖြစ်နေမှာ စိုးလို့ မဟုတ်ဘဲ သူတို့ စိတ်ချမ်းသာစေရန် ကျွန်မ အားလုံးက မြန်မြန် တာ့တာ လုပ်ကြပါတယ်။

နောက်တနေ့မှာသင်ကြားရတာကတော့ အာကာသထဲမသွားခင် စဉ်းစားရတဲ့ အခြေအနေတွေပါ။
၁. ယာဉ် တည်ဆောက်ပုံ
၂. ယာဉ်အလေးချိန်
၃. လောင်စာဆီ
၎. လိုက်ပါမဲ့ ပညာရှင်များ
၅. လိုအပ်မဲ့ စက်ပြင်ကိရိယာများ
၆. သုတေသနအတွက် စမ်းသပ်ရန် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆေးသုတေသန၊ စသဖြင့် ပစ္စည်းများ
၇. အသက်ကယ်ပစည်း
၈. အစားအသောက်
၉. အာကာသတွင်းမှ အရာများ ကောက်ယူခြင်း (မြေပြင်သို့သယ်ဆောင် လေ့လာရန်) အစရှိသဖြင့် အချက်ပေါင်းများစွာ လေ့လာရပါတယ်။

လောလောဆယ်ဆယ်တော့ လိုက်ပါမဲ့ ပညာရှင်တွေနဲ့ ပတ်သက်တာကိုဘဲ သင်ကြားရ ပါတယ်။

အာကာသထဲ ထွက်ရင် သယ်ဆောင်နိုင်တဲ့ အလေးချိန်ပမာဏဟာ ကန့်သတ်ချက်ရှိတဲ့ အတွက် အစားအသောက် က အစ ခြိုးခြံချွေတာ ပြီး ခွဲဝေထားတဲ့ ပမာဏသာ စားရပါတယ်။ အနည်းဆုံး အစာပမာဏ နဲ့ ရက်ကြာကြာ အသက်ရှင်နိုင်ဖို့ အထိ အငတ်ခံ လေ့ကျင့်မှု့ တွေလည်း ပါဝင်ပါသေးတယ်။ အစားအသောက်ကို ချေးမထူမှ ဖြစ်မှပါ။ ဥပုသ်စောင့်လေ့ကျင့်ခဏ်း လည်း ပါတယ်ရှင့်။

တနေ့ကို ကြက်ပေါင်ကြော် ၁၀ခု ပင်တိုင် အမြဲစားနေတဲ့ သင်တန်းသား ကိုဂင်ကြီးက သင်တန်းမှာ ကြက်ပေါင်ကို ဖားပေါင် နဲ့အစားထိုးကျွေးလို့ ဖီးကျနေပါသတဲ့။ နေ့စဉ် ကိုယ်ကာယကြံ့ခိုင်မှု့ လေ့ကျင့်ခဏ်း တွေကြောင့် အပိုပစ္စည်း FAT တွေဟာ FIT ဖြစ်ပြီး မော်ဒယ်မောင် ကိုယ်လုံး ပြန်ရသွားလို့ အတော်ပျော် နေပါတယ်။ သူ့ရဲ့ သီချင်းဗွီဒီယို မှာ ပါနေတဲ့ သမီးနှစ်ယောက်ပုံကို အသာဖုံးကာ ဒီဂျေဂင်ကြီး တစ်ကိုယ်တော်စီးရီးလေးလုပ်ပြီး မိုက်ခရွန်ချစ်ပ် Micro Chip ထဲမှာထဲ့ဖို့ ကြိုးစားနေပါတယ် ဂြိုလ်သူမ ချောချောလေး များကို လက်ဆောင်ပေးဖို့ ကြံနေပါတယ်။ သူ့ကို ကူညီဖို့ ကွန်ထရိုးဌာနက ကိုမျိုးဦးဥာဏ်နဲ့ ဆွေးနွေး နေပါတယ်။ ကိုမျိုးဦးဥာဏ် ကတော့ သင်တန်းကနေ ကော်မရှင်ရတော့မယ် ဆိုပြီး တပြုံးပြုံး နဲ့ပေါ့။

နောက်တခါ ဗိုသိန်းက ကျူရှင်က ထွက်ပြန်ပါရော။ ဘာလင်မှာ ဒါလင်လို့ ခေါ်မဲ့ ဂျာမဏီသူ အမီနာကို ဆင်မီနာမှာ (www.dlr.de/iaa.symp) ချိန်းထားတယ် လို့ ကြွားသွား ပါတယ်။ မဒီကညာ အမီနာလေး ခိုက်သွားအောင် ကာယဗလ သွယ်လျလျ ငါးရံ့ ကိုယ်လုံးလေး ဖြစ်စေဖို့ စိန့်ပီတာဘတ်စ် ပန်းခြံကို မော်စကို အဆောင် ကနေ နေ့စဉ် အပြေးလေ့ကျင့်နေပြီလို့ စက်တလိုက်ကနေပြီး FDMA (Folly Die coMplicated Access), TDMA (Terribly Die coMplicated Access), CDMA (Cunningly die coMplicated Access ) နည်းတွေနဲ့ KA Band (Kyat for Alien) ထဲကနေ အကြွားသတင်း signal လှမ်းပို့နေ ပါသေးတယ်။ ကျွန်မတို့က VSAT (Very Silly Awful Table) သုံးပြီး နားထောင် ပေးကြပါတယ်။ ဒါမှ ကြွားတာလေး အထမြောက်ပြီး ခမျာမယ် ပျော်ရှာမှာ မဟုတ်လား။

အဲဒီမှာ တစခန်းထလာတာကတော့ သူ့ကိုသူ ဖိုးသားလေးလို့ အော်နေတဲ့ ဗိုတင်ပါဘဲ။ ကလေးတွေ အပေါ် ဗိုလ်ကျလွန်းလို့ ဗိုတင် လို့ ခေါ်တယ် ပြောတာဘဲ။ ကျွန်မတို့ မြန်မာနာဆာအဖွဲ့ရဲ့ နောင်ဂျိန်ဘက် မြန်မာမိုစ်ကော့စမော့ (Moscosmos) (www.roscosmos.ru မဟုတ်ပါ) အဖွဲ့ကပါ။ ကျူရှင်ကို ၂ပတ် နောက်ကျ ရောက်လာပေမဲ့ လည်း နုတ်သီးကောင်း လျှာပါး အတော်သွက်သူပါ။ ( စာတော်သူ လို့ အဓိပါယ်ပြန်ပါရှင့်။)

ကျူရှင်မှာ လေ့ကျင့်ပေးတဲ့ သင်တန်းမှုးတွေဟာ သူတို့ကိုယ်တိုင် အာကာသထဲ မရောက်ဖူးပေမဲ့ အနီးစပ်ဆုံး ဖန်တီးမှု့ တွေနဲ့လေ့ကျင့်ပေးလို့ သူတို့ရဲ့ ကြိုတင်မှန်းဆ နိုင်မှု့ အတတ်ပညာ တော်လွန်းတယ်လို့ မှတ်ချက် ချမိပါတယ်။

အာကာသ လေဟာနယ်ထဲမှာ အရာအားလုံးဟာ nearly zero absence of gravity ဆွဲငင်အား မရှိသလောက်နဲတဲ့ အတွက် ကမ္ဘာဆွဲအား ကြောင့် ဖြစ်ပေါ် တိုင်းတာ နိုင်တဲ့ အလေးချိန်တွေဟာလည်း အာကာသထဲမှာ မတိုင်းတာ နိုင်တော့ပါဘူး။ အလေးချိန် ကိုလည်း မတိုင်းတာနိုင်ပါဘူး။ စက္ကူ တရွက်လိုဘဲ လူဟာလည်း လေဟာနယ်ထဲ လွှင့်မျှော နေပါတယ်။

လွှင့်မျှောနေတဲ့ အာကာသထဲမှာ အရာဝတ္တု တွေဟာ နူတန်လောအတိုင်း တစ်ခုကို တစ်ခု ဆွဲငင်အားရှိ နေကြပါတယ်။ ဒါကြောင့်လည်း လ၊ ကမ္ဘာ၊ နေနဲ့ တခြား ဂြိုလ်တွေ ရဲ့ ဆွဲငင်အားကြောင့် သုံညနီးပါးရှိတဲ့ ဆွဲငင်မှု့ micro gravity ကို ခံစားနိုင်ပါတယ်။ အဲဒီ အခြေအနေနဲ့ အများဆုံးတူညီတာကတော့ ကမ္ဘာ့ ဆွဲအား ၆ပုံ၁ပုံသာရှိတဲ့ ရေမျက်နာပြင်အောက် ပေ၆၀ အနက် ပင်လယ်ကြမ်းပြင် မှာ လေ့ကျင့်တာ ပါဘဲ။

http://web.mit.edu/12.000/www/finalpresentation/mission/crew.html


ဒါကြောင့် ငါးမန်းတွေ ပေါတဲ့ ပင်လယ်ရေလှိုင်းကြမ်းတဲ့ မြိတ်ကျွန်းစုထဲက ပင်လယ်ကြမ်းပြင်အောက်ကို အသက်စွန့်သွားရပါ သေးတယ်။ လေ့ကျင်တဲ့ အခါမှာ မြင်လွယ်အောင် သိသာ နိုင်အောင် အရေးကြုံရင် ရှာဖွေရ လွယ်အောင် အ၀ါရောင် ရေငုတ်ဝတ်စုံများ ရေယက်များ နဲ့ လေ့ကျင့်ရပါတယ်။ ငါးမန်းတွေ လိပ်တွေ ပုစွန်တွေ ကြယ်ငါးတွေ နဲ့အတူ ပေါ့လေ။

ဒါကြောင့် မြန်မာနာဆာ ပင်လယ်ကြမ်းပြင်အောက် အာကာသသင်တန်းဟာ ကမ္ဘာပေါ်မှာ နံပါတ် ၇ အဖြစ် နံမည် ကြီးတာပေါ့ရှင်...

:-P

လေ့ကျင့်ခဏ်း ပြီးတာနဲ့ ပင်လယ်ကြမ်းပြင်အောက်က မ ယူလာတဲ့ ရေသတ္တ၀ါတွေကို ကျွန်မတို့ တပျော်တပါး ကမ်းခြေမှာ ဘာဘီကြူး BBQ လုပ်စားကြပါတယ်။

လေဟာနယ်ထဲမှာ ဖြစ်ပေါ်နိုင်တဲ့ ဖိအားနည်းမှု့ ကမ္ဘာလေထုထဲမှ ထွက်ခါနီးမှာ လေထုဖိအားကို ခွဲထွက်ရမှု့ စသဖြင့် ဖိအားအပြောင်းအလဲ ဒဏ်ခံနိုင်ဖို့လည်း ပြုပြင်ထားတဲ့ အခန်းမှာ တနေ့ကို အကြိမ်၄၀ ထက် မနည်း လေ့ကျင့်ရပါတယ်။ လေဖိအားမဲ့တဲ့ နေရာ ဥပမာ လေယာဉ်ပျံနဲ့ ခရီးသွားဖူးသူတိုင်း တွေ့ကြုံနိုင်တဲ့ ဖိအားနည်းမှု့ ဝေဒနာ အပြင် ဖိအား များမှု့ ဝေဒနာ တွေကို ကာကွယ်ပေးမဲ့ ၀တ်စုံကိုလည်း အထာ ကျအောင် လေ့ကျင့် ရပါသေးတယ်။

ရေအောက်မှာ လေ့ကျင့်ရတာကြောင့် အာကာသအဖွဲ့သားအားလုံးဟာ diving test, swimming test အောင်မြင်ရပါမယ်။ ၇၅မီတာ ရေကူးကန်မှာ အာကာသ၀တ်စုံနဲ့ တင်းနစ်ဖိနပ်ဝတ်ပြီး ရေကူးလေ့ကျင့် ရပါတယ်။ အနည်းဆုံးရေအောက်မှာ ၁၀မိနစ် ဆက်တိုက် ငုပ်နိုင်ရပါမယ်။


http://web.mit.edu/12.000/www/finalpresentation/mission/crew.html

မြေပေါ်ရေအောက်လေ့ကျင့်ခဏ်းတွေ ပြီးရင် မိုးပေါ်လေ့ကျင့်ခဏ်း ယူသင့်ကြောင်း ဟိုတယ်ရဲ့ မန်းနေဂျင်း ဒါရိုက်တာကိုညီ က ကျွန်မတို့ကို လေထီးခုန်သင်တန်းပါ တက်ဖို့ မဲဆွယ်ပါတယ်။ အာကာသမှာ ဆွဲငင်အား သုံညနီးပါးဘဲ ရှိလို့ (ဆွဲငင်မှု့မရှိသလောက်) ဆွဲငင်မှု့မရှိတဲ့ အတွက် လေထီးနဲ့ ခုန်ချဖို့ မဖြစ်နိုင်ပါဘူး။ ထို့အတူ ကမ္ဘာထဲ ပြန်ဝင်ရင် ကမ္ဘာ ဖိအားကြောင့် ၀င်လာတဲ့အရာ တိုင်းဟာ လောင်ကျွမ်းပါတယ်။ မီးလောင်ပြီး ၀င်လာတဲ့ အရာဟာ ကမ္ဘာဆွဲအားကြောင့် ပိုအရှိန်မြန်လာတဲ့ အတွက် ပညာရှင်တွေဟာ လွန်းပျံယာဉ်ထဲက စက္ကန့်ပိုင်းအတွင်း ထွက်ပြီး လေထီးနဲ့ ခုန်ချဖို့ မဖြစ်နိုင်သေးပါဘူး။

အာကာသသင်တန်းဌာနမှာ သင်တန်းတက်သူများပါမှ သူ့ဟိုတယ် ၀င်ငွေကောင်းမှာကိုး။ သိတာပေါ့။ ဒါကြောင့် မလိုသေးကြောင်း အားလုံးက တညီတညွှတ်ထဲ ငြင်းဆိုပေမဲ့ သူကျွေးတဲ့ တရုတ်ပဲမုန့်ကို ကုန်အောင် ၀ိုင်းစား ပေးကြပါတယ်။ အားနာလွန်းလို့ပါ။

မြန်မာနာဆာအနေနဲ့ လွန်းပြန်ယာဉ်ထဲက အရေးပေါ် လွှင့်ထွက်မဲ့ အသက်ကယ်ထိုင်ခုံနဲ့ လေထီးနဲ့ ခုန်ချမဲ့ ထွက်ပေါက်တွေ ကို shuttle ၄ခုမှာ စမ်းသပ်ထဲ့သွင်းဖူးပါတယ်။ နောက်ပိုင်းငွေကုန်ကျများတာနဲ့ ပြန်ဖြုတ် လိုက်ရပါတယ်။

ကျွန်မ၊ နှင်းလေး၊ ထွေးလေး၊ မသိင်္ဂနွယ် ကတော့ ပင်လယ်ကြမ်းပြင်က မုတ်ကောင်တွေကို မအိမ်လွမ်းသူ ရဲ့ဓါတ်စာနဲ့ ရေပေါ်ပေါ်အောင် ဓါတ်ဆင်ပြီး ပုလဲ ဆွဲကြိုးတွေ လက်ကောက် တွေ လုပ်ပြီး ဓါတ်ဆင်အဖြစ် ၀တ်ဆင် ရပါတယ်ရှင့်.. ထွေးလေးက တော့ ပုလဲကို အသဲလို သဘောထားပြီး ဂြိုလ်သူမလေးများကို ဖွန်ကြောင်ရင်း အသဲပေးအပ် ဖို့ သိမ်းထားလေရဲ့။



မှတ်ချက်။ ။
FDMA = Frequency Division Multiple Access
TDMA = Time Division Multiple Access
CDMA = Code Division Multiple Access
KA band = Frequency 30 GHz uplink, 20 GHz downlink
VSAT = Very Small Aperture Terminal

ကိုအောင်သာငယ်၊ ကိုညီ၊ ဗိုသိန်း၊ ဗိုတင်၊ ကို ကိုကိုမောင်နှင့် ကိုဂင်ကြီးတို့အား ဇတ်လမ်းသဘော အရ တင်စား ရေးသားထားသည်ကို ရယ်မော နားလည် ပေးနိုင်မယ် ထင်ပါတယ်။ နာမည်များ အသုံးပြု ခွင့်ရသဖြင့် ကျေးဇူးတင်ပါတယ်ရှင့်။

To be continue....

အကြောင်းကြားစာ


ကျွန်မ အင်တာနက် သုံးရန် အခက်ခဲများဖြစ်နေပါသဖြင့် စီဘောက်ကို သိမ်းထားလိုက်ပါတယ်။ ကျွန်မရဲ့ ပို့စ်များကို အားပေးသူများ အားလုံးကို ကျေးဇူးတင်ပါတယ်။ အင်တာနက် ပြန်လည် သုံးနိုင်သည့် အခါတွင် စီဘောက်ကို ပြန်လည် တပ်ဆင်ပါမယ်၊ အီးမေးလ်များကိုလည်း ပြန်လည် ဖြေကြားပါမယ်၊ ကွန်မဲန့်များကို လည်း တင်ပေးပါမယ် ရှင့်။

ကျေးဇူးတင်စွာဖြင့်
ဆောင်း

စီဘောက် နောက်ဆက်တွဲ

ကိုဖိုးသား ။ ။thawphonehan.blogspot.com/ 24 Jan 09, 10:47
ဂုဏ်ယူပါတယ် မမဆောင်း။ စာလုံးပေါင်းလေးလည်း မှန်အောင်ပေါင်းပေးပါ။ မမဆောင်း အသေအချာသိတဲ့ ပညာရပ်နယ်ပယ်တွေက အများကြီးပဲနော်။ (astronomy, satellite, telecommunication, mobile communication, aerodynamic, physics, space science industry etc... စသဖြင့်) etc... တောင် ပါသေးတယ်။ Albert Einstein တို့၊ Sir Isaac Newton တို့တောင် အဲဒီလောက်များတဲ့နယ်ပယ်တွေကို အသေအချာသိတယ်လို့ပြောမသွားကြဘူး။ မမရဲ့ postတွေ မှာ ဘာမှလည်း မပါသေးတော့ ငြင်းစရာမလိုသေးပါဘူး။ ဆက်လက်အားပေးနေပါ့မယ်။ ပညာရပ်ပိုင်းမှာလည်း ပြိုင်မငြင်းရဲပါဘူးဗျာ။

ကျွန်မ ရေးပြထားတဲ့ ဘာသာရပ်အားလုံးဟာ အာကာသပညာတွေ အခြေခံကို သင်ကြားရပါတယ်။ အဲဒီ ဘာသာရပ် တခုခုတတ်ထားရင် ကျွန်မပြောတာ ကို ကန့်ကွက်မှာ မဟုတ်ပါဘူး။ ကျွန်မ အဲဒီဘာသာရပ် အားလုံးကို ယေဘူယျအားဖြင့် သင်ထားဘူးပါတယ်။ အခုအချိန်အထိ ကျွန်မပို့စ်မှာ ဘာမှလည်း မပါသေးဘူး ဆိုတာ မဟုတ်ပါဘူး။ ရေးသမျှ နဲနဲလေးကိုတောင် တချို့ လာရောက် ကန့်ကွက် ဆွေးနွေးနေပါပြီ။ Albert Einstein တို့၊ Sir Isaac Newton တို့ဟာ ရူပဗေဒ၊ သင်္ချာ စသဖြင့် သိပံပညာမှာ ကျေးဇူးရှင်ကြီးတွေပါ သူတို့တွေ့ရှိမှု့တွေဟာ အခုထိ ပညာရပ်တွေတိုင်းနီးပါး မှာ အသုံးချနေရလို့ပါဘဲ။ များသောအားဖြင့် သိပံပညာရပ်တွေဟာ ဆက်စပ်မှု့ရှိကြပါတယ်။ အထူးပြုဘာသာရပ် ဖြစ်ရင် ပို အသေးစိတ်လေ့လာရပါတယ်။ ကံဆိုးတာက အဲဒီ ပညာရှင်၂ဦးအသေစော လို့ ။ အခုထိ သက်ထိထင်ရှား ရှိခဲ့ရင် သူ့တို့ရဲ့ တွေးဆမှု့နဲ့ အာကာသပညာ ပိုတိုးတက်မှာပါဘဲ။ စာလုံးပေါင်း အမှားထောက်ပြပေးလို့ ကျေးဇူးတင်ပါတယ် typo error ကို ပြန်မစစ်မိလို့ပါဘဲ။ နောက်လည်း လာရောက် အကြံပေးနိုင်ပါတယ်။

မြန်မာအာကာသ myanmarastronomy.blogspot.com ဘလော့ထဲမှာ ကိုခွန်းရဲ့ စာအုပ်ကြော်ငြာလေးနဲ့ ပတ်သက်ပြီး ဘာသာရေး ပုဂိုလ်ရေးတွေရောထွေး ပြီး ကန့်ကွက်တဲ့ အတွက်ကြောင့် ကျွန်မ အနေနဲ့ အဲဒီလိုကြိုတင် ကာကွယ်ထားရခြင်းဖြစ်ပါတယ်။ ဒီပို့စ်ဟာ နည်းပညာကို အဓိကထား ပြီး ဇတ်လမ်းနဲ့ တွဲထားတဲ့ အတွက် စာဖတ်သူများ နားလည်ပေးစေလိုပါတယ်။

ကျေးဇူးတင်ပါတယ်။

pho thar lay: 24 Jan 09, 14:44
အကောင်းမြင်ဝါဒနဲ့ ဆက်လက်အားပေးနေပါ့မယ်။
ကျွန်တော်ဆန္ဒစောသွားတဲ့အတွက် အရေးအသားရိုင်းသွားရင် ခွင့်လွှတ်ပေးပါ။ ကျွန်တော်လည်း အခုမှ aerodynamic ကိုလေ့လာနေတဲ့သူ တစ်ဦးပါ။ မမဆောင်းရဲ့ ဘလော့လေးကိုတော့ ကျွန်တော့် bookmarks ထဲထည့်လိုက်ပါပြီ။

ကျေးဇူးတင်ပါတယ် ကိုတင်မောင်။ ဒီဘာသာရပ်နယ်ပါယ်ထဲက ဘလောကာ မောင်နှမ အဖြစ် သိကျွမ်းရတာ ၀မ်းသာမိပါတယ်ရှင့် ဖြစ်နိုင်ရင် ကျွန်မကို မေးလ်ပို့ပေးပါလား saundoo@gmail.com ပါရှင့်


pho thar lay: ကျွန်တော် လောသွားတဲ့အတွက် တကယ်ပဲတောင်းပန်ပါတယ်။ ကျွန်တော် ထေ့ငေါ့ငေါ့ အရေးအသားတွေအတွက် စိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်တော့်ကိုလည်း ရင်းရင်းနှီးနှီး ခင်မင်နိုင်ပါတယ်။ ကျွန်တော်လည်း မဆောင်းကို မိတ်ရင်းဆွေရင်းတစ်ယောက်အနေနဲ့ ခင်မင်သွားပါပြီ။

အခုလို မျိုး နားလည်ပေးတာ ကျွန်မအတွက် မင်္ဂလာ ရှိပါတယ်။ ကျေးဇူးတင်ပါတယ်။ ဒါဆိုရင် ဇတ်လိုက် တစ်ယောက် တိုးလာတာပေါ့ လေ.. နောက်ပို့စ်ကို မျှော်ပါရှင့်

With IMAGINARY Spaceship - Part 4


Thank you for visiting to my blog and enjoy exploring with my IMAGINARY spaceship.

မှတ်ချက်။ ။ ရေးဖို့ အချက်အလက်တွေ စုဆောင်းနေတာ မပြီးသေးလို့ ပို့စ်မတင်နိုင်သေးပါ။ သို့သော် တိုးတိုးတမျိုး၊ ကျယ်ကျယ်တမျိုး တံခါးခေါက်နေတော့ အားနာမိပါတယ်။ ဒါကြောင့် ဒီပို့စ်လေး ဖြစ်လာရ တာပါ။ ဆားချက်တယ်ဘဲ ပြောပြော၊ သကြားချက်တယ်ဘဲ ပြောပြော အသေးစိတ် ကိုတော့ နောက်များမှ အသေချာ လေ့လာပြီးမှ တင်ပေးပါမယ်။ နောက်ပို့စ်အတွက် လိုအပ်တဲ့ အသေးစိတ်တွေ အချက်အလက်တွေ မပြည့်စုံသေးတဲ့ အတွက် ပို့စ်မတင် နိုင်သေးတာ နားလည်ပေးမယ် ထင်ပါတယ်။

ကျွန်မတို့ သင်တန်းမှာ စစချင်း အာကာသ သမိုင်းတွေကို စာတွေ့ လေ့လာရပါတယ်။ အထူးသဖြင့် ဆုံးဖြတ်ချက် ဇဝေဇ၀ါ ဖြစ်မဖြစ် စမ်းသပ်တဲ့ သင်ခန်းစာလို့ ထင်မိပါတယ်။ အာကာသပညာ ရှင်တွေဟာ အာကာသယာဉ်ထဲ ကို ခြေလှမ်း လိုက်ပြီ ဆိုကထဲက သေတွင်းထဲ ခြေလှမ်းပြီလို့ သတ်မှတ်ထားရပါမယ်။ ဘာ့ကြောင့်လည်း ဆိုတော့ အသက်အန္တရယ်ဟာ စက္ကန့်နဲ့ အမျှ လက်တကမ်း အကွာမှာ ရှိနေပါတယ်။ ယခု အထိ အာကာသ ခရီးမှာ ပေါက်ကွဲ ပျက်ဆီး သေဆုံးခဲ့ရတဲ့ သိပံပညာရှင်တွေနဲ့ တန်ဖိုး ဘီလီယံပေါင်းများစွာ တန်ဖိုးကြီးတဲ့ စက်ပစ္စည်းတွေ အများကြီးပါ။

၁. Apollo 1, 01/27/67: Launch pad fire

Commander Virgil "Gus" Grissom
Edward White
Roger Chaffee



၂. Soyuz 1, 04/24/67: Re-entry parachute failure

Vladimir Komarov



၃. Soyuz 11, 06/29/71: Capsule depressurization during entry

Georgy Dobrovolsky
Viktor Patsayev
Vladislav Volkov


ဗွီဒီယိုရှာတာ မတွေ့ပါ။ အောင်မြင်တဲ့ ဆိုယု ၁၁ ဆိုတာဘဲ တွေ့တဲ့အတွက်


၎. Challenger, STS-51L: 01/28/86: Booster failure during launch

Commander Francis "Dick" Scobee
Pilot Michael Smith
Mission Specialist Judith Resnik
Mission Specialist Ronald McNair
Mission Specialist Ellison Onizuka
Payload Specialist Gregory Jarvis (private sector engineer)
Spaceflight Participant Christa McAuliffe (school teacher)



၅. Columbia, STS-107: 02/01/03: Left wing plasma intrusion during entry

Commander Rick Husband
Pilot William McCool
Mission Specialist Kalpana Chawla
Mission Specialist Laurel Clark
Mission Specialist Michael Anderson
Mission Specialist David Brown
Payload Specialist Ilan Ramon (Israel)

(http://www.hobbyspace.com/History/history3.html)

Part I.


Part II


Part III


Part IV


Part V


ဒါတွေက အာကာသ ခရီးထဲမှာ ဆုံးရှုံးမှု့ တွေပါ။ သင်တန်းတက်ရင်း ဖြစ်ပေါ်တဲ့ ထိခိုက်မှု့၊ ယာဉ်ပျက်စီး ထိခိုက်မှု့၊ ထိခိုက်မှု့ ဖြစ်ပေမဲ့ ကံကောင်းစွာ သီသီလေးလွတ်ခဲ့မှု့တွေက အများကြီးပါ။

http://en.wikipedia.org/wiki/Space_accidents_and_incidents


Crew escape was not possible

အသက်အန္တရယ် ကာကွယ်တဲ့ အစီအစဉ် ထဲမှာ အာကာသခရီးသည်တွေ ယာဉ်ထဲက ခုန်ထွက်ဖို့ ခလုတ်တွေ စံနစ်တွေ အတွက် မြန်မာ နာဆာက စဉ်းစားခဲ့ဘူးပါတယ်။ သို့သော်လည်း ယခုအထိ အကောင်အထည် မဖော်နိုင်သေးပါဘူး။ အာကာသထဲ ပို့တဲ့ ခရီးစဉ် ၄ခု ရဲ့ စမ်းသပ်ယာဉ်တွေမှာ SR-71 Blackbird ejection seats နဲ့ pressure suits လွတ်ထွက် ၀တ်စုံ ကို ထဲ့သွင်း ပြုလုပ်ခဲ့ပါသေးတယ်။ နောက်ပိုင်း ငွေကြေးအရရော တခြား သော တည်ဆောက်မှု့ နည်းပညာ ရှုပ်ထွေး မှု့ အာကာသပတ်ဝန်းကျင် ကို ကာကွယ်နိုင်မဲ့ လုံခြုံအောင် ယာဉ်ကို တည်ဆောက်ရတဲ့ အတွက် ယာဉ်ထဲက နေ အရေးပေါ် ခုန်ထွက်နိုင်မဲ့ ထိုင်ခုံတွေ အသက်ကယ် ၀တ်စုံ နဲ့ ဆင်းမဲ့ အချက်အလက်တွေ ကို ရပ်ဆိုင်းခဲ့ရပါတယ်။


အာကာသ ပညာရှင် ဖြစ်ချင်သေးရဲ့လား...

To be Continue......

About "With IMAGINARY Spaceship"

Thank you for visiting to my blog and enjoy exploring with my IMAGINARY spaceship.

ကျွန်မရဲ့ အတွေးယာဉ်လေးနဲ့ အတူ ဆိုတဲ့ အခန်းဆက်ပို့စ် လေးဟာ နည်းပညာ တွေကို စိတ်ဝင်စားစရာ ဇတ်လမ်းတွေနဲ့ နည်းပညာ ကျွမ်းကျင်သူတွေရော မကျွမ်းကျင်သူတွေပါ နားလည်လွယ်အောင် ကျွန်မ ဖြစ်ချင်ခဲ့တာတွေနဲ့ ရောစပ် ရေးသား ထားခြင်းဖြစ်ပါတယ်။

နည်းပညာရပ်တွေဟာ စိတ်ကူးယဉ်သိပံဇတ်လမ်းပညာအတု မဟုတ်ပါဘူး။ ကျွန်မ ရေးထားတဲ့ တချို့ အချက်တွေဟာ ဇတ်လမ်းအရ နိုင်ငံနဲ့ နေရာ အစစ်အမှန်ကို ညွှန်ရေးလို့ မရတဲ့ အတွက် မြန်မာနိုင်ငံအဖြစ် အစားထိုးရေးသားခြင်း သာ ဖြစ်ပါတယ်။ သို့သော် မူရင်း စာများကို စာမှီးအဖြစ် ညွှန်ထားသဖြင့် ကိုယ်တိုင် ဖတ်ယူနိုင်ပါတယ်။

စာဖတ်သူများ အနေဖြင့် ကျွန်မပို့စ်မှာ ပါသော နည်းပညာ တချို့ကို ကန့်ကွက်လို ဆွေးနွေးလို အကြံပေးလို အသေးစိတ်သိလို ပါက saundoo@gmail.com ဆီသို့ စာရေး မေးမြန်းငြင်းခုံနိုင်ပါတယ်။

တစ်ခုတော့ ကြိုပြောပါရစေ။ ကျွန်မကို ပြိုင်ငြင်းမယ်လို့ စိတ်ကူးခဲ့ရင် astronomy, satellite, telecommunication, mobile communication, aerodynamic, physics, space science industry etc... စသဖြင့် ဒီနယ်ပယ်ထဲက နည်းပညာ တခုခု ကို လေ့လာပြီးမှ လာရောက် ငြင်းခုံနိုင်ကြောင်း ကြိုတင် တောင်းပန် ထားအပ်ပါတယ်။

ကျေးဇူးတင်စွာဖြင့်

ဆောင်း

www.saundoo.blogspot.com
www.myanmarastronomy.blogspot.com

With IMAGINARY Spaceship 3


အတွေး ယာဉ်ကလေးနှင့် အတူ... အပိုင်း - ၃

Thank you for visiting to my blog and enjoy exploring with my IMAGINARY spaceship.


တနင်္လာနေ့ ရုံးတက်ပြီးလို့ နံနက် ၁၀နာရီလောက်မှာ ကျွန်မ အတွက် စာတစ်စောင်ရောက်လာတယ် ဆိုတာနဲ့ ရုံးခန်းသွား ယူဖတ်ကြည့် လိုက်တော့ ကျွန်မ တကိုယ်လုံး လေထဲမြှောက်တက်သွားသလို ခံစားလိုက်ရပါတယ်။ ပျော်လိုက်သည့် ဖြစ်ခြင်း ပထမအဆင့် အာကာသ သုတေသနစပါယ်ရှယ်လစ် အဖြစ် ရွေးထားကြောင်းပါ။ ရွေးထားတဲ့ လူနည်းစုတွေ လူတွေ့ စစ်ဆေးဖို့ နဲ့ ယာယီသင်တန်းတက်ဖို့ အကြောင်းတွေပါ။

ကျွန်မ ရဲ့ အိမ်မက်လေး တကယ်လက်တွေ့ ဖြစ်တော့မှာ ပေါ့နော်.....

ကျွန်မ လည်း အဲဒီနေ့မှာ အဖြူရောင် လက်ရှည် ၀တ်သွားမိတာ မှတ်မှတ်ရရပါ။ အဲဒီမှာ လူအယောက် ၄၀ လောက် ရွေးထား ပါတယ်။ နေရာ ၄နေရာ အတွက် လူ ၁၀ယောက်မှာ အရန်၂ဦးစီ ရွေးမယ်လို့ ယူဆမိ ပါတယ်။ သင်တန်းကို စုစုပေါင်း ၁၂ယောက်သာ တက်ခွင့်ရမယ် ထင်ပါရဲ့ ။ အဲဒီထဲမှာ ထူးထူးခြားခြား ထွေးလေး လို့ ခေါ်တဲ့ အမျိုးသမီး တစ်ဦးက တော့ အရပ်အတော်ရှည်ပြီး အာကာသယာဉ်မှုး အဖြစ် လျှောက်ထားကြောင်း သိရလို့ အံ့သြချီးကျူးမိ ပါတယ်။

ကျွန်မနဲ့ ထွေးလေးတို့လည်း စကာတင် အရွေးခံချင်လို့ အပြင်မှာ ကျူရှင်အရင်တက်ဖို့ စဉ်းစားလိုက်ပါတယ်။ ကျူရှင်သင်တန်း တွေ ကို နယ်တကာ လှည့် ရှာဖွေရပါတယ်။ ဟော .. ကိုးနတ်ရှင်ရဲ့ ကျေးဇူးကြောင့် အာကာသ ပညာရှင် လေ့ကျင့်ပေးရေး ကျူရှင် ဆိုတဲ့ ကြော်ငြာလေး တစ်ခုကို တွေ့ရပါတယ်။

မြန်မာ နာဆာ အာကာသ မှာရှိတဲ့ အောင်ဆန်း သင်တန်းကျောင်းကို ကျွန်မတို့ နှစ်ဦး သွားခဲ့ပါတယ်။ ပမာဏအဖြစ် သီးသန့် အာကာသပညာရှင်သင်တန်း ၁ရက် individual Astronaut Training Experience (ATX) ဒေါ်လာ $250/person ၊ မိသားစု အဖွဲ့သားများနဲ့ အပေးအယူမျှဖို့ လိုအပ်တဲ့ သင်တန်း၂ရက် Family ATX နဲ့ ကမ္ဘာ ပေါ်က အာကာသ စခန်းနဲ့ ဆက်သွယ်မဲ့ အတတ်ပညာ ရက်ကန့်သတ်မရှိ custom Corporate ATX အတွက် အိပ်ခန်းပါ ငှားရတဲ့အတွက် တည$625/person ပါ။ နောက်ဆုံး စာရင်းပေးဖို့ ဆုံးဖြတ် လိုက်ပါ တယ်။

ရုံးကိုလည်း ပမာဏ အရွေးခံရတဲ့ နေ့က စပြီး သင်တန်းတက် လေ့ကျင့်ဖို့ လစာမဲ့ ခွင့် လျှောက်ထား လိုက် ပါတယ်။ အာကာသပညာရှင် ကျူရှင်က ကြံ့ခိုင်မှု့ အတွက် သင်တန်းဖြစ်လို့ အားကစား ၀တ်စုံသာ ရွေးပြီး ယူသွား ရပါတယ်။

နောက်တပတ် နေ့လည်လောက်မှာ သင်တန်း သွားရောက်ပြီး တည်းရမဲ့ ဟိုတယ်မှာ check in အ၀င်စာရင်း ရေးကြပါတယ်။ ဟိုတယ်နေရာမှာ တဆင့် ဘတ်စကားစီးပြီး စစ်ဆေးဂိတ် တွေ အဆင့်ဆင့် ဖြတ်ကျော်လို့ ကျူရှင်သင်တန်း ရောက်ခဲ့ရပါတယ်။

အာကာသထဲမှာ ပတ်ချာလည် လွှင့်မျှောနေမှာ ဖြစ်တဲ့ အတွက် အဲဒီဒဏ်ခံနိုင်ရည် ရှိဖို့ လေ့ကျင့်ရပါတယ်။ ကမ္ဘာ့ ဆွဲငင်အားမရှိတော့တဲ့ အတွက် ကျွန်မတို့ တတွေ ခြေထောက်ပေါ်ရပ်တည်နိုင်တော့မှာ မဟုတ်ပါဘူး။ ဆွဲငင်အား မရှိတဲ့ ပုံစံမျိုးမှာအနေကျဖို့ လေ့ကျင့်ရပါတယ်။ အာကာသ၀တ်စုံများကို ၀တ်ပြီး ၀တ်စုံမှာ ပါဝင်တဲ့ အထူး ခလုပ်တွေ အကြောင်း သင်ကြားရပါတယ်။

(Ref: http://www.ehow.com/how_2179688_train-like-astronaut-day.html)

ပမာဏ အရွေးခံရတဲ့လူ အားလုံးဟာ တူညီတဲ့ ရည်ရွယ်ချက်တွေရှိနေလို့ သင်တန်းတစ်ခုလုံး အရွေးခံရတဲ့ လူတွေ အပြင် ပြင်ပ စိတ်ဝင်စားတဲ့ သူတွေလည်း ပါဝင်တာတွေ့ရပါတယ်။

ဟိုတယ် အခန်း ထဲရောက်တာနဲ့ တပြိုင်နက် ကျွန်မလည်း ၀မ်းသာမှု့ စိတ်မောမှု့ ပင်ပန်းမှု့ တွေကြောင့် အိပ်ယာ ထက် မှာ ခေတ္တခဏ လှဲချ အနားယူလိုက်ပါတယ်။..

သင်တန်းရောက်မှ အရွေးခံရတဲ့သူတွေအပြင် တခြားပရိုဂျက်တွေ အတွက်ပါ ရွေးချယ်ထားတဲ့သူတွေ ပါဝင်မှန်း သိရပါတယ်။ တချို့ ကျွန်မ သိတဲ့လူတွေကတော့ သူဌေးကြီးများ ဖြစ်ကြတဲ့ တချို့ ဘလော့ကာ မ...၊ ကို...၊ ဦး...၊ တို့က တော့ အာကာသကို ငွေပေးပြီး အလည်အပတ် သွားရောက်ဖို့ လာရောက် ကျူရှင် ယူနေကြောင်း သိရပါတယ်။ ချမ်းသာတဲ့သူများတော့ နော်.. ဘာမဆို... ဖြစ်နိုင်တာဘဲ....

သင်တန်းကာလ တစ်ပတ်လောက် ကြာတော့ အိမ်ကဌာနမှုးကြီး KMSL ကို လွမ်းလို့ ဆိုပြီး ဒေါက်တာခင်ဦးမေ ဆိုတဲ့ အမျိုးသမီးတစ်ဦး နုတ်ထွက်သွားပါတယ်။ ကျန်တဲ့သူတွေက တော့ ပြိုင်ဖက်တစ်ယောက် လျော့တဲ့ သဘော မထားဘဲ ၀မ်းသာအားရ နုတ်ဆက်ပွဲလေး လုပ်ပေးကြပါတယ်။

အဲဒီအခါမှာ ကိုရန်းဂေါင်(ကိုရောင်ဂန်း) က သူ ဓါတ်ဆင် ဓါတ်ရိုက် လုပ်လိုက်လို့ ပြိုင်ဖက် လျော့သွားတယ် ဆိုတဲ့ သတင်း တိုးတိုးတိတ်တိတ် ထွက်လာ ပါတယ်။ နောက်နစ်ရက် အကြာမှာ ဗိုလ်ပေါက် ဆိုတဲ့ ဗိုလ်ချုပ်မမ တစ်ယောက် တောင်ထိပ်က ပြင်ဦးလွင် ကို ပန်းခူးထွက်ချင်တယ် ဆိုပြီး နုတ်ထွက်ပြန်ပါရော....။ ကျွန်မ အပါအ၀င် ကျန်သူများ စတင် စိတ်ပူ လာကြပါတယ်။

အဲဒီမှာ ဗိုလ်မင်းသိန်းဦး.. အင်း ဗိုလ်သိန်းလို့ခေါ်ကြပါစို့ သူက ဓါတ်ဆင်တာတွေကို ဓါတ် ယမ်း နဲ့ အငွေ့ ဖြစ်အောင် လုပ်မယ်တကဲကဲ ဖြစ်နေလို့ အမျိုးသမီး အဖွဲ့ဝင်များ အတော်ထိပ်လန့် နေကြ ပါတယ်။

အဲဒီမှာ ကယ်တင်ရှင် မအိမ်လွမ်းသူ လည်း ဓါတ်စာနဲ့ ပြန်တွန်းလှန်နိုင်တယ်ဆိုလို့ ဓါတ်စာ အဖြစ် (အတွင်းကျကျ) မြေကြီး နက်နက် ထဲက အာလူးရှာကြရပါတယ်။ ကိုငရဲက မြေနက်တွင်း ရေနက်တွင်း ရေဒါ အထူးသုတေသနမှုး ဖြစ်တဲ့အတွက် သူ့ရဲ့ ရေဒါ ထောက်လှမ်းမှု့နဲ့ အာလူးပင်ကို ရှာကြပါတယ်။ မနန်းညီ က အတွင်းအား ပါပါ ပန်းချီငို လက်နဲ့ အာလူးပင်ကို ဆွဲလိုက်တာ အာလူးထွက်မလာဘဲ ပင်စည်က ပြတ်သွားလို့ မသိဂီနွယ် က ရေဒါ signal နဲ့ အမြစ်များမှ trace ဆန်းစစ်ပြီး အာလူးတူး ပေးပါတယ်။

အဲဒီတော့မှ ဓါတ်စာ အာလူးအစိမ်းသုပ် ကို မစုဘူးအိမ် ကတာဝန်ယူသုပ်ပေး လို့ အဖွဲ့သား အားလုံး စိတ်အေးရ ပါတော့တယ်။ ဓါတ်ဆင်ထားတာ အတွင်းရော အပြင်ပါ ကျော်နိုင်အောင် တွင်းပိုးပါ ကြော်စားရမယ် ဆိုလို့ ကိုတွင်းပိုးရဲ့ ကျစ်ကျစ်ပါအောင် ၀ှက်ထားတဲ့ နံမည်ကြော် တွင်းပိုးလေးတွေ ကို တစ်ဦးလျှင် အနည်းဆုံးတစ်ကောင် ဝေစုရအောင် မျှဝေ စားရပါ သေးတယ်။ အဲဒီနေ့ညက ကိုတွင်းပိုး မျက်နာကြီးနီပြီး မျက်ခွံတွေ မို့ယောင်နေတာ သတိထားမိပါတယ်။ ငိုထား တယ် လို့ မထင်ပါဘူး အာကာသထဲ ပတ်ချာလည် တဲ့ဒဏ် ခံနိုင်အောင် ကင်းမြီးကောက်ထောင် လေ့ကျင့်တာ များသွား လို့ ဖြစ်မှာပါ။

ဘယ်လိုဘဲ ဖြစ်ဖြစ် အာလူးအစိမ်းသုပ်နဲ့ တွင်းပိုးအရသာကို ဘယ်တော့မှ မမေ့နိုင် ဖြစ်ခဲ့ရတာ ပေါ့နော်။

လုပ်ငန်းကို အာရုံစိုက်ဖို့ အတွက် သံယောဇဉ်တွေ ပြတ်အောင် ပြင်ပနဲ့ ဆက်သွယ်ရေးကို ဖြတ်ထား တဲ့ အနေနဲ့ သင်တန်း ဟိုတယ်မှာ တယ်လီဖုံးတွေ မတပ်ထားပါဘူး။ အဲဒီအချိန်မှာ မသီတာ တစ်ယောက် က အလွန် ပျော်ရွှင်နေပါတယ်။ သားသားတို့ကို ကိုဧရာနဲ့ ထားခဲ့တဲ့ အတွက် စိတ်အေးလက်အေးဖြစ်နေပါတယ်။ ဖုံးပါ မသုံးရတော့ ကိုဧရာ တော့ အတော်ဝမ်းသာနေမှာ လို့ ကျွန်မတို့ကို မသီတာက ပြောပြ နေပါ သေး တယ်။

မသိဂီနွယ်၊ ကိုရှင်ရဲထွတ်နဲ့ ကိုသမိန်ဗရမ်းကတော့ သူတို့ စိုက်ပျိုးရေးနဲ့ မွေးမြူရေး သုတေသနအကြောင်း ဆွေးနွေး နေကြပါတယ်။ လောလောလတ်လတ် စားထားတဲ့ အာလူးရဲ့ Dimension ထုထည်၊ အခွံရဲ့ အထူ ပါဝင်တဲ့ အစာနဲ့ အာလူး အလေးချိန်တွေကို ဖော်မြူလာဖွင့် တွက်ချက် နေကြပါတယ်။

ကိုကိုမောင်က တော့ ငယ်ငယ်ရွယ်ရွယ်ဆိုတော့ ညဘက်ရောက်တာနဲ့ ဘုရား ရှစ်ခိုး နေလိုက်တာ တခေါခေါ နဲ့ပါဘဲ။

ကိုပြည့်ဖြိုးရယ်၊ ကိုအောင်သာငယ်ရယ်၊ ကိုဂင်ကြီးရယ်ကတော့ ဆက်သွယ်ရေး သုတေသန အထူး စပါယ်ရှယ်လစ်တွေ မိုလို့ သူတို့ ခိုးဝှက် ယူလာတဲ့ လက်ကိုင်ဖုံးလေး တွေနဲ့ မတ်စေ့ခ်ျပို့ ပြီး ဆက်သွယ်ရေး မပြတ်အောင် စမ်းသပ် လေ့လာနေပါတယ်။
Message Signal က ကမ္ဘာ့ပြင်ပက စင်္ကြာဝဌာ ထဲကို ပို့လွှတ် စမ်းသပ် ဆက်သွယ်နေတာ လို့ ပြောပါတယ်။ စမ်းသပ်အောင်မြင်တဲ့ သုတေသနဘဲ ထင်ပါရဲ့ ပြန်ဝင် လာတဲ့ Message Signal တွေ ကြည့်ပြီး တခါတလေ သက်ပြင်းကြီးချလိုက် တခါတလေ ပြုံးပြုံးကြီး ဖြစ်လိုက် နဲ့။

ကျွန်မနဲ့ နင်းလေးကတော့ environmental research ပတ်ဝန်းကျင် အထွေထွေ သုတေသန မှတ်တမ်းတင်ဖို့ အတွက် အဓိက ဖြစ်လို့ သင်တန်းသူသင်တန်းသား အားလုံးရဲ့ လှုပ်ရှားမှု့ကို မျက်ခြေမပြတ် ကြည့်နေရတာ ပေါ့။

အဲဒီမှာ ကိုငရဲနဲ့ ကိုခွန်းက တစခန်းထတော့တာပါဘဲ။ သူတို့ရဲ့ ထိပ်တန်းလျို့ဝှက် သုတေသန စာတမ်းတွေ ပျောက်တယ် ဆိုပြီး ကျွန်မတို့ကို အရစ် လုပ်နေပါ သေးတယ်။ ထိပ်တန်းလျို့ဝှက် သုတေသန စာတမ်းက တော့ ရေမွှေးပါတဲ့ ပန်းရောင် စာအိတ်လို့ ပြောပါတယ်။ အားနာတာနဲ့ ကျွန်မလည်း သုံးနေတဲ့ ရှယ်နယ်၅ ရေမွှေး ကို ပေးတာ အဲဒီအနံ့ကို နံတယ် ဆိုလို့ ကျွန်မ ၀ယ်ရကျိုး မနပ် ဖြစ်ရပါသေးတယ်။ ၀ယ်ထားတာ ၁၀နစ် လောက် ပဲ ရှိအုန်းမဲ့ဟာကို............ ဟင်း ........ တကထဲ.... ။

အဇ္ဈတ္တပြခန်း က ကွန်ထရိုး တာဝန်ခံမှုး ကတော့ ကျွန်မတို့ ဟိုတယ်အဆောင် အတွက် ခလုတ်နှိပ်တိုင်း အကူညီပေးမဲ့ဌာန ကို အကြောင်းကြားမဲ့ Bell ဘဲလ် တလုံးလာထားပေးပါတယ်။ အဲဒီခလုပ် နေရာမှာ တန်းစီ နေကြတာ ကတော့ ဒေါက်တာခွန်းနဲ့ ကိုငရဲပါဘဲ။ ထိပ်တန်းလျို့ဝှက်ချက်စာတမ်းကို ခေါင်းအုံးအောက် မှာ ထားမအိပ်ရရင် သူတို့ရဲ့ ဇီဝဦးနှောက်တွေ ဆက်သွယ်ရေး အလုပ်မလုပ်ဘူး လို့ ကွန်ပလိမ်း တက်နေကြ ပါတယ်။

ကွန်ပလိမ်းတက်နေတာကို ၀င်ဖြေရှင်းပေးတာက တော့ ကိုလောရှည်ပါ သူက ဇတ်ရုံမှုး ဆိုတဲ့ Theater တာဝန်ခံပါ။ သူ့ ဖြေရှင်းချက်လေး က တယ်လွယ်တာဘဲ ဒေါက်တာခွန်းနဲ့ ကိုငရဲကို အထူးစီမံ ပြုလုပ်ထားတဲ့ ဆေးရည် တစ်ပုလင်းစီ ပေးလိုက်တယ။် အဲဒီပုလင်းထဲမှာ ထိပ်တန်းလျှို့ဝှက် ဖော်မြူလာနဲ့ ဖော်စပ်ထားတဲ့ ဦးနောက် မှတ်ဥာဏ် ကောင်းစေတဲ့ ဆေးရည် ထဲ့ထားတယ် လို့ ဆိုပါတယ်။ အဲဒီညက သူတို့ အခန်းဘက်ကို အမျိုးသား အဖွဲ့ဝင် တွေ သွားရောက် လေ့လာတာ ၀င်လိုက်ထွက်လိုက်နဲ့ တညလုံးလိုလိုပါဘဲ၊ နောက်တနေ့ ရောက်တော့ ကိုကိုမောင် ဆိုတဲ့ အဖွဲ့သား တစ်ယောက် ခေါင်းကိုက်ပြီး မထနိုင် လို့ ဆေးရုံတင် လိုက်ရ ပါတယ်။ ခေါင်းမှာ ပတ်တီး အပြည့် နဲ့ တကိုယ်လုံးကို ဇောက်ထိုးမိုးမျှော် ထားပြီး ဆေးကုသလိုက်ရ ပါသတဲ့။

အချပ်ပို ။ ။ လူနာနံဘေးမှာ ချောချောလှလှ နပ်စ်မလေး ၂ယောက်က အာကာသ ပညာရှင် အလောင်းအလျာ လူနာ ကိုကိုမောင် ရဲ့ အနားမှာ ရောဂါ အမြန်ပျောက်ရေး အတွက် ပြုစု နေကြတုန်း .....


ဒေါက်.... ဒေါက်........ ဒေါက်..

အဖွဲ့ဝင် နံပါတ် ၁၀ တံခါးဖွင့်ပါ။ ညနေစာ လာပို့ပါတယ်။

ကျွန်မလည်း တံခါးခေါက်သံကြောင့် အိပ်ယာမှ လန့်နိုးသွားရပါတယ်။

.......
......
.........


သြော် ......... နွေခေါင်ခေါင် နေပူပူမှာ ထမင်းလုံး တစ္ဆေခြောက်သလို အိမ်မက် မက်နေပါပကောလား.... ညစာ မစားခင် မျက်နာ အပြေး သစ်လိုက် အုန်း မှ......

မှတ်ချက်။ ။ ဒီပို့စ်ထဲက အိမ်မက် ကတော့ နာမည်စာရင်း လာပေးသွားတဲ့ ဘလော့ကာ ကိုကိုမမများအတွက် အမှတ်တရ ပါ။ နောက်ပိုင်းမှာလည်း အဲဒီ ဇတ်လိုက်များကို ထည့်သွင်းရေးသားသွား ပါမည်။ နာမည် အသစ်များ လက်မခံနိုင်တော့တာ ခွင့်လွှတ်ပါ။ လူများသွားလျှင် တရုတ်သိုင်းဝတ္တုလို ဇတ်ကောင် နာမည်များ မမှတ်မိတော့မှာ စိုးလို့ပါ။

နာမည်စာရင်းလာပေးသွားသူများ နုတ်ဆက်သူ နုတ်မဆက်သူများ အားလုံးကို ကျေးဇူးတင်လျက်

ဆောင်း

You received this email because you are subscribed to the real_time feed for http://saundoo.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.