Sunday, October 5, 2008

[ပန်းခရမ်းပြာ] 1 New Entry: Sembawang Park ရဲ့ ညနေ ဆည်းဆာ

Sembawang Park ရဲ့ ညနေ ဆည်းဆာ

ညနေခင်း တစ်ခုမှာ Sembawang Park ကိုရောက်သွားတယ်။
တိမ်တောက်နေတဲ့ ဆည်းဆာ အလှကို အမှတ်တရ ဟမ်းဖုန်းကင်မရာနဲ့ ရိုက်လိုက်တဲ့ပုံ …။


လှမ်းမြင်နေရတဲ့ တဖက်ကမ်းက မလေးရှား၊ နောက်ခံက ခပ်ရေးရေး မြင်ရတဲ့ တောင်ကုန်းတွေ …။ အဲဒီဖက်ကမ်းမှာပဲ မီးရောင်တွေ ထိန်နေတဲ့ သင်္ဘောလိုလိုကိုလည်း တွေ့ရတယ်။ စားသောက်ဆိုင် ဖြစ်မယ် ထင်ပါရဲ့ …။

ညီအစ်မ နှစ်ယောက် အအေးဗူး၊ အာလူးကြော်ထုပ် ကိုယ်စီနဲ့ ကမ်းစပ်မှာ ထိုင်နေတုန်း Speed Boat လေး ဖြတ်သွားတာ တွေ့လိုက်ရတယ်။ Police Patrol Boat ဖြစ်မယ်လို့ ထင်တာပဲ…။

ငါးမျှားနေတဲ့ သူတွေ အတော်များတယ်။ သူတို့ အတွက်က သီးသန့်နေရာ။ ငါးမျှားချိတ်တံ ထောင်ထားဘို့ စိုက်ထားတဲ့ သံပိုက်လုံးတွေက အစီအရီ။ လှုပ်နေတဲ့ ငါးမျှားတံက ကြိုးတွေကို ငေးကြည့်ရင်း ဆုတောင်းမိတယ်။ ငါးလေးတွေ ဘေးအန္တရယ် ကင်းဝေးပါစေ …။

BBQ လုပ်တဲ့သူတွေ၊ စကိတ်စီးတဲ့သူတွေ၊ ပြေးနေတဲ့သူတွေ၊ စက်ဘီးစီးတဲ့သူတွေ၊ ရေကူးတဲ့သူတွေနဲ့ ကမ်းစပ်မှာ စည်ကားနေတယ် …။

သိပ်မမှောင်ခင် ပြန်လာကြတယ်။ ဖြတ်သွားဖြတ်လာ Taxi တော့ မရှိဘူး။ တစ်စီးတည်းသော ဘတ်စ်ကားကို နာရီဝက်လောက် စောင့်စီးလိုက်ရင် Sembawang MRT ကိုရောက်ပြီ။ Sun Plaza မှာ တောင် Window Shopping လုပ်လို့ ရသေးတယ်။

You received this email because you are subscribed to the real_time feed for http://pan-khayan-pyar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.