Wednesday, December 3, 2008

[We Fight We Win. -- " More than Media "] 1 New Entry: နအဖ လက်အောက်က အမျိုးသမီးများ ရဲ့  ဘဝ

နအဖ လက်အောက်က အမျိုးသမီးများ ရဲ့  ဘဝ

မြန်မာနိုင်ငံမှာ သံဃာတွေ၊ ကျောင်းသားတွေ က မြန်မာပြည် မှာ တရားမျှတမှု နဲ့ ဖွံ့ဖြိုးမှု တွေပြုလုပ်ဖို့ ပြောမိတာနဲ့  နအဖ စစ်အုပ်စုက ထောင်ဒဏ် ၆၅ နစ် အပြစ်ပေးပါတယ်။ နိုက်ကလပ်တွေမှာ သုံးဖြုံးနေတဲ့ လူတန်းစားက သန်းရွေ သားနဲ့ မြေးတွေ၊ အပြစ်အခတ်ရပ်စဲရေးလုပ်ထားတဲ့ ကချင်၊ ၀၊ ရှမ်း၊ ဒီကေဘီအေအဖွဲ့တွေ ၊ ကိုးကန့် တရုပ်တွေ၊ တေဇနဲ့ အပေါင်းအပါ တွေပဲဖြစ်ပါတယ်။

တပြည်လုံး ကုန်းကောက်စရာမရှိအောက်ငတ်မွတ်ခေါင်းပါး နေတာကိုအခွင့်ကောင်းယူပြီး လူအဖွဲ့ စည်းမှာ အားအနည်းဆုံး ဖြစ်တဲ့ အမျိုးသမီးလေးတွေကို စတင်ဖျက်ဆီးလာပါတယ်။ အမျိုးသမီးငယ်တွေကို ဖျက်ဆီးနေတဲ့အထဲ မှာ ပြည်ပရောက်မြန်မာ တချို့လည်း ပါပါတယ်။ သူတို့က မြန်မာ ပြည်ကို ပြန်သွားတဲ့အခါ သုံးနိင်ဖြုံးနိင်တဲ့ သူတွေအထဲမှာ ပါတယ်။ အမျိုးသမီးငယ်တွေကို ပိုက်ဆံပေး ပြီး ဗွီဒီယို ရိုက်တယ်။ ရိုက်ပြီးဗွီဒီယို ကို နှမသားချင်း မစာနာစွာနဲ့ အင်တာနက်တွေမှာ ဖြန့် ချီကြတာကို တွေ့ နေရပါတယ်။

မြန်မာ အမျိုးသမီး တယောက်ရဲ့ အရှက်မဲ့ ဒီလို ပြုလုပ်နေရတဲ့ ဘ၀ကို ကျနော်တို့ တသက်လုံးမှာ မမြင်ဘူးခဲ့ပါဘူး။ သန်းရွေလက်ထက်မှာတော့ မြင်လာရပါပြီ။ အင်တာနက်စာမျက်နာတွေမှာ ကျနော်တို့တွေ့ မြင်လာရပါပြီ။ မြန်မာအမျိုးသမီးတွေဟာ နည်းမျိုးစုံနဲ့ အဖျက်ဆီးခံ နေရပါတယ်။ ဒီဗွီဒီယိုမှာတော့ ဒီနေ့ သန်းရွေလက်အောက်က မြန်မာ အမျိုးသမီးငယ်တွေရဲ့ဘ၀ ကို အထင်အရှားပြသနေပါတယ်။

ဒီပြသာနာကို ကျနော် တို့ မျက်ကွယ်ပြု ထားလို့ မရတော့ဘူး။ ကျနော်တို့ ဆွေးနွေးရတော့မယ်။ ဖြေရှင်းရပါတော့မယ်။



(၁၈ နစ်အောက်ကလေးများ မကြည့် သင့်ပါ ကြိုတင်အသိပေး ပါတယ်။ )



You received this email because you are subscribed to the real_time feed for http://komoethee.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.