Wednesday, December 3, 2008

[“မောင်မျိုး”] 1 New Entry: ကျိုက်ပေါလော မှဲ့ရှင်တော်ဘုရား

ကျိုက်ပေါလော မှဲ့ရှင်တော်ဘုရား


ကျိုက်ပေါလော မှဲ့ရှင်တော်ဘုရားသမိုင်းသည် မြတ်စွာဘုရား ပိရိနိဗ်ဗာန် စံတော်မူပြီး နှစ်ပေါင်း ၂၂၀ အကြာအန္ဒိယပြည်တွင် သီရိဓမ္မာသောကမင်းကြီး တတိယ သင်္ဂါရနာ တင်သည့်အချိန် စခဲ့သည်ဟုဆိုပါသည်။ ထိုမျှ မက မင်းကြီးသည် ရှင်မစာမောဂ္ဂလိပုတ္တိဿမထေရ်မြတ်ကြီးနှင့်တိုင်ပင်ကာ အခြားနိုင်ငံများတွင် သာသနာပြန့်ပွားစေရန် ကိုးတိုင်း ၊ ကိုးဌာန သို့ သာသနာပြုအဖွဲ့များစေလွှတ်တော် မူပါသည် တစ်ဖွဲ့လျှင် ၅ ပါးစီး ပါဝင်စေပါတယ်။

ထိုအချိန်တွင် သီဟိုကျွန်းနိုင်ငံကို ဒေ၀ါနံပီယတိဿမင်းကြီး စိုးစံတော်မူပါသည် မိမိကိုယ်တိုင်လည်း ဗုဒ်ဓဘာသာကို သက်ဝင်ယုံကြည်သည်ဖြစ်၍ ရဟန္တာအရှင်မြတ်တို့ကို ၀မ်းမြောက်ဝမ်းသာကြိုဆိုတော်မူပြီး သာသနာပြု လုပ်ငန်းများကို အစဉ်အတိုင်း ဆောင်ရွတ်တော်မူပါသည်။ မင်းကြီးသည် လူအပေါင်းတို့သည်လည်း ရုပ်ပွားတော်များကို ဖူးမျှော် ပူဇော်ရလျှင် လောကီ လောကုတ္တရာ အကျိုးများ ရစေပြီး သက်ဝင်ယုံကြည်ကြလိမ့်မည်ဟု စဉ်းစားမိပြီး မိမိ၏ အကြံတော်ကို အရှင်မဟိန္ဒာ အား လျှောက်တင်ကာ ပန်းပု ပညာရှင်အကျော် အမော်တို့အား ရုပ်ပွားတော်လေးဆူး ထုလုပ်စေပါတယ်။ပြီးစီးသော တိုင်းသူပြည်သားများ နန်းတွင်းသူ နန်းတွင်းသားများနှင့်အတူ ရဟန်တော်များအား ဆွမ်းလုပ်ကျွေးတော်မူလျှက် (၁၅) ရက်တိုင်တိုင် ပူဇော်ပွဲကျင်းပပါတယ်။


ထို့နောက် လူအများကိုကွယ်စေလိုခြင်း အလို့ငှာ ရုပ်ပွားတော် လေးဆူးမှ တစ်ဆူကို ကျွန်းတုံး(ဖောင်) ပေါ်တွင်လည်းကောင်း ၊ တစ်ဆူကို သင်္ကန်းတုံး(ဖောင်) ပေါ်တွင်လည်းကောင်း၊ တစ်ဆူကို ပိန္နဲတုံး(ဖောင်)ပေါ်တွင်လည်းကောင်း ၊တစ်ဆူကို ကျောက်လှည်းဘီး (ဖောင်) လည်းကောင်း အသီးသီးတင်ကာ အခမ်းအနားဖြင့် စည်ကားသိုက်မြိုက်စွာ သမုဒ္ဒရာအတွင်းသို့ အဓိဌာန်ပြု မျှော်လွှတ်တော်မူပါသည်။ ရုပ်ပွားတော် မြတ်တို့သည် သာသနာတော် ထွန်းကားရာ မြန်မာနိုင်ငံသို့ ဆိုက်ရောက်လာကြပါသည်။

၁။ တစ်ဆူမှာ ကျိုက်္ခမီ ကမ်းခြေသို့ ဆိုက်ရောက်ပြီး "ကျိုက်္ခမီ ရေလယ်ဘုရား" ဘွဲ့တော်ဖြင့် ကျော်ကြားလျှက်ရှိပါသည်။

၂။ တစ်ဆူမှာ ထားဝယ်ကမ်းခြေသို့ဆိုက်ရောက်ပြီး "ရှင်မုတ္ထီး" ဘွဲ့တော်ဖြင့် ကျော်ကြားလျှက်ရှိပါသည်။

၃။ အခြားတစ်ဆူမှာ ပုသိမ်မြို့ ရွှေမုတ္တောစေတီတော်ကြီး၏ အာရုံခံတန်ဆောင်း တစ်ခုအတွင်း " သီဟိုဌ်ရှင် ဘုန်းတော်ပြည့်ဘုရား " ဘွဲ့တော်ဖြင့် ကိုးကွယ်ပူဇော်ထားသည်။

၎။ ကျောက်လှည်းဘီးဖြင့် မျောလာသော ကျန်တစ်ဆူမှာ မွန်ပြည်နယ် ကျိုက်ထိုမြို့ ကျိုက်ပေါလော မှဲ့ရှင်တော် ဘုရားဖြစ်ပါသည် ။ ဘွဲ့တော်ကို မူလက " ကျိုက်ပေါလော ဘုရား" နောက် ပကတိမျက်စေ့ကဲ့သို့ကြည်လင်တောက်ပသော မျက်လုံးတော်ကို အစွဲပြု၍ " ကျိုက်ပေါလော မျက်ရှင်တော်ဘုရား" နောက် လကျာ်ဘက် နားထင်ပေါ်တွင်ရှိသော မှဲ့တော်ကို အစွဲပြု၍ " ကျိုက်ပေါလော မှဲ့ရှင်တော်ဘုရား" ဟူ၍ပြောင်းလဲခေါ်ဝေါ်ပူဇော်ကြပါသည်။


မြို့ခံ အလှူရှင်များ အနယ်နယ် အရပ်ရပ်မှ အလျှုရှင်အပေါင်းတို့၏ ဒါနဖြင့် ရွှေသားပလ္လင်တော်ကြီး ၊ဘုရားဖူးများတည်းခိုနိုင်ရန် နှစ်ထပ်ကျောင်းဆောင်ကြီး အသစ်တစ်ခု၊ တရားဟော တရားနာရန် ဓမ္မာရုံကြီးတစ်ခု ၊သိမ်တော်ကြီးတစ်စခုနှင့် အခြား သာသနိက အဆောက်အအုံများပြုပြင်ထိန်းသိမ်းခဲ့ပါသည်။ဤကား ကျိုက်ပေါလော မှဲ့ရှင်တော်ဘုရား၏ သမိုင်းအကျဉ်းဖြစ်ပါသည်။

"ညပိုင်း ရိုက်ထားတဲ့ ဘုရားပုံတော် "
"ကျောက်လှည်းဘီး "

"နေ့ခင်းပိုင်းရိုက်ထားသော ဘုရားဝန်းတစ်နေရာ "



P>S = ကျိုက်ပေါလော မှဲ့ရှင်တော်ဘုရား၏ သမိုင်းအကျဉ်းကို စစ်တောင်းမြို့ အလယ်တန်းကျောင်းအုပ်ဆရာကြီး ဦးစိုးနိုင်( စိုးရာဇာ) မှ ကျမ်းပြုစု ပြီး ကျနော် ရမ်းတုတ် မောင်မျိုးမှ ထပ်မံ အတိုချုံးဖော်ပြပါသည်။ မြို့ကိုရောက်လို့ ဘုရားဝင်ဖူးဖြစ်လျှင်လည်း တစ်တက် တစ်အား နည်းများမဆို ပါဝင်လျှုတန်းကြပါအုံးလို့ နိဗ်ဗာန်အကျိုးမျှော်၍ နှိုးဆော်တိုက်တွန်းလိုက်ပါတယ် ခင်ဗျာ :)






You received this email because you are subscribed to the real_time feed for http://www.maungmyo.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.