ဘရဏီမျိုး
ဤနေရာကို နှိပ်ကြည့်ပြီးမှ ဆက်ဖတ်ပါရန် ..
အံ့ဘနန်း ကြီးစွာ သြမိပါတော့သည်။ ဤရုပ်သံ အစီအစဉ်ကို ကြည့်မိတိုင်း အံ့သြပြီးရင်း သြမိရခြင်း ဖြစ်၏။ အနှီ ရုပ်မြင်သံကြား သတင်း ဌာန လူငယ်ရေးရာ ကဏ္ဍတွင် အဟွါလုပ်သူ ဘရဏီခေါ် နန်းသန္တာမျိုးကား တစ်ချိန်က လူမှောင်ခို တင်ပို့သူ ဗမာပွဲစား တစ်ဦး၏ ကိုယ်ရေး အရာရှိ လိုလို၊ စကားပြန် လိုလို၊ အပြင်ရေးမှူး လိုလို ဖြစ်ခဲ့ဖူးသူ တစ်ယောက် ဖြစ်သည်။ အတွင်းကိစ္စတော့ မသိ။ အပြင်ကိစ္စ တော့ သွက်သွက် ခါနေအောင် လည်ပတ် ဖျတ်လတ်ကာ ဘ၀ကို လည်သလို ကျော်ဖြတ်၊ ခွနင်းပြီး သွားနေသူ တစ်ဦးဖြစ်၏။ ထိုထက် ပို၍ ပို၍ ပြောရလျှင်ဖြင့်၊ ပွဲစားကြီး၏ ကန့်လန့်ကာ နောက်ကွယ်ရော၊ ပေါ်တင်ကြီးရော အဖန်များစွာ ခင်တတ်သူ ကြော်ကတက် တစ်ဦး ဖြစ်ခဲ့ဖူး ပေသည်။ ယနေ့ ဗမာ့ အတိုက်အခံ မီဒီယာကြီး တစ်ခုအတွင်းမှာ မယုံနိုင်စရာ အဖြစ်အပျက်များ ဖြစ်ချေပြီ။ လင်ကစွန့် ထားခြင်း ခံရသည်ဟူသော ဘန်ကောက်နေ ရွာသူတစ်ယောက် ချင်းမိုင် နယ်အတွင်း အစိမ်းလိုက် ၀င်ကာ နှောက်နေပြီထင်၏။ ကြည့်ရင်း တွေးသည်။ မျက်လုံး စုံမှိတ်ကာ စဉ်းစားသည်။ ထပ်ခါတလဲလဲ ဖင်ပြန် ခေါင်းပြန် တွေး၍ စဉ်းစား၍ နေမိချေတော့သည်။
မီဒီယာ သမားတစ်ဦး၏ မရှိမဖြစ်၊ မတတ်မဖြစ် လိုအပ်ချက်ကား မည်သည်တို့နည်း၊ ထိုထက်ပိုပြီး ထိုသူ၏ နောက်ခံသမိုင်းကြောင်း၊ သူ၏ စိတ်ဓါတ်ရေးရာနှင့် စာရိတ္တ၊ ဖြတ်သန်းခဲ့ရသော လူမှု ပတ်ဝန်းကျင်။ နောက်ဆုံး သူလုပ်ခဲ့သမျှသည် အကောင်းဘက် ရှိခဲ့၏လော။ အဆိုးဘက် ပါခဲ့သည်လော။ ပြီးလျှင် သူ့စေတနာနှင့် ရည်ရွယ်ချက် အမှန်ကကော မည်သို့ ရှိရ ထားရမည်နည်း။ စာရေးသူ မပိုင်းခြား တော့။ စာရှုသူသာ တွေးကြည့်ပါ။ ဝေဖန် ကြည့်ပါ။ မီဒီယာ သမားတစ်ဦး၏ ထားရမည့် ကျင့်ဝတ်သိက္ခာ၊ တတ်ထားအပ်သော ပညာ အရည်အချင်း၊ စသည် စသည်တို့ကို ကိုယ်တိုင် ကိုယ်ကျ သေချာ ဃနစွာ မသိသော်လည်း၊ စာရေးသူသိသော၊ တွေးမိသော၊ ဖြစ်သင့်သည် ဖြစ်သော၊ မဖြစ်သင့်သည် ဖြစ်သော အချက်တို့ကား ဦးခေါင်းအတွင်း ခေါက်တုံ့ ခေါက်ပြန် အစုန်အဆန် ပြေးလွှားကာ အဖြေရှာ နေမိတော့သည်။
ကုန်လွန်ခဲ့သော 2005 မှ 2006 ကျော်ကျော် အတောအတွင်းတွင် ဘန်ကောက် အခြေစိုက် ဗမာလူမျိုးတို့၏ လူကုန်ကူးမှု လုပ်ငန်းများမှာ အင်မတန် ထွန်းကား အလုပ် ဖြစ်ခဲ့၏။ ရိုးနေပြီဟု အတွေး မစောပါ နှင့်။ သိပ်မရိုးသော်လည်း စာရေးသူ အနေဖြင့် အတန်ငယ် ထူးဆန်း သော ဗမာ လူမျိုးတို့၏ လူကုန်ကူးမှု သမိုင်းပင် ဖြစ်သည်။ လူကုန်ကူးသည် ဆိုရာဝယ် ကော့သောင်း၊ မြ၀တီတို့မှ ထိုင်း၊ မလေးရှား ဘက်သို့ ကူးခြင်း လုပ်ငန်းကို မဆိုလို။ ဆက်လက် ရှုစားပါ။ DVB ၏ လူငယ်ရေးရာတွင် တွေ့နေရသော ယင်း ဘရဏီ ဆိုသည့် အသက် (30) နား ကပ်နေသော်လည်း၊ ရုပ်ရည် နုပျိုသော အနောင်စာဟု ခေါ်လေမလား၊ ပရီစင်တာဟု သမုတ်ရမည်လား မသိသည့် အမျိုးသမီးမှာ ဆိုခဲ့ပြီးသော တချိန်တုန်းက လူကုန်ကူးသည့် လုပ်ငန်းတွင် ကြော်ကတက် တဖြစ်လဲ၊ ဘာသာပြန်လို တဖုံ၊ အတွင်းအပြင် ဆက်ဆံရေး အရာရှိလို တမျိုး၊ ဟိုမရောက် ဒီမရောက် တစ်ယောက် ဖြစ်ခဲ့ဖူးလေသည်။ ပညာ အရည်အချင်းကား ဘွဲ့ရပြီးဟု သူ့ ဘာသာသူ သတ်မှတ်၏။ စကားကို မပီ့တပီ ညုတတ်၏။ သူတပါး သနား စေရန်လားမသိ၊ "မျိုး .. ကလေ" "မျိုး .. ကလေ" ဟု နှာသံ ညှက်စိဖြင့် ကြိုးစား၍ ပြောတတ်သေး၏။ ယင်း"မျိုး" က ယခု ဘရဏီ ဖြစ်နေတော့ စာရေးသူမှာ ၀င်းဦး သီချင်းကို ယောင်၍ ရေရွတ် မိသေးသည်။
" မေဘရဏီလို .. ဒီဗွီဘီတောင် လက်မှိုင်ချရသကိုး မမမျိုး .. အိုး .. ဟိုး .. မမမျိုး .. "
" မေဘရဏီလို .. ဒီဗွီဘီတောင် လက်မှိုင်ချရသကိုး မမမျိုး .. အိုး .. ဟိုး .. မမမျိုး .."
"သူ့ မြင်ကတည်းက ဆွဲစိစရာလေး .. ရှုချင်စမြဲပ ပဲများသူပေး .. ချင်းမိုင်ကြယ် နှစ်လုံးလို .. ပြုံးချို ဖုန်းမို ရှုလို့ မဆုံး .. ကြိုက်လို့ မဆုံး .. အမိုက်တိုက် ဆုံးတော့ သကိုး .. အိုး …. မေဘရဏီလို .. ဒီဗွီဘီတောင် လက်မှိုင်ချ ရသကိုး မမမျိုး .. အိုး .. ဟိုး .. မမမျိုး .. …. ဂွီ .. ဂွီ .. ကျလီ .. ကျလီ… " ..
ဟုတ်ပါသည်။ ဒီဗွီဘီလို အထင်ကရ မီဒီယာကြီး တစ်ခုက ဤသို့ ဤနှယ် ပေါက်လွှတ်ပဲစား တစ်ဦးကို မည်သို့မည်ပုံ ဆွဲခေါ်ကာ မီဒီယာ မျက်နှာဖုံး စွပ်ပေး လိုက်လေသည် နားမလည်ချေတော့။ (မီဒီယာသမားဟု သတ်မှတ်က မှားမည်လား မပြောတတ်။ စာရေးသူ နားလည် သလို သုံးစွဲခြင်း ဖြစ်သည်။ မှားသည်ထင်က ပြင်ပေးပါလေ။) သူမက ထင်ပေါ်၍ စင်တော်က ကောက်ခြင်းလော၊ ဖင်အဖေါ်ကောင်း၍ ထိုအရာကိုမှ ကြိုက် နှစ်သက်တတ်သူ တာဝန်ရှိ လူကြီးမင်း တစ်ဦးဦးက ကြော်ကတက်အရာ ချီးမြှောက်ပေးလိုက်ခြင်းလော။ တစ်ခုခု တော့ တစ်ခုခု ဖြစ်ပေလိမ့်မည်။ ပညာ မတတ်သော်လည်း၊ နိုင်ငံရေး၊ မီဒီယာ အကြောင်း တစ်လုံး တလေမှ မသိသည် ဖြစ်သော်လည်း၊ အဖြူရောင် နောက်ခံရှိခဲ့သူ၊ ရိုးသားခဲ့သူ တစ်ဦးဆိုပါက တစ်လုံး တစ်လေမှ ရေးရန် အကြောင်းမရှိ။ အားပေး ချီးမြှောက်ရန်သာ ရှိပေသည်။
အခု မီဒီယာသမား၊ တစ်ချိန်က ယင်းတို့လို လူပွဲစားများ၏ ကလိန်စေ့ ဥာဏ်ဆင် ဖိုးတွမ်းတီး ရိုက်ချက်များကြောင့် ဘ၀ ပျက်သွားသူများ ယနေ့ ဒုနဲ့ဒေး ရှိနေပါသည်။ ဤသို့ ဆိုလျှင် ဤပို့စ် ဖတ်မိသူ၊ တစ်ချိန်က ပွဲစားမင်းတို့ နှိပ်စက်သဖြင့် အလုပ် မဖြစ်ခဲ့ဘဲ၊ ဒေါ်လာ ထောင်၊ သောင်းမက ဆုံးရှုံးခဲ့ဖူးသူ ကာယကံရှင်များက စာရေးသူကို သာဓု ခေါ်လေမည်လား မပြောတတ်ချေ။ သို့တည်းမဟုတ် တစ်ချိန်က "ဖာတနာဂမ်"ဟုခေါ်သည့် ယခု စူဝမ်နဖုံ လေဆိပ်နားက တိုက်ခန်းတွင် ပွဲစားကြီး အလစ် ဖဲမွေ့ယာ ရွှေကော်ဇော်ပေါ် ချစ်တလင်း ခေါ်ခဲ့ဖူးသော ကာစတမ်မာများက စာရေးသူအား ရိုက်သတ် ချင်နေမည်လား မဆိုတတ်တော့။
ကြုံ၍ တမင်ဖေါက်သည် ပြန်ချရန် ရှိသည်မှာ .. တစ်ချိန်က ဗမာတို့ နည်းလမ်း မျိုးစုံသုံးပြီး ဥရောပနှင့် အမေရိက တို့သို့ ခြေဆန့်တော် မူကြခြင်း အကြောင်းဖြစ်သည်။ ဆိုခဲ့ ပြီးချေပြီ။ စာရေးသူ အဖို့ကား အင်မတန်မှ မျက်စိ ကျယ်ကျယ် သွားရလောက်အောင် အံ့သြ စရာ တွေချည်းဖြစ်၏။ လုပ်ပုံကလည်း သင်းပျံ့ပျံ့ ရှိလှ၏။ သူတို့သည် စာရွက် စာတမ်း အတုအပ မျိုးစုံသုံး၏။ သူတို့၏ လူပို့ဆောင်ရေး ကုမ္ပဏီ ရုံးခန်းမှာ မသိလျှင် အနောက် နိုင်ငံ သံရုံတစ်ရုံးနှယ် ရှိချေသည်။ တံဆိပ်တုံး ပေါင်းစုံရှိ၏။ ထိုမျှမကသေး၊ မြန်မာနိုင်ငံရှိ သင်္ဘော သားရုံးမှ အထောက် အထား တံဆိပ်တုံးများ၊ နိုင်ငံတကာ သဘောင်္လိုင်းများမှ LOGO များ၊ letter head များ စသည်ဖြင့် စုံစေ့အောင် ဖန်တီးထား၏။ ပြီးလျှင် မြန်မာပြည်ရှိ တက္ကသိုလ် ပေါင်းစုံမှ ဘွဲ့လက်မှတ် ပေါင်းစုံ ထုတ်လုပ် နိုင်သော တုပခြင်း နည်းပညာ အကုန်ရှိ၏။ စာရေးသူ မမေ့ခင် ပြောရန် ရှိသည်ကား ကြော်ကတက် ချီးမြှောက် ပေးသူ ပွဲစားကြီး၏ အမည်မှာ စနေနံ သုံးလုံးဖြစ်ကာ ခေတ်ဟောင်း မြန်မာ ရုပ်ရှင် ဇာတ်ပို့တစ်ဦး၏ နာမည်နှင့် (၁၀၀) % တူချေသည်။ ရုပ်ရည်ကား လူရွှင်တော် ငြိမ်းချမ်း၏ အမွှာဟု ပြောသော် ငြိမ်းချမ်း တစ်ယောက် လူပြက်ဘ၀မှ ပင်စင် ယူသွားနိုင်ပေသည်။ သို့သော် ဆော်ကြည် နိုင်လွန်းသူဟု သတ်မှတ်နိုင်၏။ ဆော်ကြည်သလို မယား များလည်း ကြွယ်ဝလှပေသည်။ ရန်ကုန် ဒဂုံမြို့သစ်အရပ်တွင် အကြီး တစ်ယောက်၊ လက်ရှိ ဘန်ကောက်တွင် အလတ် နှစ်ယောက်နှင့် ယခု ဘရဏီကား စတုတ္ထမြောက် ကြင်ယာတော် ကြော်ကတက် ဖြစ်ခဲ့တော် မူချေသည်။ သူတို့ကား ရန်ကုန်ရှိ ပွဲစားများ နှင့် (FAX) ထိုးကာ (သူတို့ ပြောသည့်အတိုင်း) အချိတ်အဆက်နှင့် လူခေါ်သည်။ ကြေးက တစ်ဦးလျှင် အမေရိကန်ဒေါ်လာ (၃၀၀၀) လောက်မှ (၁၀၀၀၀) လောက် အထိ ယူကြသည်။ ဥရောပတိုက်ရှိ အလျဉ်းသင့်ရာ နိုင်ငံ အသီးသီးတို့သို့ နိုင်ငံရေး ခိုလှုံသလိုလို တင်ပို့ကြခြင်း ဖြစ်သည်။ အမှန်စင်စစ် နိုင်ငံရေး ခိုလှုံခွင့် တောင်းသည် ဆိုသည်မှာ လွယ်ကူသော အရာတော့ မဟုတ်ချေ။ သို့သော်၊ သူတို့ကား ဘရိန်း ကောင်းလှသည်။ ရိုးရှင်းသော နည်းလမ်းတစ်ခုမှာ မိမိတို့၏ ကာစတန်မာများကို သင်္ဘောသား စာအုပ် ပေးကိုင်ထားကြခြင်းပင်။ " လွယ်လှ ချေလား မောင်ရင်ရ .. ။ ဟုတ်လှချေလား " ဟု အပြော မစောနှင့်။ အားလုံး အတုတွေချည်း။ အတုဟု ဆိုသော်လည်း အစစ်နှင့် မခြား သုံးထားသည့် နည်းပညာ မြင့်မားလှသည်။ ကိုင်ထားပြီးလျှင် မည်သို့မည်ပုံ ဆက် စခန်း သွားလေသနည်း။ လွယ်လှ၏။ သို့သော် အတိတ်တုန်းက အကြောင်းအရာတွေသာ ဖြစ်သည်။ ယခု ပစ္စုပ္ပန်တွင် မကြိုးစား ပါနှင့်တော့။ ဘန်ကောက်ရှိ ဒုန်မောင်းရော စူဝမ်နာဖုံပါ ဒီဇင်ဘာ အားလပ်ရက် ခွင့်ယူထားသည်။ ရုပ်သံကြည့်ရင်း ယခင် အဖြစ်အပျက်များကို မြင်ယောင် နေမိခြင်းသာ။
ပွဲစားက လေယာဉ် လက်မှတ် ၀ယ်ပေးသည်။ ၀ယ်ပေးမပေါ့။ ယူထားသည့် ပမာဏကလည်း စာရေးသူတို့ဆို ဟိုမှာ ခေတ်ကောင်းလျှင် ရွာပြန် လယ်လုပ်က လယ်သူဌေး ဖြစ်နိုင်လောက်အောင် များပြားသည် မဟုတ်လော။ ရိုးရိုး မဟုတ်။ အသွားအပြန်။ ပြီးတော့ မိမိ ကာစ တမ်မာက ဘယ်နိုင်ငံ သွားချင်သလဲ။ ဥပမာ .. ဂျာမဏီ။ ရ၏။ လွယ်မှလွယ်။ ဂျာမဏီ ဗီဇာမလို။ သို့သော် ဂျာမဏီတွင် တစ်ထောက်နား ထရန်စစ်ဗီဇာ လောက်တော့ ရှိထားရမည်။ လေယာဉ် လက်မှတ်ကတော့ မော်ရိုကို ခရီးအထိပါဘဲ။ ဒါပေသိ ဘန်ကောက် မော်ရိုကို တိုက်ရိုက်တော့ မယူထားချေ။ လုပ်ပုံလုပ်နည်းအရ တိုက်ရိုက် ယူ၍လည်းမရ။ ဘန်ကောက်-မော်ရိုကို တိုက်ရိုက် ခရီးစဉ်ရှိသလား၊ မရှိ ဘူးလားတော့ စာရေးသူလည်း မသိ။ ဆိုသော် ဖရန့်ဖွတ် ထရန်စစ် ဖြစ်အောင် ဖန်တီးထားရသည်။ ဒါက ရိုးရိုးလေး။ မော်ရိုကိုဗီဇာက လွယ်သလားလို့ မေးရန် ရှိသည်။ မသိ။ လွယ်သလား မလွယ်သလား။ သို့ပေမယ့် ဂျာမဏီ ထက်တော့ အပုံကြီး လွယ်သည်။ မလွယ် လည်း မပူနှင့်။ မော်ရိုကို သံရုံးကား တစ်ချိန်က ဘရဏီတို့၏ ကျက်စားရာနေရာ တစ်ခုဖြစ်သည်။ ပြီးလျှင် လေကြောင်းလိုင်းတွေနှင့် ဂွင်ရိုက် ထားရသည်များ ရှိသည်လေ။ ဤလိုနေရာမှာ လှုပ်ရှားရာမှာ ဘရဏီတို့က ဆရာ၊ အခရာပင် ဖြစ်ချေသည်။ ဘန်ကောက်လို နေရာမှာ အီးလို မည်မျှကောင်းကောင်း ထိုင်းဘာသာ တတ်မြောက်ထားမှ ဒါမျိုးတွေကို ရေရေ လည်လည် လုပ်နိုင်သည်ပေါ့။ ဘရဏီတို့ က အီးလို နာဂစ်ကိုတောင် အသံထွက် မပီပေ သော်ငြား၊ ထိုင်းလိုကတော့ မွှတ်နေသည်။ မွှတ်ရ လောက်အောင်လည်း ဘ၀က စုံသည်။ ဤအကြောင်းတွေ မပြောတော့။ နားချိုအောင် ပြောရန်လည်း မဖြစ်။ ဤမျှလောက်နှင့်ပင် လွန်ချေပြီ။ အပြောမတတ်က ဆဲသလို ဖြစ်တတ်သည် ဆိုတာကလည်း ရှိသေးသည် မဟုတ်ပါလော။
အဲ .. အဲ .. ခုနကဟာ ပြန်ဆက်မည်။ ဆိုတော့ ကာစတမ်မာက စူဝမ်နာဖုံကနေ လေယာဉ် စီးသွားမည်။ ဘန်ကောက်-ဖရန့်ဖွတ်-မော်ရိုကို၊ ဘာသွား လုပ်မည်လဲ။ "သင်္ဘောသားပေါ့"။ သားသား မသားသား မသိ။ ဆယ်တန်းတောင် မအောင်ပေမဲ့ သူ့တို့လက်ထဲက CDC မှာတော့ Rank က အင်ဂျင်နီယာ အော်ဖစ်ဆာ။ ဟဲ .. ဟဲ .. ။ တော်သေးတာက ကပ္ပိတိန် ရာထူးတော့ တစ်ခါမှ မတွေ့ဖူး။ အဲသည် လိုမျိုးတွေ အတွက် လိုအပ်သော စာရွက်စာတမ်း အစုံအစေ့ ပါသွားရသည်။ တစ်ခုရှိသည်က ဘန်ကောက်က လွယ်လွယ်နှင့်တော့ ပေးမ တက်။ ရွှေဆိုလျှင် အသေ ရစ်ကြောင်း ဗမာ ပတ်စပို့ ကိုင်ထားသူတိုင်း သိကြသည်။ သူတို့လည်း ဘာတွေမို့နည်း။ အရစ်မခံရဘူးလား မေးမည်ပေါ့။ မခံရချေ။ (အဲ .. အဲ .. တစ်ခါ တလေတော့လည်း ခံရတတ်သည်။ ဤလို အခြေအနေမျိုးတွင် တပ်ခေါက်ပြန်ကာ နောက် တစ်ခေါက် ထပ်ကြိုးစားပေါ့)။ တတ်နိုင် သလောက်တော့ ပွဲစားကြီးက ကြိုးစားပေးသည်။ ကြိုးစားရန်အတွက် စူဝမ်နာဖုံမှာ ရဲတွေ ရှိသည်လေ။ ရဲရှိမှတော့ လာဘ်ပေး လာဘ်ယူ ရှိသည်ပေါ့။ ဤညီမျှခြင်းကား မြန်မာနှင့် ထိုင်းနီးစပ်သည်ပင်။ ဤနေရာတွင် ဘရဏီတို့ တန်ခိုး ထွားပြန်တော့သည်။ လေဆိပ် စောင့်ရဲများ၊ အင်မီဂရေးရှင်းများ၊ ဘာညာများနှင့် တည့်အောင် ပိုင်အောင် လုပ်ယူသည်။ သူမကား အစွမ်းမသေး။ ခေသူမဟုတ်ချေ။ သို့ ကြောင့်လည်း DVB တောင် လက်မှိုင် ချသွားရခြင်း ဖြစ်မည်ဟု စာရေးသူထင်သည်။ (စကားချပ်..) စနေနံ သုံးလုံးပိုင်ရှင် ငြိမ်းချမ်းတို့ အမွှာကား ထိုထို အစွမ်းများကြောင့် ဘရဏီကို လက်မလွှတ်နိုင်ခဲ့ချေ။ ။ 2004 , 2005, 2006 များကား ဘရဏီတို့ ဗိုက်ခွေးနမ်းသော နှစ်များ ဖြစ်၏။ တင်ပို့သမျှ မြန်မာ့ သက်ရှိ ထွက်ကုန်များမှာ အီတလီ၊ ဂျာမဏီ၊ နော်ဝေ စသည် စသည်တို့ တွင် အဆိုင်လင် ဖြစ်ကြကုန်၏။ ပြန်စာများ၊ အီးမေးလ်များအရ အေးချမ်း ကောင်းမွန်စွာ နေကြရသည် ဆို၏။ အဆိုင်လင်နှင့် ဘရဏီတို့ တန်ခိုးကား အကျိုး များလှချေသည်။ ဤသို့ဤနှယ် နိုင်ငံ့ အကျိုး သူမတူ ထူးခြားစွာ သယ်ပိုး ပေးခဲ့ကြသူများ ဖြစ်ပေသည်။
သို့ပေမင့် 2006 နောက်ပိုင်းကား ဘရဏီတို့ အစာအိမ် ဗလာ နီးပါး ဖြစ်ကြရသည်။ တွက်ခြေ မကိုက်တော့။ စာရှုသူများ ကြားကြပါလိမ့် မည်။ စူဝမ်နာဖုံမှာ မြန်မာတစ်ယောက် အဖမ်း ခံရပြီကော၊ ဥရောပရှိ အီတလီ လေဆိပ်ကနေ မြန်မာ နှစ်ယောက် ပြန်ပို့ခံရသည် ဆိုပါရော။ ခက်ချေတော့သည်။ သူတို့ လုပ်နည်းတွေကို အင်တာပိုလ်များက ရိပ်မိကုန်၏။ ကြားခံ လေဆိပ်တွင်၊ ခေတ္တရပ်နားစဉ် မြန်မာ များကား ယောင်လည်လည်ဖြင့် အိမ်သာတွင်း ပုန်းနေကြ၏။ မိမိ လိုက်ပါရမည့် လေယာဉ် ခရီးဆုံး နိုင်ငံသို့ ထွက်ခွာသွားပြီးမှ အိမ်သာ အတွင်း ပါလာသမျှ စာရွက်စာတမ်းများ ဆုတ်ဖြဲ လက်စဖျောက်ကာ ရူးချင် ယောင်ဆောင်လိုက်ကြခြင်းပင်။ ပြီးလျှင် လေဆိပ်ရဲထံ သွား သတင်းပို့ကြသည်။ ရဲက မေးမည်ပေါ့။ ဘယ်က လာသလဲ။ (မသိဘူး) ဘာလူမျိုးလဲ (ဗမာ)၊ ဘယ်သူက လွှတ်လိုက်သလဲ (မသိဘူး) ဘူး ဘူး … အဖမ်းခံရတော့မည့် အခြေအနေ ရောက်လျှင် နောက်ဆုံး တစ်ခွန်းတော့ ဖြေသည်။ မိမိမှာ ဗမာဖြစ်ကြောင်း၊ မိမိတိုင်းပြည်မှာ မိမိက ဟိုအရေး ဒီအရေးမှာ ဟိုဟာ ဒီဟာ တွေ ဟိုလို လုပ်ခဲ့တာကြောင့်၊ အခု ပြန်မရတော့ကြောင်း၊ ပြန်လျှင် အသတ် ခံရမည် ဖြစ်ကြောင်း … ကြောင်း .. ကြောင်း.. ။ စသည်ဖြင့် နတ်သံနှောက ငိုပြချွဲပြ ကြရ၏။ နောက်ဆုံး သနားတတ်သော အဖြူကောင်များက တရားရုံးပို့၊ ပြီးလျှင် အမှုစစ်၊ camp လိုနေရာ ခဏသွားနေ၊ အချိန်တန် နိုင်ငံရေး ခိုလှုံသူ ဖြစ်ကာ ဥရောပတိုက်သားကြီး ဖြစ်သွား ချေတော့သတည်း။ ဤသည်ကား တစ်ချိန်တုန်းက ဘရဏီခေါ် နန်းသန္တာမျိုး၏ အစွမ်း အစများ အကြောင်း ပြန်သတိရ နေခြင်းသာ။
ဘရဏီလို အမျိုးသမီးကား စွမ်း၏ဟု ဆိုသော် လွန်အံ့မထင်။ နောက်ပိုင်းမှာ ထိုင်းကနေ တင်ပေးရတာ သိပ်မလွယ်တော့ ပီကင်းတွေ၊ ကွာလာလမ်ပူတွေ လုပ်သေးသည်။ ဗီယက်နန်တောင် ပါသေး။ နောက်ဆုံး အချီကြီးကျတော့ အမေရိကားတဲ့။ တစ်ယောက် ဒေါ်လာ တစ်သောင်းယူပြီး စွန့်စား၏။ ကံက မလိုက်တော့။ ကွဲ၏။ အကြွေးတင်၏။ ထွက်ပြေး၏။ ပွဲစားကြီး ထွက်ပြေးတော့ ပွဲစားကြီး၏ ကြော်က တက်မှာလည်း မနေသာ၊ ရန်ကုန် တစ်ခေါက်ပြန်၏။ အကြောင်းကား ပတ်စပို့(စ်) အသစ် ပြန်လုပ်ရန်။ သူတို့အတွက် အင်မတန် လွယ်လှ ချေသည်။ ရန်ကုန်(ယခုနေပြည်တော်) လူကြီးမင်းများမှာ ဘရဏီ့ ခြေအောက် ပြားပြား မှောက်ကာ ပတ်(စ်)ပို့အသစ်၊ နာမည် အသစ်နှင့် လူအသစ် ပြန်ဖြစ်ချေတော့သည်။ အဲဒီအချိန်က ပတ်စပို့ သက်တမ်းတိုးဖို့ ဘတ်(၂၀၀၀) လောက်တောင် ပွဲစားကြီးခမြာ မထောက်ပံ့နိုင်၍ ဤကဲ့သို့ ပြည်တော် တစ်ခေါက်ပြန်ရခြင်း ဖြစ်သည်။ အဲဒီတုန်းမှာ ပွဲစားကြီးမတော့ သူကိုယ်တိုင်လည်း ပြေးရင်း၊ ရှောင်မလွတ်တဲ့ သူကို ကျတော့လည်း နိုင်သလောက် ပြန်လျော်ရင်း ရွာလည် နေသည်တဲ့လေ။ ကြားရ သည်ကတော့ ရန်ကုန်မယားကြီးအိမ်က မာစီဒီးကြီး ရောင်းလိုက်ရသည်တဲ့။ မလားရှေးမှာ ကုလားလေး လုပ်ပြီး စားပွဲထိုးနေရတဲ့ ကာစတမ်မာ တစ်ယောက်က သူ့ပြန်သနား နေသေးသည်။ ဟဲ ဟဲ ဟဲ။
ဒါပေမယ့် ဘရဏီတို့က စွမ်းပြန်သည်။ ဟိုက အသတ် ခံရမတတ် ရှောင်နေရချိန်မှာ သူကတော့ ဘန်ကောက် ဆာထုံအရပ်က မထင်မ ရှား တည်းခိုခန်း တစ်ခုမှာ မျက်မှန် ထူထူပိုင်ရှင် ယင်းတို့၏ ကာစတမ်မာ လူငယ်တစ်ယောက်နဲ့ "ဟ၀ှါ" ဖြစ်နေနိုင်သေး၏။ (မိတ်ဖြစ်၊ ဆွေဖြစ် ဟ၀ှါဖြစ်ပေါ့)။ အနှုးအနှပ်လည်း အင်မတန် ကျွမ်းကျင် ပေသည်။ အမည် နာမတို့ကား ထုတ်မပြောချင်တော့။ ယခုလောက်ဆို ကိုမျက်မှန်လည်း ထိုင်းငါးဖမ်း စက်လှေ တစ်စီး အပေါ် "နူ..စော..စမ်း..စီး .. " အော်ရင်း ပိုက်ဆွဲ နေရသည်လား၊ သို့တည်းမဟုတ် မလားရှေးမှာဘဲ ကုလားလေး သွားလုပ် နေရ လောက်ပြီလား မသိချေ။ နောက် ပိုင်းတော့ ဘရဏီတစ်ယောက် ရန်ကုန်ကနေ ဘန်ကောက် ပိုက်ဆံ လာလာဖြုန်းတတ်သော စူပါ မြန်မာအရာရှိ များအတွက် ဟိုဟို သည်သည် လိုက်ပို့ရသော Guide လုပ်ခဲ့သေးသည်။ သင့်ရင် သင့်သလို ဘန်ကောက်က စီးပွားရေး သမား ဗမာဘိုးဘိုးကြီးတွေနဲ့ ပရော ပရီ လုပ်ကာ ဘတ် တစ်ထောင်တန်သည်၊ နှစ်ထောင် တန်သည် ချူတတ်သေးသည်။ နောက်တော့ ဘဇာကြောင့်ရယ် မသိ။ တစ်စခန်း သိမ်းကာ ပျောက်ချင်းမလှ ပျောက်သွား ပြန်တော့သည်။ ယခုပေါ်လာတော့ အရင်နဲ့မတူ ဘ၀က ပြောင်းပြန် ဖြစ်နေချေတော့သည်။
ပေါ်လာပြန်တော့ ယခုနောက်ဆုံး စွမ်းချက် အတွက်လည်း အံ့ဘနန်း သြမိပြန်ပါတော့သည်။ DVB က လူကြီးမင်းတို့ တကယ်ပဲ မျက်စေ့ မှောက်သလား၊ မျက်စေ့ အလည် ယောင်ဆောင် တာလား၊ မျက်စေ့ဘဲ မှိတ်ထား လေသလား မပြောတတ်တော့။ ဒီမိုကရေစီအရေး မပြောနှင့်၊ လက်ရှိ စစ်အာဏာရှင်ကြီး နေနေတဲ့ နေရာတောင် ကွဲကွဲပြားပြား မသိ၊ သိအောင်လည်း ဘယ်တုန်းကမှ အားမထုတ်ခဲ့ဖူး။ အချိန်ရသရွေ့၊ အချောင်လိုက်၊ အလွယ်ရ နည်းလမ်းများ ကျင့်သုံး လာခဲ့သူက ယခုလို ယခုလို .. ဖန်သားပြင်ပေါ် ရင်တုန်စရာ လှိုင်းထက်မှာ စီးမိသလို အဆင်ပုံပမာ နှိုင်းရက်စရာ မရှိတဲ့ တင်အုံမာ အရိုင်းကို သွက်သွက်ခါအောင် ပြပြီး (အခုတော့ မခါပြသေးပါဘူး၊ အကိုရေ.. မောင်ရေ .. ခေါ်စပဲရှိသေး၏) "မျိုး" တဖြစ်လဲ ဘရဏီ တစ်ယောက် .. တစ်ယောက် … .. မဟုတ်တာတွေ ဆက် မလုပ်မိ ပါစေနဲ့ လို့ ရင်တွင်းက ဆုတောင်း ရမလို ရှိတော့သည်။ သူများကားမသိ၊ စာရေးသူကား ခံတွင်း ချဉ်သလိုလို၊ နှာချေချင်သလိုလို ဖြစ်ကာ ဆိုလက်စ တေးသွားလေးကိုဘဲ ယောင်ရမ်းပြီး တဖန် ဆိုညည်းနေမိပြန်သည်။
" မေဘရဏီလို .. ဒီဗွီဘီတောင် လက်မှိုင်ချရသကိုး မမမျိုး .. အိုး .. ဟိုး .. မမမျိုး .. "
" မေဘရဏီလို .. ဒီဗွီဘီတောင် လက်မှိုင်ချရသကိုး မမမျိုး .. အိုး .. ဟိုး .. မမမျိုး .. "
.. ........... ................. ...... ................. ............. ...................... .........
သီချင်းလေး တစ်ပိုင်းတစ်စ ညည်းအပြီး မတော့ နောက်အတွေးတစ်ခု ၀င်လာပြန်၏။ သို့ဖြင့် စက်ပိတ်ပြီး အိပ်ယာဝင်ဖို့ ပြင်ရ လေတော့ သည်။ အမှန်တော့ မြန်မာပြည် ဒီမိုကရေစီ အရေးအတွက် ကျရာ နေရာကနေ တာဝန် ထမ်းဆောင်တဲ့ အခါမှာ ပညာတတ်သည် မတတ် သည် ထားဦး၊ ရှစ်လေးလုံးနှင့် အခြား အထင်ကရ အရေးတော်ပုံ များမှာ မပါဝင် ခဲ့ဖူးသည် ထားဦး၊ နောက်ဆုံး စစ်အစိုးရ ထောင်ထဲမှာ နှစ်ရှည် လများ မနေခဲ့ရသည်လည်း ထားလိုက်ဦး။ အရေးကြီးသည်မှာ ယုံကြည်ချက်နှင့် ခံယူချက် ဖြစ်၏။ အခွင့်အရေး ရတုန်း လိမ်စား လိုက်၊ နအဖဘက်က သူဌေးများ လာလျှင် ရသလောက် နှိုက်လိုက်၊ အဆင် မပြေတော့သော အချိန်တွင် ဒီမိုကရေစီဘက် ပြေးကပ် လိုက်ဖြင့် ဦးတည်ချက်၊ ယုံကြည်ချက် ပြတ်သား ထင်ရှားစွာ စွဲကိုင်ထားခြင်း မရှိပဲ အတိုက်အခံ မီဒီယာအတွင်း ကလေးလေး စာရွတ် ပြနေသလို သူ့တွေ့ရသည်မှာ အကြောင်း မသိသူများ အတွက် မသိသာ သော်လည်း အကြောင်း သိပြီးသား ကက်စတမ်မာ အဟောင်း တစ်ဦး အနေဖြင့် ဒီမိုကရေစီ အရေး ဆိုသည်ကို တွေးတွေးပြီး ရင်နင့်မိ၏။ လမ်းဘေး အကြော်ရောင်းသော အဘွားကြီးပင် ယုံကြည် ချက်၊ ဦးတည်ချက် ပြတ်သားခိုင်မာပါက စာရေးသူ တန်ဘိုးထား လေးစားမိမည်ဖြစ်၏။ ယုံကြည်ချက်၊ ဦးတည်ချက် ပြတ်သား ထင်ရှား ပါက မည်သူမဆို မိမိတာဝန်ကို မိမိအောင်မြင်စွာ ထမ်းဆောင် နိုင်မည်ဟုလည်း ယုံကြည်၏။ ယခုမြင်တွေ့ နေရသည့် ပုံစံကြီးဖြင့်တော့ လွဲမနေသင့်။
အတွေးများက မဆုံးနိုင်ချေ။ လူငယ့် အတွေး၊ လူငယ့်အရေး၊ ပျိုမြစ် တက်ကြွဟု ကြွေးကြော်ထားသော ဤကဏ္ဍကို ကြည့်မိပြီး မြင်မိ သည်ကို ပြောရလျှင် အကြောင်းအရာ ခေါင်းစဉ်နှင့် ပါဝင်လှုပ်ရှားသူ တစ်ဦးမှာ ကြွေးကြော်သံနှင့် လုံးဝ မလိုက်ဖက်ဘဲ တစ်ခုမက လွဲချော်နေခြင်းပင်။ အခက်ဆုံးက သူမအတွက် မပျိုမြစ်တော့ပါ။ "ပျို" လည်း မဟုတ်ချေတော့။ ယရစ်နှင့် ပြိုပြီးသား ဖြစ်သည်။ သို့သော် ယင်း "ပြို" ကား အရေးကြီးသော အချက်မဟုတ်။ အရေးကြီးသည်ဟု ထင်ရသော အလွဲတကာ့ အလွဲချော်ဆုံး အချက်မှာ အစစ်အမှန် မီဒီယာသမား တွေ အကြား ဘရဏီမျိုးလေးလို ခံယူချက် မရှိ၊ ယုံကြည်ချက် နတ္ထိ၊ ဦးတည်ချက် မသိသော၊ သာမည်ထင်က အဆင်ပြေ သလို နေရာ ရှာကာ၊ ဂွင်ဖန် လုပ်ကြံ ဇာတ်လမ်းဆင် ကတတ်သော ဘန်ကောက် ညသူဇာ၊ ပန်ကာ့ ဘွားအေလို အရေခြုံများကြောင့် ဆွမ်းဆန်ထဲမယ် ခွေးချေး ၀င်ရောမိသလို ဖြစ်နေပေတော့သည်ဟု မီဒီယာ တစ်ခု၏ မတော်မတည့် ဖြစ်နေသည်များကို တွေးမိရင်း လအော်လအဲ့ တစ်ယောက် တရှူးရှူး အိပ်မော ကျသွားလေတော့သတည်း။
You received this email because you are subscribed to the real_time feed for http://www.pofpeacocks.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.