Wednesday, December 24, 2008

[HAPPYCLOUD] 1 New Entry: ဒီဇင်ဘာ

ဒီဇင်ဘာ



ကြက်သွေးရောင်လို ရွှန်းစိုစို နီထွေးထွေး
နံနက်ခင်းတွေရဲ့ အလင်းတွေ ပြိုကျသွားခဲ့...
ရွှန်းလတ်အေးမြတဲ့ မျက်ဝန်းတစ်စုံမှာ
နှင်းမှုန်တွေမှိုင်းနေရဲ့...

ဒီဇင်ဘာရေ...
အချမ်းတွေပဲ ယူလာခဲ့ပါကွာ...
ပက်ဓါးတစ်ချက်လို ခတ်ထုတ်လိုက်တဲ့
ဆောင်းလေရဲ့ နှုတ်ဆက်အနမ်းက
နှုတ်ခမ်းတွေကို ပြာနှမ်းသွားစေတယ်...

ဒီဇင်ဘာရေ...
မင်းရဲ့ အလွမ်းမုန်းတိုင်းက ငါ့ရင်ကို သိမ်းကြုံးဆွဲငင်
ယူဆောင်လွင့်မျောစေတယ်ကွာ...
ဒီအချိန်မှာ
ရွက်ကြွေတွေရဲ့ စကားသံက တရားသံမဝေပါဘူး...
ကလေးရေ...အမြန်လာခဲ့ပါ...
ငါ့ရဲ့...ဆောင်းခိုငှက်ကလေးရေ...
အမြန်လာခဲ့ပါတော့ကွာ...
လင်းသွဲ့သွဲ့ နံနက်ခင်းတွေမှာ
မင်းရဲ့...တေးသံတွေချိုမြလှည့်စမ်းပါ...
နှင်းစိုမယ့် ရင်အစုံကို အလင်းမှုန်တွေ
ကျဲပတ်ပေးလှည့်စမ်းပါ....
နှင်းခဲတွေနှင့် မှိုင်းနေမယ့် ငါ့ စိတ်လှိုင်းတွေကို
အလင်းတွေ ၀င်းလတ်သွန်းဖြာပေးလှည့်စမ်းပါ...
ငါ့ရဲ့ အလင်းငှက်ကလေးရေ...
နွေးထွေးပြီး နုညံ့ တဲ့ မင်းရဲ့လက်အစုံနှင့်
ငါ့ရဲ့ နှလုံးအိမ်ကို အနွေးဓါတ်လေးပေးလှည့်စမ်းပါ..

တကယ်ပဲကွာ...

ဒီဆောင်း...

အဲဒီဆောင်းကိုလေ....

ခပ်ရင့်ရင့်လေး

ငါမုန်းမိတယ်ကွာ...


ဖိုးမောင်


PS/

ဒီဇင်ဘာကို ကဗျာလေးနဲ့လွမ်းကြည့်မိတယ်ဗျာ...ဘော်ဒါတွေက ဖိုးမောင်တစ်ယောက်ဖောရှောနှင့် ဆီပဲကြိတ်နေတယ်ဆိုပီးပြောကြတယ်ဗျ...တက်နိုင်ဘူးဗျာ စာရေးဖို့မတက်နိုင်သေးတော့... အလွမ်းများပြေမလား ဒန်ကြည့်လိုက်မိတယ်ဗျိုး...ဆောင်းရောက်ရင် ငယ်ငယ်က ကဗျာလေး အမှတ်ရတယ်ဗျာ... အကုန်အလွတ် မရတော့ဘူး...ခန်းဆောင်ရွှေ
ရဝေတွင်းမှာလ
ချမ်းပေါင်လေ
တဖေ တင်းသော်လည်း
ဖြေရင်းရယ်တဲ့ ခိုက်ခိုက်တုန်...ဆိုတာလေးဗျာ...ရသူများရှိရင် ရေးပေးပါလားဗျာ...
မန်းတုန်အောင်လမ်းဆုံက ဟစ်ချင်မိလို့ပါဗျိုး..... :P
ဖိုးမောင်

ပုံလေးဒီကယူတယ်ဗျာ...

You received this email because you are subscribed to the real_time feed for http://happycloud1000.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.