Wednesday, December 24, 2008

[BEAUTY FOR YOUR LIFE , FAMILIES AND ENVIRONMENT] 2 New Entries: ပန်းကလေး၇ဲ့ခံစားချက်

ပန်းကလေး၇ဲ့ခံစားချက်



လိုချင်သည့်ပန်း ဆွတ်ချူနိုင်လည်း
ကြွေလာချိန်ကို မျှော်နေသလား
တန်ဖိုးထားသူ တခြားတစ်ယောက်
ဆွတ်ချူသွားမှ ငိုနေမည်လား
ဝင့်ဝင့်ကြွားကြွား ပန်းကလေးက
အတ္တမာန မင်းနဲ့ပြိုင်ရင်း
ကြွေလာသည့်တိုင် ထိုပန်းတပွင့်
ပိုင်ဆိုင်နိုင်ခွင့် ရှိဦးမည်လား
လိုတာတစ်ခု ရတာတခြား
ဒီလိုဘ၀ မင်းပျော်မလား

ရင်ကွဲသူ




အကြင်နာမျက်ဝန်း မြင်နေရငြား
ဟန်ဆောင်သိုဝှက် အကြည့်တချက်
ရင်နာမိ၏
သီးသန့်မူပိုင် ဦးစားပေးငြား
တစ်ယောက်တည်းသာ မူပိုင်မရ
ရင်နာမိ၏
သ၀န်ကြောင်မှု ကြည်နူးမိငြား
စွပ်စွဲမှုများ ကြုံဖန်များက
ရင်နာမိ၏
အလျော့ပေးရင်း ပျော်ရွင်ခဲ့ငြား
အရှုံးများစွာ ပိုင်ဆိုင်လာ၍
ရင်နာမိ၏
သိပ်ချစ်ခဲ့ငြား မာနတစ်ခု
အပြိုင်ထားရင်း ဟန်ဆောင်ခဲ့၍
ရင်နာမိ၏

You received this email because you are subscribed to the real_time feed for http://phyusinthu.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.