Wednesday, December 24, 2008

[mAunG mYo] 1 New Entry: အတင်းခေါင်းစဉ်

အတင်းခေါင်းစဉ်

အားလုံးပဲ မင်္ဂလာခြင်္သေ့နေ့လေးပါခင်ဗျာ ။ ကျနော်တို့ အောက်မြန်မာပြည် အထက်မြန်ပြည်တို့ နဲ့ ဘာဘာမှမဆိုင်သော အသံလွှင့်ဌာနမှ ဘလော့ရေးရာ အတင်းအဖြာဖြာကို တင်ဆက်သွားမှာဖြစ်ပါတယ် ။ယနေ့ အတင်းကြေငြာရန်အလှည့်ကျသူကတော့ ကျနော်ပါလေရာငပိချက် မောင်မျိုး မှတင်ဆက်သွားမှာဖြစ်ပါတယ်။ ရှုပ်ထွေးပွေလီလှပါသော ဘလော့ရပ်ကွက်မှ ပန်းစိုက်သူ စပါးစိုက်သူ အိမ်ထောင်ရေးအဆင်မပြေသူများအတွက်လည်း တာဝန်ယူ အကြံညဏ်ပေးသော အစီစဉ်များကိုပါ ပူးတွဲတင်ဆက်သွားမှာဖြစ်ပါတယ် ။


ဒီ အစီစဉ်ကို အဓိက ကူညီပံပိုးပေးတာကတော့ လူတစ်ကာချစ်တဲ့ စူပါကော်ဖီမစ်မှဖြစ်ပါတယ် ရေနွေးပူပူလေးတစ်ခွက်ရှိရုံနဲ့ ချစ်သူရင်ခွင်ထဲနေရသလို ညှင်သိုးသိုးရနံများရရှိစေပြီး ရေအမျိုးအစားမရွေးပဲ အ၀တ်လည်းလျှော်နိုင်ပါတယ် ။ ဒါကြောင့် သောတရှင်များအနေဖြင့် စူပါကြောင့် လူတစ်ကာချစ်အောင်သောက်ကြပါစို့ :)


မောင်မျိုး အသံမှ ဆက်လက်အသံလွှင့်နေပါတယ် သောတရှင်အပေါင်း ကိုယ်စိတ်သုံးလုံး ကျန်းမာ ချမ်းသာတော်မူကြပါစေခင်ဗျာ ။

ယနေ့မနက်စောစော အတင်းတုတ်ရန် ဘလော့ကျေးရွာသို့ အလည်ထွက်ရာ ရွာတွင် စပါးတွေပိုးကျပြီး ၀က်ဝက်ကွဲရှုံးသွားပါသဖြင့် ယခု စလုံးကျွန်းတွင် ငါးဖမ်းနေသော မောင်ရွာသားကြီး သည် ဖယောင်းတိုင်ထွန်းပြီး ကိုယ့်ကိုယ်ကို မီးမြှိုက်ရာ ရင်ဘတ်ဟောင်းလောင်းထဲကဒဏ်ရာရသွားပါသည် ။ထိုဒဏ်ရာ
တဆစ်ဆစ်ဖြစ်နေလျှက်နှင့် ရုပ်ရှင်ကို သွားကြည့်လိုက်ပါသေးတယ် ။ယနေ့တွင်တော့ ရင်ဘတ်ထဲမှာ အလွမ်းတွေကို သီကုံးပြီး ချစ်ခြင်းတွေ တစစ ဖြစ်ထွန်းနေပါသည် "မေ" တဲ့ ။သူ၏ မေ ဆိုသူမှအကြောင်းပြန်ရာ ဖြစ်ထွန်းသော ချစ်ခြင်းတွေ အသီးသီးရင် အော်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း အတင်းရရှိပါသည် ။အလိုရှိသူများ ကြိုတင်စာရင်းပေးနိုင်ကြောင်း)

ကဗျာသေးသေးလေးတွေရေးသော ကိုဂျယ် သည် မနေ့ကတော့ သူကထင်တယ် ကျနော်ကထင်တယ်နှင့် ဒီနေ့မှာတော့ ၅၂၈ နှင့် ၁၅၀၀ ကို အဖြေညှိနေကြောင်း ကျနော်တို့ အတင်းဌာနမှ လေ့လာတွေ့ရှိချက်အရ ကိုဂျယ် ဆိုသူမှာ ချစ်သူနှင့် သူငယ်ချင်း ၂ယောက်ကြား မည်သူ့ကိုချိန်ရမလဲဆိုတာ အသေအလဲ စဉ်းစားခန်းဖွင့်မရပါသဖြင့် အဖော်ညှိ အကြံတောင်းခံနေကြောင်း သိရှိရပါသည်။အဆုံးသတ်ကိုတော့ ဒါပေမယ့် ဆိုပြီး တန်းလန်းလန်းကြီးပစ်ထားပါသဖြင့် ထပ်ဆင့် စဉ်းစားစရာများရှိနေပါကြောင်း ။ ချစ်သောသူနှင့်ဆုံချင်တိုင်း လုပ်ဇတ်ဆင်ထားသော " ချစ်သူတိုင်းဆုံးဆည်းနိုင်ကြပါစေ " ဆိုပြီးရေးသားထားသော အိမ်ပိုင်ရှင် အခေါင်ခေါင် ဆိုသူသည် အနာဖြစ်နေတာ တစ်ပါတ်ခန့်ရှိပြီး ခုချိန်ထိမပျောက်သေးသဖြင့် အနာက ရိုးရဲ့လားမေးသောအဖြေကိုသူမအနေဖြင့် ရှက်၍မဖြေပါ သို့ဖြစ်ပါသောကြောင့် ဆိတ်ဆိတ်နေခြင်းသည် ၀န်ခံခြင်းမည်ကြောင်း အတင်းဌာနမှ အတည်ပြု မှတ်တမ်းတင်ပါသည် ။


ပျောက်ကျားစနစ်ဖြင့် ဘလော့လည်နေရာမှ လုံးဝ နီးပါ ပျောက်ကွယ်နေသော ကြွက်ဂိုဏ်းချုပ် ကျောက်စီဓားပိုင်ရှင် အန်တီလေးမ သည် ယခုအခါ ခေါင်းဆောင်မဲ့နေသော ဂိုဏ်းသားများအားအုပ်ချုပ်ရန်ပြန်လည်ပေါ်လာပြီးဖြစ်ပါတယ် ။ ဂိုဏ်းသားများမှ ကြိုဆိုပွဲကျင်းပနိုင်ရန် ဒုဂိုဏ်းချုပ် ကြွက်ကြီးညိမ်းညို ၊အတွင်း ၁ ကြွက်တင့်တင့် ၊ အတွင်း၂ ကြွက်ပိန် ၊ အဖွဲ့ဝင်များဖြစ်သော ကြွက်ရွှန်းမီ နှင့် ကြွက်နတ်သမီးလေး တို့ မှ ထိပ်သီးအစည်းဝေးကျင်းပပြီး ခေါင်းချင်းရိုက်ဆွေးနွေးနေကြောင်း မည်သည့်အကြောင်းရာ ဆွေးနွေးနေကြသည်ကိုတော့ ခုချိန်ထိ အတင်းဌာနမှမသိရှိရသေးပါ ။ ပုဂံမှာ ဇလုံသွားဝယ်ပြီး ပြန်လာသော မောင်ပိစိ ဆိုသူမှာ ဘီယာသောက်ပြီး ချန်းပီးသွားပါဖြင့် ဗူဖောင်းမှုတ်နေပြီး သကာလ မနေ့ကတော့ ဘီယာကို ဘီယာနှင့်ဖြေလိုက်ရာ ချန်းမပီးတော့ကြောင်း လတ်တလောမှာတော့ အထီးကျန်လိုက် အမ ကျန်လိုက်နှင့် ညရောက်လျှင် ညကိုမော့ကြည့်လွန်းသဖြင့် လည်လိမ်ရောဂါ အစပြုနေပါတယ်ခင်ဗျာ။ဘလော့တစ်ကာ ခြေဆန့်နေသော sin dan lar: ဆိုသူအစ်မကြီးသည် ဓာတ်ပုံသေးသေးလေးတင်ထားတဲ့ ကွမ်းစာ သောမျက်မှန်ကို မှန်အောင်ဖော်ထုတ်နိုင်ပါသဖြင့် သူမအားး ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ် အမှတ်တရအဖြင့် အိမ်တွင် စွယ်စုံအသုံးပြုနိုင်ရန် မောင်မျိုးအသံမှ ဒယ်အိုးတစ်လုံး ချီးမြင့်လိုက်ပါကြောင်းးးးးးးးးးးးးးးးးး။


အချိန်ကိုငဲ့ကွက် ဗိုက်ဆာနေသော တင်ဆက်သူ၏ ၀မ်းတွင်းရေး ဖြည့်ရန်အတွက် အတင်းအစီစဉ်ဒီတင် ရပ်နားပါသည် နောက်တစ်ပါတ် ဒီလိုအချိန် ဒီနေရာမှာ ဒီလို ဒီလို မရိုးတဲ့အတင်းလေးများကို ကြိုးစားတင်ဆက်သွားပါအုံးမယ်း)



P>S = မနက်က ဘလော့တွေလည်ပြီး သဘောကျသော သူများအားအတင်းထဲသို့ ဇွတ်သွင်းပါသည် စိတ်ဆိုးသူ လက်ဆောင်ဝယ်ပေးနိုင်ပါသည် ။




You received this email because you are subscribed to the real_time feed for http://www.maungmyo.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.