Wednesday, December 24, 2008

[နံနက်ခင်းကဗျာ] 2 New Entries: န.အ.ဖ ရဲ့ စေခိုင်းချက်

န.အ.ဖ ရဲ့ စေခိုင်းချက်


ဒီနေ့ ကျနော်မေးကို ဖွင့်စစ်တဲ့ အချိန်မှာ အကိုတစ်ယောက်ဆီမှ အမှတ်မထင် အထက်ပါ ထုတ်ပြန်ချက်စာတမ်းကို တွေ့လိုက်ရပါတယ်။ တကယ်တမ်း ပြောရရင်တော့ ဒီစာကို တင်လိုက်ခြင်းမှာ တစ်ဖက်သူကို ဒုက္ခပေးစေချင်လိုတဲ့စိတ်နဲ့ မဟုတ်ပါ။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး များအတွက် အဖက်ဖက်မှ ပါဝင်ဆောင်ရွက်ပေးနေကြသော ပြည်ပရောက် မြန်မာလူမျိုးများအား သတိထားနိုင်စေရန် အသိပေးတင်ပြလိုက်ခြင်းသာ ဖြစ်ပါသည်။
န.အ.ဖ စစ်အစိုးရကို တော်လှန်နေကြသော ညီအကိုမောင်နှမများခင်ဗျား..
စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကို ဖေါ်ဆောင်နေပါသည်ဟု ကြွေးကြော်နေသော န.အ.ဖ စစ်အအစိုးရသည် ပြည်တွင်းရှိနိုင်ငံရေးလှုပ်ရှားသူများကို နှစ်ရှည်ထောင်ဒါဏ်များချမှတ်ကာ ဒုက္ခပေးရုံမျှဖြင့် အားမရဘဲ၊ ပြည်ပတွင်နေပြီး စစ်အစိုးရကို တော်လှန်နေသော ညီအကိုမောင်နှမ များကိုပါ ဒုက္ခပေးရန်အာဏာရူးကြီးသန်းရွှေ၏ ခိုင်းစေချက်အရ ၀န်ကြီးမောင်ဦးမှ ပူးတွဲပေးပို့ သောအမည်စာရင်းပါ လူ(၂၀)ဦးအား ဒီဇင်ဘာ (၂၀) ရက်နေ့က မဲဆောက်သို့စေလွှတ်ခဲ့ပါသည်။ အထက်ပါလူများ၏ စာရင်းအား ညီအကိုမောင်နှမများ၏ ဘလော့ဂ်တွင်ဖော်ပြ ပေးကြပါရန် အသိပေးနိုးဆော်အပ်ပါသည်။ မှ ပို့ပေးသူ......။

နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားနေ့ ဘန်ကောက်မြို့တွင် စည်ကားသိုက်မြိုက်စွာကျင်းပ


နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားနေ့ကို မဟာမဲခေါင်ဒေသတွင်း အန်ဂျီအိုများကွန်ယက် (MMN)က ဘန်ကောက်မြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။
ဒီဇင်ဘာ(၂၁)ရက်နေ့က ကျင်းပခဲ့သော အခမ်းနားတွင် လူ့အခွင့်ရေးကော်မရှင် အိုင်အယ်လ်အိုမှ တာဝန်ရှိသူများ၊ အာဆီယံဒေသတွင်း အလုပ်သမားရေးရာ အကြံပေးအရာရှိ ထိုင်းနိုင်ငံ ရှေ့နေများကောင်စီ၊ ထိုင်းနိုင်ငံဒေသပေါင်းစုံမှ နိုင်ငံတကာအင်ဂျီအိုအဖွဲ့စုံ၊ အလုပ်သမား အရေးဆောင်ရွက်သော သမဂ္ဂများနှင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ တစ်ထောင် ဝန်းကျင်ခန့် တက်ရောက်ခဲ့ကြသည်။
ဤအခမ်းအနားတွင် ထိုင်းနိုင်ငံလူ့အခွင့်အရေး မဟာမင်းကြီးတစ်ဦးဖြစ်သူ မစ္စက် ခွန်ဆူနီက "ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ဘဝ တိုးတက်မြင့်မားလာအောင် ဝိုင်းဝန်းလုပ်ဆောင်သွားမယ် အချင်းချင်းအချိတ်အဆက်မိမိ ဆောင်ရွက်သွားရင် မဖြစ်နိုင်စရာမရှိပါဘူး"ဟု ပြောဆိုသွားခဲ့ပြီး ရောက်ရှိလာသော မြန်မာအလုပ်သမားများကို တွေ့ဆုံနူတ်ဆက် အားပေးစကားများ ပြောကြား သွားခဲ့သည်။

ဒီမှာနှိပ်ပါ**ghre.org**

You received this email because you are subscribed to the real_time feed for http://nannetkhinkabyar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.