ဝမ်းနည်းကြေကွဲ မိ ခြင်း
ကျနော်တို့  ရဲ့  Freedom Fighter Bolger ညီအကိုမောင်နှ မတဦး ဖြစ်တဲ့ ကိုမျိုးချစ်မြန်မာ ဖခင် ကြီးအကယ်ဒမီဦးထွန်းထွန်း နိင် အချိန်မတိုင်မှီ ကွယ်လွန် သွားရရှာတဲ့အတွက် မိသားစုနဲ့  အတူ ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲ မိပါတယ်။ အထူးသဖြင့် မိသားစုတကွဲ တပြားဖြစ်နေရချိန်မှာ ၀မ်းနည်ဖွယ်ရာ ဖြစ်ရပ်ကို ကျနော်တို့ ခံစားဖူးတဲ့အတွက် မမေ နဲ့  ကိုမျိုးချစ်မြန်မာ တို့ ရဲ့  သောက တွေကို ကျနော် တို့ မျှယူ ပါတယ်။ ခင်ဗျားရဲ့ ဖခင်ကြီးဟာ သူချစ်မြတ်နိုးတဲ့အနုပညာနဲ့  ပြည်သူလူထုကို ရိုးသားစွာ အလုပ်အကြွေး ပြုခဲ့ မှုတွေက သူရဲ့ ပရိတ်သပ်တွေ ဖြစ်ခဲ့တဲ့ ကျနော် တို့ ကို ထာဝရအမှတ်ရစေ နေမှာ ဖြစ်ပါတယ်။ အကယ်ဒမီ ဦးထွန်းထွန်းနိင် ကောင်းရာသုဂတိသို့ လားပါစေ။
မိုးသီးဇွန် နှင့် ရဲဘော်များ
Summary
Rest of your post
ဟစ်တလာ တဲ့ဗျာ
-ဗျောက်အိုး-
အိစ်တန်၊ ပင်ဆာဗေးနီးယား
သားသမီး မကောင်း မိဘ ခေါင်း ဆိုတာမှန်ပေမဲ့ တခါတလေကြ ပြန်တော့လဲ မိဘ မကောင်း သားသမီး ခေါင်း ဖြစ်တတ်ပြန်ရော။ ၃ နှစ် သား ကလေး တယောက် မွေးနေ့ပွဲ လုပ်ဖို့ မွေးနေ့ကိတ်မုံ့ သွားမှာတာ နယူးဂျာစီ ပြည်နယ်မှာရှိတဲ့ ရှောပ့်ရိုတ်ထ် ကိတ်မုံ့ဆိုင် က ကိတ်မုံ့ မလုပ်ပေးနိုင်ဘူးလို့ ငြင်းလွှတ် လိုက်တယ်တဲ့။
မလုပ်ပေးနိုင်တာ က ကောင်လေး နံမည် က " အဒေါ့ဖ် ဟစ်တလာ ကမ်းဘဲလ် (Adolf Hitler Campbell)" ဖြစ်နေလို့ ဆိုင် က ငြင်းလွတ်လိုက်တယ်ဆိုတာဘဲ။ ကောင်လေး အဖေ ဟိသ် ကမ်းဘဲလ် ကတော့ "လူတွေ က နံမည် တခု ကို နံမည် တခု လို့ မမြင်တာ ဆိုးတာဘဲ။ ကျွန်တော်ကလေး က ဟစ်တလာလိုကြီးလာ ပြီး ဟစ်တလာ လို လုပ်မှာ ကြနေတာဘဲ" လို့တော့ပြောသွားရှာပါတယ်။ နောက်ဆုံးတော့ ကောင်လေး ရဲ့ မွေးနေ့ ကိတ် ကို ဝေါလ်မာတ် မှာဘဲ ရလိုက်တယ်တဲ့။ ကလေး အဖေ က ကျွန်တော်သားနံမည် ကို ကျွန်တော်ရွေး ပေးတာ ပါ၊ တကမ္ဘာလုံးမှာ ဒီနံမည် မျိုး ဘယ်သူ မှ မပေးနိုင်ဘူး လို့ယုံကြည်တယ်ဆိုဘဲ။ ဘာဘဲဖြစ်ဖြစ် ဒီကလေး ကျောင်းနေမဲ့ အချိန်၊ အလုပ်ရှာမဲ့ အချိန်၊ လူကြီး လုပ်မဲ့အချိန် တွေ မှာ တော့ သူ့အဖေ ရဲ့ အူကြောင်ကြောင်အတွေးအခေါ်တွေ နဲ့ ဒီနံမည်ဆိုး ပေးခဲ့မှုကြောင့် ကလေးခမျာ ဒုက္ခ လှလှတွေ့အုန်းမယ် လို့ ကျွန်တော်တော့ မြင်တယ်။
ကျွန်တော်တို့ ဆီမှာ ဟိုချီမင်း ဆိုတဲ့ နံမည် နဲ့ ကရင်အမျိုးသား လူငယ်တယောက် အမေရိကန်လာဖို့ ကြိုးစားခဲ့တာ အမေရိကန်သံရုံး က ပုံမှန်အတိုင်းပေးမလာ ဘဲ သူ ဒုက္ခသည် လျှောက်လွှာ ကို အကြာကြီး နောက်ချန် ချောင်ထိုးထား ခဲ့တာမျိုးတွေ ကြုံဘူးတယ်။ သားသမီးတွေ ကို မြန်မာပြည်မှာတော့ ဗေဒင်ဆရာတွေ၊ ဘုန်းကြီးတွေ ကပေးကြတာ များတယ်ဆိုပေမဲ့ မိဘ ကလည်း ဆရာပြီး ရင် ပြီးရော မလုပ်ကြဘဲ နံမည်တွေ ကိုစီစစ်ပေးဖို့လိုပါတယ်။
မောင်စော ဆိုတဲ့ နံမည် ဟာ လွတ်လပ်ပြီး မြန်မာ ပြည် မှာ မြန်မာယောင်္ကျားလေး တွေ ထဲမှာ မရှိသလောက် ရှားခဲ့သလို နောင်လာမည့် မျိုးဆက်သစ် ယောင်္ကျားလေးတွေ ဆိုရင် သန်းရွှေ၊မောင်အေး၊ခင်ညွန့်၊ ရွှေမန်း၊ အောင်သောင်း၊ မောင်သောင်း၊သိန်းစိန်၊ ကျော်ဆန်း၊ စိုးဝင်း စတဲ့ နံမည် မျိုးတွေ ရှောင်ဖို့၊ မိန်းကလေးတွေ ဆိုရင်လဲ ကြိုင်ကြိုင်၊သန္တာရွှေ ဆိုတာ မျိုးတွေ မပေးသင့်ပါဘူး။ အသက်ကြီး နေတဲ့ သူတွေ အတွက်တော့ ရှိပါစေတော့။ မှတ်ပုံတင်မလုပ်ရသေးဘူး ဆိုရင်တော့ အဲသလိုနံမည် ဆိုးတွေ ကို မှတ်ပုံတင်လုပ်တဲ့အချိန်မှာ ပြင်သင့်ပါတယ်။ တချိန် မြန်မာပြည် ဒီမိုကရေစီ တိုင်းပြည်ကြီး တခု ဖြစ်လာတဲ့အချိန်မှာ အဲဒီ နံမည် မျိုး ပိုင်ရှင်တွေဟာ အလုပ်ရှာရ၊ အိမ်ထောင်ပြုရ၊ လူတောတိုးရ အင်မတန်မှ ခက်ခဲနိုင်ပါတယ်။ အဲဒီနံမည်ဆိုး မှည့်ထားတဲ့သူတွေဟာ သတင်းစာထဲမှာ အမည်ပြောင်းလဲခြင်း ကြော်ငြာတောင် ထည့်ပြီး တခမ်းတနား ပြင်တာမျိုး (အမည်သန့်ခြင်း) လုပ်သင့်ပါတယ်။ ဥပမာ ကျွန်တော် အောင်သောင်း (မိဘ အမည် - ငမျောက်၊ ငချောက်) အား ယနေ့မှ စ၍ ကြောင်သူတော် ဟု ပြောင်းလဲခေါ်ဆိုပေးပါခင်ဗျား ဆိုတာမျိုးတွေပေါ့။
Rest of your post
ဗိုလ်ချုပ်အောင်ဆန်း ပြောသော "နိုင်ငံရေးဆိုတာ"
ကျော်သိင်္ခ
ဒီဇင်ဘာ ၂၁ ရက်
ဒီတစ်ခါ ကျနော်ကြားခဲ့ရသော စကားလေးတစ်ခွန်းနဲ့ပက်သက်ပြီး ယခုဆောင်းပါးကိုရေးဖြစ်သွားတြာ
ထိုအချိန် ကတည်းကစပြီး အဲဒီလို မိဘတွေကြောင့် သားသမီးတွေမှာ နိုင်ငံရေး ဆိုတဲ့ စကားလုံးသုံးလုံးက သူတို့ကိုချောက်လှန့်နေသည်။ ဆရာ၊ ဆရာ မတွေကြောင့် ကျောင်းသားတွေမှာ "နိုင်ငံရေး မလုပ်နဲ့နော်" ဆိုသောစကားက လူ့ကျင့်ဝတ်ထဲက တစ်ခုဘဲဖြစ်နေသလိုလို၊ မြတ်စွာဘုရား တရားတော်ထဲမှာပင် နိုင်ငံရေးလုပ်ရင် အပယ်ငရဲ ကျတတ်သကဲ့သို့ ပြောထားလေဟန် နဲ့ ကျောင်းသားတွေကြားမှာ နိုင်ငံရေး ဆိုတာကိုဘဲရှောင်ကွင်းရမလို။ ၀န်ထမ်းတွေကြားမှာတော့ နိုင်ငံရေး ဆိုသည်ကို ပြောရဲဖို့ မပြောနဲ့ သူများက လာပြောရင်တောင် မကြားရဲဘူးဖြစ်နေသည်။
ထို့ကြောင့် ကျနော် ဖတ်ဖူးတဲ့ စာအုပ်တွေထဲက ကျနော်တို့ရဲ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၆ ခုနှစ် ဇန်န၀ါရီလ ၂၀ ရက်နေ့ ရွှေတိဂုံ အလယ်ပစ္စယံ လူထုအစည်းအဝေးမှာ ပြောခဲ့တဲ့ မိန့်ခွန်းထဲက နိုင်ငံရေးဆိုတာနဲ့ပက်သက်ပြီး ပြောကြားခဲ့တာကို တစ်ဆင့် ပြန်ပြီးဝေငှလိုက်ပါသည်။
"……..နိုင်ငံရေး ဆိုတာ ဘာလဲဟု မေးဖွယ်ရာရှိပြန်၏။ ကျွန်ုပ် တို့သည် သာမန်ပုထုဇဉ်များ ဖြစ်သောကြောင့် နိုင်ငံရေးကို မလုပ်သင့်။ နိုင်ငံရေးသည် အလွန် မြင့်မြတ်သည့်အတွက် ကျွန်ုပ်တို့နှင့် မတန်မရာ၊ လေးမြတ်စွာ မျှော်ရှုရန်သာလျှင် ရှိသည်ဟု ဆိုရမည်လော။ သို့တည်းမဟုတ် နိုင်ငံရေးကို အချို့သော လူညာလူလိမ်တို့သည် တောအုံကနား ကျေးတောသား လူရိုးလူအ တို့ကို အတိတ်၊ တပေါင်၊ စံနည်းဘဝေါတို့ကို တွင်တွင်ကြီးဟောပြော၍ ထိုသူတို့၏ မနော အကြိုက်ကိုလိုက်၍ အငိုက်ဖတ်ပြီးနောက် စားပေါက်ထွင်ကြသည့် ကိစ္စဟု ဆိုရမည်လော။ သို့တည်းမဟုတ် နိုင်ငံရေးသည် ကန္တာရ ခရီးပမာ ကြောက်မက်ဖွယ်သော အန္တရာယ်များစွာရှိသော အရေးကိစ္စဖြစ်သောကြောင့် ကျွန်ုပ်တို့သည် တတ်သာလျှင် ရှောင်ရှားသင့်သည်ဟု ဆိုရမည်လော။ သို့တည်းမဟုတ် နိုင်ငံရေးသည် ကျွန်ုပ်တို့ ပြောလေ့ပြောထရှိသည့်အတိုင်း အမျိုး၊ဘာသာ၊ သာသနာရေးဟူ၍ပင် ဆိုရမည်လော။ နိုင်ငံရေး သဘောအမှန်မှာ ကျွန်ုပ်တို့ လူသားတို့နှင့် မတန်မရာ မြင့်မြတ်လွန်းသည်မဟုတ်၊ နိမ့်ကျလွန်းသည်လည်းမဟုတ်၊ မျက်လှည့်ဗေဒင်လည်းမဟုတ်၊ အဂ္ဂိရတ်လည်း မဟုတ်၊ ကြောက်မတ်ဖွယ်ကောင်းသော ကန္တာရခရီးလည်းမဟုတ်၊ ဘယ်သူသေသေ ငတေမာပြီးရော စိတ်ဇောနှင့် လုပ်သော အရေးကိစ္စလည်း မဟုတ်။ ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်၌ ပေါ်ပေါက်ဖြစ်ပွားလျှက်ရှိသော အခြေအနေပေါ်တွင် မျှော်ခေါ်၍ ဆောင်ရွက်ရ မည်ဖြစ်သော အရေးကိစ္စသာလျှင် ဖြစ်ပေ၏။"
"အတိုချုပ်ဆိုရလျှင် နိုင်ငံရေးဆိုသည်မှာ ကျွန်ုပ်တို့ နေ့စဉ်နှင့်အမျှ လူ့လောကတွင် တွေ့ကြုံနေကြရသော ကိစ္စပင်ဖြစ်ပေသည်။ တနည်းအားဖြင့်ဆိုသော် နိုင်ငံရေးဆိုသည်မှာ လူ့ကိစ္စဟုဆိုရပေမည်။ ကျွန်ုပ်တို့ စားမှုသောက်မှု၊ နေမှုထိုင်မှု၊ သွားမှုလာမှု အစုစုသည် နိုင်ငံရေးပင်ဖြစ်သည် ကျွန်ုပ်တို့သည် နိုင်ငံရေးကို မဆင်ခြင် မတွေးတောမိစေကာမူ နိုင်ငံရေးသည် ကျွန်ုပ်တို့နှင့် အမြဲတစေ ဆက်သွယ်နေ၏။ ကျွန်ုပ်တို့သည် နိုင်ငံရေးကို ရှောင်ရှားစေကာမူ နိုင်ငံရေးသည် ကျွန်ုပ်တို့၏ အိမ်၊ ရုံး၊ အလုပ်ရုံ စသည်တို့၌ ပေါ်ပေါက် လျှက်ရှိ၏။ ဤ ဋ္ဌာနများ၌ ကျွန်ုပ်တို့သည် နေ့စဉ်နှင့်အမျှ နိုင်ငံရေးကိုပင် လုပ်နေကြရပေသည်။ အလုပ်သမားများသည် အခကြေးငွေအတွက် အလုပ်လုပ်ရ၏။ တောင်သူလယ်သမားသည် ၀မ်းစာအတွက် လယ်ယာလုပ်ရ၏။ စာရေးစာချီ အမှုထမ်းသည် လည်း လစာငွေအတွက် အလုပ်လုပ်ရ၏။ ကုန်သည်ပွဲစားတို့သည် အသီးသီးဝင်ငွေရရန် လုပ်ကြရ၏။ အချုပ်မှာ စားသောက်နေထိုင်ရေး အတွက်ပင်ဖြစ်၏။ အလုပ်သမားသည် အခကြေးငွေကို တိုးတက်၍ ရပြီးလျှင် စားသာသောက်သာသော အခြေအနေကို ရလို၏။ တောင်သူလယ်သမားသည် မိမိ၏ လယ်မြေကို တိုးတက်ကောင်းမွန်စေ၍ သက်သာချောင်ချိလို၏။ စာရေးစာချီ အမှုထမ်းတို့သည်လည်း ရုံး၌ တကုပ်ကုပ် လုပ်နေရသော ဘ၀ထက် လွတ်လွတ်လပ်လပ် ချောင်ချောင်လည်လည်ရှိသော အခြေအနေသို့ ရောက်လိုကြ၏။ ကုန်သည်ပွဲစားတို့လည်း လွယ်လွယ်ကူကူ တို့ချဲ့၍ ကူးသန်းရောင်းဝယ်လိုကြ၏။ ဤကဲ့သို့ လူတိုင်းလူတိုင်း မိမိတို့၏ အခွင့်အရေးကို ရယူလိုခြင်းသည် နိုင်ငံရေးပင်ဖြစ်၏။"
"သို့ဖြစ်ရကား နိုင်ငံရေးဟူသည် လူမှုလူရေးမျှသာဖြစ်၏။ နိုင်ငံရေးကိ ကျွန်ုပ်တို့ နားမလည်စရာ အကြောင်းမရှိချေ။ သို့ပါလျှက် အချို့သူများသည် နိုင်ငံရေးသည် ယုတ်မာညစ်ထေးသည်ဟုဆိုကြ၏။ နိုင်ငံရေးမည်သည် ယုတ်မာညစ်ထေးသည်ဟု ဆိုရမည်လော၊ စင်စစ်နိုင်ငံရေးမှာ ယုတ်မာညစ်ထေးသည်မဟုတ်၊ နိုင်ငံရေးကို ညစ်ထေးအောင် လုပ်သူတို့သာလျှင် ယုတ်မာခြင်းသာ ဖြစ်သည်။"
"ကျွန်ုပ်တို့သည် နိုင်ငံရေးကို ဆက်၍ ပြောရပေဦးမည်။ နိုင်ငံရေးကို ပြော၍မဆုံးသေးချေ။ စင်စစ် နိုင်ငံရေးတို့မည်သည် ပြီးဆုံးခြင်း ရောက်ပြီဟူ၍ မရှိနိုင်ချေ။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်တို့ သံသရာ၌ လည်နေရသရွေ့ ပဋိစ္စသမုပ္ပာဒ် တရားတော်မြတ်အတိုင်း အကြောင်းနှင့် အကျိုး၊ အတိတ်နှင့် ပစ္စုပ္ပန်၊ ပစ္စုပ္ပန်နှင့် အနာဂတ် ဆက်စပ်၍ မရပ်မနား ရှည်လျားလှသော ခရီးကို တသွားတည်း သွားနေရပေပြီ။ ဤကဲ့သို့ အကြောင်းတရာ၊ အကျိုးတရား အမျိုးအစားကို လိုက်၍ဖြစ်ပျက်နေခြင်းသည်ပင်လျှ
ဒါကတော့ ဗိုလ်ချုပ်အောင်ဆန်းပြောသွားတာေ
ဆရာ၊ ဆရာမ တွေရော နိုင်ငံရေးကို ဘယ်လိုလုပ်နေကြသနည်း။ အစိုးရ ကျောင်းဆရာ၊ ဆရာမတွေကို အစိုးရက ၂၀၀၆ လောက်မှာ လခတွေ (မဖြစ်စလောက်လေး) တိုးပေးပြီးတော့၊ လခ တိုးပေးထားလို့ ကျူရှင်မသင်ရဆိုပြီးလုပ်ခဲ့သည်။ အဲဒီမှာ ဆရာဆရာမတွေက ဘာလုပ်လဲ။ ခါတိုင်း တစ်ဝိုင်းကို အိမ်မှာ ၁၅ ယောက်ခေါ်သင်တယ်ဆို၊ အဲဒီလို အမိန့်ထုတ်ပြီးနောက်မှာ ၁၀ ယောက်လောက်အထိတော့ လက်ခံပြီးသင်သည်။ ငွေရေးကြေးရေးကြပ်တည်းလို့၊ ပိုပြီးချောင်ချောင်လည်လည်လေြး
အချို့သော မိဘတွေက သားသမီးတွေကို ပြောသည်။ ကြိုက်တာ အကုန်လုပ်၊ သို့သော် နိုင်ငံရေးတော့ မလုပ်နဲ့ ဆိုတာမျိုး။ နိုင်ငံရေးဆိုတာ သေခြင်းတရားကဲ့သို့ပင်။ ရှောင်လွှဲလို့မရ။ မွေးကတည်းကနေ သေသည် အထိ ပါလာသည်။ ထို့ကြောင့် လူတစ်ယောက်တွင် နိုင်ငံရေးအသိမရှိလျှင် ဘ၀အသိမရှိ၊ နိုင်ငံရေးအတွေးအခေါ်မရှိလျှင် ဘ၀အတွေးအခေါ်မရှိ ဘူးဟုသာ ဆိုချင်ပါသည်။
ထို့နောက် နိုင်ငံရေးအသိ၊ အတွေးအခေါ်တို့ ရှိပြီးနောက် နိုင်ငံရေးလောကကို ကြည်လင်စိမ်းလဲ့သော ရေတို့နှင့် ပြည့်နှက်နေသည့် သောက်ရေကန်ကြီး သဖွယ် ယူဆပြီး၊ နိုင်ငံရေးလုပ်သူများကို ရေကန်မှ ရေများကို ခပ်ယူသောက်သုံးနေကြသူများ ဖြစ်သည်ဟု ယူဆ ကြပါစို့။ များသောအားဖြင့် သောက်ရေကန်တိုင်းတွင် "ရေကန်ကို ညစ်နွမ်းစေသော အ၀တ်လျှော်ခြင်း၊ အမှိုက်ပစ်ခြင်း၊ တရိစ္ဆာန်များ ထိမ်းကျောင်းခြင်းမပြုရ" ဟုရေးထားပေမည်။ အကယ်၍ သင်သည် အဆိုပါ ရေကန်ဘောင်ပေါ်၌ အထက်ပါ မပြုလုပ်သင့်အပ်သောအရာ တို့ကို ပြုလုပ်မည်ဆိုပါက ရေကန်ထဲမှရေများ ညစ်ပတ်ပြီး၊ သောက်သုံးနေသော သူများလာရောက်သောက်သုံးတော့မည် မဟုတ်တော့ပေ။
အလားတူပင် နိုင်ငံရေးလောကတွင် မပြုသင့်၊ မပြုအပ်သော အပြုအမူ တစ်ခုခုကို လည်းကောင်း၊ အပြုအမူများကိုသော်လည်းကောင်း၊ သင်ပြုလုပ်ခဲ့လျှင်၊ သင့်ကြောင့် နိုင်ငံရေးလောကလည်း ညစ်နွမ်းသွားပြီး၊ နိုင်ငံရေးလုပ်သူများ၊ နောက်ထပ် နိုင်ငံရေးအတွေးအခေါ်၊ နိုင်ငံရေးအသိ ရှိသူတို့သည် နိုင်ငံရေးလောကသို့ ၀င်လာခြင်းငှာ စွမ်းတော့မည်မဟုတ်ချေ။ ရေကန်ကို လူများ စွန့်ခွာသွားကြသကဲ့သို့ နိုင်ငံရေးလောက ကိုလည်း စွန့်ခွာသွားကြပေမည်။ အမှန်စင်စစ် နိုင်ငံရေးလောကသည် မရှုပ်ပါ၊ နိုင်ငံရေးလောကကို ရှုပ်အောင် လုပ်နေသူများကိုယ်တိုင် ကိုယ့်ကိုယ်ကို ရှင်းမရသည်သာဖြစ်သည်။
လွတ်လပ်ရေးဖခင်ကြီး ဗိုလ်အချုပ်အောင်ဆန်း ပြောသွားခဲ့သော အထက်ပါစကားလုံးများ၌ နိုင်ငံရေးအကြောင်းပြောရာတွင် ခက်ခဲသည့် စကားလုံးများမပါ။ အဘယ်ကြောင့် ဆိုသော် နိုင်ငံရေး ဆိုကတည်းက အနှစ်သာရအားဖြင့်ရော၊ အဓိပ္ပါယ်အားဖြင့်ပါ ရိုးရှင်းသည့်အတွက်ကြောင့် ဤကဲ့သို့ပြောရခြင်းဖြစ်ပါသည်။ ကျနော်တို့ရဲ့ အမျိုးသားဒီမိုကရေစီ ခေါင်းဆောင် ဒေါ်စုအောင်ဆန်းစုကြည် ၏ စည်းရုံးရေးခရီးစဉ်များမှာ ပြောကြားခဲ့သော စကားများကို အပြင်မှာပင်ဖြစ်စေ၊ အခွေထဲမှာဖြစ်စေ နားထောင်ဖူးသူများ သတိပြုမိကြပါလိမ့်မည်။ ဒေါ်စု အနေဖြင့် စစ်အာဏာရှင်လက်အောက်မှာ ဒုက္ခမျိုးစုံကို ခါးဆီးခံနေကြရပြီး၊ ဒီမိုကရေစီဆိုသည်မှာ ဘာမှန်းမသိသေး၊ လူ့အခွင့်အရေးဆိုသည်မှာ ဘာမှန်းမသိသေးသည် ပြည်သူလူထု၏ နားထဲကို ဒီမိုကရေစီ၊ လူ့အခွင့်အရေး၏ အနှစ်သာရ၊ အဓိပ္ပါယ်ကို အင်္ဂလိပ်လို ကြားမညှပ်၊ ရိုးရိုးရှင်းရှင်း နှင့် စိမ့်ဝင်သွားအောင် စည်းရုံးသိမ်းသွင်းနိုင်ခဲ့သည်
အချုပ်အားဖြင့် ဆိုရသော် နိုင်ငံရေး ဆိုသည်ကို လူတွေသိနားလည်လာအောင် ကျနော်တို့ အနေဖြင့် ရိုးရိုးသားသား၊ ရိုးရိုးရှင်းရှင်း အဓိပ္ပါယ်ဖွင့်ဆို၍၊ ပြောဆိုစည်းရုံး၊ သိမ်းသွင်း၊ လုပ်ကိုင်ပါက၊ လူတိုင်းတွင် နိုင်ငံရေးအသိအမြင်၊ နိုင်ငံရေးအတွေးအခေါ် ကျယ်ပြန့်လာကာ ဗမာပြည်နိုင်ငံရေး လောကသည်လည်း ဒီထက်ကောင်းသတင်းမွှေး၍၊ ဒီမိုကရေစီ ပန်းတိုင်ကို အရောက်လှမ်းနိုင်မည် ဖြစ်ကြောင်း အပြုသဘောဆောင်၍ ရေးသားလိုက်ရပါသည်။
You received this email because you are subscribed to the real_time feed for http://komoethee.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.